Thursday, June 25, 2020

Dream

Love is...
not what you play hard-to-get game
If you agree on that plane
let me reread the state of untamed...
There's a jasmine
lives life peacefully blooming 
Once...
one sharp incedent cut her deep and
its so deep that
needs longer time to heal
Its not just a breeze that cool you
but the wind that blow you
A W A Y.....
no matter how wringer the pain
she keeps on enduring the same
it's not that the strom makes her fall,
it's she... 
who just weaks and full of flaws.
WakeUp!
Jasmine shouts!
It was just a dream...
just a dream that
nothing to attach...at the end.
but the PAIN....
endlessly...



CKA

Tuesday, June 16, 2020

သူမ

သူမ ညက အိပ္မက္ေတြ မက္တယ္။ အိပ္မက္ေတြ မက္ခဲ့တယ္။ တခုထက္ပိုတဲ့ အိပ္မက္ေတြဟာ အကုန္ေၾကာက္မက္ဖြယ္ေတြ။ 



ဇာျခင္ေထာင္တခုထဲ အိပ္ေနတဲ့သူမကို အျပင္က လက္ေတြက ဝိုင္းၿပီး ဆြဲထုတ္ယူငင္ေနၾကတယ္။ (တကယ္က သူမ ​ေနတဲ့ၿမိဳ႕မွာ ျခင္ေထာင္နဲ႔အိပ္ဖို႔ မလိုလို႔ ဘယ္တုန္းကမွ ျခင္ေထာင္ ေထာင္မအိပ္ခဲ့ဘူး) လက္ေတြက လက္သည္း႐ွည္ေတြနဲ႔၊ ဘာေဆးေရာင္မွေတာ့ ဆိုးမထားဘူး။ ညိဳညစ္ေရာင္လက္ေတြဟာ ေပြလိမ္ ေကာက္ေကြ႔လို႔၊ သူမကို အငမ္းမရ ဆြဲလြဲယူငင္ေနခဲ့တာ၊ သူမက ေၾကာက္လန္႔တၾကား ႐ုန္းကန္ေနခဲ့တာ။ အျပင္ကို မလိုက္ခ်င္ဘူး။ လံုျခံဳမႈကင္းမဲ့တဲ့ ျပင္ပမွာ သူမဟာ ဒီထက္နာက်င္ဖို႔သာပဲ။ ႐ုန္းကန္ေနရတာ ေၾကာက္စိတ္နဲ႔၊ ေမာပန္းလြန္းတဲ့စိတ္နဲ႔၊ ဘယ္ကိုမွလည္း ေျပးထြက္လို႔ မလြတ္ေတာ့...။

သူမ လန္႔ႏိူးလာခဲ့တယ္။

ျပတင္းေပါက္က အလင္းပ်ပ် မႈန္လဲ့လဲ့ကေလး ျမင္ရတယ္။ စိတ္ခ်လက္ခ်မဟုတ္ေပမယ့္ လံုျခံဳစြာ ရိွေနေသးတယ္ဆိုတဲ့စိတ္တခုနဲ႔ ေမွးကနဲ ျပန္အိပ္ေပ်ာ္သြားတယ္။
အခန္းထဲမွာ သူမ တေယာက္ထဲ....

မိုးသံသဲ့သဲ့ကို နားကၾကားတယ္။ မနက္ မလင္းေသးဘူးဘဲ။ အလင္းမႈန္ကေလး တန္းတန္းမွ် ျမင္ရတဲ့အခန္းဟာ မိုးရိပ္နဲ႔ ေမွာင္ေတာ့တယ္။
relaxing/ sleeping music for 3hoursဆိုတာကို youtubeကေန တိုးတိုးကေလး ဖြင့္ထားလိုက္တယ္။ ခႏၶာကိုယ္ကို ေပ်ာ့ခ်လိုက္တယ္။ မ်က္ဝန္းေတြေလးလာၿပီး သူမ အိပ္ေပ်ာ္သြားျပန္တယ္။

