Sunday, September 26, 2021

Untitled 5

 


(၁)

သူမမျက်ဝန်းများကို နားလည်ရန် ကျွန်မဘက်က အချိန်အတန်ကြာခဲ့ပါသည်။

(၂)

သည်အိမ်ပြောင်းလာသည်မှာ တလပင်မပြည့်တတ်သေးပါ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် ကော်ရစ်ဒါမရှိသော တိုက်ခန်းများ၏ဖွဲ့စည်းပုံကြောင့် အေးအေးလူလူရှိသည်။ အိမ်ရှေ့အထွက် ဓါတ်လှေကားဆီအသွား လမ်းကလေးမှာ အပင်ကလေးတွေ တန်းစီစိုက်ထားခွင့် ရှိသေးသည်။ အပင်စိုက်ချင်သော ကျွန်မအတွက် အင်မတန်သဘောခွေ့ရသော အခွင့်အရေးဖြစ်ရပါသည်။ အိမ်ပြောင်းကာစမှာ ပျိုးပင်ကလေးများရောင်းချသည့် အပင်ဆိုင်ရှေ့ရောက်တိုင်း လက်ထဲမှာ အပင်တပင်တလေ မပါဘဲ ကျွန်မ အိမ်မပြန်ချင်ခဲ့ပါ။ တဖြည်းဖြည်း တန်းစီများပြားလာသော ပန်းအိုးကလေးများ နေရာချစရာမရှိအောင် ပြည့်ကြပ်လာမှပင် အပင်ဝယ်ခြင်း တစခန်းရပ်တော့သည်။ ရှိရင်းစွဲ ကုမုဒြာများအပြင် တစောင်းလက်ပတ်၊ ရှမ်းနံနံ၊ ပူဒီနာ၊ ကြက်သွန်မြိတ်၊ kiss me quick၊ ယဲယိုပင်၊ သစ်ခွတချို့၊ ဘိုကတော်မျက်ခုံး၊ စပါယ်နှင့် တျခား နာမည်ပင်မသိသော အပင်ကလေးများ စင်ပေါ်တချို့ မြေပေါ်တချို့ စီစီရီရီနှင့် စိမ်းစိမ်းမြင်တိုင်း အမောပြေရပါသည်။ တခါတေလ ပန်းကလေးများ ဖူးရာမွ ပွင့်လာပြီဆို အသက်ရှူရသည်ကပင် တနေ့လုံး ကောင်းနေတတ်သေးသည်။ မျက်နှာကအစ ပြုံးနေတတ်တာမို့ တသက်ပျော်ချင်ရင် သစ်ပင်စိုက်ဆိုတာ တကယ်ပဲ တကယ်ပဲဟု စိတ်ထဲ တွေးမိရတာ အခါခါ။

(၃)

ညနေညနေဆို မီးဖိုချောင်အနောက်ဘက်ထွက်ကာ ခြောက်သွားသည့်အဝတ်များ ရုတ်လေ့ရှိရာမှ တနေ့မှာ သူမကို သတိထားမိရသည်။ သူမတို့တိုက်အနောက်ဘက်နှင့် ကျွန်မတို့တိုက်အနောက်ဘက်ချင်းဆိုင်လျက် အနေအထားဖြစ်သောကြောင့်သာ သူမကို တွေ့လိုက်ရခြင်းဖြစ်သည်။ အဝတ်ပဲလှမ်းလှမ်း၊ အဝတ်ပဲရုတ်ရုတ်၊ မီးဖိုထဲ ထမင်းဟင်းပဲချက်ချက် ကျွန်မအိမ်အနောက်ဘက်မှနေ သူမကို လှမ်းတွေ့နိူင်သည်။ 

ပထမေတာ့ ဘယ်လိုမှမနေ၊ သည်လိုပဲ တိုက်အနောက်ဘက်ပြတင်းပေါက်မှ တိုက်အောက်ဝန်းကျင်ကြည့်ငေးသူများ ရှိတတ်သည်ပေ။ 

သို့သော် ကျွန်မသတိပြုမိသည့် သူမမျက်လုံးများကတော့ တျခား တိုက်အောက်ဝန်းကျင်ကြည့်ငေးသူများနှင့် လုံးလုံးမတူပါ။ 

