Sunday, August 22, 2021

Untitled 1

ကျွန်မတို့အမျိုးသမီးတွေဟာ

နာကျင်မယ်မှန်းသိလျက် ဒေါက်မြင့်ဖိနပ်တွေကို တမက်တမော စီးတတ်လေ့ရှိကြတယ်။ ဒေါက်မြင့်ဖိနပ်စီးလျက်နဲ့ ရင်ကလေးချီ တင်ကလေးပင့်ပြီး ခြေလှမ်းရတာကိုက ကော့ကော့ရော့ရော့လေးနဲ့ စိတ်ကျေနပ်မှုကို ရစေတယ်။ အခန့်မသင့်ရင် ဖိနပ်ပေါက်တတ်လို့ အရည်ကြည်ပုထတာကို ခံရသေးတယ်။ 

တနေကုန် ကိုယ့်ခန္ဓာရဲ့ဝိတ်ကို ဒေါက်မြင့်ဖိနပ်ပေါ် တင်ထားကြပြီး အိမ်ပြန်ရောက်မှ ဖိနပ်ကိုချွတ်ချ ခြေဗလာနင်းရတဲ့ သက်တောင့်သက်သာရှိမှုဆီ နေသာထိုင်သာ ပြန်နေကြရတယ်။ ညအိပ်ရာမဝင်ခင် ခြေဖဝါးအနှံ့ကို အဆီတမျိုးနဲ့ နှိပ်နယ်ပြီးမှ အိပ်ရာဝင်ကြရတယ်။ အဲတာမှ ခြေထောက်နာတာ သက္သာတာ။

ဒေါက်မြင့်လေလေ ဟန်ချက်ထိန်းရခက်လေလေ နာကျင်မှုပိုလေလေလည်း ဖြစ်တတ်သေးတယ်။ ခြေဖနောင့်ပေါ် ဝိတ်ကိုမတင်ဘဲ ခြေဖဝါးပေါ် တင်ပြီး ထောက်ထားရလို့ ပိုပင်ပန်းတယ်။ ဟန်ချက်မညီလို့ ခြေခွင်လဲကျတာမျိုးလည်း ကြုံဖူးကြရတယ်။

ဒါပေမယ့်လည်း နှစ်နှစ်သက်သက် စီးကြပြန်တာပဲ ဟုတ်လား...။

ကျွန်မလည်း ဒေါက်ဖိနပ်အမြင့်စီးလျက် ချော်လဲဖူးတယ်။ ဖိနပ်ပေါက်လို့ ခြေထောက်မှာ ပလာစတာအထပ်ထပ်ကပ်ပြီးလည်း ဒေါက်ဖိနပ်စီးဖူးတယ်။ နာကျင်မှုအဖြစ်ခံပြီး နှစ်သက်မှုကို ရွေးချယ်ဖြစ်တဲ့ အခိုက်အတန့်တွေ အမျိုးသမီးတိုင်းလိုလိုမှာ ရှိတတ်ကြတယ်။ 

ချစ်ခြင်းတရားလိုပေါ့...

နာကျင်စေတော့မယ့် ချစ်ခြင်းတရားဆိုတာကို သိလည်းပဲ မျက်စိစုံမှိတ်လို့ အနာကျင်ခံ ရွေးချယ်တတ်ကြတယ်။ ချစ်ခြင်းတရားဟာ ပိုနက်နဲလေလေ နှလုံးသားထဲ လေးလံလေ၊ နာကျင်ရမှု ပိုများလေလေ...။ 

အိမ်ပြန်ရောက်လို့ ဒေါက်ဖိနပ်ကို ချွတ်ပစ်လိုက်သလို ချစ်ခြင်းတရားကို လွှတ်ချပစ်လိုက်တဲ့အခါ ပေါ့ပါးသွားသလို လေဟာနယ်ထဲရောက်သွားသလို ခြေလွတ်လက်လွတ်လည်း ဖြစ်သွားတတ်တာမျိုး...၊ ကြုံဖူးကြလိမ့်မယ်...၊ မနေတတ်တော့တာမျိုးပေါ့...။ 

နာကျင်ရတော့မှာပဲ၊ အိမ်ပြန်ရောက်ရင် ခြေဖဝါးတွေ ခြေသလုံးသားတွေရဲ့နာကျင်မှုကို နှိပ်နယ်ဖြေဖျောက်ရဦးတော့မှာပဲလို့ သိသိနဲ့ ဒေါက်ဖိနပ်ထဲ ခြေထောက်တခုလုံး လှိျုသွင်းမိပြန်သလိုပဲ...၊ 

