အဒေါ်တွေနဲ့အတူ ငယ်ငယ်က သွားခဲ့ဖူး တဲ့ ခရီးတွေထဲမှာတော့ သတိတရ ရှိနေခဲ့ရဆုံး မြို့ငယ်ကလေး ။ သူတို့ဆီမှာ အိမ် ခြံဝိုင်း အကျယ်ကြီး တွေနဲ့....၊ အိမ်ကလေးရဲ့ဘေးတဘက်တချက်မှာ သနပ်ခါးပင်တွေ အတန်း လိုက် စိုက်ထားလိုက်တာများ ပြန်ထွက်လာရင် သနပ်ခါးနံ့တောင် ကိုယ်မှာ စွဲကျန်နေခဲ့သ လိုပါပဲ။
အညာသူ အညာသားတွေပီပီ ဧည့်ဝတ် အင်မတန်ကျေတဲ့ အပြင် အပြန်မှာ သနပ်ခါးတုံးတွေ ခုတ်လို့ အသင့်သွေးလောက်ရုံ အပိုင်းလေး တွေ ဖြတ်ပေးလိုက်သေးတယ်။ နွားနို့ခဲကို ဆီနဲနဲ နဲ့ ခပ်ထပ်ထပ်လေးကြော်လို့ ထည့်ပေးလိုက်သေးတာများ အတော်ကြာကြာကို စားယူ ရပါ တယ်။
နောက်တခု စားခဲ့ရသေးတယ်။ မုန့်စိမ်းပေါင်းကို မြန်မာထန်းလျက်နဲ့ အချိုပေါင်း၊ အထဲမှာ ပဲစေ့ကလေးတွေလည်းပါတယ်။ ပြီးတော့ ကျမတို့ မြို့ပေါ်မှာလို ခပ်ပါးပါး ပြားပြားလေး ရှပ်လှီးတာ မဟုတ်ဘူး၊ ဆပ်ပြာတောင့် ပုံလို အတုံးလိုက် လှီးတာ...အဲဒါကိုမှ အပေါ်က ပဲဆီမွှေးမွှေးလေး ဆမ်းပြီးကျွေးတာ...။ ဒီနေ့ထက်ထိ ဘယ်မုန့်စိမ်းပေါင်းမှ မမီအောင် စားလို့တယ်ကောင်း...
အောက်ပုံက နွားနို့ခဲ...အဝိုင်းချပ်ကြီးတွေကို လေးပိုင်းပြန်လှီးပြီး ဆီခြောက် ခြောက်လေးနဲ့ ပြန်ကြော်ထားတာ...နဲနဲလေး ဖဲ့မြည်းကြည့် တော့ အားပါး မွှေးပြီးစိမ့်နေတာပဲ...
ပြီးမှ ငရုပ်သီးဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးလိတ်ပြီး ဆီပြန်တော့မှ ငရုတ်သီး တောင့်လေး နဲနဲအုပ်ပြီး စားရုံပဲ...
အရမ်းစားကောင်းတယ် နွားနို့ခဲ အစိမ့်ရယ်၊ အအီပြေ ခရမ်းချဉ်သီး အချဉ်လေး ရယ်၊ ငရုတ်သီး အရသာ စပ်စပ် မွှေးမွှေးလေးရယ် ဆိုတော့ ဗိုက်ကို ကားသွား တာပဲပေါ့...
နွားနို့ခဲလား...ဘယ်ကလာ စင်္ကာပူမှာ ဘယ်ရမလဲ တနေ့ကပဲ အမျိုးတွေ လာတာနဲ့ သူတို့နဲ့ အတူ စားစရာထည့်ပေးလိုက်လို့ သွားယူ တာ...တကယ် တကယ်...ထည့်ပေးလိုက်တဲ့ အိတ် အောက်ခြေ ထောင့်နားမှာတောင် ဒီလို ရေးထားသေးတယ်....
သို့....
ချစ်ရပါသော ချွေးမလေး အတွက်
မှ....
ချစ်သော ယောက္မကြီး
ခေတ္တ မန်းလေး...........................တဲ့....:)
ကြွားပို့စ်.. နှိပ်စက်ပို့...။ နာလိုဘူး..။ ညနေစာက မကောင်းပါဘူးဆိုနေမှ ဓါတ်ပုံနဲ့ အကျအနပြ။ စာနဲ့ အနံ့ကော အရသာပါပါအောင်ရေးပြီး နှိပ်စက်တယ်။ မုန့်စိမ်းပေါင်းက ပါသေး..။
ReplyDeleteမရဘူး.. ကျေနပ်ဘူး။ ဒါပေမယ့် အဲဒီနို့ခဲဆိုတာတော့ စိတ်ဝင်စားတယ် :) တစ်ခါမှစားဖူးဘူး...
နှစ်ခွက်ကြီးတောင်ဟာ.. တစ်ခွက်လောက်တော့မျှ...
