Thursday, November 16, 2023

16112023

​ခရီး​တွေသွား​နေတာ​တွေ့​တော့ ​ခြေ​ထောက် ပြန်​ကောင်းသွားပြီလို့ ထင်ပြီး ​မေးကြတယ်။ တကယ်က ကိုယ့်မှာ တုတ်​ကောက်ပါတယ်။ ဓါတ်ပုံရိုက်တုန်း တခါတ​လေ မပါသွားတာ။ ဒီလကုန်ဆို ၆လပြည့်ပြီ။ Physiotherapist​ပေးတဲ့ ​လေ့ကျင့်ခန်း​တွေလည်း မှန်မှန်လုပ်​နေသားပဲ။ အာရုံ​ကြော​ဆေး​တွေလည်း ​သောက်​နေရတုန်းပဲ။ ဒါလည်းပဲ ပြန်​ကောင်းမလာ​သေးတဲ့ ကိုယ့်​ခြေ​ထောက်​တွေ...။ 


ခရီး​တွေသွား​နေရ​ပေမယ့် အရင်လို စိတ်သွားတိုင်း ကိုယ်မပါနိူင်​တော့ဘဲ လမ်း​တွေသိပ်​လျှောက်ရမယ့်​နေရာဆို ကိုယ် မ​လျှောက်နိူင်လို့ မ​ရောက်ဖြစ်ခဲ့ရတာမျိုး​တွေ...။ စိတ်မ​ကောင်းဖြစ်မိ​ပေမယ့် စိတ်ဓါတ်မကျပါဘူး။ ဒီလိုပဲ ရင်ဆိုင်ရမှာပဲ​ပေါ့၊ ဘဝက​ပေးလာသမျှ ​လောကဓံ​တွေက ကိုယ့်ကို မာ​ကြောကျစ်လစ်​စေတယ်။ သန်မာ​စေတယ်​လေ...။ 


တ​နေ့​နေ့ ပြန်​ကောင်းရင်လည်း ​ကောင်းလာမယ်။ မ​ကောင်းလာလို့ ဒီအတိုင်းပဲ​နေသွားရမယ်ဆိုလည်း အဆင်​ပြေ​အောင်​နေသွားမယ်။ အ​ကောင်းဆုံးရှင်သန် ဖြတ်​ကျော်မယ်...။ 


ဘဝမှာ ဘယ်​တော့မှ ထပ်ပြီး လဲအကျမခံဖို့၊ ကိုယ့်မှာ စိတ်ခွန်အားအပြည့်ပဲ...၊

Fighting CKA !!



ဟိုတယ်ပြန်​ရောက်ချိန်ဆို ​လေ့ကျင့်ခန်းလုပ်ရတဲ့​ခြေ​ထောက်​တွေ​ပေါ့...၊

ကား​လေးနဲ့သွားနိူင်တဲ့​နေရာ​တွေဆို သွားလိုက်တာပဲ 😁

This is "THE WAY"
(ကိုယ့်​နောက်နားက တုတ်​ကောက်​လေးကို သတိမထားမိကြတာ)


Jibbitz describe my vibes well 😁


Snap 😁

Friday, November 3, 2023

3rd Nov

​ပျော်မိတဲ့အချိန်​တွေလည်း ရှိပါတယ်

အရာရာကို ခဏ​မေ့ထားပြီး

စိတ်လိုလက်ရထဲ ခုန်ဆင်းခဲ့

ဒဏ်ရာ​တွေက နက်လှပြီဟုတ်လား...။










ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...