ကြည့်နေသော သူမမျက်ဝန်းများကတော့ မျက်နှာချင်းဆိုင်ရှိ ကျွန်မတို့တိုက်အနောက်ဘက်ဆီ တန်းတန်းမတ်မတ်ပါပဲ၊ သို့သော် မြင်ပုံမပေါ်။ တိုက်အောက်မြက်ခင်းများဆီလည်း အကြည့် မရွေ့၊ ဘေးဘီဝဲယာ ခေါင်းလှည့်သည်ကိုလည်း မတွေ့ရ၊ ကြည့်သာ ကြည့်နေသည်၊ သူမမျက်လုံးထဲ ဘာတခုမှ မြင်ရသည် မရှိပုံမျိုး။ သူမတို့တိုက်အနောက်ဘက်နှင့် ကျွန်မတို့တိုက်အနောက်ဘက် အကြား မမြင်ရသည့် လေထုအလွှာကို စိုက်ကြည့်နေသလိုမျိုး။

သူမ၏မျက်လုံးများမှာ အသေဖြစ်လေသည်။

(၄)

ဘဝမွာ ဖြစ်ခြင်း ပျက်ခြင်းများ၏ အရွေ့သည် အမြဲဆုံးဖြစ်သည်။ ဘယ်တော့မှ မပြောင်းမလဲ မှန်နေဆဲပင်။ 

ကျွန်မမှာ အဖြစ်တခုစလျင်စချင်း အဆုံးဆီတန်းရောက်သွားတတ်သည့် အပျက်မြန်သော ကံကြမ္မာရှိပါသည်။ ခင်တွယ်လွန်းပြီဆို ဝေးကြရသည့် ကံကြမ္မာ ရှိပါသည်။ ချစ်ခဲသလောက် ချစ်မိပြီဆို နာကျင်ရမည့် ကံကြမ္မာလည်း ရှိပါသည်။ 

သိသိနှင့်ပင် ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ ကျွန်မစိတ်နှလုံး ပ်က္က် ကြေမွဖို့ ကြုံလာခဲ့ရတော့ နာကျင်လွန်းသည်ကလွဲ၍ မအံ့သြမိခဲ့။

ကျွန်မ ဘဝထဲက မောင် ထြက္သြားတာ မြန်ဆန်လျက်က ညင်သာလွန်းပြန်တာမို့ မည်သူမှပင် သတိမထားမိလိုက်ကြပါ။ ကျွန်မကပဲ မျက်နှာပေါ် စိတ်အကျိုးအပဲ့တွေ တင်မပြတတ်သောကြောင့်လည်း ဖြစ်နိူင်ပါသည်။

(၅)

တခါတေလ အိမ်အနောက်ဘက်မှာ အဝတ်တွေရုတ်နေရင်းက အသံလေးတခုကြားသလိုလို ထင်လိုက်မိတိုင်း ကျွန်မမျက်ဝန်းတွေ အဝေးကြီး ရောက်ရောက်သွားတတ်ပါသည်။ ထမင်းဟင်းချက်နေရင်းက အိမ်အနောက်ဘက်ပြတင်းပေါက်နား ရပ္မိကာ မောင်ရှိနိူင်မည်ထင်ရသောအရပ်ဆီ ကြည့်ငေးနေမိတတ်သည်လည်း ရှိသည်။ ဘယ်တော့မှပြန်လာမည်မဟုတ်ဟုသိစိတ်နှင့် မျှော်လင့်ချက်အသေတွေ တင်းတင်းဆုတ်ကာ ပြတင်းပေါင်မှာ ယဲ့ယဲ့မှီလျက် ရပ်ငေးရသည်၊ ဘယ်ဆီဘယ်ဝယ်မသိနိူင်သော မရေမရာစိတ်များနှင့် အေးစက်နာကျင်မျက်ဝန်းများက တန်းတန်းမတ်မတ် တူရှူကြည့်နေသော်လည်း ဘာကိုမှ ကျွန်မ မမြင်ပါ။ ထို မမြင်ရသော စိုစွတ်မျက်ဝန်းများလည်း ပူနွေးစိုစွတ်လျက်၊ မှန်းဆငေးမောလျက်ရှိဆဲ...။

(၆)

သူမ

သူမေရာ ပါးပြင်ပေါ် မျက်ရည်တွေ ကျနေခဲ့သလား

သူမနှင့်ကျွန်မအကြား အကြာအေဝးက အဲသည်လောက်အထိ မြင်ရဖို့ မဖြစ်နိူင်ပါ။



CKA



Thursday, September 23, 2021

မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး...


၃လတောင် ရှိသွားခဲ့ပြီတဲ့လား...

