Wednesday, June 30, 2021

ချစ်ခြင်းတရားနှင့် နှောင်ကြိုးများနှင့် ခွဲခွာရခြင်းမျာ$း

တွေးနေမိတယ်...

စမှတ်ရှိရင် ဆုံးမှတ်ရှိသလို အသစ်တဖန်ပြန်အစတွေလည်း ရှိနေတယ်ဟုတ်လား...။

ဒီနေ့ ၂၉ဟာ ကိုရေမွန်ဆုံးပါးသွားတာ တပတ်တိတိပြည့်တဲ့နေ့ပေါ့။ သူ ရှိနေစဉ်က သူ့သီချင်းတွေ အမြဲနားမထောင်ဖြစ်ခဲ့ဘူး၊ သူ့bandရဲ့ youtube channelကိုတောင် subscribe မလုပ်ဖြစ်ခဲ့ဘူး။ my listအနေနဲ့ favထဲသိမ်းထားပြီး နားထောင်ဖြစ်ခဲ့တာပဲရှိတယ်။ သူဆုံးသြားမွပဲ သူ့ကို လူတွေဘယ်လောက်ချစ်ကြမှန်း ပိုသိကြရတယ်။

ရှင်သန်နေချိန်မှာ တန်ဘိုးထားကြဖို့...

မလိုအပ္ဘူးလား...။

ချစ်ခြင်းမေတ္တာ...

ဘယ်လောက်များ နက်နဲတဲ့အဖြစ်လဲ...။

ဘယ်သူမွ အတိအကျပုံဖော်လို့ မဖြစ်နိူင်ဘူး

မလုံလောက်ဘူး

သိပ်လှပတာမို့ အလုံးစုံဖော်ပြဖို့ရာ မတတ်နိူင်ကြဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မမိတ်ဆွေရဲ့ခင်ပွန်း ဆုံးသွားခဲ့တယ်။ သူ့ကို မီးသင်္ဂြိုလ်မယ့်နေ့မှာ ကလေးနှစ်ယောက်ကို အိမ်မှာပဲထားခဲ့ဖို့ ကျွန်မမိတ်ဆွေက ဆုံးဖြတ်တယ်။ သူ့အမျိုးသားဆုံးတာ ဆေးရုံမှာဆိုတော့ ဆေးရုံကနေပဲ သင်းချိုင်းကို တန်းပို့မှာမို့ သူ့ကလေးနှစ်ယောက်ကို အဖေဖြစ်သူရဲ့အလောင်းကို ပေးမတွေ့တော့ဖို့ သူ ဆုံးဖြတ်ခဲ့တာ။

လွန်ခဲ့တဲ့အနှစ်၂၀ကျော် အဖေဆုံးတုန်းက နိူင်ငံရပ်ခြားမှာမို့ အဲဒီမြာပဲ သင်္ဂြိုလ်ဖို့ ဆုံးဖြတ်ပြီး အဖေ့အလောင်းကို မြန်မာပြည် ပြန်မသယ်ယူခဲ့ဘူး။ အဖေတို့ကုမ္ပဏီက တာဝန်ရှိသူတွေက အေဖ့ကို အလောင်းပြင်ထားပုံတွေ၊ မီးသင်္ဂြိုလ်ကာနီးပုံတွေ၊ အားလုံးပြီးသွားတော့ ဆုတောင်းပေးပုံတွေ ဓါတ်ပုံတွေကို ကျွန်မတို့မိသားစုဆီ လှမ်းပို့ပေးခဲ့ပါတယ်။

အဲ့ပုံတွေကို ကျွန်မ ခုထိ လုံးဝမကြည့်ခဲ့ဘူး။ 

ကျွန်မမျက်လုံးထဲကနေ စိတ်အတွင်းသားထဲအထိ စွဲကျန်နေရစ်မယ့် အဖေသေဆုံးပြီဆိုတာ သေချာစေတဲ့ရုပ်ပုံတွေကို ကျွန်မ မှတ်မိမနေချင်ဘူး။ 

ခုလည်း ကိုရေမွန်ကို ချစ်တဲ့ အရင်းနှီးဆုံးတွေက သေဆုံးတဲ့ပုံတွေကို မမျှဝေချင်ဘူး၊ အသိစိတ္က လက်ခံလိုက်ရလည်းပဲ သူဆုံးသွားပြီဆိုတာကို မှတ်ဉာဏ်ထဲမှာ ပုံရိပ်တွေအဖြစ် သိမ်းမထားချင်ဘူး။ သူရှင်သန်စဉ်က ပျော်ခဲ့ဖူးတာတွေ၊ သူ အနားရှိစဉ်က ကြုံတွေ့ရသမျှတွေကိုပဲ ပုံရိပ်ရှင်တွေအဖြစ်သာ သိမ်းဆည်းလိုတယ်။ 

ချစ်ခြင်းမေတ္တာတွေ...

သူပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို သူပြန်ရရှိခဲ့တာ...။

ကျွန်မလည်း အတူတူပါပဲ။ အတ္တကြီးတယ်ပဲဆိုဆို ချစ်သောသူတွေနဲ့ပတ်သက်လာရင် ကျွန်မတို့က ကောင်းသောမှတ်ဉာဏ်ကိုသာ အလိုရှိတာ၊ မှတ်မိနေချင်တာဟုတ်လား...

