ခရီးတွေသွားနေတာတွေ့တော့ ခြေထောက် ပြန်ကောင်းသွားပြီလို့ ထင်ပြီး မေးကြတယ်။ တကယ်က ကိုယ့်မှာ တုတ်ကောက်ပါတယ်။ ဓါတ်ပုံရိုက်တုန်း တခါတလေ မပါသွားတာ။ ဒီလကုန်ဆို ၆လပြည့်ပြီ။ Physiotherapistပေးတဲ့ လေ့ကျင့်ခန်းတွေလည်း မှန်မှန်လုပ်နေသားပဲ။ အာရုံကြောဆေးတွေလည်း သောက်နေရတုန်းပဲ။ ဒါလည်းပဲ ပြန်ကောင်းမလာသေးတဲ့ ကိုယ့်ခြေထောက်တွေ...။
ခရီးတွေသွားနေရပေမယ့် အရင်လို စိတ်သွားတိုင်း ကိုယ်မပါနိူင်တော့ဘဲ လမ်းတွေသိပ်လျှောက်ရမယ့်နေရာဆို ကိုယ် မလျှောက်နိူင်လို့ မရောက်ဖြစ်ခဲ့ရတာမျိုးတွေ...။ စိတ်မကောင်းဖြစ်မိပေမယ့် စိတ်ဓါတ်မကျပါဘူး။ ဒီလိုပဲ ရင်ဆိုင်ရမှာပဲပေါ့၊ ဘဝကပေးလာသမျှ လောကဓံတွေက ကိုယ့်ကို မာကြောကျစ်လစ်စေတယ်။ သန်မာစေတယ်လေ...။
တနေ့နေ့ ပြန်ကောင်းရင်လည်း ကောင်းလာမယ်။ မကောင်းလာလို့ ဒီအတိုင်းပဲနေသွားရမယ်ဆိုလည်း အဆင်ပြေအောင်နေသွားမယ်။ အကောင်းဆုံးရှင်သန် ဖြတ်ကျော်မယ်...။
ဘဝမှာ ဘယ်တော့မှ ထပ်ပြီး လဲအကျမခံဖို့၊ ကိုယ့်မှာ စိတ်ခွန်အားအပြည့်ပဲ...၊
Fighting CKA !!
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်