မယုံနိူင်သေးဘူးကိုရေမွန်ရေ...💔💔

ကြယ်တံခွန်






Sunday, September 19, 2021

Untitled 4

 ခုနောက်ပိုင်း အေနာက်ဘက္က စာရေးသူတွေဟာလည်း ဘဝနေနည်းထိုင်နည်းတွေ အများကြီး ရေးလာကြတယ်။ ဒါတွေကို ကိုယ္တို့ဆီက လူတွေ၊ လူငယ်တွေကလည်း ကိုးကားဘာသာပြန်လာကြတယ်။ အတော်လေးလည်း လူပြောများကြပါတယ်။ ဘဝမွ ာ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုပြုမူ အစရှိသည်ပေါ့လေ၊

အတော်ပေါက်သွားတဲ့ စာတအုပ်ဖြစ်တဲ့ The Subtle Art of Not Giving a F*ckဂရုမစိုက်ခြင်း အနုပညာလို့ ဘာသာပြန်ဆိုရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ဆိုပါတော့။ မူရင်းစာရေးသူ Mark Mansonရဲ့အာဘော်ကို မြည်းကြည့်ချင်တာနဲ့ မူရင်းစာအုပ်ကို ဝယ်ဖတ်လိုက်မိတယ်။ ဖတ်ရင်း သုံးပုံတပုံလောက်ရောက်တော့ ဒါတွေဟာ ကိုယ္တို့ ဗုဒ္ဓဟောကြားခဲ့တာဖြင့် နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပါရောလား၊ သူတို့က အခုမွ လို့ တွေးမိတယ်။ 

နောက်တခုက Minimalism လို့ခေါ်တဲ့ မရှိမဖြစ်လောက်နဲ့ ရိုးရှင်းစွာနေထိုင်နည်း၊ ဒါကို ၁၉၃ဝနောက်ပိုင်းမှာ စပြီး အသံထွက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ တော်တော်လေး ခေတ်စားလာခဲ့တယ်။ ဒါလည်းပဲ ကိုယ္တို့ ဗုဒ္ဓက ဟောခဲ့တာပါပဲ။ မေတ္တာသုတ်မှာ ပါတဲ့ သလ္လဟုကဝုတိ္တဆိုတာ ပေါ့ပေါ့ပါးပါး အသက်မွေးနေထိုင်ပါလို့ ဆိုခဲ့တာ။ နေတဲ့နေရာမှာ၊ စားတဲ့နေရာမှာ အပိုတွေ ဇာချဲ့မနေဘဲ ကိစ္စဝိစ္စ ဝန်စည်နည်းနည်းနဲ့ နေရမယ်လို့ ဆိုတာ။ 

ကိုယ်ဖြင့် တချို့ တရားစခန်းဝင်ယောဂီတွေ တရားစခန်း၁ဝရက်ဝင်ဖို့  သယ်လာလိုက်တဲ့ ပစည်းတွေ တလှေကြီးကို ကြည့်ပြီး ဘုရားဟောခဲ့တဲ့ အပိုကိစ္စတွေ မမ်ားဖို့ဆိုတာကို သတိရမိတယ်။ 

တကယ္ဆို ကိုယ်လည်း မီနီမယ် မလစ်စ်နိူင်သေးပါဘူး၊ ကိုယ့်မှာ နာရီဘယ်နှစ်လုံး၊ ဖိနပ်ဘယ်နှစ်ရံ ဒါတွေကို တွေးမိတော့ ပိုနေသေးတာတွေကို ဝန္ခံရမွာပါပဲ။ တတ်နိူင်သလောက်တော့ လိုတာကိုပဲ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာပေါ့လေ။ ကိုယ္တို့မွာ လိုလိုမယ်မယ် လိုလိုပိုပို ဆိုတဲ့ စကားတွေကလည်း ရှိသေးတာကိုး၊ 

နောက်တခုက သနိ္တနြိ္ဒယ ဆိုတဲ့ဟာ၊ ငြိမ်သက်ရမယ်၊ အိနြေ္ဒရှိရမယ်လို့ ဆိုတယ်။ ငြိမ်သက်ရမယ်ဆိုလို့ အပေါ်ယံငြိမ်သက်တာကို ပြောတာမဟုတ်ဘူးနော်။ တချို့က အိနြေ္ဒရှိတယ်ဆိုတာ တောင်ကြည့်မြောက်ကြည့် ကြည့်မနေဘဲ မျက်လွှာလေးချပြီး ငြိမ်သက်နေတာကို ပြောတယ်ထင်နေကြတာ၊ တကယ္က အဲလို မဟုတ္ဘူး။ မျက်စိနဲ့မြင်ပြီးဖြစ်စေ၊ နားနဲ့ကြားပြီးဖြစ်စေ လောဘ၊ ဒေါသ၊  မောဟတွေနဲ့ စိတ်ထဲမှာ လှုပ်ခတ်ခံစားနေတာကို ငြိမ်သက်မှှု မရွိဘူးလို့ ဆိုလိုတာ။ လွယ်လွယ်ရှင်းရရင် အပေါ်ယံကို ဆိုလိုတာ မဟုတ္ဘူး၊ အပေါ်ယံမှာ မ်ပဘဲ စိတ်မှာ ယောက်ယက်ခတ်နေတာကို ဆိုလိုတာ။ မျက်စိနဲ့ကြည့်ရင်တော့ မမြင်ရဘူးပေါ့။ အပြင်ဘန်းမှာ အိနြေ္ဒတခွဲသားနဲ့ပေမယ့် စိတ်ထဲမှာ မငြိမ်မသက်ဖြစ်နေတာကို အိနြေ္ဒမရှိဘူးလို့ ခေါ်တာ။ 