လူတွေနဲ့ပတ်သက်လာရင် ချစ်ခြင်းမေတ္တာအကြောင်းကိုသာ အရင်ဆုံး ပြေးမြင်ချင်တယ်။ နာစရာတွေ မတွေးချင်ဘူး၊ ကျွန်မနဲ့အတူ ခုထိ သယ်ဆောင်မလာချင်ဘူး။ အဲဒီလိုပဲ ကျွန်မအကြောင်းလို့ တွေးမိရင်လည်း ချစ်ခြင်းနဲ့ဆက်စပ်လို့သာ တွဲမြင်စေလိုတယ်။ လွမ်းဆွတ်မိရင်တောင် အပြုံးလဲ့လဲ့မျက်နှာပေါ်တင်လို့ တစိမ့်စိမ့် လွမ်း တ နေချင်တာ။ ကောင်းခဲ့ခြင်းတွေကိုသာ သတိရခြင်းနဲ့အတူ မှတ်ဉာဏ်ထဲ သိမ်းချင်တာ။ အမုန်းတရားဟာ ကျန်းမာရေးကိုထိခိုက်စေတယ်။ ချစ်ခြင်းတရားဟာလည်း မသုံးတတ်ရင် လောင်မြိုက်စေပြန်တာ...။

ဘာပဲဖြစ်ဖြစ်...

ဘဝဆိုတာက တိုတောင်းလွန်းသလို မနက်ဖြန်ဆိုတာကို ဘယ်သူမွ ကြိုတင်မတွက်ဆနိူင်ဘူးဟုတ်လား။ သေခြင်းတရားဟာ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူး။ အချိန်စေ့ရင် သေကွဲကွဲရမယ် အားလုံးကိုထားခဲ့ရမယ်။ ဒါ ဘဝပဲ။

ကျွန်မ သြားရတဲ့အခါ ကျွန်မအတွက် မျက်ရည်မကျစေချင်ဘူး။  ရှင်သန်စဉ်မှာ ကျွန်မထားရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို အမှတ်ရရင်း ပြုံးနေစေချင်တာ။ 

ကျွန်မပြောခဲ့သလိုပေါ့

ရှင်သန်ခြင်း

သေဆုံးခြင်း

ပြီးတော့ အသစ်တဖန် ပြန်စခြင်း...

ကိုရေမွန်က အသစ်တဖန် ပြန်စဖို့ ခရီးထြြက်သားခဲ့တာ...

ခရီးရှည်ကြီးပေါ့...

ကျွန်မတို့ကို သူ့သီချင်းတွေနဲ့ထားခဲ့ပြီးတော့ပေါ့...



CKA

Saturday, June 26, 2021

ဘဝနှောင်ကြိုးများ...



ကိုယ်တို့အားလုံးဆီမှာ သီချင်းတွေကို ရင်ဘတ်အပြည့်စာ ထားခဲ့ပြီး သူကေတာ့ ဘာတခုမွ မယူဘဲ လောကကြီးထဲက ထွက်ခွာသွားခဲ့ပြီ။ အသည်းကွဲတိုင်း သူ့သီချင်းတွေ နားထောင်နေရတဲ့ဘဝကနေ သူ့သီချင်းတွေနားထောင်တိုင်း အသည်းကွဲရတော့မယ့် အဖြစ်ရယ်..

မနေ့က ကောင်းကင်ပြာပြာနောက်ခံမှာ တွေ့ရတဲ့ မီးခိုးငွေ့တွေဟာ ကိုယ္တို့ သူ့ကို တွေ့လိုက်ရတာ နောက်ဆုံးပဲလို့ နားလည်ရတယ်။ ဆို့နင့်နေတဲ့ ကြေကွဲမှှုတွေ၊ အပြီးတိုင် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ လက်လွှတ်လိုက်ရခြင်းတွေ တသီကြီး လိုက်ပါလာတယ်။ 

နွေဦးတော်လှန်ရေးဟာ အရင်းအနှီးများသလို အဆုံးအရှုံးလည်း ကြီးမားလှချည့်။ ကြွေသွားခဲ့ရတဲ့ ကြယ်တပွင့်စီတိုင်းအတွက် ကျန်နေသူတွေ တာဝန်ကျေဖို့ လိုတယ်။

သူဟာ ကြယ်တွေအများကြီးထဲက ထင်ထင်ရှားရှားကြယ်ကလေးတပွင့်ပေါ့။

အမေနဲ့ညီမနဲ့ပဲ နေလာရတော့ အမျိုးသမီးတွေကို နားလည်တယ်၊ ဦးစားပေးဖြစ်တယ်၊ သူတို့ကို နာကျင်အောင် မလုပ်ဘူး။ 

သူများမိန်းကလေးအပေါ် တာဝန်မကြေမှာစိုးလို့ အိမ်ထောင်မပြုဘူး။ အိမ်ထောင်ပြုဖြစ်ရင်တောင် ကေလး မယူဘူး၊ အသက် ၄ဝလောက်ကျရင် ရှာဖွေထားသမျှ ထားခဲ့ပြီး အပြီးထွက်သွားတော့မှာ၊ ဘုန်းကြီး ဝတ်မယ်၊ အမှန္တရားကို ရှာဖွေချင်တယ်။

တက်တူးတွေ ကိုယ်မှာအပြည့်နဲ့ လူငယ္ကေလး၊ လောဘ ဒေါသ မောဟ ရှိသင့်သလောက်ရှိတဲ့ လူငယ္ကေလး၊ ဘီယာကြိုက်တဲ့လူငယ်ကလေး၊ အားလုံးကို ပျော်နေစေချင်တဲ့ လူငယ္ကေလးက အဲသလို ပြောခဲ့တယ်။ 

