Tuesday, July 14, 2020

တကယ္ပဲ ေပ်ာ္ရႊင္ခ်င္တယ္ဆိုုရင္....





ေမးခြန္းက...
ဘယ္အရာေတြက ခင္ဗ်ားတိုု႔ကိုု ေပ်ာ္ရႊင္ေစႏိူင္သလဲ ?

ကၽြန္ေတာ္ ၆ႏွစ္သားအရြယ္တုုန္းကေတာ့ 
သစ္ပင္တက္ရတာကိုု ေပ်ာ္တယ္။ ဘိုုင္စကယ္စီးရတာကိုု ေပ်ာ္တယ္။ မိသားစုုနဲ႔အတူ ေမာ္ေတာ္ဘုုတ္စီးရတာကိုု ေပ်ာ္ခဲ့တယ္။

အေဖက အဲ့တုုန္းက ရယ္စရာတခုု ေျပာေလ့ရွိတယ္။
ေယာက်ာ္းတေယာက္ရဲ႕ဘဝမွာ အေပ်ာ္ဆံုုးအခ်ိန္ ၂ၾကိမ္ပဲရွိတယ္ကြ။ ပထမဦးဆံုုးအၾကိမ္အျဖစ္ ေမာ္ေတာ္ဘုုတ္ ဝယ္လိုုက္တဲ့အခ်ိန္ရယ္၊ ေနာက္တၾကိမ္က ျပန္ေရာင္းပစ္လိုုက္တဲ့အခ်ိန္ရယ္

၆ႏွစ္သားကၽြန္ေတာ့္အတြက္ အဲဒီဟာသကိုု နားမလည္ခဲ့ဘူး။ ခုုခ်ိန္မွာေတာ့ ေသခ်ာေတြးၾကည့္ေလ၊ နက္နက္နဲနဲနားလည္ေလပဲ။

ကေလးငယ္ေလးေတြရဲ႕ပံုုကိုု ေတြ႔ရင္ ေပ်ာ္မယ္။ စိတ္ခ်မ္းသာမယ္။
ေခြးကေလး၊ ေၾကာင္ကေလးေတြရဲ႕ပံုုကိုု ေတြ႔ရင္ အူျမဴးေပ်ာ္ရႊင္ရမယ္။ 
ဒါေတာင္ အြန္လိုုင္းေပၚကပံုုေနာ္၊ အျပင္မွာသာ ခ်ီရေပြ႕ရရင္ ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းလိမ့္မလဲ။
မ်က္လံုုးက အေတြ႔ဟာ ဦးေႏွာက္လိွႈင္းေတြကိုု ရိုုက္ခတ္ေစတယ္။ မ်က္ႏွာဟာ ၿပံဳးလာတယ္။ ေပ်ာ္စရာေဟာ္မုုန္းေတြ ထုုတ္ေပးလိုုက္တယ္။
အဲတာေတြက ခင္ဗ်ားတိုု႔ကိုု က်န္းမာေစတယ္။ ေပ်ာ္ရႊင္ေစတယ္။ အလုုပ္တြင္ေစတယ္။ 

ကေလးငယ္ေလးက အသက္ေတြၾကီးလာတဲ့အခါ
ေခြးကေလးက ဆိုုဖာေပၚ ေခ်းပါခ်တဲ့အခါ
ေၾကာင္ကေလးက အိပ္ယာေပၚ ေသးပန္းခ်တဲ့အခါ၊ အင္း...
ဒီတခါ ေမးခြန္းက
ေပ်ာ္ရႊင္မွႈဟာ ေျပာင္းလဲတတ္သလား? 

ဒီေတာ့ ဘာက အေရးၾကီးေနတာလဲ? 
ဖန္ခြက္ထဲမွာ ေရတဝက္ေလ်ာ့ေနတယ္နဲ႔ ဖန္ခြက္ထဲမွာ ေရတဝက္အျပည့္ရွိေနတယ္ဆိုုတာမ်ိဳး။
ေကာင္းေသာအျမင္ ေကာင္းေသာအေတြး။ Positive thinking လိုု႔ လူေတြ အေျပာမ်ားၾကတယ္။ ဒါ အေရးၾကီးတယ္။

ဒါေပမယ့္ ဘယ္လိုုလုုပ္မလဲHow ? ဆိုုၿပီး ေမးစရာရွိလာတယ္။

သူကေတာ့ နည္းလမ္း ၃ခုု ညႊန္းထားတယ္။ အဲတာကိုု Programing Happiness လိုု႔ သူက ဆိုုတယ္။

1. Guided mediation

ဒါကိုု ကိုုယ့္နည္းကိုုယ့္ဟန္နဲ႔ ဘယ္လိုု လုုပ္ၾကမလဲ။ 
ကၽြန္မကေတာ့ မနက္အိပ္ရာထတာနဲ႔ ဆယ္မိနစ္ေလာက္ တင္ပလႅင္ေခြထိုုင္ၿပီး ကိုုယ့္စိတ္ကိုု ျပန္တည္ၾကည့္တယ္။ ခႏၶာမွာ နာက်င္ေနတာေတြ ၾကည့္တယ္။ လက္ရွိမွာ ေနၾကည့္တယ္။

သူကေတာ့ ေပ်ာ္ရႊင္ေအာင္ျမင္ခဲ့သမွ်ေတြကိုုအသံသြင္းၿပီး နားၾကပ္တပ္ကာ ျပန္နားေထာင္ေလ့ရွိတယ္။ ၆မိနစ္ေလာက္စာေလာက္ေပါ့။ ဒီနည္းက စိတ္ကိုု ေပ်ာ္ေအာင္၊ တက္လာေအာင္ ဆြဲတင္စရာမလိုုဘဲ အေကာင္းဆံုုး Boost လုုပ္ေဆာင္ေပးႏိူင္တယ္လိုု႔ဆိုုတယ္။ 

2. Magic question

မနက္မနက္ မွန္ထဲၾကည့္ၿပီး ကိုုယ့္ကိုုယ္ကိုု ေမးခြန္းတခုုစီေလာက္ ေမးၾကည့္ေပးပါ။
က်န္တဲ့တေန႔တာမွာ ဒါကိုု ျပန္ျပန္ေတြးမိတိုုင္း ေပ်ာ္ေစမယ့္၊ အားအင္ရွိေစမယ့္ ေမးခြန္းမ်ိဳးေတာ့ ျဖစ္ရပါမယ္။

ဒီေန့ ဘယ္အရာက ငါ့ကိုု အံ့ၾသေပ်ာ္ရႊင္ေစမလဲ၊ ငါ မေစာင့္ႏိူင္ေတာ့ဘူး။
အလုုပ္နည္းနည္းလုုပ္ၿပီး၊ တႏွစ္မွာ ခရီးေလးၾကိမ္ေလာက္ ထြက္ႏိူင္ေအာင္ ငါ ဘယ္လိုုၾကိဳးစားရမလဲ? 
ဒီေန႔ဟာ ဘယ္ေလာက္ေတာင္ လွပတဲ့ေန႔ျဖစ္မလဲ?

အဲသလိုုေမးခြန္းေတြလိုု႔ သူက ဥပမာေပးထားတယ္။ 

ကၽြန္မကေတာ့ ကိုုယ္ေဆာက္တည္ႏိူင္မယ့္ သီလတခုုခုု၊ ဒါမွမဟုုတ္ ကတိတခုုခုု ကိုုယ့္ကိုုကိုုယ္ ေပးလိုုက္တာမ်ိဳး လုုပ္ေလ့ရွိတယ္။ ငါ ဒီေန႔ အရက္ေသစာ ေမသာကၻဴး။ လိမ္မေျပာဘူး။ ငါ ဒီေန႔ စိတ္ညစ္စရာေတြ စိတ္ထဲ အဝင္မခံဘူးစသည္ျဖင့္။

