Tuesday, September 7, 2021

NUG တိုက်ပွဲခေါ်သံ

 


မနေ့က ကိုယ်တို့အစိုးရ NUGက တိုက်ပွဲခေါ်သံကို တရားဝင်ကြေငြာလိုက်တယ်။ ကိုယ်တို့အားလုံးမျှော်လင့်နေခဲ့ရတဲ့ သွေးကြွေးဆပ်ဖို့ တရားဝင်ခွင့်ပြုမိန့်ဆိုပါတော့၊ ပြောရရင် ကိုယ် ဝမ်းသာ ဝမ်းနည်းဖြစ်ရတယ်။ အကြေနပ်ကြီးကြေနပ်ခဲ့တာကတော့ လူလည်အာဆီယံကို လက်ခလယ်ထောင်ပြလိုက်နိူင်တဲ့အတွက်ပဲ။

မနေ့ကတည်းက ကိုယ့်ဘလော့ဂ်မှာ တခုခုရေးချင်နေခဲ့တယ်။ 

ဒါပေမယ့် ကွန်ပြူတာဖွင့်ပြီး ရေးဖို့ ကိုယ့်မှာ လုံလောက်တဲ့အားထုတ်မှှု မလုပ်နိူင်ခဲ့ဘူး။

ငါ ရှိတယ်၊ ငါ ဖြစ်တယ်၊ ငါ ခံစားနာကျင်ရတယ်။

အဲသလိုပဲ တွေးတော့တယ်။ ဒီထက် နာကျင်ခံစားဖို့၊ ဒီထက် အမုန်းခံရဖို့၊ ဒီထက် ဝေးကြဖို့လည်း မရှိတော့ဘူး ဟုတ်လား။ စိတ်ချင်းဝေးသွားကြတာတော့ အနာကျင်ရဆုံးပဲ။ ဒါကြောင့်လည်း ကိုယ်ဟာ သံယောဇဉ်တွေကို ကြောက်ခဲ့တာ၊ ကိုယ်က သိပ်တွယ်တာတတ်လို့၊ အစွဲအလမ်းသိပ်ကြီးတတ်လို့ပါ။

ကိုယ့်ကို အပေါ်ယံသိသူတွေက ပျော်ပျော်နေတတ်တယ်၊ ပေါ့ပေါ့ပါးပါးကလေး ရယ်မောပျော်ရွှင် ရှင်သန်နေသူလို့ ထင်တတ်ကြတယ်။ တကယ်တမ်း ကိုယ်နဲ့အနီးကပ်ပေါင်းနေသူမှ ကိုယ် အလေးအနက် ဘယ်လောက်တွေးတတ်မှန်း၊ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အသေးစိတ်ခံစားတတ်မှန်း၊ တည်တည်ကြည်ကြည် နေထိုင်ပြောဆိုတတ်မှန်း သိသွားတတ်ကြတာ။ သည်းခံလွန်း၊ သဘောကောင်းလွန်း၊ တဖက္သားဘက္ကို ကြည့်ပေးတတ်လွန်းတော့လည်း ကိုယ့်အပေါ် အနိူင်ယူတတ်ကြတာ များတယ်။ ကိုယ့်အပေါ် သူများတွေကောင်းတာကိုသာ ကိုယ်က ကျေးဇူးစကား ထုတ်ပြောတတ်ပေမယ့်၊ ကိုယ်ကကျတော့ ကိုယ် သူတို့အပေါ် ဘယ်လိုတွေကောင်းခဲ့ကြောင်း စကားလုပ်ပြောမနေတတ်သူမို့့ ကိုယ်သာ လူဆိုးဖြစ်ရမြဲပါပဲ။ 

ထားပါတော့၊ လွန်တာတွေလည်း လွန်ခဲ့ပါပြီ။ 

ကိုယ့်ကျန်းမာရေးကို ပြန်ဆက်ရရင် နှလုံးအောင့်တာ စူးကျင်လာတတ်တာတွေက အရင်ကလို on and off တောင် မဟုတ်တော့ဘဲ အမြဲလိုလိုရှိနေတတ်တော့တာ။ Insomniac မို့ အိပ်ရေးပျက်တိုင်း နှလုံးက ထိုးထိုးအောင့်တယ်။ ဘယ်ဘက်လက်မောင်းက လေးလံထုံကျင်လာတိုင်း ဘာမှလုပ်ချင်စိတ် မရှိတော့တာ ဆိုးတယ်။ တခါတေလ မ​ေတ္တာသုတ် ရွတ်နေရင်း ဘာကြောင့်မှန်းမသိ ဘယ်ဘက်ရင်ညွန့်က အောင့်လာရော၊ အဲဒီအခါ ရွတ်နေရင်း မျက်ရည်က ကျတယ်။ ရွတ်ဖတ်နေရာက ခဏရပ်ပြီး၊ မျက်ရည်ပူတွေ လိမ့်ကျလာတာကို မှတ်ရတယ်။ ပူလိုက်တာ၊ မျက်ရည်တွေဟာ တစက်ချင်းကို ပူတာ၊ တလိမ့်လိမ့်ကျဆင်းရာ လမ်းတလျှောက် ပါးပေါ်ကို ပူနွေးသွားတာမှ ရေနွေးစီးကြောင်း ပါးပြင်ပေါ် ဖြတ်စီးဆင်းသွားသလိုပဲ။ အဲသလိုဆို ကိုယ်ပို့နေတဲ့ မေတာဟာ အရာရောက်ပါ့မလား၊ ကိုယ်တိုင်က ပူလောင်နေရင် ကိုယ်ပို့တဲ့မေတာက အေးမြပါတော့မလားလို့ ဝမ်းနည်းရသေးတယ်။ 