သူ့အမေ သူ့ညီမလေး ဒါတွေအပြင် သူ့Band တခုလုံးဟာ သူ့မိသားစုပဲ၊ အားလုံးရဲ့ စားဝတ်နေရေးဟာ သူ့အရေးပဲလို့ ခံယူထားတဲ့သူ၊ ကြိုးစားနေဆဲ၊ သူ့ကိုယ်သူ ဖြည့်နေဆဲ လူငယ်ကေလးမှာ အိပ်မက်တွေကို အသက်သွင်းစရာ အများကြီး ကျန်နေခဲ့မှာ ပဲ။ မပြီးဆုံးသေးခင် လမ်းခုလတ်မှာ သူ ထွက်ခြာသြားခဲ့ရတာ။  လူဆိုတာကေတာ့ ပြောလို့မရပါဘူး၊ ခုရှိနေပေမယ့် မနက်ဖြန်လည်း သေချင်သေမှာ၊

သူက အဲသလို အသိခိုင်မာခဲ့တဲ့သူ၊ သူ့ထွက်ခွာမှှုမှာ သူက အေးချမ်းပုံရသလောက် သူ့ကိုချစ်တဲ့သူတွေမှာတော့ ပူဆွေးလောင်မြိုက်လို့ ကျန်ရစ်ခဲ့ရတယ်။ 

"စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့၊ ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ..."

မဆုံနိူင်တော့တဲ့လမ်းကို သူက ရွေးချယ်သွားခဲ့ပြီ။ သူ့ရွေးချယ်မှှုတော့ မဟုတ်ဘူးပေါ့၊ ကံတရားရဲ့ မှားယွင်းမှှုပါပဲ။

စားသောက်ဆိုင်တခုမှာ သူ့ကို သီဆိုပေးဖို့ စာချုပ်ချုပ်ကြမယ်ဆိုတော့ အားလုံးသဘောတူပြီးလုကာမှ ဆိုင်က အစားအသောက်တွေက ဈေးကြီးလိုက်တာ၊ သူ့ပရိသတ်တွေ ဒီဆိုင်မျိုး ထိုင်နိူင်ပါ့မလား၊ သူ ပြန်စဉ်းစားဦးမယ် ဆိုတဲ့သူ၊ သူ့ပရိတ်သတ်အတွက် အေသးစိတ္ကအစ ငဲ့ကြည့်တတ်သူ။

"ဘေဘီ မင်းမျက်လုံးတို့ အားဖျော့ခိုက် ငါ့ရဲ့ပုခုံးထက်မှေးစက်လိုက် အခက်အခဲများအတွက် ငါ ရှေ့က ရွိ တာပဲ..."

သူဟာ အားလုံးရဲ့ရှေ့မှာ မားမားရပ်ပေးလိုသူ...။

အေမ  နောက်ဘဝကျရင် အိမ်ထောင်ရေးကံကောင်းပါစေ တဲ့...

အမေများနေ့မှာ သူက အေမ့ကို ဆုတောင်းပေးခဲ့ဖူးတယ်။ နောက်အိမ်ထောင်နဲ့ပျော်နေတဲ့အဖေကို ပြုံးကြည့်နေနိူင်ပြီး ကျွန်တော်လည်း အမေနဲ့ ပျော်ပါတယ် တဲ့၊ အဲသလို နှလုံးသားအကြီးကြီးပိုင်ဆိုင်သူ။

အနုပညာကလွဲလို့ ဘာမွ မမက်ရှာတဲ့သူ၊ အနုပညာနဲ့တော့ ချမ်းသာဖို့ စိတ်မကူးတဲ့သူက Gamer လုပ်ပြီးပဲ ငွေရှာဖို့ ကြိုးစားတယ်၊ ၊ တိုက်ခန်းကလေးတခန်းတောင် မပိုင်၊ အငှားဘဝနဲ့ ရောင့်ရဲနေနိူင်သူ။ သူပိုင်သမျှ သူ့အနုပညာ စိတ်ကူးစိတ်သန်းတွေ ဖန်တီးမှှုတွေကိုပဲ သူ့ပရိသတ်အတွက် အပြည့်ပေးခဲ့သူပါကွယ်။ 

သူ စီးခဲ့တဲ့ သဲကြိုးတဖက် ပြတ်လုလု ရာဘာဖိနပ် ကေလးဟာ ကိုယ် ရင်ကွဲစေတဲ့ အကြောင်းတခုလည်း ဖြစ်တယ်။ 

သူဟာ ဒီထက်ပိုပြီး အများကြီး ထိုက်တန်ခဲ့သူ၊ ဘာကိုမှလည်း အများကြီး မတောင်းခံခဲ့သူပါ၊ 

ရင်တွေ နာရပါတယ်။ 

စိတ်ဖြောင့်ဖြောင့်သွားနော် သားလေး၊ အေမတို့ကို စိတ်မပူနဲ့၊ နေနိူင်အောင် အေမတို့ အတတ်နိူင်ဆုံးကြိုးစားမယ်နော် သားလေး တဲ့

