Sunday, October 8, 2023

07102023


ဟိုအရင်ကလို လွယ်လင့်တကူ မရ​တော့ဘူး

လက်ရှိမှာ လိုအပ်သလို ပြန်မထူးနိူင်​သေးဘူး

အခု ကျွန်မဆီ ​ခေါ်ဆိုရမယ့်နံပတ်က

ဆက်သွယ်မှုဧရိယာပြင်ပ...၊


​သွေး​ကြောထဲမှာ ​

မြွေတ​ကောင်ဝင်​ခွေ​နေလိုက်ပုံက

တခြားကမ္ဘာတခုခုမှာ ရှင်သန်​နေတဲ့ 

ဘာမဆိုင်ညာမဆိုင်အ​ကောင်တ​ကောင်လို

အ​ကြောတင်းတင်း အေးတိ​အေးစက် 

စိမ်းစိမ်း​တောက်​တောက်နဲ့၊

I don't f**king care mood is ON !!


ခန္ဓာနဲ့စိတ်မှာ စုပုံချိတ်ဆက်ထားမှု​တွေကို ဖြုတ်ချလိုက်တဲ့​နောက်

​ပေါ့ပါးလွင့်တက်သွားတဲ့ အ​တောင်ပံတစုံ

မြင်ရလား...၊


ကိုယ့်ကိုယ်ကို အပြင်ဖက်က​​နေ ပြန်လှမ်းကြည့်..

သူစိမ်းတ​ယောက်လို...၊

ဆက်သွယ်မှုဧရိယာပြင်ပမှာ

စကားလုံး​တွေနဲ့​ပြောမပြတတ်တဲ့

အလင်းအ​ရောင်​တွေနဲ့ ဖွဲ့စည်း​တောက်ပ​နေမှု...၊


ခကအ

၂၉၀၉၂၀၂၃


ပုံက​တော့ ZenDrawing​လျှောက်ခြစ်ထားတာ...

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...