Sunday, January 29, 2023

29Jan2023

 လူတိုင်းမှာ သူ့နှစ်သက်မှုနဲ့သူ အသားကျ​နေတာ​တွေ ရှိတယ်။ တခု အလွယ်ဆုံး​ပြောရရင် ဝတ်ဆင်​လေ့ရှိတဲ့ ဖက်ရှင်ပိုင်းဆိုင်ရာဆိုပါ​တော့...၊

ကိုယ်ဆို တခါတ​လေ အဝတ်အစား​ဆိုင်​ရောက်လို့ တချို့ဒီဇိုင်း​တွေ​တွေ့တဲ့အခါ တစုံတ​ယောက်မျက်နှာနဲ့ တွဲမြင်တတ်တာမျိုး​...။

ကိုယ်ဆိုလည်း ကိုယ်ဝတ်​နေကျ ပုံစံ ဒီဇိုင်း အ​ရောင် အဲလို​တွေ ရှိ​နေတာ။

ကိုယ်က​တော့ ရှင်းပါတယ်။ ကိုယ့်ကိုယ်​ပေါ် တင်ရမယ့်အဝတ်ကို ကိုယ်နဲ့ လိုက်ဖက်မှု ရှိ မရှိပဲ ​ရွေးတယ်၊ ဘာတံဆိပ် ​ဈေးဘယ်​လောက် trendဖြစ်​နေလား ဘာလား​တွေ သိပ်မ​တွေးဘူး။ မိန်းက​လေးသိပ်မဆန်တာမျိုး၊ ကိုယ်လုံးသိပ်မ​ပေါ်တာမျိုး၊ ရှင်းရှင်း​လေးနဲ့ ဆန်း​နေတာမျိုး​လေး​တွေ ဝတ်ရတာ ကြိုက်တယ်။ 

ဖက်ရှင်ဆိုတာကို ကိုယ်နားလည်ထားတာက အဝတ်အစားတခုကို ကိုယ့်ကိုယ်​ပေါ်တင်တဲ့အခါ ဘယ်လိုcarryလုပ်မလဲ ? အဲတာကို သိ​နေတာကို ဖက်ရှင်လို့ ထင်တယ်။ 

ဥပမာ တီရှပ်တထည်ကို အတူတူဝယ်ဝတ်ကြတယ်ဆိုရင်​တောင် ကိုယ်က ဘယ်လိုဝတ်မှာလဲ၊စကပ်နဲ့လား၊ ​ဘောင်းဘီအရှည်နဲ့လား ​ဘောင်းဘီအတိုနဲ့လား၊ စကပ်ဆိုရင်​ရော အတိုလား အရှည်လား ​ပြောင်လား၊ အကားလား၊ ကာဂိုစကပ်အတိုလား၊ ထီးစကပ်အရှည်လား၊ ​ဘောင်းဘီဆိုရင်လည်း ဒီလိုပဲ စတိုင်နဲ့လား ဂျင်းန်ပန်လား ဒဲ့ပွလား ဖလဲလ်လား ?

တီရှပ်ကို ဘယ်လိုဝတ်မှာလဲ အပြင်ထုတ်ဝတ်မလား၊ ခါးချည်ဝတ်မလား၊ ​ဘောင်းဘီထဲ ​ရှေ့တဝက်ထည့်ဝတ်မလား၊ ခါးပတ်ပတ်ဝတ်မလား၊ ပုဝါစည်းမလား၊ အထဲက တထပ်ခံဝတ်မလားအဲသလို ကိုယ်​ပေါ်တင်ပုံချင်း မတူနိူင်ဘူး၊ 

အဲသလို အဝတ်အစားအတူတူကိုပဲ တ​ယောက်နဲ့တ​ယောက် ဝတ်ဆင်ပုံ အိုင်ဒီယာမတူတာကိုက ဖက်ရှင်အမြင်​ပေါ် မူတည်လို့ မတူတာ​ပေါ့။

အဝတ်အစားကို စတိုင်ကျကျဝတ်မယ်ဆို ကိုယ့်ကိုယ်လုံးအချိုးအစား ကိုယ့်အသားအ​ရောင် အရပ်အနိမ့်အမြင့်ကစလို့ ဆံပင်အထိ သိ​နေရမယ်။ ဆံပင်ချဝတ်မှာလား စည်းဝတ်မှာလား ထုံးဝတ်မှာလား ဆိုတာကအစ​ပေါ့။

ကိုယ်က အရင်ကဆို ကိုယ့်ကိုယ်ကို စိတ်တိုင်းကျမှ အပြင်ကို ကွန်ဖိဒန့်ရှိရှိထွက်တယ်။ အ​တော်ငယ်တုန်းက​နေ ၃၅-၄၀​လောက်အထိ အထာကျကျ ​နေတယ်။ ​နောက်​တော့လည်း နည်းနည်းပျင်းလာတယ်။ ​တော်ရုံဆို တီရှပ်အနက်နဲ့ ဂျင်းန်ပန်​ကောက်စွပ်လိုက်တာပဲ၊ ဒါမှမဟုတ် ရှပ်လက်ရှည်အဖြူနဲ့ ဂျင်းအပြာ​ပေါ့။ ဘယ်​တော့မှ မမှားဘူးဟုတ်လား...။ 

ခု လတ်တ​လော​ခေတ်စား​နေတာ​တွေ ကိုယ်​ပေါ်​ကောက်တင်နိူင်မှ ​ခေတ်မီမယ်ဆိုတဲ့​နောက် ကိုယ် မလိုက်ဘူး။ ကိုယ်က ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာပဲ။ 

မကြိုက်ဆုံးက​တော့ မိတ်ကပ်​ပေါ့...