သူ့နောက်ဆုံးခရီးမှာ သူ့အမေ အန်တီခင်မြတ်မွန် ပြောခဲ့တဲ့စကား။

ကိုယ္တို့အားလုံးဟာ မာကြောပြနေတဲ့ အမျိုးသမီးကြီးကို ကြည့်ပြီး ထိခိုက်ရတယ်။ ကိုယ်သာဆိုရင် အရုပ်ကြိးပြတ် နေမှာပဲ။ သာမန်ပရိသတ်တယောက်ဖြစ်တဲ့ သူလိုကိုယ်လိုလူတွေတောင် သူ့ကို နှမျောလွန်းလို့၊ ချစ်လွန်းလို့ ကြေကွဲနေရတာ၊ မိခင်တယောက်ရဲ့ရင်ထဲကိုတော့ ဝင်တောင်မကြည့်ရဲ၊ ပြီးတော့ တနှစ်သားမှာ အေဖမဲ့ခဲ့ရတဲ့သားကေလးကို မိခင်ရင်ငွေ့နဲ့သာ နွေးစေခဲ့သူ၊ အဖိုးတန်သားကလေးဖြစ်အောင် ပျိုးထောင်ပေးခဲ့သူ၊ ဘယ်လောက်တောင် အတွင်းကြေနေမလဲ။ 

ကိုဒိုးလုံး ဆုံးသွားတုန်းကလည်း သူ့အနုပညာ၊ သူ့ဖန်တီးမှှုတွေနဲ့ သူ့သီချင်းတွေ ကိုယ္တို့ အာသာမပြေသေးခင်မှာ သူ ထွက်ခွာသွားတော့ သူ့အမေက သူ့သားဟာ ဘဝမွာ နေသွားရတာ သိပ္တန္တာပဲတဲ့၊ သူလုပ်ချင်တာတွေ သူဖြစ်ချင်တာတွေ အကုန် လုပ်သွားတယ် ဖြစ်သွားခဲ့တယ်တဲ့၊ မပြီးဆုံးသေးတာကတော့ တပိုင်းပေါ့။ သူ့သားဟာ ဘဝမွာ တန်အောင်နေသွားခဲ့ရပါတယ် တဲ့။ ကိုယ့်မှာ ပြောစရာစကားလုံးတွေ ပျောက်ရှခဲ့ရတယ်။ ဘဝကို တိုင်းတာပုံ၊ ရှုမြင်ပုံတွေ မတူကြတာမျိုး။ ဘဝကို အနိူင်နဲ့ပိုင်းသွားတယ်လို့ မြင်တတ်ရင် စိတ်ချမ်းသာရတာပေါ့။ 

"လိုရာပြည့်သောဘဝမှာ မပျော်နိူင်ရင် မင်း ဘာလိုနေသေးလဲ..."

ခက္တာက ဘဝမွာ လိုတာတွေအကုန်ရနေတဲ့အခါ မရတာကို လိုချင်မိပြန်တာပဲ။ လူ့စိတ် လူ့သဘာဝဟာ အဆန်းသားပဲဟုတ်လား။ 

အဖြစ်နဲ့ အပျက်တွေ ချိတ်ဆက်ဖြစ်ပေါ်နေတာကိုပဲ အဖြစ်အပျက်လို့ ကိုယ္တို့ နားလည်ထားကြတယ်။ အဲဒီအဖြစ်အပျက်တွေကို ငါ နဲ့ချိတ်လိုက်တဲ့အခါ၊ အဲဒီမွာ ငြိတော့တာပဲ။ သူမ်ား တခုခုဖြစ်ရင် ကိုယ်ချင်းစာနိူင်တာက တပိုင်း၊ ကိုယ်တိုင်ဖြစ်မှ တကယ္နာတတ္တာက တပိုင်း ဟုတ္လား။ ကိုယ်တိုင်ဖြစ်တဲ့အခါ အဲဒီအဖြစ်ဟာ ငါနဲ့ ချိတ်နေတာကိုး၊ နာတာပေါ့ နာမှာပေါ့။ တကယ်တမ်းကျတော့ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူများပဲဖြစ်ဖြစ် အဖြစ်ဆိုတာရှိရင် အပျက်လည်း ရှိမှာပေါ့။ 

အဖြစ်နဲ့အပျက် ကြားကာလတခုတော့ ကွာခြားနိူင်ကောင်းပါတယ်။ ခုဖြစ် ခုပျက်တွေရယ်၊ ခုဖြစ် အတော်ကြာကြာမှ ပျက်တွေရယ်၊ ဘယ္လိုပဲရွိရွိ ကြားကာလတခုကြာရှည်ရင် ရှည်သလောက် အပျက်အပေါ်မှာ ထိခိုက်မှှုဒီဂရီ ကွာခြားတတ်ကြတယ်။ ခံနိူင်ရည် ကွာခြားတယ်။ ခံယူပုံကွာတယ်။ ရင်ဆိုင်ပုံချင်း ကွာတယ်။ အသားမာတက်နှှုန်းချင်း ကွာကြတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ ကိုယ်တိုင်ပဲဖြစ်ဖြစ် သူများပဲဖြစ်ဖြစ် အဖြစ်ပြီးရင် အပ်က္လာမွာ သဘာဝပဲ၊ ဒါကို သူမ်ားဟာ ငါ့ဟာ ပိုင်ဆိုင်မှှုကြီးနဲ့ သွားလုပ်နေရင် ခံရဖို့ပဲ။ ဘေးကနေ ကြည့်တတ်ဖို့ လိုတယ်။ ဒါပေမယ့် တသက္လုံးက ငါ ငါ့ဟာ လုပ်လာတော့ သူများဖြစ်ရင် ဘေးကကြည့်နေနိူင်ပေမယ့် ကိုယ်တိုင်ဖြစ်ရင် ငါနဲ့ချည်း တွဲပြီးချိတ်မိနေတော့တာပဲ။ ဘေးလူလုပ်နိူင်ဖို့ ခက်တယ်။

