ခုတလော ကျွန်မစိတ်တွေ ပြောင်းလဲနေပြန်တယ်။
အပြောင်းအလဲကို သတိထားမိတာကလည်း ကောင်းတဲ့အရွေ့ပါပဲ။
တခုပြီးတခု အပြောင်းအလဲစပ်ကြားမှာ မမြဲခြင်းတွေကို ဆင်ခြင်မိတာကလည်း ကောင်းတဲ့ သတိ အသိပါပဲ။
တခါတလေ ထူးထူးကဲကဲ ငိုပစ်လိုက်ချင်မိတယ်။ ဒါပေမယ့် ကျွန်မသိစိတ်က ထိန်းချုပ်ထားတယ်။
တကယ်တော့ ပြောချင်တာလေးရှိလာလို့ ဒီပိုစ့်ကို ရေးဖြစ်တယ်။
ကျွန်မ အရမ်းလုပ်ချင်တဲ့ Eipic centre မှာ အလုပ်ရပြီ။ ကျွန်မ ဆက်တက်ချင်တဲ့ advance dip ကျောင်းလည်း ဝင်ခွင့်ရရင် ဆက်တက်ဖြစ်မယ်ထင်ပါရဲ့...၊ တကယ်က advance dipတက်ဖို့ကျောင်းဝင်ခွင့်အတွက် လိုအပ်ချက်တခု ဖြစ်တဲ့ early intervention experienceအတွက် Eipic ctrမှာ အလုပ်လျှောက်ဖြစ်သွားရာက အလုပ်က တန်းရသွားတာ...။
ဝမ်းနည်းမိတာက ကျွန်မ တော်တော်နဲ့ ပြန်နိူင်ဦးမှာ မဟုတ်တာ....။
လွမ်းတယ်...
အရာရာ အပြောင်းအလဲများစွာနဲ့ မြို့တွေ ကျေးလက်တောရွာတွေ...၊ အပျက်အစီး ပေးဆပ်မှုများစွာနဲ့ ရွာကလေးတွေ...။ ရင်တွေ နာစရာမှ ကျန်သေးရဲ့လား...
ခုရက်တွေ ကျွန်မ မျက်ရည်ကျနေမိပြန်တယ်...