3. Physical movement

ကိုုယ့္ခႏၶာရဲ႕အစိတ္အပိုုင္းေလးေတြကိုု လွဳပ္ရွားေပးေနဖိုု႔။ ေျခေခ်ာင္း၊ လက္ေခ်ာင္းကေလးေတြ လွုုပ္ရွားေပးေနတာမ်ိဳး။ လက္ေရးလက္သားကအစ ေျပာင္းဖိုု႔ ၾကိဳးစားတာမ်ိဳး။ လက္မွတ္ေျပာင္းထိုုးၾကည့္တာမ်ိဳး။ 
ကၽြန္မကေတာ့ ညာသန္ျဖစ္တာမိုု႔ စာကိုု ဘယ္လက္နဲ႔ ေျပာင္းေရးၾကည့္တယ္။ သြားတိုုက္တဲ့အခါ ဘယ္လက္နဲ႔ သြားတိုုက္တံကိုုင္ၿပီး တိုုက္ၾကည့္တယ္။ အဲတာမ်ိဳးေပါ့။ 
လုုပ္ေနက်အေလ့အထေတြကေန ေျပာင္းလဲၾကည့္ပါ။ အရင္က မဖြံ႔ၿဖိဳးတဲ့ ဦးေႏွာက္အစိတ္အပိုုင္းေတြ စတင္လွဳပ္ရွားလာမယ္၊ မီးၿငိမ္းေနတဲ့ ဦးေႏွာက္ပတ္လမ္းကေလးေတြမွာ မီးေတာက္ကေလး ဖ်တ္ကနဲ ထေတာက္မယ္။ 
Bart Baggettက အဲသလို အခိုင္အမာေျပာထားပါတယ္။

ကြ်န္မအေနနဲ႔ အခ်ဳပ္ေျပာရရင္...
Neuroplasticity အေၾကာင္း ကၽြန္မ ေရးခဲ့ဖူးတယ္။ အခ်ိန္ေတာ့ ယူရလိမ့္မယ္။ ၾကာေတာ့လည္း အေလ့အထတခုုအျဖစ္ မခဲယဥ္းေတာ့ဘဲ ယဥ္ပါးလာပါလိမ့္မယ္။ 
👉 အ႐ွင္းဆံုးေျပာရရင္...
ခ်မ္းသာဖို႔အတြက္ မခ်မ္းသာတဲ့စိတ္ေတြကို ဖယ္ထုတ္ပစ္လိုက္ဖို႔ ႀကိဳးစားျခင္းဟာ ခ်မ္းသာေပ်ာ္ရႊင္ျခင္းရဲ႕လမ္းအစပါပဲ...👈

အားလံုုးပဲ ေအးခ်မ္းေပ်ာ္ရႊင္ၾကပါေစရွင္

ခ်စ္ၾကည္ေအး

The Neuro-Pathway to Happiness | Bart Baggett | TEDxUBIWiltz ထဲက ေကာက္ႏွဳတ္ေရးသားထားပါတယ္။
Image credit: 
https://www.authenticityassociates.com/neural-plasticity-4…/

===========================

မေးခွန်းက...
ဘယ်အရာတွေက ခင်ဗျားတို့ကို ပျော်ရွှင်စေနိူင်သလဲ ?

ကျွန်တော် ၆နှစ်သားအရွယ်တုန်းကတော့ 
သစ်ပင်တက်ရတာကို ပျော်တယ်။ ဘိုင်စကယ်စီးရတာကို ပျော်တယ်။ မိသားစုနဲ့အတူ မော်တော်ဘုတ်စီးရတာကို ပျော်ခဲ့တယ်။

အေဖက အဲ့တုန်းက ရယ်စရာတခု ပြောလေ့ရှိတယ်။
ယောကျာ်းတယောက်ရဲ့ဘဝမှာ အပျော်ဆုံးအချိန် ၂ကြိမ်ပဲရှိတယ်ကွ။ ပထမဦးဆုံးအကြိမ်အဖြစ် မော်တော်ဘုတ် ဝယ်လိုက်တဲ့အချိန်ရယ်၊ နောက်တကြိမ်က ပြန်ရောင်းပစ်လိုက်တဲ့အချိန်ရယ်

၆နှစ်သားကျွန်တော့်အတွက် အဲဒီဟာသကို နားမလည်ခဲ့ဘူး။ ခုချိန်မှာတော့ သေချာတွေးကြည့်လေ၊ နက်နက်နဲနဲနားလည်လေပဲ။

ကလေးငယ်လေးတွေရဲ့ပုံကို တွေ့ရင် ပျော်မယ်။ စိတ်ချမ်းသာမယ်။
ခွေးကလေး၊ ကြောင်ကလေးတွေရဲ့ပုံကို တွေ့ရင် အူမြူးပျော်ရွှင်ရမယ်။ 
ဒါတောင် အွန်လိုင်းပေါ်ကပုံနော်၊ အပြင်မှာသာ ချီရပွေ့ရရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိမ့်မလဲ။
မျက်လုံးက အတွေ့ဟာ ဦးနှောက်လှိှုင်းတွေကို ရိုက်ခတ်စေတယ်။ မျက်နှာဟာ ပြုံးလာတယ်။ ပျော်စရာဟော်မုန်းတွေ ထုတ်ပေးလိုက်တယ်။
အဲတာတွေက ခင်ဗျားတို့ကို ကျန်းမာစေတယ်။ ပျော်ရွှင်စေတယ်။ အလုပ်တွင်စေတယ်။ 

ကလေးငယ်လေးက အသက်တွေကြီးလာတဲ့အခါ
ခွေးကလေးက ဆိုဖာပေါ် ချေးပါချတဲ့အခါ
ကြောင်ကလေးက အိပ်ယာပေါ် သေးပန်းချတဲ့အခါ၊ အင်း...
ဒီတခါ မေးခွန်းက
ပျော်ရွှင်မှှုဟာ ပြောင်းလဲတတ်သလား? 

ဒီတော့ ဘာက အရေးကြီးနေတာလဲ? 
ဖန်ခွက်ထဲမှာ ရေတဝက်လျော့နေတယ်နဲ့ ဖန်ခွက်ထဲမှာ ရေတဝက်အပြည့်ရှိနေတယ်ဆိုတာမျိုး။
ကောင်းသောအမြင် ကောင်းသောအတွေး။ Positive thinking လို့ လူတွေ အပြောများကြတယ်။ ဒါ အရေးကြီးတယ်။

ဒါပေမယ့် ဘယ်လိုလုပ်မလဲHow ? ဆိုပြီး မေးစရာရှိလာတယ်။

သူကေတာ့ နည်းလမ်း ၃ခု ညွှန်းထားတယ်။ အဲတာကို Programing Happiness လို့ သူက ဆိုတယ်။

1. Guided mediation

ဒါကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လို လုပ်ကြမလဲ။ 
ကျွန်မကတော့ မနက်အိပ်ရာထတာနဲ့ ဆယ်မိနစ်လောက် တင်ပလ္လင်ခွေထိုင်ပြီး ကိုယ့်စိတ်ကို ပြန်တည်ကြည့်တယ်။ ခန္ဓာမှာ နာကျင်နေတာတွေ ကြည့်တယ်။ လက်ရှိမှာ နေကြည့်တယ်။

သူကေတာ့ ပျော်ရွှင်အောင်မြင်ခဲ့သမျှတွေကိုအသံသွင်းပြီး နားကြပ်တပ်ကာ ပြန်နားထောင်လေ့ရှိတယ်။ ၆မိနစ်လောက်စာလောက်ပေါ့။ ဒီနည်းက စိတ်ကို ပျော်အောင်၊ တက်လာအောင် ဆွဲတင်စရာမလိုဘဲ အကောင်းဆုံး Boost လုပ်ဆောင်ပေးနိူင်တယ်လို့ဆိုတယ်။ 

2. Magic question

မနက်မနက် မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းတခုစီလောက် မေးကြည့်ပေးပါ။
ကျန်တဲ့တနေ့တာမှာ ဒါကို ပြန်ပြန်တွေးမိတိုင်း ပျော်စေမယ့်၊ အားအင်ရှိစေမယ့် မေးခွန်းမျိုးတော့ ဖြစ်ရပါမယ်။

ဒီနေ့ ဘယ်အရာက ငါ့ကို အံ့သြပျော်ရွှင်စေမလဲ၊ ငါ မစောင့်နိူင်တော့ဘူး။
အလုပ်နည်းနည်းလုပ်ပြီး၊ တနှစ်မှာ ခရီးလေးကြိမ်လောက် ထွက်နိူင်အောင် ငါ ဘယ်လိုကြိုးစားရမလဲ? 
ဒီနေ့ဟာ ဘယ်လောက်တောင် လှပတဲ့နေ့ဖြစ်မလဲ?

