Thursday, October 21, 2021

သိစေချင်သည်...

 


သူကေတာ့ ကျွန်မကို မကြာခဏဆိုတာလို သတိပေးပါရဲ့


ကျွန်မက အးနာတတ်လို့၊ သဘောကောင်းလို့၊ ယုံလွယ်လို့ စသည်ဖြင့်။


သတိထားဖို့၊ လူကြည့်ပေါင်းဖို့ ပြောတတ်ပါတယ်။

ကျွန်မကလည်း အင်းပါ ပြောပြီး ထူးမ်ခားနား။

တချို့ တခြားသူတွေကို ရောရောနှောနှော ကဲကဲလှုပ်လှုပ် ချစ်ပြတယ်။ သူတို့ချင်း ဆက်ဆံရေးတွေ ချိုနေကြတယ်။ တကယ်တမ်း သူတို့ အကူအညီလိုတဲ့အခါကျ ကျွန်မကို သတိရတယ်။ ကျွန်မကို ပြုံးပြ၊ ကျွန်မဆီ လာကြတယ်။ 

တချို့ ကျွန်မဆီက၊ ကျွန်မရဲ့ကိုယ် စိတ် နှလုံး သုံးပါးစလုံးထံက ရသ မျှ ကဲ့ယူကြတယ်။ 

သူတို့ဆီကတော့ ဘာပြန်ရသလဲ ကျွန်မ မသေချာ၊ ချိတ်ဆက်နွေးထွေးမှှုကို ကျွန်မ မခံစားရ။ အနည်းဆုံး တုံ့လှည်မေတ္တာလိုမျိုးမျှော်လင့်မိလည်း...၊ ဒါပေမယ့် အပေါ်ယံကိုတော့ ကျွန်မ မလိုချင်။


တချို့က ပြောကြတယ်။ ကုန်းမြေမာလို ရပ်တည်ပေးဖို့မလိုတဲ့သူတွေအကြောင်းပေါ့။

မြေပျော့ပျော့တွေချည်း ရှိတဲ့နေရာမှာ ကုန်းမြေမာလေးတခု ခဲရာခဲဆစ်တွေ့တဲ့အခါ အဲဒီကုန်းမြေမာကလေးပေါ် အပြေးနင်းတက်လို့ လျှောက်လှမ်းသွားတတ်ကြသတဲ့။ လိုရာရောက်တဲ့အခါ ကုန်းမြေမာကို မေ့လျော့လို့ပေါ့။

ကုန်းမြေမာလို မဖြစ်စေနဲ့တဲ့ ကျွန်မကို သတိပေးဖူးတယ်။

တည့်တည့်ပြောရရင် အမြဲတမ်း အနင်းခံ အေက်ာခံ အဖြစ်မခံနဲ့ပေါ့၊ အဲသလို ပြောချင်တာ။ 

ကျွန်မကတော့ သူတော်စင်လည်း မဟုတ်၊ စိတ်နှလုံးကောင်းလှလွန်းသူလည်း မဟုတ်ပါဘဲ။

ဒါပေမယ့် ကုန်းမြေမာပေါ် နင်းဖြတ်သွားသူကသာ သူ့စေတနာ၊ သူ့အကျိုးပေးနဲ့သူ မဟုတ်လား။ ကျွန်မဘက်က ငါခံလိုက်ရတယ်လို့ မတွေးမချင်း ကျွန်မ အဆင်ပြေပါတယ်။ 

ဒီလိုပါပဲ

ဘဝကြီးကို အကောင်းမမြင်တတ်တော့တာမျိုး မဟုတ်ပေမယ့် အဆိုးဘက်ချည်း မတွေးမိစေဖို့တော့ ကြိုးစားရတယ်။ သံသရာခရီးက လွတ်မြောက်ချင်တာဆိုလည်းပဲ အခုပဲ အထုပ်ပြင် နိဗ္ဗာန်လိုက်ခဲ့ဆိုရင် ကျွန်မဖြင့် မလိုက်နိူင်သေးလောက်ဘူး ထင်ရဲ့။

