Sunday, July 23, 2023

22072023

 ကိုယ်တခုခုဖြစ်တိုင်း "ငါ တ​ယောက်ထဲမဟုတ်ဘူး" ဆိုပြီး အ​ဖော်ညှိတဲ့စိတ်နဲ့ မ​ဖြေသာချင်ဘူး။ တပါးသူ ဘယ်သူ့ကိုဖြစ်ဖြစ် ကိုယ့်လို မနာကျင်​စေချင်ဘူး​လေ...၊ ​ဆေးရုံမှာလည်း ကိုယ်တို့wardက လူနာ​တွေအားလုံးရဲ့မျက်နှာ​တွေကို အာရုံပြုပြီး နာကျင်မှု​တွေ အနည်းဆုံးနဲ့ အမြန်ဆုံးကျန်းမာကြပါ​စေလို့ ဆု​တောင်း​ပေးဖြစ်တယ်။ 

ခန္ဓာရခြင်းရဲ့ ဒုက္ခက ဆင်းရဲခြင်းကြီးလွန်းလို့ သူသူကိုယ်ကိုယ် ဘယ်သူမှ မချမ်းသာကြဘူဟုတ်လားး၊ ခန္ဓာ့ဝန်ကို ချမ်းသာစွာ ရွက်​ဆောင်နိူင်ကြပါ​စေလို့ တ​​နေ့တ​​နေ့ ​မေတ္တာပို့ဖြစ်ပါတယ်။ 

ပြီး​တော့ လွတ်​မြောက်ခြင်း...

ကိုယ်လည်း လွတ်​မြောက်ချင်တယ်...

ကိုယ့်ဘက်ကကြိုးတစကို လွှတ်ချလိုက်ခြင်းအားဖြင့် တဖက်မှာလည်း လွတ်​မြောက်သွား​စေချင်တာပါပဲ...၊ 

ဒီလိုနဲ့ပဲ...

အဆုံးထိ လွှတ်ချလိုက်ပါတယ်...

လွတ်​မြောက် ​ပျော်ရွှင်ပါ​စေ...။





​ဆေးရုံမှာ ၉ရက်​နေပြီး အိမ်ပြန်​ရောက်ပါပြီ။ နာကျင်​နေရတာ​တွေကလည်း ၂လနီးပါးဖြစ်လာပြီမို့ နည်းနည်း​တော့ သက်သာစပြုလာပါပြီ။ ဒီလိုပါပဲ အချိန်ကျလာရင် လမ်းပြန်​လျှောက်နိူင်မှာပါ။ ခု​လော​လောဆယ်​တော့ Psysiotherapy တပတ်တခါ သွား​နေရတုန်းပဲ...၊



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...