ထားပါတော့။

ကိုယ်ချစ်တဲ့သူတွေ ဆုံးရွုံးရတဲ့အခါ ကိုယ့်ခံစားချက်ဟာ ကိုယ်နဲ့ တိုက်ရိုက်ချိတ်ဆက် ပူလောင်စေတော့တာပဲ။ 

ဒီအဖြစ်မှာလည်း ကိုယ္တို့က ကြေကြေနပ်နပ်ကြီး လက်ခံ ပျော်ဝင်နေကြသေးတယ်။ လူကိုး...ဆိုတဲ့ ထွက်ပေါက် ရှိတယ်၊ ပုထုစဉ်ဆိုတဲ့ အရူးလက်မှတ်ကလည်း ရထားသေးတာ။ 

ဆိုတော့ ခံစားချက်မရှိရင်လည်း လူမဟုတ်၊ ကျောက်ရုပ်လိုလိုကြီး၊ ခံစားတတ်လွန်းပြန်တော့လည်း တရားမရွိ၊ ခံနိူင်ရည်မရှိတဲ့ လူပျော့၊ လောကဓံကို ရင်မဆိုင်နိူင်သူ။

အဲဒီ နှစ်ခုကြား၊ မျှခြေတခုတော့ ရှိရမယ်။

ကိုယ်လည်း အဲဒီမျှခြေကို ရှာဖွေနေတုန်း.

ခက်တယ်

တကယ်တော့ ဝေးမသွားပါဘူး၊ စိတ် လက်တကမ်းအကွာမှာ ရှင် ရှိနေမှာပါ။

ကိုရေမွန်ငြိမ်းချမ်းနေပါစေရောက်ရာဘဝကနေ ပြုံး ကြည့်နေပါ၊ အားလုံးရဲ့ ချစ်ခြင်းတွေကို မြင်ရရဲ့လား


အရူးပဲဆိုဆို၊ ချစ်စရာလူသားတွေကိုတော့ ကိုယ္တို့ လွမ်း တ နေရမှာပဲ ဟုတ္လား

လွမ်းနေဖို့ ထိုက်တန်ပါတယ်လေ...



CKA

Wednesday, June 23, 2021

ရက်စက် နှောင်ကြိုးများ...

ရူးတော့မှာပဲ
ငါတို့ ထပ်ပြီး မဆုံးရှုံးပါရစေနဲ့တော့

လူစင်စစ်ကြီးတွေ
အဖိုးတန်ကြီးတွေ
အကောင်းစားကြီးတွေ

ငါတို့ဆီက ယူသွားသမျှတွေ ပြန်ပေးကြပါဟာ

ဒီနွေဦးဟာ တဆိတ်တော့ ရက်စက်လွန်းပါတယ်
ပြန်မဆုံနိူင်တော့မယ့် ဟိုးတဖက်စွန်းကို ခေါ်ဆောင်သွားတာ စောလွန်းပါတယ်။

ငါတို့လူတွေ ငါတို့လူတွေ ငါတို့လူတွေ

ချစ်ခြင်းမေတ္တာအကြောင်း ကောင်းကောင်းသိသူတွေ
အနုပညာထဲ စိမ်နှစ်ရှင်သန်နေသူတွေ
လူကိုလူလို တန်ဘိုးထားသူတွေ
ရိုးသားလှပသူတွေ

သူ့အသံတွေ ခုထိ ငါကြားနေတုန်း
သူ့သီချင်းတွေငါ လိုက်ညည်းနေမိတုန်း
ပွင့်အာနေတဲ့ သူ့အပြုံးရိုးရိုးကြီးတွေ
သူ့ကိုချစ်တာ မတိုင်ခင် သူ့အမေကအစ ငါချစ်တာ၊ အန်တီခင်မြတ်မွန်သီချင်းတွေကအစ ငါ ချစ်တာ။

ကောင်းသောညလေးပါ ကိုယ့်ချစ်သူ.အိပ်မက်တို့လှအောင် မင်းအတွက် ငါဆုတောင်း

အိပ်ယာဝင်တေး ဖြည်းဖြည်းညင်းညင်းသာသာယာယာလေး ဆိုပြတတ်သူ။

လိုရာပြည့်သောဘဝမှာ မပျော်နိူင်ရင် မင်း ဘာလိုနေသေးလဲ...ဆိုပြီး မေးခွန်းတွေမေးတတ်သူ....။

၂ဝဝ၃တုန်းက ကိုဒိုးလုံးကို ဆုံးရှုံးခဲ့ရပြီးပြီ။ သူ ဆုံးတော့ ၂၆နှစ်ပဲ ရှိသေးတာ။

ခုက အဲတုန်းကလို ခံစားချက်ကြီးပြန်ကျော့လာတယ်
ရင်ဘတ်တွေအောင့်တယ်
မျက်ရည်တွေ ပေါက်ကနဲ စီးကျလာတယ်။ 
ချစ်ရသူတွေ သက်တမ်းတိုလွန်းပါရဲ့။

မနေ့က မန်းလေး
ကြမ်းခင်းပေါ်တွေ၊ လှေကားထစ်တွေပေါ်မှာ ဒရွတ်တိုက်ဆွဲသွားဟန် သွေးအကြွင်းအကျန်တွေ၊ တဖက်စီ ဟိုနားဒီနားက ဖိနပ်လေးတွေ
နှလုံးသားတွေ အောင့်တက်လာတဲ့အထိ၊ ဆက်မကြည့်ရက်တော့လို့။