ကိုယ္တို့ သာမန်လူတွေ နားလည်ထားတာတွေနဲ့ လြဲမေနဘူးလား။ အပြင်ပန်းမှာ မငြိမ်သက်တာ၊ ဟိုကြည့်ဒီကြည့်၊ လှှုပ်လှှုပ်ရှားရှားနေတတ်တာ ဒါတွေကိုကျတော့ စရိုက္လို့ပဲ ခေါ်ရမယ်ထင်တယ်။ လူတိုင်းမှာ သူွစရိုက်နဲ့သူ ရှိတယ်။ ဒါကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ချက်ချလို့ မရဘူး။ လူတယောက်ရဲ့စရိုက်ဟာ ပတ်ဝန်းကျင်နဲ့ တခြားတပါးသောသူကို မထိခိုက်စေသရွေ့၊ အပြစ်မြင်လို့ မရဘူး။ 

ကိုယ်ဟာ ပုံမှန်အားဖြင့် ရွတ်တာ ဖတ္တာကို အားသန်တဲ့သူ မဟုတ္ဘူး။ စိတ်မပါရင် ဘုရားတောင် မှန်အောင် ရွိခိုးတတ္သူ မဟုတ်ပါဘူး။ လောကီရေးအတွက်လို့ ကိုယ် နားလည်ထားတာတွေကို သိပ်လုပ်လေ့မရှိတာမျိုးပေါ့။ ဒါပေမယ့် ကိုယ် သိပ်ပူလောင် ပျက်ကျနေတဲ့တချိန် ရှိခဲ့ဖူးတယ်။ အဲ့အချိန်တုန်းကတော့ စိတ်တွေ ပူလောင်လာတိုင်း ကိုယ်ဟာ ဘုရားစင်ရှေ့ရောက်တာပဲ။ ဘုရားမျက်နှာတော်ကို ဖူးတယ်၊ တစိမ့်စိမ့်ဖူးပြီး မျက်ရည်တွေကျရင်းက တပည့်တော်ကို ကယ်ပါဦးဘုရားလို့ တတွတ်တွတ် ဆိုခဲ့ဖူးတယ်။ စိတ်တွေ ဆောက်တည်ရာမရတော့တဲ့အခါတိုင်း ဘုရားဂုဏ်တော်တွေ ရွတ်လိုက်၊ သရဏဂုံဆောက်တည်လိုက်၊ မေတ္တာသုတ်ရွတ်လိုက် အဲသလို ဘုရားကု ကုခဲ့ရတယ်။ 

အိပ်မက်တွေထဲ ချောက်နက်နက်ကြီးထဲ လွင့်ကနဲကျသွားတိုင်း အိပ်ရာကလန့်နိူး၊ အေနာက္က တောခြောက်သံတွေကြားတိုင်း ရှေ့ကသေပြေးရှင်ပြေး ပြေး ငိုရှိုက်အော်ဟစ်ရင်းပြေးရာက လူက ရှိုက်သံတောင် မရပ်နိူင်သေးဘဲ အိပ္မက္က လန့်နိူး၊ အဲသလို နာကျင်မှှုတွေနဲ့ စိတ်ဒဏ်ရာအနက်ကြီးထဲကနေ မနည်းရုန်းထခဲ့ရတဲ့ နေ့စွဲတွေ။ 

တကယ်တမ်း ဘဝမွ ာ ပစ်လဲကျတဲ့အခါ ဘုရားဟောတရားတွေကသာ ကိုယ့်ကို ထူမတ်ပေးခဲ့တာ။ စိတ္တခုဟာ ကြိုးပဲ့ကြေမွပြီးပြီဆို အကောင်းအတိုင်းပြန်ဖြစ်ဖို့ အတော်ခက်တာ။ 