ပန်းချီကားတွေ ဆွဲချင်တာ ရှိသေးတယ်။ လက်ဖြစ်-ဟန်းမိတ်လေးတွေလည်း လုပ်ချင်သေးတယ်။ စာတွေလည်း ရေးချင်သေးတယ်။ အော်တစ်ဇင်ကလေးတွေနဲ့ သူ့မိဘတွေကိုလည်း ထရိမန့်တွေ ပေးချင်သေးတယ်။ မဖြစ်သေးပါဘူး၊ နိဗ္ဗာန်ခေါ်ချင်ရင် ခေဏတာ့ စောင့်လို့ ပြောရမလိုပါပဲ။ 

အဲတာပေါ့ ဘဝတဏှာဆိုတာ

ဘဝအပေါ် တပ်မက်စိတ်နဲ့ ကြုံလာသမျှ မနက်ဖြန်တွေတိုင်းကို ရင်ဆိုင် ရှင်သန်နေချင်ပါသေးရဲ့။ ဒီလိုစိတ်တွေနဲ့တော့ ခက်ရချည်ရဲ့ကွယ်....


တေးတပုဒ် အတုလုပ်ဆို

စိတ်ရှုပ်နိူးထ မနက်ကျတော့

ညကအိပ်မက် မောင်မေ့ရက်မည်

သိလျက်မိုက်မှားသူ ဖြစ်သည်


ကြည်အေးရဲ့ "သိစေချင်သည်"ဆိုတဲ့ ကဗ်ာထဲက အပိုင်းအစကလေးကိုသာ တိုးတိုးဖွဖွ ရွတ်မိနေတော့တယ်၊ တကိုယ်ထဲ....



CKA

Saturday, October 16, 2021

ရှင်သန်ခြင်းအကြောင်း

 


ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျွန်မတို့ သေသေချာချာတွေးကြည့်ခဲ့ဖူးလား၊


ကျွန်မတို့ ဘာကြောင့်၊ ဘာအတွက်ကြောင့် ရှင်သန်ခွင့်ရခဲ့ကြတာလဲ


ရှင်သန်ခြင်းဆိုတာ ကျွန်မတို့ လိုချင်ခဲ့တဲ့အရာလား၊ 

ရှင်သန်ခြင်းကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ကြတာလား၊ 

ရှင်သန်ခြင်းကပဲ ကျွန်မတို့တယောက်ချင်းစီကို ရွေးချယ်ခွင့်ရသွားတာလား၊ 

တကယ်တော့ လိုချင်လို့ ရခဲ့ကြတာပဲ မဟုတ်ဘူးလား

ကျွန်မတို့ ဘဝေတြ ဘဝတွေကို တောင်းခဲ့ကြမယ်၊ လိုချင်ခဲ့ကြမယ်။ ပိုပြီး ပြီးပြည့်စုံတဲ့ဘဝအဖြစ်နဲ့ သံသရာမွာ အသစ်တဖန်ဖြစ်ခွင့်ကို လိုချင်စိတ်ရှိခဲ့ကြလိမ့်မယ်။ အဲဒီအတွက် ရှင်သန်ခြင်းနဲ့အတူ ယှဉ်တွဲပါလာသမျှကိုလည်း လိုချင်ချင် မလိုချင်ချင် လက်ခံကြရလိမ့်မှာပဲ။ 

ပြီးတော့၊

ဘဝတခုမှာ ရှင်သန်ခြင်းက တကြိမ်ပဲရမှာ

သေချာတာက ရှင်သန်ခြင်းမှာ အဆုံးသတ်ကို တပါတည်း ကပ်လွှတ်လိုက်တာ.၊ တွဲချည်ပေးလိုက်တာ။ 

သေချာတာက ရှင်သန်ခြင်းမှာ အကန့်အသတ်တွေနဲ့၊

ဘာလုပ်မလဲ

အချိန်ကာလတခု လူတိုင်းမှာ ရှိမယ်၊ ကာလ အတို အရှည် မတူနိူင်ကြ၊ အခြေအနေ၊ အနိမ့်အမြင့်တွေ မတူကြ၊ ဖြတ်သန်းပုံတွေ မတူကြ၊ အရာရာကွဲပြား ခြားနားစွာ ရှင်သန်ကြ။