ဒီနေ့ ကိုရေမွန်
အသည်းတွေဟာ မကြဲဘဲ ခံနိူင်ပါ့မလား
ပေးလိုက်ရတာတွေ များလွန်းပြီ။ ရင်နဲ့မဆန့်တော့အောင် တဆစ်ဆစ်နာနေတာတွေ လွန်လွန်းပြီဟာ
နွေဦးတော်လှန်ရေး
ငါတို့နိူင်မှ ဖြစ်မယ်
ငါတို့နိူင်ကို နိူင်မှ ဖြစ်မယ်။

ကိုတွတ်ပီရေ....
ကိုရေမွန်ရေ....
တော်လှန်ရေးသမားကြီးရေ
ဒီမြေကမ္ဘာပေါ် ၃၃နှစ်တာ အလည်ရောက်လာခဲ့တဲ့ ဧည့်သည်ကြီးရေ
တောထဲတောင်ထဲမှာ ဘယ်လောက်များ ပင်ပန်းခဲ့ပါသလဲ၊ 
အနားယူပါတော့၊ စိတ်ချလက်ချ ချန်ရစ်ခဲ့ပါတော့။ 
လွမ်းနေဖို့က ငါတို့တာဝန်လေ....💔💔


Raymond (1988-2021)

CKA


Friday, June 18, 2021

နှောင်ကြိုးများ...အပြေ

တကယ်ဆို လုံလောက်ခိုင်ခံ့သော ခံနိူင်ရည်စွမ်းရှိမှ ချစ်ခြင်းမေတ္တာဆိုတဲ့ ရပ်ဝန်းကို ဖြတ်သန်းခဲ့သင့်တာ...

ကျန်ရစ်ခဲ့နိူင်ပါ့မလားလို့ စဉ်းစားခဲ့သင့်တာပေါ့။ ဖြတ်သန်းမှှုတခုရဲ့ တွေ့ဆုံခြင်းကာလကို ရှည်နိူင်သမျှ ရှည်ကြာချင်ခဲ့တာတခုတည်းပါပဲ၊ မလဲွမသွေ ကျော်လွန် ဖြတ်သန်းသွားမှာကတော့ သေချာတယ်လေ။ မရောက်ခင်နဲ့ ကျောခိုင်းပြီးကာလအကြားက ဆုံဆည်းခြင်းဟာ ဖျတ်ကနဲ။ ခေါက်ရိုးကျိုးသံသရာထဲ ကျန်ရစ်ခဲ့ခြင်းတွေက ထိပ်ဆုံးမှာ အမြဲရှိနေကျ...။ ချစ်ခြင်းတရားမှာ မကျန်ရစ်ခဲ့ဖူးသူ ဘယ်သူ ရှိပါ့မလဲ။ အဲဒီနောက်မှာတော့ ပြိုလဲခဲ့တဲ့ကာလဟာ ငရဲခန်းဘယ်နှစ်ခုစာ တာရှည်ခဲ့ပါလိမ့်။ မတွေးချင်ဘူး။

ခုေတလာ စိတ်တွေ နာကျင်ရခြင်းအကြောင်းတရားတွေ များသားပဲ။ တရေးနိူးမှာတောင် ဒီစစ်အာဏာရူးတွေ မကျဆုံးသေးဘူးလားဆိုတဲ့ အတွေးနဲ့ အနက်ရောင်တွေ ဆန်နေလိုက်ပုံက။ အမုန်းတရားတွေ ပိန်းထနေတဲ့ နေ့စဉ်ထဲ ကိုယ့်ကျန်းမာရေးကို မနည်းဒယဥ့်တိုက်ဆွဲငင်နေရတာ။ အသက်ဝဝ မရှူနိူင်တဲ့နေ့တွေသာ ပန်းခြောက်တွေဆို  တဖြုတ်ဖြုတ်ကြွေစေချင်လှပါပြီ။

တော်လှန်ရေးမှာ ချစ်ခြင်းတရား မပါဝင်ဘူး ထင်ခဲ့တယ်။ 

တကယ်က ချစ်ခြင်းတရားတခုထဲကြောင့်သာ ပုန်ကန်ကြရတယ်။ ကိုယ်တို့တိုင်းပြည်ကို ကိုယ်တို့ချစ်တယ်။ ကိုယ်တို့လူငယ်တွေကို ကိုယ်တို့ချစ်တယ်။ ကိုယ့်တိုင်းပြည်က မြေနံ့ကလေးကို ကိုယ်တို့ချစ်တယ်။ ကိုယ့်မြေပေါ်က သစ်ရွက်ခြောက်ကလေးတွေကအစ ကိုယ်တို့ချစ်တယ်။ ဒီရေဒီမြေကို တိုးတက်စေချင်တဲ့စိတ်တွေကြောင့်ပဲ ကိုယ်တို့ တော်လှန်ခဲ့ကြတယ်။ တကိုယ်စာချစ်ခြင်းတရားထက် ကျယ်ပြန့်တဲ့စိတ်နှလုံးနဲ့ တိုင်းပြည်ကို ကိုယ်တို႔ ချစ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ မတရားမှှုကို တော်လှန်ခဲ့ကြတာ။ 

အဆုံးသတ်တော့မှာ၊ အဆုံးသတ်တော့မှာပါဆိုတဲ့စိတ်နဲ့၊ တနေ့ချင်းစီကို စိတ်ရှည်လက်ရှည်စောင့်ပုံမျိုးနဲ့ ဖြတ်ကျော်တယ်။ ငါတို့နိူင်မှာဆိုတဲ့ သေချာမှှုဟာ အကောင်းဆုံးစိတ်ခွန်အားပဲ။ 