ဘာပဲဖြစ်ဖြစ် ဘဝတခုရဲ့ အရှည်အလျားဟာ ရေတွက်နိူင်လောက်အောင်ကို တိုတောင်းလွန်းတယ်။ နတ်ပြည်ခြောက်ထပ်မှာ အောက်ဆုံးထပ်ဖြစ်တဲ့ စတုမဟာရာဇ်နတ်ဘုံမှာတောင် နတ်သက္တရက္က လူ့ပြည်မှာ အနှစ်ငါးဆယ်နဲ့ ညီသတဲ့။ ကိုယ္တို့အဖို့သာ ဘဝကြီးတခုကို ပျော်ရွှင်မှှုနည်းနည်း၊ နာကျင်မှှုများများနဲ့ လူးလူးလည်လည်ဖြတ်သန်း ခက်ခဲနေကြရတာ၊ သူ့နတ်သက်နဲ့ကြည့်လိုက်ရင် လူတယောက်ဟာ ဒီနေ့ မွေး၊  မနက်ဖြန်ကျ မရှိတော့ဘူး။ 

ဘဝဟာ ဘယ်လောက် အနှစ်မဲ့လိုက်သလဲ၊ ဘယ်လောက်ကြေမွလွယ်လိုက်သလဲ။ ဘယ်ဖြစ်တည်မှှုမျိုးကိုမှ မလိုချင်တော့လောက်အောင်၊ ကိုယ်ကြောက်နေမိတယ်၊ ဖြစ်မှှုရှိရင် ပျက်မှှုရှိမြဲ ဟုတ္လား၊ ဘယ်အရာမှ မတည်မြဲအားလုံး ဖ်တ္ကနဲ။

တကယ်ပါ

ကိုယ် သံသရာကို သိပ်ကြောက်နေပြီ။




Tuesday, September 7, 2021

NUG တိုက်ပွဲခေါ်သံ

 


မနေ့က ကိုယ်တို့အစိုးရ NUGက တိုက်ပွဲခေါ်သံကို တရားဝင်ကြေငြာလိုက်တယ်။ ကိုယ်တို့အားလုံးမျှော်လင့်နေခဲ့ရတဲ့ သွေးကြွေးဆပ်ဖို့ တရားဝင်ခွင့်ပြုမိန့်ဆိုပါတော့၊ ပြောရရင် ကိုယ် ဝမ်းသာ ဝမ်းနည်းဖြစ်ရတယ်။ အကြေနပ်ကြီးကြေနပ်ခဲ့တာကတော့ လူလည်အာဆီယံကို လက်ခလယ်ထောင်ပြလိုက်နိူင်တဲ့အတွက်ပဲ။

မနေ့ကတည်းက ကိုယ့်ဘလော့ဂ်မှာ တခုခုရေးချင်နေခဲ့တယ်။ 

ဒါပေမယ့် ကွန်ပြူတာဖွင့်ပြီး ရေးဖို့ ကိုယ့်မှာ လုံလောက်တဲ့အားထုတ်မှှု မလုပ်နိူင်ခဲ့ဘူး။

ငါ ရှိတယ်၊ ငါ ဖြစ်တယ်၊ ငါ ခံစားနာကျင်ရတယ်။

အဲသလိုပဲ တွေးတော့တယ်။ ဒီထက် နာကျင်ခံစားဖို့၊ ဒီထက် အမုန်းခံရဖို့၊ ဒီထက် ဝေးကြဖို့လည်း မရှိတော့ဘူး ဟုတ်လား။ စိတ်ချင်းဝေးသွားကြတာတော့ အနာကျင်ရဆုံးပဲ။ ဒါကြောင့်လည်း ကိုယ်ဟာ သံယောဇဉ်တွေကို ကြောက်ခဲ့တာ၊ ကိုယ်က သိပ်တွယ်တာတတ်လို့၊ အစွဲအလမ်းသိပ်ကြီးတတ်လို့ပါ။

ကိုယ့်ကို အပေါ်ယံသိသူတွေက ပျော်ပျော်နေတတ်တယ်၊ ပေါ့ပေါ့ပါးပါးကလေး ရယ်မောပျော်ရွှင် ရှင်သန်နေသူလို့ ထင်တတ်ကြတယ်။ တကယ်တမ်း ကိုယ်နဲ့အနီးကပ်ပေါင်းနေသူမှ ကိုယ် အလေးအနက် ဘယ်လောက်တွေးတတ်မှန်း၊ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အသေးစိတ်ခံစားတတ်မှန်း၊ တည်တည်ကြည်ကြည် နေထိုင်ပြောဆိုတတ်မှန်း သိသွားတတ်ကြတာ။ သည်းခံလွန်း၊ သဘောကောင်းလွန်း၊ တဖက္သားဘက္ကို ကြည့်ပေးတတ်လွန်းတော့လည်း ကိုယ့်အပေါ် အနိူင်ယူတတ်ကြတာ များတယ်။ ကိုယ့်အပေါ် သူများတွေကောင်းတာကိုသာ ကိုယ်က ကျေးဇူးစကား ထုတ်ပြောတတ်ပေမယ့်၊ ကိုယ်ကကျတော့ ကိုယ် သူတို့အပေါ် ဘယ်လိုတွေကောင်းခဲ့ကြောင်း စကားလုပ်ပြောမနေတတ်သူမို့့ ကိုယ်သာ လူဆိုးဖြစ်ရမြဲပါပဲ။ 