နာကျင်ရတော့မှာပဲ၊ အသည်းကွဲရတော့မှာပဲဆိုတဲ့ နာကျင်မှုတွေကို သိသိကြီးနဲ့ ချစ်ခြင်းတရားကိုပဲ အမှတ်မရှိ တဖန် ရွေးချယ်မိကြပြန်တယ်...။ တကယ်တမ်း နာကျင်ကြရတဲ့အခါ နာကျင်စေလိမ့်မယ်လို့ သိခဲ့ဖူးတဲ့အသိထက် အများကြီးပိုပြီး ခံစားလေးလံနာကျင်ကြရတော့တာ။

ရယ်စရာပါပဲ...

နာကျင်နေရက်နဲ့ ရယ်မောချင်ယောင်ဆောင်လိုက်ရတဲ့ ဟာသတခုဟာ ချစ်ခြင်းတရားပဲပေါ့...



ခကအ

Sunday, August 8, 2021

နှောင်ကြိုးများနှင့် နာကျင်စရာတွေ...

အားလုံးကို လွှတ်ချလိုက်တဲ့အခါ ပေါ့ပါးသွားမှှုက မယုံနိူင်စရာ.....

ဆုတောင်းမေတ္တာတွေပဲ ကိုယ် တတ်နိူင်ခဲ့တာ ရှိပါတယ်။ ထားလိုက်တော့။ 

ဘဝမွာ ဘယ်အရာကမှ မမြဲဘူးဘဲ

ချစ်ခြင်း မုန်းခြင်း ဘယ်အရာမှ၊ 

ဖျတ်ကနဲ အကြွေမှာ သြော်ထွက်ခွာသွားပြီကိုးလို့ တ လိုက်မိရုံပါပဲ။

သေခြင်းတရားဟာ သိပ်ကို နီးကပ်လာနေပြီ

ကိုယ်နဲ့အနီးဆုံး ဘယ်ကိုပဲကြည့်ကြည့် တဖြုတ်ဖြုတ်ကြွေကျနေသံတွေ၊ ဘယ်လိုနားနဲ့ ကြားနာရမလဲ။ 

ခင်ဗျားတို့ သိပ်တကိုယ်ကောင်းဆန်တာပဲဗျာလို့ ပြောရမလား၊ တဆစ်ဆစ်နာကျင်ရမှှုတွေနဲ့ ထားရစ်ခဲ့ကြတာ၊ ခင်ဗျားတို့ကတော့ ငြိမ်းချမ်းသွားပြီပေါ့လေ၊ ဒီနေရာမှာ လူ လာပြန်မဖြစ်ကြပါနဲ့၊ 

ကိုယ့်ဝေဒနာနဲ့ကိုယ်ပါပဲ၊ ဒီမှာတော့ ဝဋ်ကြွေးဆိုလည်း ကြေအောင်ဆပ်ခဲ့ရမယ့် ဘဝပါ။ ပြေးမလွတ်နိူင်တဲ့ လမ်း၊ ရုန်းမထွက်နိူင်တဲ့ နွံ၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ကို ပြန်ချည်ထားတဲ့ကြိုးတွေနဲ့၊ ဖြတ်တောက်ဖို့လည်း ခက်၊ ရုန်းမရနိူင်အောင်...၊

အဲသလိုု နာကျင်စရာတွေနဲ့ ပြည့်နှက်နေတာကိုပဲ ဘဝလို့ ခေါ်သလား

ပျော်ရွှင်မှှုလေးအနည်းငယ်

ကြည်နူးစရာလေးအနည်းငယ်

လွမ်းဆွတ်မှှုတွေအများကြီး

ခါးသက်ခြင်းတွေအများကြီးနဲ့ 

ချစ်မြတ်နိူးရခြင်းတွေကို သမမျှတအောင် ပေါင်းစပ်ထားတာကိုက နာကျင်ဖွယ် အရောင်တွေ စုံလွန်းနေတော့တယ်။

ဘဝတဏွာ၊ ဝိဘဝတဏွာအပြန်ပြန်အလဲလဲ တပ်မက်မှှုတွေနဲ့ လူဖြစ်နေရတာ။ 

အဲတာကိုက နာကျင်မှှုတွေ.....



ခကအ

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...