ပြသာနာက လူတိုင်းကို ကိုယ်နဲ့ ရေချိန်လိုက်ညှိနေတတ်ကြတာ။

မတူဘူး၊ ဘယ်လိုမှ မတူနိူင်ပါဘူး၊ သူဟာ သူမို့လို့ ဒီလို လုပ်တာပေါ့၊ ကိုယ်ဟာ ကိုယ်မို့လို့ ဟိုလို လုပ်တာပေါ့၊ တူမလား.။ ကိုယ့်ပေတံနဲ့ကိုယ် ကျေနပ်နိူင်ကြရင် မကောင်းဘူးလား။ 

ငယ်ကတည်းက ဘယ်သူ့လောင်းရိပ်အောက်မှာ နေရတာကိုမှ မကြိုက်တဲ့ ကျွန်မက အားလုံးနဲ့ ကလန်ကဆန် ကြီးပြင်းလာခဲ့တယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ။ အေဖ ကျွန်မကို သင်ပေးခဲ့တဲ့အထဲ အဲတာလည်း ပါတယ်။ 

ပြီးတော့ ပျော်ရွှင်မှှု

အရင်တုန်းက ဘဝမွာ ပျော်ရွှင်ဖို့ အရေးကြီးတယ်ထင်ခဲ့ဖူးတယ်။

တကယ်တမ်းကျတော့ ပျော်ရွှင်မှှုထက် အရေးကြီးတာတွေ အများကြီးရယ်.၊

အသိ၊ သတိ၊ မမြဲခြင်းတရား၊ 

ကျွန်မမှာ ပျော်ရွှင်မှှုကို တင်းပြည့်ကျပ်ပြည့် မခံစားတတ်တော့ဘူး။

ရှင်သန်ခြင်းအကြောင်း သိလာလေ၊ ပျော်ရွှင်မှှုက နည်းလာလေ။

တကယ္က ဘာကိုမှ လေးလေးပင်ပင် မခံစားတတ်တော့တာ၊ သိပဲသိနေလိုက်တော့တယ်၊ စိတ်ကိုနှစ်ပြီး ခံစားမေနေတာ့ဘူး။

ခဏနေတော့လည်း အရာရာဟာ ဒီအတိုင်းပဲဟုတ်လား၊ အရင်အတိုင်း အရင်အတိုင်းပါပဲ။

အရင်က ကျွန်မတို့ အရေးတကြီးလို့ ထင်ခဲ့တဲ့၊ ထင်ခဲ့ဖူးတဲ့ အရာတွေဟာ ဘာဆိုဘာမှ အေရးပါလွတာ မဟုတ်ဘူးလို့ သိလိုက်ရတဲ့အချိန်က စတာပေါ့။

ဒီလိုပါပဲ၊ ဒါကပဲ သိရမယ့် အနှစ်သာရလို့ ထင်မိပြန်တယ်၊ အခုအချိန်မှာပေါ့လေ၊

ဘယ်အရာကိုမှ မငြိတွယ်တတ်တော့တာကို ကိုယ့်ကိုယ်ကို သဘောကျမိတယ်။ 

မမြဲတဲ့စိတ်ကျေနပ်မှုတခုကို သဘောကျနေတဲ့စိတ်က တဒင်္ဂဖမ်းဆုပ်မိတဲ့ အခိုက်အတန့်လေး...

ဖ်တ္ကနဲ ကျကွဲတယ်။

Tuesday, October 5, 2021

ချစ်ခြင်းတရားနှင့်မေတ္တာ


ဘာကိုပဲဖြစ်ဖြစ် သေသေချာချာ မသိရင် အမှန်နဲ့ လွဲနေတတ်တယ်။ လောကီ အကျိုးစီးပွားကအစ ပေါင်းသင်းဆက်ဆံရေးအဆုံး အလွဲတွေနဲ့ချည်း တွေ့တတ်တာ။

ကိုယ့်ဆီက တခုခုကို တစုံတယောက်ဆီ ပို့ချင်ရင် ကိုယ့်ဆီမှာ ပို့ဖို့ရာ in stock အလုံအလောက်တော့ ရှိရတယ်ဟုတ်လား။ မေတ္တာဆိုပါစို့၊