ထားပါတော့၊ လွန်တာတွေလည်း လွန်ခဲ့ပါပြီ။ 

ကိုယ့်ကျန်းမာရေးကို ပြန်ဆက်ရရင် နှလုံးအောင့်တာ စူးကျင်လာတတ်တာတွေက အရင်ကလို on and off တောင် မဟုတ်တော့ဘဲ အမြဲလိုလိုရှိနေတတ်တော့တာ။ Insomniac မို့ အိပ်ရေးပျက်တိုင်း နှလုံးက ထိုးထိုးအောင့်တယ်။ ဘယ်ဘက်လက်မောင်းက လေးလံထုံကျင်လာတိုင်း ဘာမှလုပ်ချင်စိတ် မရှိတော့တာ ဆိုးတယ်။ တခါတေလ မ​ေတ္တာသုတ် ရွတ်နေရင်း ဘာကြောင့်မှန်းမသိ ဘယ်ဘက်ရင်ညွန့်က အောင့်လာရော၊ အဲဒီအခါ ရွတ်နေရင်း မျက်ရည်က ကျတယ်။ ရွတ်ဖတ်နေရာက ခဏရပ်ပြီး၊ မျက်ရည်ပူတွေ လိမ့်ကျလာတာကို မှတ်ရတယ်။ ပူလိုက်တာ၊ မျက်ရည်တွေဟာ တစက်ချင်းကို ပူတာ၊ တလိမ့်လိမ့်ကျဆင်းရာ လမ်းတလျှောက် ပါးပေါ်ကို ပူနွေးသွားတာမှ ရေနွေးစီးကြောင်း ပါးပြင်ပေါ် ဖြတ်စီးဆင်းသွားသလိုပဲ။ အဲသလိုဆို ကိုယ်ပို့နေတဲ့ မေတာဟာ အရာရောက်ပါ့မလား၊ ကိုယ်တိုင်က ပူလောင်နေရင် ကိုယ်ပို့တဲ့မေတာက အေးမြပါတော့မလားလို့ ဝမ်းနည်းရသေးတယ်။ 

တခါတခါလည်း ညအိပ်ရင်း အောင့်တက်လာတဲ့ ဘယ်ဘက်ရင်ညွန့်ကို အသာဖိထားရင်း အသက်ကို သာသာလေးမျှင်းရှူရတယ်။ ရုပ်ရှင်တွေထဲကလို ဘယ်ဘက်ရင်ဘတ်ကို ဖိနှိပ်ရင်း မျက်လုံးပြူးပြီး လဲက် အသက်ထွက်၊ ငါ အဲလိုများ ဖြစ်တော့မလား တွေးမိပြီး ရယ်ရသေးတယ်။ ညအိပ်တုန်းက အကောင်း၊ မနက်မိုးလင်းတော့ ဆုံးနေပြီဆိုတာလို၊ ကိုယ့်အဖေတုန်းက အဲသလိုဖြစ်ခဲ့တာပဲ၊ ကိုယ်လည်း ဖြစ်သွားနိူင်တာပဲ တွေးတယ်။ ဘာမွ မေသခ်ာတဲ့ လောကကြီး၊ အချိန်မရွေး ကိုယ်ဟာ လောကကြီးထဲက ထွက်သွားရနိူင်တာပဲလို့ နားလည်ထားလိုက်တယ်။ မပြီးပြတ်သေးတဲ့အလုပ်တွေ၊ မလုပ်ရသေးတာတွေ၊ လုပ်စရာရှိတာတွေ၊ လုပ်ဖို့ ဝယ်စုထားတဲ့ ပစၥည်းတွေ၊ အကုန်လုံးကို တနေ့ထားခဲ့ရမှာလို့ သံယောဇဉ် ဖြတ်ထားရတယ်။ 