ချစ်သူ  မုန်းသူ ဘယ်လိုမှ ဖီးလ်မလာသူ၊ မခွဲခြားဘူး။ တော်လှန်ရေးမှာ တရားတဲ့ဘက်ကရပ်သူနဲ့ မတရားမှှုကို အားပေးသူ ဒီနှစ်မျိုးပဲ ရှိတော့တယ်။ ကိုယ်ပြောခဲ့ပါတယ်။ နှောင်ကြိုးတွေ အပြီးဖြတ်ချရမယ့် ဒီပဲွမှာ မျက်စိစုံမှိတ်လို့ တိကနဲဖြတ်ချခဲ့ရတာတွေ များသားပဲ။ 

ချစ်ခြင်းတရားမှာ ရိုးသားမှှုရှိမှ  အဲသလိုပဲ နိူင်ငံ့အရေးမှာလည်း ရိုးသားမှ ချည်နှောင်လို့ရမယ့် တွဲလက်တွေ အချင်းချင်းဖေးကူကြရတာ ကိုယ်တို့ရလိုက်တဲ့ အမြတ်ပဲ။ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့စိတ်ဟာ ဘယ်လောက်ချစ်စရာကောင်းသလဲ။ ဒီစိတ်နဲ့ ရှေ့ဆက်မယ်ဆို အားလုံးမျှော်လင့်တဲ့ ကမ်ဘာသစ်ဆီ ကိုယ်တို့အရောက်သွားနိူင်မယ်လို့ ယုံကြည်တယ်။ တယောက်အပေါ်တယောက် ညီညွတ်မျှတတဲ့စိတ်တွေနဲ့ ကိုယ်စီ လျှောက်ကြမယ်။ အားလုံးပါဝင်မှ တွင်မယ့်ခရီးမှာ လားရာမတူသူတွေကို ဖြုတ်ချခဲ့လိုက်ကြစို့.။

တကိုယ်စာချစ်ခြင်းထက် လူသားမျိုးနွယ်စုအပေါ်ချစ်ခြင်းတွေကသာ ဒီတော်လှန်ရေးအောင်မြင်မှှုအတွက် အဖြေဖြစ်တယ်...


CKA


Tuesday, June 8, 2021

စီးဆင်းနေ နှောင်ကြိုးများ...

အပြင်မှာ သိပ်ပူတာပဲ။

လွမ်းရေးထက် ဝမ်းရေးခက်ဆိုတဲ့စကားက ခုမှ သက်ဝင်လာသလိုရှိတယ်။ ဝမ်းရေးမဟုတ်ပေမယ့် နိူင်ငံ့အရေး၊ ပိုပြီးတော့တောင် အရေးကြီးတဲ့ နိူင်ငံ့အရေးပေါ့။ ဖေဖော်ဝါရီ ၁ရက်ကစလို့ ကျွန်မတို့ဘဝတွေ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာ။ 

အားလုံးပါဝင်လာခဲ့ကြတဲ့ နိူင်ငံ့အရေးမှာ ကျွန်မလည်း အတူပါဝင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့် အဆုံးအရှုံးများခဲ့ကြရသလို ခုလည်း အဆုံးအရှုံးတွေ နာကျင်မှှုတွေအများကြီးနဲ့ ကျွန်မတို့အားလုံး မပျော်ကြတော့ဘူး။ ကျွန်မတို့မြို့လမ်းမကြီးတွေပေါ်မှာ လူငယ်ကလေးတွေရဲ့ သွေးတွေနဲ့ ရဲရဲနီလို့။ မိဘတွေရဲ့နှလုံးသားတွေ ကွဲကြေလို့။

ဝမ်းနည်း နာကျင်လိုက်၊ ပျော်လိုက် အားတက်လိုက်၊ စိတ်ဓါတ်တွေကျလိုက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ကာလဟာ ရှိရင်းအချိန်ထက် ပိုကြာနေတာတော့အမှန်ပဲ။ အားလုံးဟာ အောင်စိတ်တွေနဲ့၊ နိူင်ကိုနိူင်မှာဆိုတဲ့စိတ်တွေနဲ့ အခုထိ တယောက်စိတ်ကို တယောက်က ဖြည့်တင်းရင်း တော်လှန်ရေးအလံတော်ထိပ်ဟာ ကျွန်မတို့ဆုံမှတ် ဖြစ်ခဲ့တယ်။ ကျွန်မတို့ဟာ အတူတကွဖြစ်တယ်၊ ကျရာနေရာတွေမှာလည်း ကျွန်မတို့အားလုံးဟာ တယောက်ချင်းစီတွေပဲ ဖြစ်တယ်။ ဖြတ်တောက်ထားခဲ့တဲ့ နှောင်ကြိုးတွေနဲ့ အိမ်ထဲကနေ ကျွန်မတို့ ထွက်လာခဲ့ကြတယ်။

ကျွန်မကိုယ်တိုင်လည်း နှောင်ကြိုးတွေကို ဖြတ်ထားပစ်ခဲ့ပြီ။ ခုချိန်မှာ နွေဦးတော်လှန်ရေးလောက် ဘာကမှ အရေးမကြီးတော့ဘူး။ 

တခါတလေ

မျက်ဝန်းတွေ မှိတ်လိုက်ချိန်တိုင်းမှာတော့ ခပ်ရေးရေးမြင်ယောင်ဆဲ၊ ဘယ်တော့မှ မလျှောက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ လမ်း။ 

