Thursday, February 22, 2024

နာကျင်​နေ့ရက်​တွေ...

 ဒီရက်​တွေမှာ ​နေလို့မ​ကောင်းဘူး

ဘာကို ​ကြေ​ကြေကွဲကွဲခံစား​နေမိမှန်း မ​ပြောတတ်ဘူး။ ​မြောက်ခင်ရမ်းရွာကိစ္စပြီးကတည်းက လူဟာ ​နေလို့မ​ကောင်းဘူး။ ဒီ​လောက် ရက်စက်ကြမ်းကြုတ် နှလုံးသားမဲ့တဲ့လုပ်ရပ်မျိုး ငါတို့ဆီမှာ ရှိတယ်။ ရဲရင့်လွန်းတဲ့ လူငယ်က​လေး​တွေ အကျိုးမဲ့ဆုံးရှုံး​နေရတာ ရင်နာစရာ...။ တိုင်းပြည်ကြီးတခုလုံး ​အမှောင်တိုက်ထဲ​က မထွက်နိူင်​သေးသ၍ လူငယ်က​လေး​တွေ လူ​တော်က​လေး​တွေ ဘယ်​လောက်ဆုံးရှုံးကြရဦးမှာလဲ။ ​တွေးရင်းက နှလုံးသား​တွေနာရတယ်။

 France24က KNDF အ​ကြောင်း ducumentaryဆန်ဆန် ရိုက်ထားတာ​လေး ကြည့်ပြီး ငိုချင်ပြန်​ရော...။ တာဝန်​ကျေတာထက်ပိုလွန်းပြီး ​ခေတ်ဝန်ကို မတွက်မကပ်ထမ်း​နေကြရှာတဲ့ လူငယ်က​လေး​​တွေ...။ 

​ကွန်မန့်​တွေဖတ်ကြည့်မိပြန်​တော့ ပိုဝမ်းနည်း။

ငါ့နှယ် အလိုလို​နေရင်းမှ ​ကြေကွဲ​နေရတဲ့​နေ့ရက်​တွေထဲ...၊ ​လောင်​နေသူကို လာကူရှို့​နေတာလိုပဲ။

InsideMyanmar-France24 ကယား/ ကရင်နီအာမီ

ChinYoungFighters ဒါက​တော့ ချင်းလူငယ်က​လေး​တွေ...။

​အားလုံးဘေးကင်းကြပါ​စေ 

တ​နေ့ အိမ်အပြန်လမ်း တည့်တည့်မတ်မတ်ကြီး ​ချော​မွေ့နိူင်ကြပါ​စေက​လေးတို့​ရေ...

Wednesday, February 7, 2024

07022024

 






အိမ်က ပန်းက​လေး​တွေ...

ပန်းက​လေး​တွေ စိုက်ရတာ စိတ်ချမ်းသာတယ်။ ​ရေ​လောင်း ပြုစု သူ့အချိန်တန် ပွင့်တာပဲ...။ ဒါ​ကြောင့် အသက်ရှည်ချင် အပင်စိုက်လို့ ဆိုကြတာ။

ပန်းက​လေး​တွေကို ချစ်ရသ​လောက် လူ​တွေကို​တော့ ​ကြောက်လာတာ။ လူ​တွေနဲ့ပတ်သက်ရင် ကိုယ်​ကောင်းသ​လောက် ဘယ်​တော့မှ ထပ်တူပြန်မလာဘဲ အသုံးချခံရတာများပါတယ်။ သုမန​ကျောမှာ ဒဏ်ရာ​တွေနဲ့ဆိုတာမျိုးမို့ ကြာ​တော့ သ​ဘောမ​ကောင်းချင်​တော့ဘဲ အလယ်မှာ ကြားချ​နေတတ်လာတယ်။ ခံစားချက်မထားတတ်​တော့ဘူး။ လာရင်​ပြောလိုက်မယ် မလာလည်း မလွမ်း​တော့ဘူး။ စိတ်ကိုဖြတ်ချပြီး အမျှင်မတန်း​အောင် ​နေတတ်လာတယ်။ 

ဘယ်သူက ဘယ်လိုလူဆိုတာ အချိန်​တွေကပဲ စကား​ပြောသွားမှာပါ...၊ အဲသလိုပဲ စိတ်ချထားလိုက်ပါ​တော့တယ်။ 

ကျွန်မက ဘယ်လိုပါ ဘယ်ညာပါ ရှင်းပြ​နေလည်းပဲ ချစ်လျင်အကျိုး မုန်းလျင်အပြစ်ဆိုတာလို ခံစားမှု​တွေက ဘက်လိုက်တတ်​သေးတာကို...၊

ဘယ်သူ့အ​ပေါ်မှာမှ အကျိုးမဲ့​အောင် မ​ပြောခဲ့ မလုပ်ခဲ့ဘူး၊ ဒါကပဲ ကိုယ့်သစ္စာဖြစ်တယ်...။

အသက်က​လေးကလည်း ​တော်​တော်ရလာပြီ၊ ​နေမယ်ဆို​နေလို့ရ​သေးသလို ထားမယ်ဆိုလည်းထားခဲ့လို့ ရပြီဆိုတဲ့အချိန်ပါပဲ။ ဘဝကြီးက ဘာမှမှ မဟုတ်တာကို​တော့ သိခဲ့တာ ကြာပြီ။ ပိုပြီး ​ဖြေသာလာတာကလည်း အဲတာ​ကြောင့်ပဲ။ ထားခဲ့ရမှာ​တွေအတွက် စိတ်​မောလူ​မော မဖြစ်လိုဘူး။ 

တ​နေ့ ကိုယ်မရှိ​တော့တဲ့အခါဆိုတာမျိုး​တွေကလည်း ဘာမှ အဓိက မကျ​တော့ဘူး။ 

​ပေါ့​ပေါ့ပါးပါးက​လေး ထွက်ခွာသွားဖို့ပဲ...၊

ဟုတ်တယ် အတတ်နိူင်ဆုံး အညင်သာဆုံး...၊ ခန္ဓာ​ပေါ်ရှိသမျှ ​ဝေဒနာ ​ပေါ် ​ပျောက်​တွေကို စိတ်က​လေး ထပ်ချပ် ကပ်ရင်း ​နောက်ဆုံးထွက်သက်အထိ အ​နှောင်အတွယ်မဲ့ ပျံသန်းထွက်သွားလိုက်ဖို့ပဲ...။

ဘဝဟာ တိုတိုက​လေးဆိုလည်း ​ဝေဒနာ​တွေခံစား​နေရချိန်ကဖြင့် ရှည်ကြာလွန်းတယ်လို့ ဆိုကြတယ်ဟုတ်လား။ 

ဘဝမှာ အ​နေတတ်ဆုံး စိတ်အထားတတ်ဆုံးအချိန်ကို ပြပါဆိုရင်ဖြင့် အခုအချိန်ပါပဲ...။


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...