တဖက်မှာ တိုင်းပြည်အရေးကလည်း တကယ့်ကို သေရေးရှင်ရေး စစ်တလင်းဖြစ်နေတဲ့ ကိုယ့်တိုင်းပြည်။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ချစ်တဲ့စိတ်နဲ့၊ ကိုယ့်ပြည်သူတွေကို ချစ်တဲ့စိတ်၊ တကယ်တမ်း အသက်ကိုဖက်နဲ့ထုတ်ပြီး လက်နက်ကိုင်နေကြတဲ့ တိုက်ပွဲဝင်တွေကို တကယ်လေးစားချစ်ခင်ရတယ်။ ကိုယ်လုပ်နိူင်တာ ဘာရွိသလဲ၊ ကိုယ်တတ်နိူင်သမျှ လုပ်တယ်။ အဝေးကနေပေမယ့် ကူလို့ရတာတွေ ကိုယ်အင်အားရှိသလောက် အကုန်ကူနေတယ်။ 

မနေ့က တင်ချင်တဲ့ ပိုစ့်ပါပဲ၊ ဒါပေမယ့် ကိုယ် နေလို့မကောင်းလို့ ဒီနေ့မှ တင်ရတယ်။ တကယ့်သမိုင်းဝင်နေ့ ဟုတ်လား။ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်ကို အမြစ်ဖြုတ်အပြီးသတ်မယ့်ပွဲ။ အဲဒီအတွက် အမွတ္တရ ဒီပိုစ့်ကို ရေးဖြစ်တယ်။ မှတ်တမ်းတင်ထားချင်လို့ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲ ဘယ်သူတွေ ပါတယ် မပါဘူး၊ ပြည်သူတွေထဲ ဘယ်သူတွေ ပါတယ် မပါဘူး၊ ပြောနေရမယ့်အချိန် မဟုတ်တော့ဘူး။ အားလုံးဟာ သမိုင်းအဖြစ် ကျန်ရစ်ခဲ့မယ့် အရာတွေပဲ။  တိုင်းပြည်တခုလုံး စစ်အာဏာရှင်လက်အောက်က လွတ်တဲ့တနေ့ ဘယ်သူတွေ လိပ်ပြာလုံလုံနဲ့ ခေါင်းမော့ပြုံးရယ်နိူင်ကြမလဲ၊ ကိုယ်တိုင် အသိဆုံးပါပဲ။ ကိုယ်ကတော့ ကိုယ့်တိုင်းပြည်အပေါ် တတ်နိူင်တာ လုပ်ပေးခဲ့တဲ့

 အဝေးရောက်တယောက်အဖြစ် တာဝန်ကျေချင်တယ်။ ဒါပါပဲ...။

ကိုယ့်သမိုင်း ကိုယ်ရေးကြရမယ့် ပွဲလေ...


CKA

Backdated post as 7 September

Saturday, September 4, 2021

Untitled 3

ခုတလော စိတ်ရော လူရော နေလို့မကောင်းဘူး...

My mixထဲက သီချင်းတွေ ဖွင့်ထားပြီး အာရုံက ဟိုရောက် ဒီရောက်...။

ဟိုးတုန်းကတည်းက နားထောင်လာခဲ့တဲ့ သီချင်းလေးအရောက်မှာ ဘာရယ်မှန်းမသိ....

လူက ငိုချလိုက်မိတော့တယ်...


အိပ်မက်နိဂုံး


ကြည်...

Thursday, September 2, 2021

Untitled 2

 အိပ်စက်ခြင်းတွေကို ဘာနဲ့မှ မျှားမရမယ့်အတူတူ အိပ်ဖို့မကြိုးစားတော့တာပဲ ကောင်းလိမ့်မယ်။ တကယ်ဆို ကိုယ်ကပဲ ပျော်ရွှင်ခြင်းတွေနဲ့ မထိုက်တန်သူလား။ ကိုယ်မို့လို့ စိတ်ရောကိုယ်ပါ အေးချမ်းနေပြီဆို နာကျင်စရာတွေက ဝင်ပြီး နေရာယူယူလာကြပြန်ရော။ တော်ပါတော့ကွယ်၊ ကိုယ့်မှာ နာကျင်စရာလည်း ဒီထက်ပိုမရှိနိူင်တော့ဘူးဟုတ်လား။ ခုချိန်မှာ ပျော်နေတယ်ဆိုတာထက် ပျော်အောင်နေနေရတယ်လို့ပြောရင် ပိုသင့်တော်မလားပဲ။ တနေ့ပြီးတနေ့ ချစ်ခင်ရသူတွေနဲ့ ခွဲခွာရခြင်းမှာတင် နာကျင်လုံလောက်နေပါပြီ။ 