အိကနဲ...၊ သူမေဘးမွာ တစံုတေယာက္ လွဲဝင္အိပ္ခ်လိုက္သလို ေမြ႔ရာက ၫႊတ္ဆင္းသြားတယ္။ သူမ သိစိတ္ထဲ ေမႊးညင္းေတြ ဖ်န္းကနဲေထာင္ထကာ ႏိူးလာျပန္တယ္။ မ်က္လံုးေတြကိုေတာ့ မဖြင့္ရဲေသးဘူး။ ေဘးက တစံုတေယာက္ရဲ႕ အသက္႐ွဴေနသံလား၊ သူမ ၾကားေနရတယ္။ ဟင့္အင္း...၊ သူမတေယာက္ထဲရိွတဲ့ အခန္းထဲမွာေလ...။ ေၾကာက္စိတ္နဲ႔ မ်က္ရည္ေတြ စိမ့္က်လာတယ္။ မ်က္ဝန္းေတြကို ေမွးစင္းထားရက္နဲ႔ ေဘးကို နည္းနည္းေလး ငဲ့ၾကည့္လိုက္တယ္။ သူမ တေယာက္ထဲပါပဲ။
အျမင္အာရံုက လွည့္စားတတ္သလား၊ အၾကားအာရံုက လွည့္စားတတ္တာလား။ ခုနက သူမ ၾကားလိုက္ျမင္လိုက္ရတာေတြက...လွည့္စားမႈသက္သက္လား...။ အိပ္မက္ မက္ျပန္ၿပီလား...။ သူမကလြဲလို႔ ဘယ္သူမွမရိွတဲ့အခန္းထဲမွာ...။
ရိွဳက္သံမွ မၾကားရဘဲ သူမမ်က္ဝန္းေတြ စိုစြတ္လို႔လာတယ္။ အိပ္မက္ဆိုးေတြ ဘာေၾကာင့္မက္ရသလဲဆိုတာကို ဘယ္မွာမွ ႐ွာမဖတ္ခ်င္ေတာ့ဘူး။ အလြတ္ေတာင္ရေနခဲ့ၿပီ။ အျမဲတမ္း ေသလုေမ်ာပါး ထြက္ေျပး ႐ုန္းကန္၊ ေခြၽးေတြနဲ႔ ေမာပန္းႏိူးထလာရတိုင္း ေသရာပါမယ့္စိတ္ဒဏ္ရာကို နာနာက်င္က်င္ မုန္းတယ္။
အိပ္ရာေဘးက ေဆးပုလင္းထဲက ေဆးတလံုးကို လည္ေခ်ာင္းထဲ ေရနဲ႔ပစ္ထည့္လိုက္တယ္။ relaxing musicကို ဖုန္းမွာဖြင့္ထားတာ ဘယ္ေလာက္ၾကာၿပီလဲဆိုေတာ့ ႏွစ္နာရီသာသာ ရိွခဲ့ၿပီတဲ့...။ မုန္းလိုက္တာ...။ အိပ္မက္ေတြဟာ သက္ေတာင့္သက္သာမွ မရိွခဲ့ဘဲ...။

ခင္ဗ်ား အိပ္မက္ဆိုးေတြ မက္ေသးလား
အေၾကာင္းအရာမယ္မယ္ရရ မရိွဘဲ မ်က္ရည္က်ေနတုန္းလား
ေဆးအကူမယူဘဲ ညညအိပ္ေပ်ာ္ႏိူင္ရဲ႕လား
ခင္ဗ်ား ဘာေတြ ေတြးေနျဖစ္သလဲ
စိတ္ထဲကမပါဘဲ ရယ္ေနျဖစ္တဲ့ အခိုက္အတန္႔ေတြ တေန႔မွာ ႀကိမ္ေရမ်ားသလား
မနက္အိပ္ရာက ထထခ်င္း ဘာကိုအရင္ဆံုးေတြးမိသလဲ
အဲဒီေမးခြန္းေတြနဲ႔ ေ႐ွ႕မွာထိုင္ေနတဲ့ Therapistကို သိမ္းၾကံဳးပစ္ေပါက္ေနမိတာ၊ ခဏခဏပဲ...
စိတ္ေတြဟာ ၾကမ္းေပၚမွာ ေသေနတာေတြ၊ ဆန္႔ငင္ေနတာေတြ၊ က်ိဳးေၾကေနတာေတြ....
အားလံုးကို ေက်ာခိုင္းလွည့္ထြက္လိုက္ရင္  က်န္ေနခဲ့မွာလား...
သူမ လႊတ္ခ်ပစ္ထားခဲ့တာ၊ ခဏခဏပဲ...