မျှမျှ မမျှမျှ မ,သွားပြီ
နွားနို့ခဲ ဟင်း လာစားသွားတယ်နော်.. :)
ReplyDeleteကိုယ်နဲ့ တပြိုင်တည်းလာဖတ်နေတဲ့ လူနဲ့ တွေ့နေသေးတယ်..
ReplyDeleteအပေါ်ကတင်ပြီး တဆက်တည်းရိုက်တာတောင် ကြားထဲမှာခံသွားသေး
ဗျို့အစ်မကြီး သိင်္ဂါကျော်.. ကျွန်တော်က တစ်ဂျ..
ဟီး..နောက်တာ
တာ့တာ မမချစ်ကြည်..။
ဟွန့်. . . လုပ်နည်းလားလို့. .
ReplyDeleteရန်ကုန်က ပို့လိုက်လို့ ချားရတာကို ကြွားတယ်...
အဟီး. . .ထုနကပဲ အဲဒီလိုဟာ နဲ့ တူတဲ့ဟာ အကြောင်း ပြောနေတာနော်..ဟိ
အဖြူရောင်နဲ့ ဟိုအရောင်ပဲ ကွာတယ်..အဟီး
( မစားရလို့ တမင် ပြောခဲ့တာ...)
ဟုတ်ရဲ့လားလို့.။
ReplyDeleteအံတဝင်း ချက်တာလေး လွမ်းထှာ
ReplyDeleteညလယ်ခေါင်မှာ ဆာနေပါတယ်ဆိုမှ။
ReplyDeleteဒီလိုပဲ..သူက နောက်ဆုံးဆိုရင် ကြွားလုံးလေးနဲ့ ပိတ်တတ်တာ။ မသိတာလိုက်လို့။ ဟွန်း... :P
ပုံထဲက နွားနို့ကင်..နွားနို့ခဲက အစို..ရေစပ်စပ်နဲ့.. သကြားလေးထည့်စားရင်..မချက်ပဲ အစိုအတိုင်းစားလို့ကောင်းတယ်
ReplyDeleteအော်အမချစ်...အောက်ဆုံးကစာကကြွားထားတာကိုးးးးးး။
ReplyDeleteနွားနို့ခဲကိုတခါမှမစားဖူးသေးဘူး။
ခင်တဲ့
သဒ္ဓါ
ယောက်ခမ အချစ်ခံရတာကံကောင်းလိုက်တာ
ReplyDeleteအော်...ယောက္ခမ..ယောက္ခမ...
ReplyDeleteကျောင်းတက်တုန်းက စားဖူးတယ်၊
ReplyDeleteမိတ္တီလာက သူငယ်ချင်းချက်ကျွေးတာ ၊ ကြိုက်တယ်။
ယောက္ခမကို ချက်ကျွေးတုန်းကတော့ ကြိုက်ဘူးတဲ့၊
နွားနို့ခဲ...
ReplyDeleteကိုဧရာ ကြိုက်တယ်လေ
မသီတာ မကြိုက်ပါရှင့်
ဖတ်ရင်းနဲ့ ထူးတော့ထူးဆန်းသားလို့ စလုံးမှာ တခါမှ နို့ခဲ တွေ့ဘူးပါဘူးမှတ်နေတာ။ နောက်ဆုံးမှ သဘောပေါက်သွားတယ်။း)
ReplyDeleteဂလိုလား။း)
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ကြွားပါ...ကြွားပါ...ကြွားနိုင်တဲ့သူတွေပဲ...ကြွားကြပေါ့...:D
ReplyDeleteဂျင်ဂျင်း
နို့ခဲက ရန်ကုန်မှာလည်းရတာပဲ ဗိုလ်ချုပ်ဈေးမှာရောင်းတယ်...အမချစ်ပြောသလိုပဲ ခရမ်းချဉ်သီးနဲ့ချက်စားသိပ်ကောင်းတယ်...နို့ခဲကိုမကြော်ဘဲ ဒီတိုင်းအခဲလေးတွေလှီးပြီး ချက်ရင်ပိုတောင်ကောင်းသေး..။(အမချစ်ကိုဆရာလုပ်သွားပါတယ်)
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
အမချစ်
ReplyDeleteနို့ခဲကို အစိမ့်ချက်ထာထက် ငါးခြောက်နဲ့ရောပြီးချက်တာ ပိုကြိုက်ပါသည်
အခုတော့ အမချစ် ဟင်းကို အတုခိုးပြီးလိုက်ချက်စားပါမည် ဈေးထဲမှာ နို့ခဲအရမ်းပေါပါသည်။
ခင်တဲ့
ချစ်ညီမ seesein
နွားနို့ခဲချက်ကလေးကို သရည်လာကျသွားပါတယ်
ReplyDeleteအမရေ....
