ဆရာဒေါက်တာကေသာဦး
ကိုယ့်စိတ်ကိုယ်စစ်
သေနည်းသင် (၇)ရက် တရားစခန်း
ဆရာဒေါက်တာကေသာဦး
ကိုယ့်စိတ်ကိုယ်စစ်
သေနည်းသင် (၇)ရက် တရားစခန်း
ညီမလေးက ကိုယ့်အတွက်ပေးတဲ့လက်ဆောင်...
ရင်ဖုံး ချည်ထည်လေးတွေဆို ကိုယ်က အရမ်းမက်မက်မောမောဝတ်တတ်တာ သိလို့ သူက သူ့အတွက်ဝယ်ရင်း ကိုယ့်ဖို့ပါ ၂ထည် ပိုဝယ်လာတာ။
ခုဝတ်ကြည့်ထားတဲ့ခရင်မ်ရောင်လေးရယ်၊ နောက်တထည်က ကြံရည်စိမ်းဖျော့ဖပ်ဖပ်ကလေးရယ်။
မြန်မာပြည်မှာသာဆိုရင်တော့ ကိုယ် ခုချိန် ဝတ်ချင်ဝတ်နေမှာ...၊ (ခုတော့ မြန်မာပြည်ကို ကိုယ် ဖွားရီးဖြစ်မှ ပြန်ရောက်တော့မလား မပြောတတ်)
မြန်မာရင်ဖုံးလေးတွေ ချည်ချိတ်လေးတွေ ဝတ်ရတာကြိုက်တယ်။ ကိုယ့်စိတ်က မိန်းမသိပ်မဆန်ပေမယ့် အဲလိုလေးတွေ ဝတ်ရတာရယ် ပန်းပန်ရတာရယ်တော့ ကြိုက်သားပဲ...၊
အမတယောက်ပေးတဲ့ လက်ဆောင်...
ကိုယ့်မွေးနေ့အတွက်ပေးတာတဲ့...။
အမရာချိတ်လို့ ခေါ်သတဲ့၊ ကိုယ်လည်း ခုမှကြားဖူးတာ။ သိမ်းထားရမှာပဲ၊ တနေ့ အသက်ရှင်နေသေးရင် ဝတ်ခွင့်ကြုံရင် ဝတ်ရသေးတာပေါ့...။
ဗန်ဂိုးရဲ့ The Immersive Experiance showလေး The Forumမှာ သွားကြည့်ဖြစ်တယ်။ လက်မှတ်က ဧပြီ၁ရက်နေ့က ဖြတ်တာပေမယ့် ကိစ္စတခုက ဝင်လာလို့ ဒီနေ့မှ သွားရတယ်။
အစကတည်းက ကြိုက်ခဲ့တဲ့ကားတွေမို့ ခုလို ကြည့်ရတော့ ကျေနပ်မိတယ်။ နေကြာပန်းကားတွေထဲ ကိုယ်ကြိုက်တာက အပြာခံကားတွေ၊ ဗန်ဂိုးနာမည်ကြီးတဲ့ ပန်းအိုးထဲကနေကြာရိုင်းတွေ နောက်ခံအဝါထက် ပိုကြိုက်တယ်။ ဗန်ဂိုးရဲ့ အိုင်းရစ်စ်ပန်းတွေကိုလည်း ကိုယ်ကြိုက်တယ်။
သူ့ကို ကာလာဘလိုင်းများလားလို့တောင် ယူဆကြတယ်။ ကိုယ်ကတော့ ကာလာဘလိုင်းဆိုတာထက် hypoဖြစ်နေတာလို့ ထင်တာပဲ။ သူ့မျက်လုံးထဲ အရောင်တွေက ရှိရင်းထက် ပိုဖျော့သလိုမြင်နေတာဖြစ်မယ်။ ဒီတော့ သူက ကာလာတွေကို အတောက်စားကြီးတွေ ရေးတော့တာ။ ပြီးတော့ သူ ကာလာစပ်ပုံက ကာလာစက်ဝိုင်းရဲ့ ဆန့်ကျင်ဘက်အရောင်တွေကို အတူတွဲပြီးဆွဲလေ့ရှိတာ။ ဒီတော့ သူ့ကားတွေက ရုန်းကြွ တောက်ပနေကြတယ်။ သက်ဝင်လှုပ်ရှားနေကြတယ်။ သူ ကွန်ထရပ်စ်ယူပုံကလည်း အတော်လှတယ်။ လုံးဝ အစွန်းတဘက်စီကအရောင်တွေကို တွဲသုံးပစ်တာ။