တခါတခါလည်း ညအိပ်ရင်း အောင့်တက်လာတဲ့ ဘယ်ဘက်ရင်ညွန့်ကို အသာဖိထားရင်း အသက်ကို သာသာလေးမျှင်းရှူရတယ်။ ရုပ်ရှင်တွေထဲကလို ဘယ်ဘက်ရင်ဘတ်ကို ဖိနှိပ်ရင်း မျက်လုံးပြူးပြီး လဲက် အသက်ထွက်၊ ငါ အဲလိုများ ဖြစ်တော့မလား တွေးမိပြီး ရယ်ရသေးတယ်။ ညအိပ်တုန်းက အကောင်း၊ မနက်မိုးလင်းတော့ ဆုံးနေပြီဆိုတာလို၊ ကိုယ့်အဖေတုန်းက အဲသလိုဖြစ်ခဲ့တာပဲ၊ ကိုယ်လည်း ဖြစ်သွားနိူင်တာပဲ တွေးတယ်။ ဘာမွ မေသခ်ာတဲ့ လောကကြီး၊ အချိန်မရွေး ကိုယ်ဟာ လောကကြီးထဲက ထွက်သွားရနိူင်တာပဲလို့ နားလည်ထားလိုက်တယ်။ မပြီးပြတ်သေးတဲ့အလုပ်တွေ၊ မလုပ်ရသေးတာတွေ၊ လုပ်စရာရှိတာတွေ၊ လုပ်ဖို့ ဝယ်စုထားတဲ့ ပစၥည်းတွေ၊ အကုန်လုံးကို တနေ့ထားခဲ့ရမှာလို့ သံယောဇဉ် ဖြတ်ထားရတယ်။ 

တဖက်မှာ တိုင်းပြည်အရေးကလည်း တကယ့်ကို သေရေးရှင်ရေး စစ်တလင်းဖြစ်နေတဲ့ ကိုယ့်တိုင်းပြည်။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ချစ်တဲ့စိတ်နဲ့၊ ကိုယ့်ပြည်သူတွေကို ချစ်တဲ့စိတ်၊ တကယ်တမ်း အသက်ကိုဖက်နဲ့ထုတ်ပြီး လက်နက်ကိုင်နေကြတဲ့ တိုက်ပွဲဝင်တွေကို တကယ်လေးစားချစ်ခင်ရတယ်။ ကိုယ်လုပ်နိူင်တာ ဘာရွိသလဲ၊ ကိုယ်တတ်နိူင်သမျှ လုပ်တယ်။ အဝေးကနေပေမယ့် ကူလို့ရတာတွေ ကိုယ်အင်အားရှိသလောက် အကုန်ကူနေတယ်။ 

မနေ့က တင်ချင်တဲ့ ပိုစ့်ပါပဲ၊ ဒါပေမယ့် ကိုယ် နေလို့မကောင်းလို့ ဒီနေ့မှ တင်ရတယ်။ တကယ့်သမိုင်းဝင်နေ့ ဟုတ်လား။ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်ကို အမြစ်ဖြုတ်အပြီးသတ်မယ့်ပွဲ။ အဲဒီအတွက် အမွတ္တရ ဒီပိုစ့်ကို ရေးဖြစ်တယ်။ မှတ်တမ်းတင်ထားချင်လို့ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲ ဘယ်သူတွေ ပါတယ် မပါဘူး၊ ပြည်သူတွေထဲ ဘယ်သူတွေ ပါတယ် မပါဘူး၊ ပြောနေရမယ့်အချိန် မဟုတ်တော့ဘူး။ အားလုံးဟာ သမိုင်းအဖြစ် ကျန်ရစ်ခဲ့မယ့် အရာတွေပဲ။  တိုင်းပြည်တခုလုံး စစ်အာဏာရှင်လက်အောက်က လွတ်တဲ့တနေ့ ဘယ်သူတွေ လိပ်ပြာလုံလုံနဲ့ ခေါင်းမော့ပြုံးရယ်နိူင်ကြမလဲ၊ ကိုယ်တိုင် အသိဆုံးပါပဲ။ ကိုယ်ကတော့ ကိုယ့်တိုင်းပြည်အပေါ် တတ်နိူင်တာ လုပ်ပေးခဲ့တဲ့

 အဝေးရောက်တယောက်အဖြစ် တာဝန်ကျေချင်တယ်။ ဒါပါပဲ...။

ကိုယ့်သမိုင်း ကိုယ်ရေးကြရမယ့် ပွဲလေ...


CKA

Backdated post as 7 September

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...