ခြောက်ယောက်ခမစ်ရဲ့ မှာတမ်းလွှာကို အကြိုက်ဆုံးပါပဲရှင်။
ReplyDeleteတကယ်ပဲ ချစ်ကြတာကိုဖတ်ရပြီး ကြည်နူးပီတိဖြစ်ရင်း အပေါ်က နွားနို့ခဲဟင်းများကိုလည်း အားရပါးရ သုံးဆောင်သွားပါကြောင်း။
ချစ်ခင်စွာဖြင့်
လုလု
ဟုတ်တယ် အမရေ..အညာမှာတော့ နိ့ ခဲ ဟင်း အ ရမ်းစားလို့ ကောင်းတာကိုး...ပြီးတော့ နို့ ခဲ့ မဟုတ်ဘဲ..နွားနို့ ကိုဘဲခရမ်းချဉ်သီးနဲ့ ဟင်းချက်ထားတာလည်းရှိတယ်ဗျ...
ReplyDeleteနှစ်ခုလုံးစားလို့ အရမ်းကောင်းတယ်...ပြောရင်းတောင်အိမ်ကိုလွမ်းတယ်ဗျာ
ဟုတ်တယ်ဗျ၊ကျွန်တော်ငယ်ငယ်က အမေချက်ကျွေးလို့စားဘူးတယ်၊
ReplyDeleteအခုတော့ အစ်မပို့စ်ထဲကပုံတွေပဲကြည့်ပြီးသွားရည်ကျရတော့မယ်
အောက်ဆုံးစာကတော့ကြွားလိုက်တာပေါ့လေ
်
ဟူးး ဂလုဂလု ဖြစ်ချင်စရာကြီး ရေးထားတာကိုက ဟုတ်တယ် ကြွားပိုစ့်း)
ReplyDeleteထူးထူးဆန်းဆန်း စားစရာပါလား။ ကျွန်မတို့ ငယ်ငယ်က အိမ်မှာ နွားတွေ အများကြီးမွေးထားပြီး နွားနို့ဆို မနက်စာအတွက် သောက်စရာ ဖြစ်တယ်။ နို့အခဲဆိုလို့ ကြက်ဥနဲ့ ပေါင်းစားတဲ့အခဲပဲ စားဖူးတယ်။ အဲဒီလို နွားနို့ခဲဟင်းတော့ တခါမှမကြားဖူး မစားဖူးဘူး။
ReplyDeleteAVA ကိုပြောလိုက်မယ် အဲဒီမှာ မြန်မာပြည်က မကြေငြာပဲယူလာတဲ့ နွားနို့ခဲတွေ ရှိတယ်လို့၊ ဟဲဟဲနောက်တာ :D
ReplyDeleteဘုန်းကြီးကျောင်းမှာ သတ်သတ်လွတ် ကျွေးတုန်းကစားဖူးပါသည်၊ မချစ်ကြည်ပြောသလိုပါပဲ စားလို့ကောင်း။
ချစ်ကြည်အေး နော်
ReplyDeleteသူများ အညာဟင်း တွေ ခိုး ခိုးချက်နေတယ်ဟင်း မူပိုင်ခွင့် တောင်းလိုက်လို့ ရော်ပေးနေရအုန်းမယ်.. အဟဲ
အလကားစတာနော်.. အဲဒီနွားနို့ခဲ ချက်ဆို ချစ်ချစ်ကြီး တအားကြိုက် အမြဲချက်ပေးရတယ်..
အညာဟင်းတွေထဲမှာတော့ မိုက်တယ်..
ခင်တဲ့
ရွှေစင်
စားချင်လိုက်တာဗျာ-ဘုရားဖူးခရီးစဉ်မှာအိန္ဒိယနိုင်ငံရောက်မြန်မာဘုန်းတော်
ReplyDeleteဋ္ဌကီးတွေချက်ကျွေးခဲ့ တဲွိ့ာံးနို့ ခဲချက်ကိုအရမ်းလွမ်းနေတာဗျာ-ဘယ်နဲ့ 
လုပ်ရပမလဲဗျာ-စားချင်နေတာကိုအခုတော့ဓါတ်ပုံတွေနဲ့ တကွရေးပြထား
တော့ ပိုပြီးစားချင်လာတယ်-
You can buy it in Mustafa. It call 'paneer' but not soft like myanmar's paneer. Indian restaurants in little india also have.
ReplyDeleteနွားနိုးခဲဟင်း ကြိုက်မှကြိုက် မချစ်ရေ..
ReplyDeleteယောက္မကြီးက တော်ချက်က...ပို့စ်တပုဒ်ရသွားတာပေါ့နော်။
အကြည်ရေ ... နွားနို့ခဲ ဒီမှာ လုပ်လို့ရတယ်လေ။ တို့စမ်းလုပ်ကြည့်ပြီးပြီ။ နောက်မှလုပ်နည်းလေး တင်ပေးဦးမယ်။ ချက်မစားတာကြာလို့ အကြည့်ဟင်းလေးပဲ သွားရည်အရင်ကျသွားပါတယ်။
ReplyDeleteဒီပိုစ့်ကိုဖတ်မိလိုက်တာ အညာအိမ်က နို့ ခဲ ချက်ကလေး သတိရလိုက်တာ
ReplyDeleteအညာပြန်ချင်စိတ်ပေါက်သွားတယ်