စာရေးချင်စိတ် ပျောက်နေတယ်
တကယ်က ဘာလုပ်ချင်စိတ်မှ မရှိတာ...။
အရင်ကဆို နေသာသလိုနေနေကြသူတွေအကြောင်း ရေးဖြစ်တယ်၊ ပြောဖြစ်တယ်။ ခုတော့ ဘာမှမပြောချင်တော့ဘူး။ ယူတို့ ဒီမိုကရေစီက ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုးကြီးပါလား ဆိုတဲ့သူတွေကိုလည်း နားလည်အောင် ရှင်းမပြချင်တော့ဘူး။ ဒီမိုကရေစီရဲ့ သဘော အနက်ကို သေချာ မသိကြလို့ပဲလေ၊ အဲလိုပဲ ထားလိုက်တယ်။ မောတယ်။ ပြီးတော့ ခုခြေနေက ဒါတွေပြောနေရမယ့်အချိန်လည်း မဟုတ်တော့ဘူး။ တလရက next levelကို ရောက်နေပြီ။ တရားမှုနဲ့ မတရားမှု ဒီလောက်ရှင်းရှင်းလင်းလင်း ထင်သာမြင်သာရှိနေတာကိုမှ ခုထိ ကိုယ့်ထမင်းကိုယ်စားရတာ ဘယ်သူတက်တက်ဆိုသူတွေကို လက်ခလယ်သာ ထောင်ပြလိုက်ချင်တော့တယ်။ တကယ်...၊ မဆဲရဲလို့သာ၊ ဆဲတဲ့စကားလုံးတွေ ပါးစပ်က တကယ်တမ်းထွက်မလာလို့သာ၊ လူက အရမ်းကြီးကို ရေဆူမှတ်ရောက်နေပြီ။
ငါတို့သွားရမယ့်တူတူ မင်းတို့တတိုင်းပြည်လုံးလည်း ပြာပုံပဲကျန်စေရမယ်ဆိုတဲ့ ယုတ်မာပက်စက်စိတ်နဲ့သွားနေတဲ့ တဖွဲ့လုံး အမြန်ကျရှုံးစေဖို့၊ ဒီစိတ်နဲ့ပဲ တနေ့တနေ့ ရှင်သန်နေရတယ်။
👊👊