အဲသလိုမေးခွန်းတွေလို့ သူက ဥပမာပေးထားတယ်။ 

ကျွန်မကတော့ ကိုယ်ဆောက်တည်နိူင်မယ့် သီလတခုခု၊ ဒါမှမဟုတ် ကတိတခုခု ကိုယ့်ကိုကိုယ် ပေးလိုက်တာမျိုး လုပ်လေ့ရှိတယ်။ ငါ ဒီနေ့ အရက်သေစာ မေသာက်ဘူး။ လိမ်မပြောဘူး။ ငါ ဒီနေ့ စိတ်ညစ်စရာတွေ စိတ်ထဲ အဝင်မခံဘူးစသည်ဖြင့်။

3. Physical movement

ကိုယ့်ခန္ဓာရဲ့အစိတ်အပိုင်းလေးတွေကို လှုပ်ရှားပေးနေဖို့။ ခြေချောင်း၊ လက်ချောင်းကလေးတွေ လှုပ်ရှားပေးနေတာမျိုး။ လက်ရေးလက်သားကအစ ပြောင်းဖို့ ကြိုးစားတာမျိုး။ လက်မှတ်ပြောင်းထိုးကြည့်တာမျိုး။ 
ကျွန်မကတော့ ညာသန်ဖြစ်တာမို့ စာကို ဘယ်လက်နဲ့ ပြောင်းရေးကြည့်တယ်။ သွားတိုက်တဲ့အခါ ဘယ်လက်နဲ့ သွားတိုက်တံကိုင်ပြီး တိုက်ကြည့်တယ်။ အဲတာမျိုးပေါ့။ 
လုပ်နေကျအလေ့အထတွေကနေ ပြောင်းလဲကြည့်ပါ။ အရင်က မဖွံ့ဖြိုးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ စတင်လှုပ်ရှားလာမယ်၊ မီးငြိမ်းနေတဲ့ ဦးနှောက်ပတ်လမ်းကလေးတွေမှာ မီးတောက်ကလေး ဖ်တ္ကနဲ ထတောက်မယ်။ 
Bart Baggettက အဲသလို အခိုင်အမာပြောထားပါတယ်။

ကျွန်မအနေနဲ့ အချုပ်ပြောရရင်...
Neuroplasticity အကြောင်း ကျွန်မ ရေးခဲ့ဖူးတယ်။ အချိန်တော့ ယူရလိမ့်မယ်။ ကြာတော့လည်း အလေ့အထတခုအဖြစ် မခဲယဉ်းတော့ဘဲ ယဉ်ပါးလာပါလိမ့်မယ်။ 
အရှင်းဆုံးပြောရရင်...
ချမ်းသာဖို့အတွက် မချမ်းသာတဲ့စိတ်တွေကို ဖယ်ထုတ်ပစ်လိုက်ဖို့ ကြိုးစားခြင်းဟာ ချမ်းသာပျော်ရွှင်ခြင်းရဲ့လမ်းအစပါပဲ...

အားလုံးပဲ အေးချမ်းပျော်ရွှင်ကြပါစေရှင်

ချစ်ကြည်အေး

The Neuro-Pathway to Happiness | Bart Baggett | TEDxUBIWiltz ထဲက ကောက်နှုတ်ရေးသားထားပါတယ်။
Image credit: 
https://www.authenticityassociates.com/neural-plasticity-4…/

Sunday, July 12, 2020

Trophy Collector

(၁)

"ခုုတေလာ ခင္ဗ်ားၾကည့္ရတာ လန္းေနသလိုုပဲဗ်"

"အင္း ကၽြန္မကို ကၽြန္မ ျပန္ရလိုုက္တယ္ထင္တာပဲ"

"ေျပာပါဦး"

"ဘာေၾကာင့္မွန္းေတာ့ မသိဘူး၊ တခုုခုုကိုု ေရာက္သြားတာ၊ အဆံုုးကိုုလိုု႔ ထင္တာပဲ"

"အဲဒီအဆံုုးက ခင္ဗ်ားသေဘာက်တဲ့အဆံုုး ဟုုတ္ရဲ႕လား"

"သေဘာက်ျခင္း မက်ျခင္းေတြ ကၽြန္မ သိပ္စဥ္းစားေလ့ မရွိေတာ့ဘူး
ထင္တာပဲ"


အျပင္ဘက္က သစ္ပင္စိမ္းေတြဆီ တခ်က္လွမ္းေငးရင္း ခပ္ေလးေလးေျဖမိသည္။ တကယ္ေတာ့ သစ္ပင္ေပၚက အရြက္စိမ္းေတြက တကယ့္အစိမ္းေတာ့ မဟုုတ္ဘူး၊ ဖုုန္တက္ေနတဲ့အစိမ္းေတြ၊ မိုုးရြာလိုုက္ရင္ ေကာင္းမွာပဲ။


သူက ကားကိုု ဂရုုစိုုက္ေမာင္းရင္း ေရွ႕ၾကည့္ေနလ်က္က ေခါင္းတညိတ္ညိတ္။

သူမက အျပင္ကိုု ေငးလ်က္က ေတြးေတြးဆဆ ေျပာျပန္သည္။


"တကယ္ေတာ့ေလ သိလား"

"အင္း"


"ကၽြန္မလည္း သိပ္ေတာ့ မသိဘူး
ဘဝၾကီးက မသိျခင္းေတြျပည့္ႏွက္ေနတာဆိုုေတာ့ ကၽြန္မလည္း မသိျခင္းေတြဆီ ေရာက္ေရာက္သြားတာ မ်ားတယ္
သူက ကၽြန္မ ႏွစ္သက္ေလ့ရွိတဲ့ ေယာက်ာ္းပံုုစံေတာ့ မဟုုတ္ဘူး"


"He is not my cup of tea ဆိုုတာ ခင္ဗ်ား ေျပာဖူးတယ္ ဒါေပမယ့္"


"ဟုုတ္ပါတယ္၊ ကၽြန္မ က်ခဲ့ပါတယ္။ ဒါေပမယ့္ အခုု အဲတာကိုု ကၽြန္မ သံသယရွိေနတာ"


"အခ်စ္နဲ႔ စြဲလန္းျခင္းဟာ မတူဘူးေလ၊ ခင္ဗ်ား အခုု နားလည္သြားၿပီေပါ့"


"ဟုုတ္တယ္၊ ကၽြန္မေျပာခ်င္တာ အဲတာ
တၿပိဳင္နက္ထဲမွာပဲ အခ်စ္လိုု႔ထင္ခဲ့မိတာကိုု ကၽြန္မ ႏွေမ်ာေနတာ
အခ်ိန္ေတြအၾကာၾကီး ေသခ်ာတယ္ထင္ခဲ့တာေလ၊ တသက္မွာ လူတေယာက္ကိုုေတာ့ ခ်စ္ခဲ့ဖူးၿပီ ထင္ခဲ့တာ"


"ခင္ဗ်ားကိုု ေသေသခ်ာခ်ာေလ့လာၿပီးမွ ခင္ဗ်ားစိတ္ကိုု ေလ့က်င့္ေပးၿပီး သူလိုုခ်င္တဲ့ဆီ ေရာက္ေအာင္သြားခဲ့တာမ်ိဳး."

"ဟုုတ္တယ္ ဟုုတ္တယ္၊ ကၽြန္မေျပာခ်င္တာ အဲတာမ်ိဳးလား မသိဘူး"

"ခင္ဗ်ားကိုုယ္တိုုင္က ခင္ဗ်ားဘဝထဲ သူမရွိရင္ မျဖစ္ေတာ့ပါဘူးဆိုုတဲ့အထိ ခံစားခဲ့ရေအာင္ ခင္ဗ်ားစိတ္ထဲ အနက္ၾကီး ခ်ိန္ပစ္ထည့္ခဲ့တာ"


သူမစိတ္ေတြ ေဝဝါးသြားခဲ့ျပန္သည္။ ဒါေၾကာင့္လည္း သူမဒဏ္ရာနက္ခဲ့တာ။


"မီးဝါေနၿပီေနာ္၊ အရွိန္ေလွ်ာ့ဦး"


မီးပြိဳင့္မွာ ကားရပ္ခိုုက္ ေဘးကကားေတြကိုု သူမေငးမိျပန္သည္။ ဘာကားအမ်ိဳးအစားပါလိမ့္၊ ကားအမ်ိဳးအစားေတြ၊ တံဆိပ္ေတြ၊ နာမည္ၾကီးေတြကိုု သူမ မသိပါ။


