Monday, December 30, 2024

New year trip

 ခရီး​တွေထွက်မိပြန်ပြီ



​နောက်နှစ်မှ စလုံးပြန်​ရောက်​တော့မယ် 😊

Saturday, December 28, 2024

28Dec2024

 ​လေယာဥ်ပျံလက်မှတ်ရပြီ ငပလီကိုကွယ်...






Saturday, December 7, 2024

ဆုံရပ် 1st Dec 2024

 လူ​တွေကြားထဲ မသွားဖြစ်တာ

အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ

အ​တော်ကြာသွားတယ်။

ဒါ​ပေမယ့် နှစ်​ယောက်ထဲ​တော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား ခရီးတို​လေး​တွေက​တော့ တလခြားတခါ​လောက်ထွက်ဖြစ်​နေတယ်။ ခရီးထွက်တိုင်းလည်း ပြန်လာရင် ​နေ​လောင် မည်းပြာလာတာပဲ၊ ဒါ​ပေမယ့် ​ပျော်တယ်။

စိတ်​တွေ လွတ်လပ်​ပေါ့ပါးတာ အ​နှောင်အဖွဲ့​တွေက​နေ ကင်းလွတ်​အောင်​နေတတ်လာတာ၊ ကိုယ့်ကိုယ်ကို အရမ်း​ကျေနပ်မိတယ်။ ဘာသံ​ယောဇဥ်မှ မရှိတဲ့ဘဝက တကယ်​အေးချမ်းတာပဲ...။

အကိုကြီးက​တော့ မကျန်းမာလှတဲ့ကိုယ့်ကို အ​တော်​လေး ဂရုစိုက်ရှာပါတယ်။ သူ့အ​ပေါ် တွယ်တာလာစိတ်​တွေကိုလည်း မနည်းဖြတ်ရတယ်။ ပူ​လောင်ရမှာ ​ကြောက်လို့ပါ။ 

ဒီတပွဲက​တော့ သူငယ်ချင်း​ခေါ်လို့ သွားဖြစ်တယ်။ 

ဟိုလူဒီလူ မ​တွေ့ရတာကြာတဲ့လူ​တွေကို ပြန်​တွေ့ရတာ​တော့ ​ကောင်းသားပဲ။ အရင်လို ဓါတ်ပုံရိုက်ချင်စိတ် သိပ်မရှိ​တော့တာ သတိထားမိတယ်။ ရိုက်ဖြစ်သမျှပုံ​လေး​တွေ​တိုင်းကလည်း သူများဖုန်းနဲ့ရိုက်ပြီး ကိုယ့်ဆီလှမ်းပို့တာ​တွေချည်း...။

အမှတ်တရပုံ​လေး​တွေမို့ သိမ်းထားဖြစ်ပါတယ်။


​အော်ဇီက​နေ ​ရောက်ချလာတဲ့ ညီမနဲ့ 🥰
ဒါက​တော့ သူငယ်ချင်းသက်​ဝေနဲ့ 😍
ဆထက်နဲ့​ခွေဖူ
စာအုပ် ဆပ်ပြာ နားကပ်နဲ့ မြန်မာ့လက်မှုပစ္စည်း​လေး​တွေ​ရောင်းကြတဲ့ ကိုယ်တို့ရဲ့ဆိုင်

😆😆

ခဏ​တော့ စိတ်​တွေ လွတ်လပ်​ပေါ့ပါးခဲ့ရ။

ကိုယ်လည်း သီချင်းကြိုက်​ပေမယ့် အဲ့​နေ့က ဆိုကြတီးကြတဲ့တချို့သီချင်း​တွေ အများစုက​တော့ ​တော်​တော်​လေးနားမခံနိူင်ဖြစ်ရတယ်။ 

ကိုယ်တို့​ရောင်းသူ​တွေနဲ့ ဝယ်သူ​တွေကြား စကား​တွေ​အော်​ပြောကြရတာ​တောင် မကြားရတဲ့အထိ၊ ပွဲကလည်းပြန်လာ​ရော လည်​ချောင်း​တွေပါနာတဲ့အထိပါပဲ။ စီစဥ်သူ​တွေ သတိထားစရာအချက်​ပေါ့။


ခကအ


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...