သူတယောက်ကို မေတ္တာပို့ချင်ရင် အရင်ဆုံး မေတ္တာလို့ခေါ်တဲ့ အအေးဓါတ်တွေ ကိုယ့်ဆီမှာပြည့်ပြည့်ဝဝရှိနေဖို့ လိုတယ်။ ဒါမှလည်း လိုရာကို ပို့နိူင်မယ်။ ကိုယ်တိုင်က လောင်နေပြီ၊ ကိုယ့်ဆီမှာ အအေးဓါတ်မရှိပါဘဲ သူတထူးကို အေးမြစေချင်လို့ မရဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို အရင်အေးအောင် လုပ်ရတယ်။

ဒါကြောင့် မေတ္တာပို့ရာမှာ ကိုယ့်ကိုယ်ကို အရင်ဆုံး မေတ္တာပို့ရတာ။ ကိုယ်က အစပြုပြီးမှ လောကသုံးပါးအထိ တဖြည်းဖြည်းချင်း အဝန်းအဝိုင်းကို ချဲ့ယူသွားရတာ။ 

ဒါနဲ့ပတ်သက်လို့ ပြောရရင် ခုခေတ်လူတွေမှာ ကိုယ့်ကိုယ်ကို ချစ်ဖို့ အတော်လေး ဦးစားပေးတတ်ကြတယ်။ ပြောရရင် self-love လို့ ဆိုရမှာပေါ့။ ကိုယ့်ကိုယ်ကို ချစ်တယ်၊ ကိုယ့်အရေးကို ဦးစားပေးတယ်၊ ကိုယ့်ပျော်ရွှင်မှှုကို အလေးထားတယ်။ အားလုံးနဲ့ယှဉ်ရင် ကိုယ့်အတွက်ကို ရှေ့ဆုံးမှာ ထားတတ်ကြတယ်။ အဲဒီself-loveသမားတွေက ချစ်ခြင်းတရားနဲ့ပါတ်သက်လာရင် အနာမခံဘူး၊ ကိုယ်နာကျင်ရတော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီချစ်ခြင်းကနေ ရုန်းထွက်ဖို့ ကြိုးစားတာပဲ။ ကိုယ်နာကျင်တော့မယ်ဆိုရင် ခ်ာကနဲ လှည့်ထွက်သွားတတ်တယ်။ အနိူင်မခံဘူး၊ အရှုံးမပေးလိုဘူး။ self-love သမားက အဲသလို ချစ်ခြင်းတရားကို အနိူင်အရှုံးတွက်တတ်ကြတယ်။ 

တခါတေလ self-loveရဲ့နယ်ပယ်ကို ချဲ့ထွင်ရင်းနဲ့ပဲ selfishဆီ ရောက်မှန်းမသိ ရောက်သွားတတ်ကြသေးတယ်။ အဲဒီအခါ ကိုယ့်အကျိုးလိုလားတာအပြင် သူတပါးအကျိုးကို ထည့်မတွက်တတ်တော့တာပါ ပါလာတယ်။ ဒီနေရာမှာ တရားတာတွေ၊ မတရားတာတွေ သိပ်ထည့်မတွက်တော့ဘူး။ သူတပါး ဘယ်လိုများနေပါ့မလဲ၊ ဘယ်လိုများခံစားနေရမလဲ၊ အဲတာတွေဟာ သူနဲ့မဆိုင်တော့ဘူး၊ အဲသလိုဖြစ်သွားတယ်။

မေတ္တာအကြောင်း ပြန်ဆက်ရရင် ပါချုပ်ဆရာတော်ကြီးတရားတပုဒ်ကို မှီငြမ်းပြီး ရေးချင်တယ်။ ကိုယ်တိုင်လည်း အရင်က သိပ္မသိခဲ့ဘူး။

လူလေးယောက်ရှိတယ် ဆိုပါစို့။

မုန်းသူ

မချစ်မမုန်း ဘယ်လိုမှမနေသောသူ

ချစ်သောသူ

မိမိကိုယ်တိုင်

အခြေအနေတခုမှာ တယောက်ယောက်ကို ထိုးကျေွးရတော့မယ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။

မေတ္တာတရားပွားများနေသူတယောက်အတွက် အင်မတန်ခက်ခဲမယ့် ရွေးချယ်မှှု ဟုတ်လား။

မုန်းသူကို ရွေးမယ်ဆို ကိုယ်ဟာ လူမဆန္သူ၊ သိပ်ကို အညှိုးအတေးကြီးပြီး အကွက်ဝင်တာနဲ့ ချနင်းတတ်သူ ဖြစ်သွားမယ်။