"ေယာက်ာ္းေတြက မိန္းမေတြထက္ ဂုုဏ္ေတြ ပါဝါေတြ အသိုုင္းအဝိုုင္းေတြ ပိုုၾကည့္တတ္တယ္ေနာ္"

"ေယာက်ာ္းတိုုင္းေတာ့ ဟုုတ္မယ္မထင္ပါဘူးဗ်ာ"

သူက အဲလိုုလူမ်ိဳးထင္ပါရဲ႕


"ကၽြန္မဘဝမွာေလ တခါမွ အျမင့္ကိုုေရာက္ခ်င္စိတ္နဲ႔ မၾကိဳးစားခဲ့ဖူးဘူး"

"ခင္ဗ်ား ေနာင္တနဲ႔ နာက်င္ေနတာမ်ိဳးေတြ ခံစားရတုုန္းလား"


"အင္းဒါေပမယ့္ ရွင္သိလား၊ ကၽြန္မမာနေၾကာင့္ နာက်င္ေနရတာ
တျခားမိန္းကေလးေတြလိုု ဟန္မေဆာင္တတ္ခဲ့ဘူး၊ ကၽြန္မဟာ ရဖိုု႔ခက္တယ္ဆိုုတာမ်ိဳး ကၽြန္မ ေနမျပခဲ့ဘူး။ ၿပီးေတာ့ သူ 

ထြက္သြားတဲ့အခါ သူ႔ေနာက္က ေျပးလိုုက္ေနခဲ့မိတယ္၊ တျခားမိန္းကေလးေတြလိုု ကိုုယ့္လမ္းကိုု ေပ်ာ္ေအာင္ တေယာက္ထဲ ဆက္ေလွ်ာက္ မျပမိခဲ့ဘူး၊ ေနာင္တလိုု႔ နာမည္တပ္ရမလား မသိဘူး။ အဲတာေတြအတြက္ ကၽြန္မ နာက်င္ေနရတာ"


"အဲတာ ခင္ဗ်ားက ရိုုးသားတာကိုုး၊ ခင္ဗ်ားလိုု အမ်ိဳးသမီးမ်ိဳး သူထပ္ေတြ႔မယ္ ထင္ေနလိုု႔လား"


"မထင္ပါဘူး၊ တျခားမိန္းကေလးေတြက မာနရွိတယ္။ ကၽြန္မက မာနမ႐ွိခဲ့တာ"


"ေရာ္ခက္ၿပီ၊ သူေတြ႔ဖူးတဲ့မိန္းကေလးလိုုမ်ိဳးေတြက အမ်ားၾကီးပါဗ်။ ခုုေခတ္မွာ ဘယ္သူကမွ ကိုုယ့္စိတ္ကိုု အနာခံၿပီး၊ ကိုုယ့္မာနကိုု ခ်ၿပီး လူတေယာက္ကိုု ဘယ္သူကမွ မခ်စ္ေတာ့ဘူးဗ်.။ ခင္ဗ်ားလိုု sincere သိပ္ျဖစ္လြန္းတဲ့အမ်ိဳးသမီး ရွားတယ္ေလ"


"ရွားေတာ့ ဘာျဖစ္လဲ၊ ကၽြန္မ တန္ဘိုုးအထားမခံခဲ့ရဘူးေလ။ ကၽြန္မနာက်င္ရတာ အဲတာေၾကာင့္လည္းပါတယ္။ လြယ္လြယ္နဲ႔ရရင္ လူတိုုင္း တန္ဘိုုးမထားတတ္ၾကဘူးတဲ့၊ အဲလိုု သူေျပာခဲ့တာ"


"လူတိုုင္း ? 
မဟုုတ္တာ၊ လူတိုုင္းဆိုုတာေတာ့ မမွန္ဘူးဗ်။ လြယ္တာခက္တာအေပၚ တန္ဘိုုးထားမွႈဆိုုတာေတြက လူတဦးခ်င္းစီနဲ့သာ ဆိုုင္တာေတြပါဗ်ာ။ ခင္ဗ်ား ကိုုယ့္ကိုုယ္ကိုု အဲေလာက္ မႏွိပ္စက္သင့္ဘူး"


"တခါေတေလတာ့ သူ ကၽြန္မကိုု သံေယာဇဥ္မ်ား ရွိေသးလား ထင္မိျပန္တယ္။ အဲဒီအခါမ်ိဳးေတြမွာ ကၽြန္မ သိပ္ငိုုခ်င္တာပဲ"


"ကၽြန္ေတာ္ေျပာမယ္။ အဲ့လူဟာ Trophy collector လုုိ လူမ်ိဳးပဲ။ သူ႔ဝါသနာအရ Trophyေတြကိုု လိုုက္စုုေဆာင္းမယ္၊ ရလာသမွ် ဘီရိုုထဲ ထည့္သိမ္းထားမယ္။ ဒါဟာ သူ႔ေအာင္ျမင္မွႈ၊ သူ႔ဂုုဏ္သိကၡာပဲ။ ဒါေတြကိုု တစိမ့္စိမ့္ၾကည့္မိတိုုင္း သူ႔မွာ energyအသစ္ေတြရေနမယ္၊ ဒီေလာက္ပဲ။ 
ရၿပီးတဲ့ Trophyေတြကိုု ဘီရိုုထဲပစ္ထားၿပီး မရေသးတဲ့ Trophyအသစ္ေတြကိုု စိတ္ဝင္တစား လိုုက္စုုေဆာင္းမယ္။ တခါတေလေတာ့လည္း ရၿပီးသြားတဲ့ Trophyေတြ ဖုုန္တက္တဲ့အခါ ဘီရိုုထဲကထုုတ္၊ ဖုုန္ေလးဘာေလးျပန္သုုတ္ရင္း အဲ့ Trophyနဲ႔ ဆက္စပ္ခဲ့သမွ်မွတ္ဉာဏ္ေတြကိုု ျပန္စဥ္းစားခ်င္ စဥ္းစားလိမ့္မယ္။ အဲတာကလည္း သူ႔သာယာမွႈအတြက္ပဲဗ်။ ရၿပီးသားTrophyအေဟာင္းတခုုအေပၚမွာ သူ႔စိတ္ဝင္စားမွႈက အဲသေလာက္ပဲ၊ အဲတာကိုု သံေယာဇဥ္လိုု႔ ခင္ဗ်ား ဘာသာျပန္ မလြဲမိေစနဲ႔"


"ေယာက်ာ္းေတြ ရွင့္လိုု စိတ္ထားရွိရင္ ေကာင္းမွာ"

"အမ်ိဳးသမီးေတြလည္း ခင္ဗ်ားလိုုဆိုုရင္ ေကာင္းမွာ"


သူမတိုု႔ႏွစ္ေယာက္လံုုး ေသဘာတက္ ရယ္မိၾကရသည္။ ပခံုုးေပၚတင္ထားတဲ့ ကမာၻၾကီးက ခဏေတာ့ ေပါ့ပါးသြားသလိုု.။ 


(၂)


"ေဆးေတြလည္း မွန္မွန္ေသာက္ဖိုု႔ မေမ့နဲ႔ဗ် ေနာ္၊ ေနာက္လ ေဆးခန္းရက္ခ်ိန္းမွာ ျပန္ေတြ႔တာေပါ့ဗ်ာ၊ ဒီၾကားထဲ ခင္ဗ်ားစိတ္ထဲ ထူးထူးျခားျခားျဖစ္စဥ္တခုုခုု ရွိခဲ့ရင္ ကၽြန္ေတာ့္ဆီ ဖုုန္းဆက္ဖိုု႔ အားမနာပါနဲ႔"


"ဟုုတ္ ဆရာ"


သူ႔ကားထဲမွ မထြက္ခင္ ဒက္ရွ္ဘုုတ္ေပၚရွိ သူ႔လိပ္စာကဒ္က သူမမ်က္လံုုးထဲ ဖ်တ္ကနဲ ဝင္ေရာက္ေနရာယူေလသည္။ အဲတာမ်ိဳးတကတ္ သူမပိုုက္ဆံအိတ္ထဲ ရွိေနတာကိုုပါ တဆက္ထဲသတိရကာ ျပံဳးမိေသးသည္။


* Your well-being is our Happiness *

George Wells Clinic
NOT a Doctor

Psychotherapy
Ph : xxxx xxxx
xxxx xxxx
Located @ 


အိမ္ထဲေရာက္ေရာက္ခ်င္း ဧည့္ခန္းမီးေတြကိုု ဖြင့္လိုုက္ေတာ့ အဝါေရာင္လင္းလင္းေတြက ခန္းလံုုးျပည့္ ျဖည့္လိုုက္တာကိုုပင္ သူမ သေဘာက်ေနမိျပန္သည္ေလ.။