အိပ္ရာကထၿပီး...
ေနာက္တနာရီအၾကာမွာ သူမဟာ ေကာ္ဖီတခြက္နဲ႔၊ စာအုပ္တအုပ္နဲ႔ လူလိုသူလို ဇိမ္ခံေနပံုကို FBမွာ postတင္လိုက္တယ္၊ ရယ္ရယ္ေမာေမာပဲ...ေပါ့ေပါ့ပါးပါးပဲ...။
တိမ္မွ်င္ေလးတစလို...

သူမ ~

==========================

သူမ ညက အိပ်မက်တွေ မက်တယ်။ အိပ်မက်တွေ မက်ခဲ့တယ်။ တခုထက္ပိုတဲ့ အိပ်မက်တွေဟာ အကုန်ကြောက်မက်ဖွယ်တွေ။

ဇာခြင်ထောင်တခုထဲ အိပ်နေတဲ့သူမကို အပြင်က လက်တွေက ဝိုင်းပြီး ဆွဲထုတ်ယူငင်နေကြတယ်။ (တကယ္က သူမ နေတဲ့မြို့မှာ ခြင်ထောင်နဲ့အိပ်ဖို့ မလိုလို့ ဘယ်တုန်းကမှ ခြင်ထောင် ထောင်မအိပ်ခဲ့ဘူး) လက်တွေက လက်သည်းရှည်တွေနဲ့၊ ဘာဆေးရောင်မှတော့ ဆိုးမထားဘူး။ ညိုညစ်ရောင်လက်တွေဟာ ပွေလိမ် ကောက်ကွေ့လို့၊ သူမကို အငမ်းမရ ဆွဲလွဲယူငင်နေခဲ့တာ၊ သူမက ကြောက်လန့်တကြား ရုန်းကန်နေခဲ့တာ။ အပြင်ကို မလိုက်ချင်ဘူး။ လုံခြုံမှုကင်းမဲ့တဲ့ ပြင်ပမှာ သူမဟာ ဒီထက်နာကျင်ဖို့သာပဲ။ ရုန်းကန်နေရတာ ကြောက်စိတ်နဲ့၊ မောပန်းလွန်းတဲ့စိတ်နဲ့၊ ဘယ်ကိုမှလည်း ပြေးထွက်လို့ မလွတ်တော့...။

သူမ လန့်နိူးလာခဲ့တယ်။

ပြတင်းပေါက်က အလင်းပျပျ မှုန်လဲ့လဲ့ကလေး မြင်ရတယ်။ စိတ်ချလက်ချမဟုတ်ပေမယ့် လုံခြုံစွာ ရှိနေသေးတယ်ဆိုတဲ့စိတ်တခုနဲ့ မှေးကနဲ ပြန်အိပ်ပျော်သွားတယ်။
အခန်းထဲမှာ သူမ တယောက်ထဲ....

မိုးသံသဲ့သဲ့ကို နားကကြားတယ်။ မနက် မလင်းသေးဘူးဘဲ။ အလင်းမှုန်ကလေး တန်းတန်းမျှ မြင်ရတဲ့အခန်းဟာ မိုးရိပ်နဲ့ မှောင်တော့တယ်။
relaxing/ sleeping music for 3hoursဆိုတာကို youtubeကေန တိုးတိုးကေလး ဖွင့်ထားလိုက်တယ်။ ခန္ဓာကိုယ်ကို ပျော့ချလိုက်တယ်။ မျက်ဝန်းတွေလေးလာပြီး သူမ အိပ်ပျော်သွားပြန်တယ်။

