ကိုယ်တခုခုဖြစ်တိုင်း "ငါ တယောက်ထဲမဟုတ်ဘူး" ဆိုပြီး အဖော်ညှိတဲ့စိတ်နဲ့ မဖြေသာချင်ဘူး။ တပါးသူ ဘယ်သူ့ကိုဖြစ်ဖြစ် ကိုယ့်လို မနာကျင်စေချင်ဘူးလေ...၊ ဆေးရုံမှာလည်း ကိုယ်တို့wardက လူနာတွေအားလုံးရဲ့မျက်နှာတွေကို အာရုံပြုပြီး နာကျင်မှုတွေ အနည်းဆုံးနဲ့ အမြန်ဆုံးကျန်းမာကြပါစေလို့ ဆုတောင်းပေးဖြစ်တယ်။
ခန္ဓာရခြင်းရဲ့ ဒုက္ခက ဆင်းရဲခြင်းကြီးလွန်းလို့ သူသူကိုယ်ကိုယ် ဘယ်သူမှ မချမ်းသာကြဘူဟုတ်လားး၊ ခန္ဓာ့ဝန်ကို ချမ်းသာစွာ ရွက်ဆောင်နိူင်ကြပါစေလို့ တနေ့တနေ့ မေတ္တာပို့ဖြစ်ပါတယ်။
ပြီးတော့ လွတ်မြောက်ခြင်း...
ကိုယ်လည်း လွတ်မြောက်ချင်တယ်...
ကိုယ့်ဘက်ကကြိုးတစကို လွှတ်ချလိုက်ခြင်းအားဖြင့် တဖက်မှာလည်း လွတ်မြောက်သွားစေချင်တာပါပဲ...၊
ဒီလိုနဲ့ပဲ...
အဆုံးထိ လွှတ်ချလိုက်ပါတယ်...
လွတ်မြောက် ပျော်ရွှင်ပါစေ...။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်