ခ်စ္ၾကည္ေအး

==========================

(၁)

"ခုတလော ခင်ဗျားကြည့်ရတာ လန်းနေသလိုပဲဗျ"

"အင်း ကျွန်မကို ကျွန်မ ပြန်ရလိုက်တယ်ထင်တာပဲ"

"ပြောပါဦး"

"ဘာကြောင့်မှန်းတော့ မသိဘူး၊ တခုခုကို ရောက်သွားတာ၊ အဆုံးကိုလို့ ထင်တာပဲ"

"အဲဒီအဆုံးက ခင်ဗျားသဘောကျတဲ့အဆုံး ဟုတ်ရဲ့လား"

"သဘောကျခြင်း မကျခြင်းတွေ ကျွန်မ သိပ်စဉ်းစားလေ့ မရှိတော့ဘူး
ထင်တာပဲ"

အပြင်ဘက်က သစ်ပင်စိမ်းတွေဆီ တချက်လှမ်းငေးရင်း ခပ်လေးလေးဖြေမိသည်။ တကယ်တော့ သစ်ပင်ပေါ်က အရွက်စိမ်းတွေက တကယ့်အစိမ်းတော့ မဟုတ်ဘူး၊ ဖုန်တက်နေတဲ့အစိမ်းတွေ၊ မိုးရွာလိုက်ရင် ကောင်းမှာပဲ။

သူက ကားကို ဂရုစိုက်မောင်းရင်း ရှေ့ကြည့်နေလျက်က ခေါင်းတညိတ်ညိတ်။

သူမက အပြင်ကို ငေးလျက်က တွေးတွေးဆဆ ပြောပြန်သည်။

"တကယ်တော့လေ သိလား"

"အင်း"

"ကျွန်မလည်း သိပ်တော့ မသိဘူး
ဘဝကြီးက မသိခြင်းတွေပြည့်နှက်နေတာဆိုတော့ ကျွန်မလည်း မသိခြင်းတွေဆီ ရောက်ရောက်သွားတာ များတယ်
သူက ကျွန်မ နှစ်သက်လေ့ရှိတဲ့ ယောကျာ်းပုံစံတော့ မဟုတ်ဘူး"

"He is not my cup of tea ဆိုတာ ခင်ဗျား ပြောဖူးတယ် ဒါပေမယ့်"

"ဟုတ်ပါတယ်၊ ကျွန်မ ကျခဲ့ပါတယ်။ ဒါပေမယ့် အခု အဲတာကို ကျွန်မ သံသယရှိနေတာ"

"အချစ်နဲ့ စွဲလန်းခြင်းဟာ မတူဘူးလေ၊ ခင်ဗျား အခု နားလည်သွားပြီပေါ့"

"ဟုတ်တယ်၊ ကျွန်မပြောချင်တာ အဲတာ
တပြိုင်နက်ထဲမှာပဲ အချစ်လို့ထင်ခဲ့မိတာကို ကျွန်မ နှမျောနေတာ
အချိန်တွေအကြာကြီး သေချာတယ်ထင်ခဲ့တာလေ၊ တသက်မှာ လူတယောက်ကိုတော့ ချစ်ခဲ့ဖူးပြီ ထင်ခဲ့တာ"

"ခင်ဗျားကို သေသေချာချာလေ့လာပြီးမှ ခင်ဗျားစိတ်ကို လေ့ကျင့်ပေးပြီး သူလိုချင်တဲ့ဆီ ရောက်အောင်သွားခဲ့တာမျိုး."

"ဟုတ်တယ် ဟုတ်တယ်၊ ကျွန်မပြောချင်တာ အဲတာမျိုးလား မသိဘူး"

"ခင်ဗျားကိုယ်တိုင်က ခင်ဗျားဘဝထဲ သူမရှိရင် မဖြစ်တော့ပါဘူးဆိုတဲ့အထိ ခံစားခဲ့ရအောင် ခင်ဗျားစိတ်ထဲ အနက်ကြီး ချိန်ပစ်ထည့်ခဲ့တာ"

သူမစိတ်တွေ ဝေဝါးသွားခဲ့ပြန်သည်။ ဒါကြောင့်လည်း သူမဒဏ်ရာနက်ခဲ့တာ။

"မီးဝါနေပြီနော်၊ အရှိန်လျှော့ဦး"

မီးပွိုင့်မှာ ကားရပ်ခိုက် ဘေးကကားတွေကို သူမငေးမိပြန်သည်။ ဘာကားအမျိုးအစားပါလိမ့်၊ ကားအမျိုးအစားတွေ၊ တံဆိပ်တွေ၊ နာမည်ကြီးတွေကို သူမ မသိပါ။

"ယောကျာ်းတွေက မိန်းမတွေထက် ဂုဏ်တွေ ပါဝါတွေ အသိုင်းအဝိုင်းတွေ ပိုကြည့်တတ်တယ်နော်"

"ယောကျာ်းတိုင်းတော့ ဟုတ်မယ်မထင်ပါဘူးဗျာ"

သူက အဲလိုလူမျိုးထင်ပါရဲ့

"ကျွန်မဘဝမှာလေ တခါမြ အမြင့်ကိုရောက်ချင်စိတ်နဲ့ မကြိုးစားခဲ့ဖူးဘူး"

"ခင်ဗျား နောင်တနဲ့ နာကျင်နေတာမျိုးတွေ ခံစားရတုန်းလား"

"အင်းဒါပေမယ့် ရှင်သိလား၊ ကျွန်မမာနကြောင့် နာကျင်နေရတာ
တခြားမိန်းကလေးတွေလို ဟန်မဆောင်တတ်ခဲ့ဘူး၊ ကျွန်မဟာ ရဖို့ခက်တယ်ဆိုတာမျိုး ကျွန်မ နေမပြခဲ့ဘူး။ ပြီးတော့ သူ ထြက်သြားတဲ့အခါ သူ့နောက်က ပြေးလိုက်နေခဲ့မိတယ်၊ တခြားမိန်းကလေးတွေလို ကိုယ့်လမ်းကို ပျော်အောင် တယောက်ထဲ ဆက်လျှောက် မ်ပမိခဲ့ဘူး၊ နောင်တလို့ နာမည်တပ်ရမလား မသိဘူး။ အဲတာတွေအတွက် ကျွန်မ နာကျင်နေရတာ"

"အဲတာ ခင်ဗျားက ရိုးသားတာကိုး၊ ခင်ဗျားလို အမျိုးသမီးမျိုး သူထပ်တွေ့မယ် ထင်နေလို့လား"

"မထင်ပါဘူး၊ တခြားမိန်းကလေးတွေက မာနရှိတယ်။ ကျွန်မက မာနမရွိခဲ့တာ"

"ရော်ခက်ပြီ၊ သူတွေ့ဖူးတဲ့မိန်းကလေးလိုမျိုးတွေက အများကြီးပါဗျ။ ခုခေတ်မှာ ဘယ်သူကမွ ကိုယ့်စိတ်ကို အနာခံပြီး၊ ကိုယ့်မာနကို ချပြီး လူတယောက်ကို ဘယ်သူကမွ မချစ်တော့ဘူးဗျ.။ ခင်ဗျားလို sincere သိပ်ဖြစ်လွန်းတဲ့အမျိုးသမီး ရှားတယ်လေ"

"ရှားတော့ ဘာဖြစ်လဲ၊ ကျွန်မ တန်ဘိုးအထားမခံခဲ့ရဘူးလေ။ ကျွန်မနာကျင်ရတာ အဲတာကြောင့်လည်းပါတယ်။ လွယ်လွယ်နဲ့ရရင် လူတိုင်း တန်ဘိုးမထားတတ်ကြဘူးတဲ့၊ အဲလို သူပြောခဲ့တာ"

"လူတိုင်း ? 
မဟုတ်တာ၊ လူတိုင်းဆိုတာတော့ မမွန်ဘူးဗ်။ လွယ်တာခက်တာအပေါ် တန်ဘိုးထားမှှုဆိုတာတွေက လူတဦးချင်းစီနဲ့သာ ဆိုင်တာတွေပါဗျာ
ခင်ဗျား ကိုယ့်ကိုယ်ကို အဲလောက် မနှိပ်စက်သင့်ဘူး"