ခုတော့လည်း အဲဒီအရူးဟာ ကျွန်မပါလို့ ယုံကြည်ရမှာတောင် ခဲယဉ်းသားပဲ။ သံယောဇဉ်မထားတတ်တဲ့ ခပ်ပြတ်ပြတ် မာရေကျောရေမိန်းမတယောက်ဟာ ချစ်ခြင်းတရားမှာ အံ့သြစရာကောင်းလောက်အောင် ပျော်ဝင်နေမိခဲ့။ အဲတာ ကျွန်မလား။

တော်လှန်ရေးထဲမှာ စိတ်တွေဟာ မာကြောလွန်းတော့ ကျိုးပဲ့လွယ်တာမို့ ချစ်ခြင်းတရားကို သတိရချိန်တွေ ပေးဖြစ်တဲ့အခါလည်း ရှိတယ်။

ဘယ်လောက်တောင်ချစ်ခဲ့ရတာလဲ သိလား။ သေချာပါတယ်၊ အခု ကျွန်မ ပြောလိုက်လို့ ကြားရပေမယ့်...၊ 

ရှင် တကယ် မသိသေးဘူး...။

ချစ်ခြင်းတရားရဲ့အတိမ်အနက်ကို ချစ်ရသူကသာ သိတာ၊ တကယ္သိတာ။ ဘုရားကျေးဇူးတော်ကြောင့် လူသားတဦးနဲ့ပတ်သက်ပြီး ချစ်ခြင်းတရားကို ကျွန်မ သင်ယူခွင့်ရခဲ့တယ်။ ချစ်ခြင်းတရားနဲ့ပတ်သက်ဆက်စပ်ရာတွေကတော့ ပြောရမယ်ဆိုရင် အနည်းငယ် ခါးသည်း၊ တော်တော်လေး နာကျင်စရာတွေ။ 

မောင်ရေလို့ ကျွန်မ အကြိမ်ကြိမ် ခေါ်နေခဲ့တယ်။ 

ကျွန်မအသံတွေ ပျောက်သွားတဲ့အထိ။  မခေါ်နိူင်တော့လောက်အောင် အသံတွေ အက်ရှ လက်ပန်းကျသွားတဲ့အထိပေါ့။ လပြည့်ညတွေကို မော့မကြည့်ရဲတော့တဲ့ အထိပေါ့။

မောင့်မိန်းကလေးက ကျွန်မနဲ့ တူတယ်၊

ကျွန်မ ပြုံးမိရုံသာပါပဲ။

မိန်းကလေးက ကျွန်မလို ဆံပင်တွေကို ဘေးတဘက်သိမ်းပြီး တခြမ်းစောင်း ချည်နှောင်ထားတတ်တယ်။ ကျွန်မလို ရင်ဖုံးအကျၤ ီလက်ပြတ်တွေ ဝတ်တတ်တယ်တဲ့။ 

မိန်းကလေးဟာ ကျွန်မ မဟုတ်ဘူး။

အနည်းဆုံးတော့ ကျွန်မက ကျွန်မနည်းနဲ့ကျွန်မ မောင့်ကိုချစ်ခဲ့တာ။

ဖတ်လက်စ စာတအုပ်ထဲက စာသားတွေ ကျွန်မစိတ်ထဲ စီးဝင်လာခဲ့တယ်။

ကလေးတယောက်ဆုံးရှုံးခဲ့ဖူးတဲ့မိခင်က လက်ရှိကလေးတယောက် ထပ်ဆုံးရှုံးသွားမလား စိုးစိတ်နဲ့ ကလေးရဲ့စက်ရုပ်သူငယ်ချင်း AFကို ကလေးနဲ့တပုံစံထဲတူအောင် တုပပြီး (ကျန်းမာရေးမကောင်းတဲ့)ကလေးကို လက်လွှတ်လိုက်ရတဲ့အခါ အစားထိုးချစ်ဖို့ စီမံထားတဲ့ဇာတ်လမ်း။ 

မိခင်က ကလေးရဲ့စက်ရုပ်သူငယ်ချင်း AFကို မေးတယ်။ 

ငါ့သမီး Josieနဲ့ အပြုအမူတွေ အားလုံး တူအောင် လိုက်လုပ်နိူင်တာကတော့ ဟုတ်ပါပြီ။ ငါ့သမီးလို နှလုံးသားမျိုး၊ စိတ်နှလုံးမျိုး ရှိဖို့တော့ မင်း တူအောင် လိုက်တုနိူင်ပါ့မလားတဲ့...။

Let me ask you this.

Do you believe in the human heart ?

I don't mean simply the organ, obviously. Im speaking in the poetic sense. The human heart. Do you think there is such a thing ? Something that makes each of us special and individual? And if we just suppose that there is. Then don't you think, in order to truly learn Josie, youd have to learn not to just her mannerisms but what's deeply inside her ? Wouldn't you have to learn her heart ?

ဒီလိုပါပဲ၊ ကျွန်မတို့ ဘဝတွေက တယောက်ချင်းစီတွေ၊

တော်လှန်ရေးကာလဟာလည်း ဘယ်လောက်ကြာဦးမယ် ဘယ်သူမှ မသိနိူင်ဘူး။ မနက်ဆို တော်လှန်ရေးကာလဆိုတဲ့အသိနဲ့နိူးပြီး ညဆို မပြီးဆုံးသေးတဲ့ တော်လှန်ရေးဆိုတဲ့ စိတ်နဲ့ အိပ်တယ်။

ချစ်ခြင်းတရားဆီကို ပြန်ရောက်ဖို့တော့ ခက်လိမ့်ဦးမယ်....

....ထင်ပါရဲ့။


CKA



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...