ပန်းတွေဆွဲတာကိုတော့ သိပ်သဘောကျတာပဲ။ ဆီဆေးကို အနုအချောမဆွဲဘဲ စုတ်ချက်အကြမ်းအတိုအပြတ်တွေနဲ့ ရေးထားတဲ့ကြားကပဲ ပွင့်ဖတ်တွေဟာ ဝဲနွဲ့ ယိမ်းညွှတ်လို့...။
ဘယ်လိုစိတ်တွေနဲ့များ ဒီလောက် အသေးစိတ် နွဲ့ပျောင်းညွှတ်အိနေအောင် ဆွဲခဲ့သလဲ မပြောတတ်ဘူး။ ဗန်ဂိုးစတိုင်အတိုင်း စုတ်ချက်အကြမ်း အတိုတွေနဲ့ ပျစ်ခဲနေအောင် တင်ထားတဲ့ဆေးတွေဟာ ကြောက်ခမန်းလိလိကောင်းလွန်းတယ်။ ပန်းချီကားတွေထဲမှာ သူ့စိတ် သူ့ဝိဉာဥ်ကို ဖမ်းလို့ရနိူင်အောင်ကိုပဲ ဆွေးမြေ့ကြေကွဲစရာတခုခု ရှိနေသလိုပဲ။
လူ့ဘဝမှာ ၃၇နှစ် သက်တမ်းသာ နေထိုင်သွားခဲ့ပြီး
ခုချိန်ထိ သူ့ကားတွေ သူ့ရေးချက်တွေကို လူတွေ ရူးမူးစွဲလမ်းနေအောင် လုပ်ထားနိူင်သူ...။ သူနောက်ဆုံးရေးသွားတဲ့ သစ်မြစ်၃ခုပုံကလည်း အရောင်တွေတောက်ပနေချက်က အံ့သြစရာ...။
အကြိုက်ဆုံးကတော့ VR experianceပဲ။ ဗန်ဂိုးကားတွေထဲ ကိုယ်တိုင်ရောက်သွားသလို ခံစားရတော့ ငိုတောင်ငိုချင်တယ်။ သူ့အိပ်ခန်းလေးထဲ ကိုယ်တိုင်ရောက်သွားတာမျိုး၊ ဂျုံခင်းကြီးထဲ ငှက်တကောင်လို ပျံဝဲကြည့်ရတာမျိုး၊ ညကော်ဖီဆိုင်တန်းလေးထဲ လမ်းလျှောက်ဝင်သွားရသလိုမျိုး၊ ကြယ်တွေစုံတဲ့ညမှာ နဂါးငွေ့တန်းတွေထဲ လည်ပတ်ပါဝင်သွားသလိုမျိုး၊ မြစ်ကမ်းဘေးမှာ လေညင်းခံလမ်းလျှောက်ထွက်လာသလိုမျိုး၊ ကိုယ်ဟာ ထိုင်နေရင်းက လေကလေးဝေ့လာသလို တလွင့်လွင့်တောင် ထင်မိတယ်။
နေရာထိုင်ခင်းကလည်း ဗန်ဂိုးပန်းချီပုံ ဖျင်တပ်ထားတဲ့ ပက်လက်ကုလားထိုင်လေးတွေ စီခင်းပေးထားသလို ခုံတန်းကလေးတွေလည်း ရှိတယ်။ မွှေးပွကော်ဇောနဲ့ bean bagအိအိလေးတွေ ချထားပေးသေးတယ်။ သက်တောင့်သက်သာနဲ့ ပိုးလိုးပက်လက် ကျောခင်းပြီး ကြည့်သူတွေကကြည့်ပေါ့။ (ကိုယ်လည်း အိပ်ပြီးကြည့်ခဲ့တာ😁)
ခဏတော့ အပူတွေ မေ့သွားဖြစ်တယ်...။
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...