"တခါတေလေတာ့ သူ ကျွန်မကို သံယောဇဉ်များ ရှိသေးလား ထင်မိပြန်တယ်။ အဲဒီအခါမျိုးတွေမှာ ကျွန်မ သိပ်ငိုချင်တာပဲ"

"ကျွန်တော်ပြောမယ်။ အဲ့လူဟာ Trophy collector လို လူမျိုးပဲ။ သူ့ဝါသနာအရ Trophyတွေကို လိုက်စုဆောင်းမယ်၊ ရလာသမွ် ဘီရိုထဲ ထည့်သိမ်းထားမယ်။ ဒါဟာ သူ့အောင်မြင်မှှု၊ သူ့ဂုဏ်သိက္ခာပဲ။ ဒါတွေကို တစိမ့်စိမ့်ကြည့်မိတိုင်း သူ့မှာ energyအသစ်တွေရနေမယ်၊ ဒီလောက်ပဲ။ 
ရပြီးတဲ့ Trophyတွေကို ဘီရိုထဲပစ်ထားပြီး မရေသးတဲ့ Trophyအသစ်တွေကို စိတ်ဝင်တစား လိုက်စုဆောင်းမယ်။ တခါတလေတော့လည်း ရပြီးသွားတဲ့ Trophyတွေ ဖုန်တက်တဲ့အခါ ဘီရိုထဲကထုတ်၊ ဖုန်လေးဘာလေးပြန်သုတ်ရင်း အဲ့ Trophyနဲ့ ဆက်စပ်ခဲ့သမျှမှတ်ဉာဏ်တွေကို ပြန်စဉ်းစားချင် စဉ်းစားလိမ့်မယ်။ အဲတာကလည်း သူ့သာယာမှှုအတွက်ပဲဗျ။ ရပြီးသားTrophyအဟောင်းတခုအပေါ်မှာ သူ့စိတ်ဝင်စားမှှုက အဲသလောက်ပဲ၊ အဲတာကို သံယောဇဉ်လို့ ခင်ဗျား ဘာသာပြန် မလွဲမိစေနဲ့"

"ယောကျာ်းတွေ ရှင့်လို စိတ်ထားရှိရင် ကောင်းမှာ"

"အမျိုးသမီးတွေလည်း ခင်ဗျားလိုဆိုရင် ကောင်းမှာ"

သူမတို့နှစ်ယောက်လုံး သေဘာတက် ရယ်မိကြရသည်။ ပခုံးပေါ်တင်ထားတဲ့ ကမ္ဘာကြီးက ခဏေတာ့ ပေါ့ပါးသွားသလို.။ 


(၂)


"ဆေးတွေလည်း မှန်မှန်သောက်ဖို့ မမေ့နဲ့ဗျ နော်၊ နောက်လ ဆေးခန်းရက်ချိန်းမှာ ပြန်တွေ့တာပေါ့ဗျာ၊ ဒီကြားထဲ ခင်ဗျားစိတ်ထဲ ထူးထူးခြားခြားဖြစ်စဉ်တခုခု ရှိခဲ့ရင် ကျွန်တော့်ဆီ ဖုန်းဆက်ဖို့ အားမနာပါနဲ့"

"ဟုတ် ဆရာ"

သူ့ကားထဲမှ မထွက်ခင် ဒက်ရှ်ဘုတ်ပေါ်ရှိ သူ့လိပ်စာကဒ်က သူမမျက်လုံးထဲ ဖ်တ္ကနဲ ဝင်ရောက်နေရာယူလေသည်။ အဲတာမျိုးတကတ် သူမပိုက်ဆံအိတ်ထဲ ရှိနေတာကိုပါ တဆက်ထဲသတိရကာ ပြုံးမိသေးသည်။

* Your well-being is our Happiness *

George Wells Clinic
NOT a Doctor

Psychotherapy
Ph : xxxx xxxx
xxxx xxxx
Located @ 

အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းမီးတွေကို ဖွင့်လိုက်တော့ အဝါရောင်လင်းလင်းတွေက ခန်းလုံးပြည့် ဖြည့်လိုက်တာကိုပင် သူမ သဘောကျနေမိပြန်သည်လေ.။



ချစ်ကြည်အေး

Wednesday, July 8, 2020

"အက်ယ္အဝန္း"

"အက်ယ္အဝန္း"


ေနရာေတြရွားပါးလာတာလား 
လူေတြေနဖိုု႔...
ေျမကမာၻၾကီးက က်ဥ္းေျမာင္းလာတာလား
ဘဝထဲမွာ...၊

တခါက
မင္းနဲ႔အတူထိုုင္ခဲ့ဖူးတဲ့ အင္တာနက္ကာဖီဆိုုင္ေလး
ဖ်က္လိုုက္ၾကၿပီတဲ့...၊
လူေနတိုုက္ခန္းၾကီး ထိုုးထိုုးေထာင္ေထာင္က အစားထိုုးဝင္ေရာက္လိုု႔...။

ကင္မရာထဲမွာ
စိတ္ထဲမွာ
ေလထုထဲမွာ
လြင့္က်န္ခဲ့တဲ့ အမွတ္တရေတြ...

သူတိုု႔က်ေတာ့ ေနရာက်ယ္ဝန္းလြန္းလွတယ္။




ခ်စ္ၾကည္ေအး
ဝ၂၁၂၂ဝ၁၇
ေရးခဲ့ဖူးတဲ့ ကဗ်ာ ~


=================


"အကျယ်အဝန်း"



နေရာတွေရှားပါးလာတာလား 
လူတွေနေဖို့...
မြေကမ္ဘာကြီးက ကျဉ်းမြောင်းလာတာလား
ဘဝထဲမွာ...၊

တခါက
မင်းနဲ့အတူထိုင်ခဲ့ဖူးတဲ့ အင်တာနက်ကာဖီဆိုင်လေး
ဖျက်လိုက်ကြပြီတဲ့...၊
လူနေတိုက်ခန်းကြီး ထိုးထိုးထောင်ထောင်က အစားထိုးဝင်ရောက်လို့...။

ကင်မရာထဲမှာ
စိတ်ထဲမှာ
လေထုထဲမှာ
လွင့်ကျန်ခဲ့တဲ့ အမွတ္တရေတြ...