မချစ်မမုန်း ဘယ်လိုမှ မနေသောသူကို ရွေးမလား၊ ဒီလိုဖြင့် သတ္တဝါတွေအပေါ် တန်းတူမေတ္တာ မထားတတ္သူ၊ ကွက်ကျားမိုးရွာတတ်သူ ဖြစ်မယ်။

ချစ်သူကိုတော့ဖြင့် ဘယ်လိုမှ မရွေးရက်ပြန်ဘူး ဟုတ်လား။

ကဲ ကိုယ်ကိုယ်တိုင်ကို ရွေးမယ်၊ ကိုယ်ပဲ အနစ်နာခံမယ်ဆိုရင်ရော၊ ဒီလိုဆိုရင်လည်း ကိုယ်တိုင်အပေါ်မေတ္တာပျက်သူ ဖြစ်သွားမယ်၊ သူတပါးအပေါ်မေတ္တာထားနိူင်ဖို့က ကိုယ်ကိုယ်တိုင်အပေါ်မေတ္တာရှိဖို့ အရင်ဆုံးလိုအပ်တယ်။

ဘယ်တယောက်ကိုမှ ထိုးမကျေွးနိူင်ပါဘူး၊ အားလုံးဟာ သတ္တဝါတွေပဲ၊ သူတို့အပေါ် တန်းတူမေတ္တာ ထားတတ်ရမယ်။ တန်းတူမေတ္တာ ထားနိူင်ရမယ်။ အားလုံးကို အတူတူ ညီတူမွ်တူ ချမ်းသာစေချင်တယ်။ ဒါမှမေတ္တာတရားကို တကယ်ပွားများတတ်ရာ လက်တွေ့ကျင့်သုံးတတ်ရာ ရောက်တယ်တဲ့။ ဆရာတော်ကြီးက အဲသလိုမေတ္တာအကြောင်း ဟောတော်မူတယ်။

ကိုယ်ဟာ အရင်တုန်းက ကိုယ်ကိုယ်တိုင်အပေါ်မေတ္တာပျက်ခဲ့တာကိုးလို့ နားလည်ရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တာဟာလည်း မမွန္ဘူး။ ကိုယ့်ကိုယ်ကို အပြစ်မမြင်ဘဲ ဘာလုပ်လုပ် အမြဲမှန်တယ် ထင်တတ်တာဟာလည်း မမှန်ပြန်ဘူး။ 

အရှိအတိုင်း မြင်၊ သိ၊ လက်ခံ၊ ကျိုးကြောင်းဆင်ခြင်၊ ရှေ့ဆက်သွား...

ဒီလိုပဲ ဖြစ်သင့်တယ်။

ကိုယ်ဟာ ကိုယ်တိုင်အပေါ် သိပ်မညှင်းဆဲဖို့၊ အပြစ်မတင်ဖို့၊ အနာမခံဖို့၊ မပေမတေဖို့၊ အထိအခိုက် အရွအနာ နည်းပါးစေဖို့၊ အရည်ပြားထူထဲစေဖို့ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ သိလာခဲ့ပြီ။ self-loveကို သင်ယူတတ်ပြီ။ ကျန်သေးတဲ့ သက်တမ်းကလေးမှာ ရှင်သန်ခွင့်ရသလောက် ကိုယ့်ကိုယ်ကို ချစ်ဖို့၊ တန်ဘိုးထားဖို့၊ ထို့အတူ သူတပါးအပေါ် ချစ်တတ်ဖို့၊ တန်ဘိုးထားတတ်ဖို့ရောပဲပေါ့.၊ 

ကြိုးစားရပါဦးမယ်။ 

လူ့သက်တမ်းကလေးဟာ တိုတောင်းပေလို့သာရယ်၊

ကိုယ်တို့မှာ ကြုံလာရတဲ့ လောကဓံတွေအပေါ် ရင်ဆိုင် သင်ယူလို့ကို မဆုံးနိူင်အောင်ပါပဲ။



CKA


photo #credit

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...