အိကနဲ...၊ သူမေဘးမွာ တစုံတယောက် လှဲဝင်အိပ်ချလိုက်သလို မွေ့ရာက ညွှတ်ဆင်းသွားတယ်။ သူမ သိစိတ်ထဲ မွှေးညင်းတွေ ဖျန်းကနဲထောင်ထကာ နိူးလာပြန်တယ်။ မျက်လုံးတွေကိုတော့ မဖွင့်ရဲသေးဘူး။ ဘေးက တစုံတယောက်ရဲ့ အသက်ရှူနေသံလား၊ သူမ ကြားနေရတယ်။ ဟင့်အင်း...၊ သူမတယောက်ထဲရှိတဲ့ အခန်းထဲမှာလေ...။ ကြောက်စိတ်နဲ့ မျက်ရည်တွေ စိမ့်ကျလာတယ်။ မျက်ဝန်းတွေကို မှေးစင်းထားရက်နဲ့ ဘေးကို နည်းနည်းလေး ငဲ့ကြည့်လိုက်တယ်။ သူမ တယောက်ထဲပါပဲ။
အမြင်အာရုံက လှည့်စားတတ်သလား၊ အကြားအာရုံက လှည့်စားတတ်တာလား။ ခုနက သူမ ကြားလိုက်မြင်လိုက်ရတာတွေက...လှည့်စားမှုသက်သက်လား...။ အိပ်မက် မက်ပြန်ပြီလား...။ သူမကလွဲလို့ ဘယ်သူမှမရှိတဲ့အခန်းထဲမှာ...။
ရှိုက်သံမှ မကြားရဘဲ သူမမျက်ဝန်းတွေ စိုစွတ်လို့လာတယ်။ အိပ်မက်ဆိုးတွေ ဘာကြောင့်မက်ရသလဲဆိုတာကို ဘယ်မှာမှ ရှာမဖတ်ချင်တော့ဘူး။ အလွတ်တောင်ရနေခဲ့ပြီ။ အမြဲတမ်း သေလုမျောပါး ထွက်ပြေး ရုန်းကန်၊ ချွေးတွေနဲ့ မောပန်းနိူးထလာရတိုင်း သေရာပါမယ့်စိတ်ဒဏ်ရာကို နာနာကျင်ကျင် မုန်းတယ်။
အိပ်ရာဘေးက ဆေးပုလင်းထဲက ဆေးတလုံးကို လည်ချောင်းထဲ ရေနဲ့ပစ်ထည့်လိုက်တယ်။ relaxing musicကို ဖုန်းမှာဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲဆိုတော့ နှစ်နာရီသာသာ ရှိခဲ့ပြီတဲ့...။ မုန်းလိုက်တာ...။ အိပ်မက်တွေဟာ သက်တောင့်သက်သာမှ မရှိခဲ့ဘဲ...။

ခင်ဗျား အိပ်မက်ဆိုးတွေ မက်သေးလား
အကြောင်းအရာမယ်မယ်ရရ မရှိဘဲ မျက်ရည်ကျနေတုန်းလား
ဆေးအကူမယူဘဲ ညညအိပ်ပျော်နိူင်ရဲ့လား
ခင်ဗျား ဘာတွေ တွေးနေဖြစ်သလဲ
စိတ်ထဲကမပါဘဲ ရယ်နေဖြစ်တဲ့ အခိုက်အတန့်တွေ တနေ့မှာ ကြိမ်ရေများသလား
မနက်အိပ်ရာက ထထချင်း ဘာကိုအရင်ဆုံးတွေးမိသလဲ
အဲဒီမေးခွန်းတွေနဲ့ ရှေ့မှာထိုင်နေတဲ့ Therapistကို သိမ်းကြုံးပစ်ပေါက်နေမိတာ၊ ခဏခဏပဲ...
စိတ်တွေဟာ ကြမ်းပေါ်မှာ သေနေတာတွေ၊ ဆန့်ငင်နေတာတွေ၊ ကျိုးကြေနေတာတွေ....
အားလုံးကို ကျောခိုင်းလှည့်ထွက်လိုက်ရင် ကျန်နေခဲ့မှာလား...
သူမ လွှတ်ချပစ်ထားခဲ့တာ၊ ခဏခဏပဲ...

အိပ်ရာကထပြီး...
နောက်တနာရီအကြာမှာ သူမဟာ ကော်ဖီတခွက်နဲ့၊ စာအုပ်တအုပ်နဲ့ လူလိုသူလို ဇိမ်ခံနေပုံကို FBမွာ postတင်လိုက်တယ်၊ ရယ်ရယ်မောမောပဲ...ပေါ့ပေါ့ပါးပါးပဲ...။
တိမ်မျှင်လေးတစလို...

သူမ ~

ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...