သူတို့ကျတော့ နေရာကျယ်ဝန်းလွန်းလှတယ်။




ချစ်ကြည်အေး
ဝ၂၁၂၂ဝ၁၇
ရေးခဲ့ဖူးတဲ့ ကဗ်ာ ~

Saturday, July 4, 2020

This page intentionally left blank





This page intentionally left blank

အဲဒီစာသားကိုု PDFစာအုုပ္တခ်ိဳ႕ အြန္လိုင္းမွာဖတ္စဥ္ ျမင္ဖူးၾကလိမ့္မယ္။ 
ဘာေၾကာင့္ ရည္ရြယ္ခ်က္ရွိရွိ ခ်န္လွပ္ထားခဲ့ရတာလဲ...။ ေသခ်ာတယ္၊ အေၾကာင္းေတာ့ ရွိတာေပါ့။ အဲလိုေရးသားထားရျခင္းကိုက မွားယြင္းမွႈေၾကာင့္ ေက်ာ္သြားတာ မဟုုတ္ဘူးဆိုုတာ စာဖတ္သူကိုု သိေစလိုုတာ။ 
စာအုုပ္ကိုု ပံုုႏွိပ္တဲ့အခါ စာမ်က္ႏွာစဥ္ စံုု-မ ကိုုယ္လိုုခ်င္သလိုု က်ေအာင္ ခ်န္လွပ္ထားခဲ့တာ။ ေနာက္အပိုုင္းသစ္တခုုရဲ႕အစကိုု အရင္အပိုုင္းရဲ႕ေနာက္ေက်ာဘက္မွာ မထားေစဘဲ စာမ်က္ႏွာအသစ္ (မ-ဂဏန္းဘက္)မွာ က်ေစလိုုတာ။
ေျပာခ်င္တာက အေၾကာင္းမဲ့သက္သက္ မဟုုတ္ဘူး။ 
ဘဝထဲမွာေရာ...
ဘယ္အရာကမွ အေၾကာင္းမဲ့ ျဖစ္မလာဘူး။ အရာရာတိုုင္းမွာ ျဖစ္ရ ပ်က္ရတဲ့ အေၾကာင္းရင္း ရွိကိုုရွိေနတယ္။ 
ကိုုယ္႔မွာ ရည္ရြယ္ခ်က္ရွိရွိ ခ်န္လွပ္ထားခဲ့ၿပီး၊ ေက်ာ္သြားခဲ့ရတဲ့ စာမ်က္ႏွာေတြ ရွိေနၾကတယ္...။
႐ွင္တို႔ဆီမွာလည္း ေက်ာ္သြားခဲ့ရတဲ့စာမ်က္ႏွာေတြ ရိွေနမွာပဲ၊ ဒါေပမယ့္ ဒါကို ဘယ္သူ႔ကိုမွ ေျပာျပဖို႔ မလိုဘူး၊ မလိုအပ္ဘူး...။
တခ်ိဳ႕ေက်ာ္သြားခဲ့ရတာေတြ၊ ေခါက္သိမ္းထားခဲ့ရတာေတြက တခ်ိန္ခ်ိန္မွာ ျပန္လည္ဖြင့္ၾကည့္ဖိုု႔...
တခ်ိဳ႕ေက်ာ္သြားခဲ့ရတာေတြ၊ ေခါက္သိမ္းထားခဲ့ရတာေတြကေတာ့ ဘယ္ေတာ့မွ ျပန္မၾကည့္မိေစဖိုု႔ေပါ့....
ဘဝစာမ်က္ႏွာေတြထဲ... intentionally left blank ဆိုတာေတြ ရိွေနတယ္...ဆိုတဲ့အေၾကာင္းေပါ့...
ဘယ္ေလာက္ေတာင္မ်ားတဲ့ စာမ်က္ႏွာေတြ blankထားခဲ့မိပါလိမ့္....၊
ကိုယ္တို႔ ကိုယ္စီဘဝထဲမွာေလ....
ခကအ
ေတြးမိ~
===============================

This page intentionally left blank

အဲဒီစာသားကို PDFစာအုပ်တချို့ အွန်လိုင်းမှာဖတ်စဉ် မြင်ဖူးကြလိမ့်မယ်။ 
ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ရတာလဲ...။ သေချာတယ်၊ အကြောင်းတော့ ရှိတာပေါ့။ အဲလိုရေးသားထားရခြင်းကိုက မှားယွင်းမှှုကြောင့် ကျော်သွားတာ မဟုတ်ဘူးဆိုတာ စာဖတ်သူကို သိစေလိုတာ။
စာအုပ်ကို ပုံနှိပ်တဲ့အခါ စာမျက်နှာစဉ် စုံ-မ ကိုယ်လိုချင်သလို ကျအောင် ချန်လှပ်ထားခဲ့တာ။ နောက်အပိုင်းသစ်တခုရဲ့အစကို အရင်အပိုင်းရဲ့နောက်ကျောဘက်မှာ မထားစေဘဲ စာမျက်နှာအသစ် (မ-ဂဏန်းဘက်)မြာ ကျစေလိုတာ။
ပြောချင်တာက အကြောင်းမဲ့သက်သက် မဟုတ်ဘူး။ 
ဘဝထဲမှာရော...
ဘယ်အရာကမှ အကြောင်းမဲ့ ဖြစ်မလာဘူး။ အရာရာတိုင်းမှာ ဖြစ်ရ ပျက်ရတဲ့ အကြောင်းရင်း ရှိကိုရှိနေတယ်။ 
ကိုယ့်မှာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ပြီး၊ ကျော်သွားခဲ့ရတဲ့ စာမျက်နှာတွေ ရှိနေကြတယ်...။
ရှင်တို့ဆီမှာလည်း ကျော်သွားခဲ့ရတဲ့စာမျက်နှာတွေ ရှိနေမှာပဲ၊ ဒါပေမယ့် ဒါကို ဘယ်သူ့ကိုမှ ပြောပြဖို့ မလိုဘူး၊ မလိုအပ္ဘူး...။
တချို့ကျော်သွားခဲ့ရတာတွေ၊ ခေါက်သိမ်းထားခဲ့ရတာတွေက တချိန်ချိန်မှာ ပြန်လည်ဖွင့်ကြည့်ဖို့...
တချို့ကျော်သွားခဲ့ရတာတွေ၊ ခေါက်သိမ်းထားခဲ့ရတာတွေကတော့ ဘယ်တော့မှ ပြန်မကြည့်မိစေဖို့ပေါ့....
ဘဝစာမျက်နှာတွေထဲ... intentionally left blank ဆိုတာတွေ ရှိနေတယ်...ဆိုတဲ့အကြောင်းပေါ့...
ဘယ်လောက်တောင်များတဲ့ စာမျက်နှာတွေ blankထားခဲ့မိပါလိမ့်....၊
ကိုယ်တို့ ကိုယ်စီဘဝထဲမှာလေ....
ခကအ
တွေးမိ~

Thursday, June 25, 2020

Dream

Love is...
not what you play hard-to-get game
If you agree on that plane
let me reread the state of untamed...
There's a jasmine
lives life peacefully blooming 
Once...
one sharp incedent cut her deep and
its so deep that
needs longer time to heal
Its not just a breeze that cool you
but the wind that blow you
A W A Y.....
no matter how wringer the pain
she keeps on enduring the same
it's not that the strom makes her fall,
it's she... 
who just weaks and full of flaws.
WakeUp!
Jasmine shouts!
It was just a dream...
just a dream that
nothing to attach...at the end.
but the PAIN....
endlessly...



CKA

Tuesday, June 16, 2020

သူမ

သူမ ညက အိပ္မက္ေတြ မက္တယ္။ အိပ္မက္ေတြ မက္ခဲ့တယ္။ တခုထက္ပိုတဲ့ အိပ္မက္ေတြဟာ အကုန္ေၾကာက္မက္ဖြယ္ေတြ။ 



ဇာျခင္ေထာင္တခုထဲ အိပ္ေနတဲ့သူမကို အျပင္က လက္ေတြက ဝိုင္းၿပီး ဆြဲထုတ္ယူငင္ေနၾကတယ္။ (တကယ္က သူမ ​ေနတဲ့ၿမိဳ႕မွာ ျခင္ေထာင္နဲ႔အိပ္ဖို႔ မလိုလို႔ ဘယ္တုန္းကမွ ျခင္ေထာင္ ေထာင္မအိပ္ခဲ့ဘူး) လက္ေတြက လက္သည္း႐ွည္ေတြနဲ႔၊ ဘာေဆးေရာင္မွေတာ့ ဆိုးမထားဘူး။ ညိဳညစ္ေရာင္လက္ေတြဟာ ေပြလိမ္ ေကာက္ေကြ႔လို႔၊ သူမကို အငမ္းမရ ဆြဲလြဲယူငင္ေနခဲ့တာ၊ သူမက ေၾကာက္လန္႔တၾကား ႐ုန္းကန္ေနခဲ့တာ။ အျပင္ကို မလိုက္ခ်င္ဘူး။ လံုျခံဳမႈကင္းမဲ့တဲ့ ျပင္ပမွာ သူမဟာ ဒီထက္နာက်င္ဖို႔သာပဲ။ ႐ုန္းကန္ေနရတာ ေၾကာက္စိတ္နဲ႔၊ ေမာပန္းလြန္းတဲ့စိတ္နဲ႔၊ ဘယ္ကိုမွလည္း ေျပးထြက္လို႔ မလြတ္ေတာ့...။

သူမ လန္႔ႏိူးလာခဲ့တယ္။

ျပတင္းေပါက္က အလင္းပ်ပ် မႈန္လဲ့လဲ့ကေလး ျမင္ရတယ္။ စိတ္ခ်လက္ခ်မဟုတ္ေပမယ့္ လံုျခံဳစြာ ရိွေနေသးတယ္ဆိုတဲ့စိတ္တခုနဲ႔ ေမွးကနဲ ျပန္အိပ္ေပ်ာ္သြားတယ္။
အခန္းထဲမွာ သူမ တေယာက္ထဲ....