မိတ်ကပ်setလိုက်ကြီး ဝယ်ဖို့ဆိုတာ ဘယ်လိုဟာ​တွေဝယ်ရမယ်မှန်း​တောင် မသိတာ 😅

Skincare​တော့ ​ကောင်း​ကောင်းပဲ ဝယ်သုံးတယ်၊ cleansing milkကစလို့ toner, serum, moisturiser, sunblock, night creamအထိ setလိုက် ဝယ်သုံးဖြစ်တယ်။ 

ကိုယ်က မိတ်ကပ်မလိမ်းချင်သူကိုး...။

လိုအပ်ရင်​တော့လည်း လိမ်းဖြစ်ပါတယ်၊ ပွဲတက်ရှိတဲ့အခါဆို ဖိတ်ကြားသူအ​ပေါ် ​လေးစားရတယ်ဟုတ်လား၊ လှပ​သေသပ်​အောင်ဝတ်၊ ဖီးလိမ်းပြင်ဆင်ပြီးသွားတာဟာ ဖိတ်ကြားသူအ​ပေါ် ဂုဏ်ပြုခြင်းတမျိုးပဲလို့ ကိုယ် ယူဆပါတယ်။ ဒါ​ကြောင့် အဲလိုအခါ​တွေဆို လှလှပပ​လေး ပြင်ဆင်သွားတတ်တယ်။ ဒါကလည်း တခါတ​လေမှဆို​တော့ မိတ်ကပ်အရည်က ဝယ်ထားပြီးရင် သုံးရတာထက် အိတ်စပိုင်ယာဖြစ်သွားတတ်လို့ လွှင့်ပစ်လိုက်ရတာ များတယ်။ 

ဘာရယ်မဟုတ် ကိုယ်နဲ့မ​တော်​တော့တဲ့၊ မဝတ်ဖြစ်​တော့တဲ့ အဝတ်အစား​လေး​တွေ ​ပေးပစ်တဲ့အခါ ရတဲ့သူ​တွေက ​ကျေးဇူးတင်တယ် ကြိုက်ကြတယ်ဆိုလို့ ခုတ​လော ကိုယ့်အဝတ်အစား​တွေအ​ကြောင်း ​တွေးမိရင်း ဖက်ရှင်အ​ကြောင်းပါ ​​ရောက်သွားတာ 😅

ပုံ​တွေက​တော့ bonus​ပေါ့ 🤣










Wednesday, January 11, 2023

11Jan2023

 ဒီတ​ခေါက် ခရီးသွားရတာ စီစဥ်ပြီးသားမို့သာ သွားခဲ့ရတယ်။ ​နေမ​ကောင်း​တော့ စိတ်မကြည်သလို လူကလည်း နုန်းတယ်။ မနက်ဆို အဖျားကျပြီး လူက အားမရှိသလို ​မောလှိုက်​နေကာ ည​နေပိုင်းဆို ၄နာရီ​ကျော်တာနဲ့ အဖျားက တက်လာပြီ။ ဒီလိုနဲ့ အစားလည်း စားချင်စိတ်မရှိဘဲ လူက ​ပေါ့လှပ်လှပ်ကြီး ဖြစ်​နေတာ။

မနက်ဖြန် ပြန်မယ်ဆို ဒီ​နေ့လိုမနက်မှာ မထူးဘူးကွာဆိုပြီး ပင်လယ်ထဲ တနာရီ​ကျော် ​ရေဆင်းစိမ်ပစ်လိုက်တယ်။ အဲ့ကတည်းက ည​နေ အဖျားပြန်မတက်​တော့ဘဲ လူလည်း ​နေရတာနည်းနည်း​လန်းသွားတယ်။ 

ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးဆိုတာ အသက်က​လေးရလာ​တော့ ပိုသိသာခံစားလာရတယ်။ 

​နေ့ရက်​တွေတိုင်းဟာ အရင်လို့ ​မ​ပေါ့ပါးဘူး...။

အဖျားပြန်တက်လာတဲ့ည​နေ​တွေမှာ ဟိုတယ်အခန်းထဲ​အောင်းပြီး အိပ်ရာ​ပေါ် ပန်းချီထိုင်ဆွဲ​နေခဲ့တာပဲ။ ​နောက်မှ တင်တာ​ပေါ့...။

​နေမ​ကောင်းခင်တရက်က ရိုက်ဖြစ်တဲ့ပုံ​တွေ အရင်တင်မယ်​လေ...။







Cka

Thursday, January 5, 2023

05Jan2023

အမှတ်တရ...
ခရီးမသွားခင်​လေးတင် ဖျား
မတိုင်တရက်ကျ ​သက်သာသလိုနဲ့...
ခရီးသွားရင်း ပြန်ဖျား၊
ဖျားရင်းနဲ့ ​ဆေး​သောက်ပြီး သွားခဲ့ရတဲ့ခရီး...၊







ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...