အပြင်မှာ မိုးတွေရွာလာပြီ၊ မိုးနဲ့အတူ ရောငိုလိုက်ရင် နေလို့ကောင်းသွားမလား။

ကိုယ့်မှာ ချစ်ခဲ့လိုက်ရတာ၊ ချစ်ခဲ့လိုက်ရတာမှမိုးရယ်၊ 

နောက်ဆုံးတော့လည်း ကိုယ်ပဲ ဆုံးရှုံးမှှုတွေနဲ့၊ ကိုယ်ပဲ မိန်းမဆိုး၊ ကိုယ်ပဲ အပြစ်ရှိသူ၊ အရာရာတိုင်းမှာ နှစ်ဘက်အမြင်ရှိတယ်ဟုတ်လား၊ ချစ်လျင်အကျိုးဆိုတော့လည်း ချစ်သောသူပြောစကားသာလျင် နားဝင်ပေတော့မယ်။ မုန်းလျင်အပြစ်ဆိုတာလို ကိုယ့်အပေါ်မှာသာ အပြစ်တွေ၊ အဆိုးတွေ ပုံချလိုက်ပါတော့။ 

သိစိတ္က မသိလည်းဘဲ မသိစိတ္က ထိရှလွယ်တတ်လွန်းတော့ ရင်တွေအောင့်ကာ နာကျင်လာရပြီဆို အသက်ရှူလို့လည်းမဝ၊ မောလျပင်ပန်းရာက စိတ်ကို ဖြေလျှော့ချလိုက်ရတော့တာ။ လူဟာ ပုံလျက်သားကနေ အားတင်းထူမတ်ရပြန်၊ လူရယ်လို့ဖြစ်လာဖို့ ခက်ခဲတယ်ဆိုလည်း သေဆုံးဖို့ရာဟာ မလွယ်ကူပြန်ဘူး၊ ကိုယ် အဲလို ထင်ခဲ့တယ်။ ခုတော့ သေခြင်းတရားဟာ အချိန်တိုင်း ကိုယ့်အနားမှာ ခေါင်းလောင်းသံတွေလို မြည်နေတော့တယ်။ ဘာမ်ား အကောင်းရှိလို့လဲ၊ ဒီတကိုယ်လုံး ဘယ်နေရာထိထိ နာတတ်တယ် ကျင်တတ်တယ်၊ ဘယ်အပိုင်းကမှ မခိုင်ခန့်ဘူး၊ မာရေကျောရေမရှိဘူး။ အခန့်မသင့်ရင် ဖြုတ်ကနဲ သစ်ရွက်တွေလို အကြွေလွယ်ပြန်သေးတယ်။ 

ဘဝကြီးကို ကိုယ် တကယ်စိတ်နာတယ်။ ဘာကြောင့် ဒီလောက် နာကျင်စရာတွေနဲ့ချည်း လူဖြစ်လာရတာလဲ။ လူပြန်မဖြစ်လိုဘူး၊ ဘယ်တော့မှ လူပြန်မဖြစ်လိုဘူး၊ မခံစားတတ်ချင်ဘူး။ မငိုတတ်ချင်ဘူး၊ နောက်ထပ် မနာကျင်နိူင်တော့ဘူး။ တကယ်လို့များ ကံဆိုးလွန်းစွာ ကိုယ့်ဆုတောင်းမပြည့်ဘဲ လူပြန်ဖြစ်လာခဲ့ရင် ဖြစ်လေရာဘဝမှာ မဖြူစင်ချင်ဘူး၊ အဖြူထည်ကလေးဟာ နာမည်သာလှတာ၊ စွန်းလွယ်ပေလွယ်၊ နုနယ်လွန်းတယ်။

စပယ်တွေဟာ ပွင့်လိုက်သမျှ သွေးအရောင်နီစွေးတွေချည်းမို့ နာကျင်ခဲ့ရပြန်တာပဲ။ ကိုယ့်လက်နဲ့စိုက်လို့များလားထင်ပြီး ကိုယ့်ဘာသာ နာကျင်ရသေးတယ်။ စပယ်တွေဟာ မွှေးလည်းမမွှေးတော့ဘူးလေ၊ ဘယ်တုန်းကတည်းက ရနံ့တွေပျောက်ကုန်ရတာလဲ။ ဖြစ်လေရာဘဝမှာ စပယ်စိုက်သူ မဖြစ်ချင်တော့ဘူး။ စပယ္သာ ကိုယ်တိုင်  ဖြစ်လိုက်ချင်တယ်၊ ပန်ဆင်သူမရှိရအောင် ရနံ့မဲ့တဲ့စပယ်တပွင့်သာ ဖြစ်ချင်တော့တယ်။ သွေးနီရောင်စပယ်ပေါ့၊ သွေးနီရောင်စပယ်ဟာ ကိုယ်ကိုယ်တိုင်ပဲပေါ့.။ သွေးနီရောင်စပယ်ဟာ လူဝင်စားဆိုပါတော့။


ခကအ

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...