မိုးသံသဲ့သဲ့ကို နားကၾကားတယ္။ မနက္ မလင္းေသးဘူးဘဲ။ အလင္းမႈန္ကေလး တန္းတန္းမွ် ျမင္ရတဲ့အခန္းဟာ မိုးရိပ္နဲ႔ ေမွာင္ေတာ့တယ္။
relaxing/ sleeping music for 3hoursဆိုတာကို youtubeကေန တိုးတိုးကေလး ဖြင့္ထားလိုက္တယ္။ ခႏၶာကိုယ္ကို ေပ်ာ့ခ်လိုက္တယ္။ မ်က္ဝန္းေတြေလးလာၿပီး သူမ အိပ္ေပ်ာ္သြားျပန္တယ္။

အိကနဲ...၊ သူမေဘးမွာ တစံုတေယာက္ လွဲဝင္အိပ္ခ်လိုက္သလို ေမြ႔ရာက ၫႊတ္ဆင္းသြားတယ္။ သူမ သိစိတ္ထဲ ေမႊးညင္းေတြ ဖ်န္းကနဲေထာင္ထကာ ႏိူးလာျပန္တယ္။ မ်က္လံုးေတြကိုေတာ့ မဖြင့္ရဲေသးဘူး။ ေဘးက တစံုတေယာက္ရဲ႕ အသက္႐ွဴေနသံလား၊ သူမ ၾကားေနရတယ္။ ဟင့္အင္း...၊ သူမတေယာက္ထဲရိွတဲ့ အခန္းထဲမွာေလ...။ ေၾကာက္စိတ္နဲ႔ မ်က္ရည္ေတြ စိမ့္က်လာတယ္။ မ်က္ဝန္းေတြကို ေမွးစင္းထားရက္နဲ႔ ေဘးကို နည္းနည္းေလး ငဲ့ၾကည့္လိုက္တယ္။ သူမ တေယာက္ထဲပါပဲ။
အျမင္အာရံုက လွည့္စားတတ္သလား၊ အၾကားအာရံုက လွည့္စားတတ္တာလား။ ခုနက သူမ ၾကားလိုက္ျမင္လိုက္ရတာေတြက...လွည့္စားမႈသက္သက္လား...။ အိပ္မက္ မက္ျပန္ၿပီလား...။ သူမကလြဲလို႔ ဘယ္သူမွမရိွတဲ့အခန္းထဲမွာ...။
ရိွဳက္သံမွ မၾကားရဘဲ သူမမ်က္ဝန္းေတြ စိုစြတ္လို႔လာတယ္။ အိပ္မက္ဆိုးေတြ ဘာေၾကာင့္မက္ရသလဲဆိုတာကို ဘယ္မွာမွ ႐ွာမဖတ္ခ်င္ေတာ့ဘူး။ အလြတ္ေတာင္ရေနခဲ့ၿပီ။ အျမဲတမ္း ေသလုေမ်ာပါး ထြက္ေျပး ႐ုန္းကန္၊ ေခြၽးေတြနဲ႔ ေမာပန္းႏိူးထလာရတိုင္း ေသရာပါမယ့္စိတ္ဒဏ္ရာကို နာနာက်င္က်င္ မုန္းတယ္။
အိပ္ရာေဘးက ေဆးပုလင္းထဲက ေဆးတလံုးကို လည္ေခ်ာင္းထဲ ေရနဲ႔ပစ္ထည့္လိုက္တယ္။ relaxing musicကို ဖုန္းမွာဖြင့္ထားတာ ဘယ္ေလာက္ၾကာၿပီလဲဆိုေတာ့ ႏွစ္နာရီသာသာ ရိွခဲ့ၿပီတဲ့...။ မုန္းလိုက္တာ...။ အိပ္မက္ေတြဟာ သက္ေတာင့္သက္သာမွ မရိွခဲ့ဘဲ...။

ခင္ဗ်ား အိပ္မက္ဆိုးေတြ မက္ေသးလား
အေၾကာင္းအရာမယ္မယ္ရရ မရိွဘဲ မ်က္ရည္က်ေနတုန္းလား
ေဆးအကူမယူဘဲ ညညအိပ္ေပ်ာ္ႏိူင္ရဲ႕လား
ခင္ဗ်ား ဘာေတြ ေတြးေနျဖစ္သလဲ
စိတ္ထဲကမပါဘဲ ရယ္ေနျဖစ္တဲ့ အခိုက္အတန္႔ေတြ တေန႔မွာ ႀကိမ္ေရမ်ားသလား
မနက္အိပ္ရာက ထထခ်င္း ဘာကိုအရင္ဆံုးေတြးမိသလဲ
အဲဒီေမးခြန္းေတြနဲ႔ ေ႐ွ႕မွာထိုင္ေနတဲ့ Therapistကို သိမ္းၾကံဳးပစ္ေပါက္ေနမိတာ၊ ခဏခဏပဲ...
စိတ္ေတြဟာ ၾကမ္းေပၚမွာ ေသေနတာေတြ၊ ဆန္႔ငင္ေနတာေတြ၊ က်ိဳးေၾကေနတာေတြ....
အားလံုးကို ေက်ာခိုင္းလွည့္ထြက္လိုက္ရင္  က်န္ေနခဲ့မွာလား...
သူမ လႊတ္ခ်ပစ္ထားခဲ့တာ၊ ခဏခဏပဲ...

အိပ္ရာကထၿပီး...
ေနာက္တနာရီအၾကာမွာ သူမဟာ ေကာ္ဖီတခြက္နဲ႔၊ စာအုပ္တအုပ္နဲ႔ လူလိုသူလို ဇိမ္ခံေနပံုကို FBမွာ postတင္လိုက္တယ္၊ ရယ္ရယ္ေမာေမာပဲ...ေပါ့ေပါ့ပါးပါးပဲ...။
တိမ္မွ်င္ေလးတစလို...

သူမ ~

==========================

သူမ ညက အိပ်မက်တွေ မက်တယ်။ အိပ်မက်တွေ မက်ခဲ့တယ်။ တခုထက္ပိုတဲ့ အိပ်မက်တွေဟာ အကုန်ကြောက်မက်ဖွယ်တွေ။

ဇာခြင်ထောင်တခုထဲ အိပ်နေတဲ့သူမကို အပြင်က လက်တွေက ဝိုင်းပြီး ဆွဲထုတ်ယူငင်နေကြတယ်။ (တကယ္က သူမ နေတဲ့မြို့မှာ ခြင်ထောင်နဲ့အိပ်ဖို့ မလိုလို့ ဘယ်တုန်းကမှ ခြင်ထောင် ထောင်မအိပ်ခဲ့ဘူး) လက်တွေက လက်သည်းရှည်တွေနဲ့၊ ဘာဆေးရောင်မှတော့ ဆိုးမထားဘူး။ ညိုညစ်ရောင်လက်တွေဟာ ပွေလိမ် ကောက်ကွေ့လို့၊ သူမကို အငမ်းမရ ဆွဲလွဲယူငင်နေခဲ့တာ၊ သူမက ကြောက်လန့်တကြား ရုန်းကန်နေခဲ့တာ။ အပြင်ကို မလိုက်ချင်ဘူး။ လုံခြုံမှုကင်းမဲ့တဲ့ ပြင်ပမှာ သူမဟာ ဒီထက်နာကျင်ဖို့သာပဲ။ ရုန်းကန်နေရတာ ကြောက်စိတ်နဲ့၊ မောပန်းလွန်းတဲ့စိတ်နဲ့၊ ဘယ်ကိုမှလည်း ပြေးထွက်လို့ မလွတ်တော့...။

သူမ လန့်နိူးလာခဲ့တယ်။

ပြတင်းပေါက်က အလင်းပျပျ မှုန်လဲ့လဲ့ကလေး မြင်ရတယ်။ စိတ်ချလက်ချမဟုတ်ပေမယ့် လုံခြုံစွာ ရှိနေသေးတယ်ဆိုတဲ့စိတ်တခုနဲ့ မှေးကနဲ ပြန်အိပ်ပျော်သွားတယ်။
အခန်းထဲမှာ သူမ တယောက်ထဲ....

မိုးသံသဲ့သဲ့ကို နားကကြားတယ်။ မနက် မလင်းသေးဘူးဘဲ။ အလင်းမှုန်ကလေး တန်းတန်းမျှ မြင်ရတဲ့အခန်းဟာ မိုးရိပ်နဲ့ မှောင်တော့တယ်။
relaxing/ sleeping music for 3hoursဆိုတာကို youtubeကေန တိုးတိုးကေလး ဖွင့်ထားလိုက်တယ်။ ခန္ဓာကိုယ်ကို ပျော့ချလိုက်တယ်။ မျက်ဝန်းတွေလေးလာပြီး သူမ အိပ်ပျော်သွားပြန်တယ်။

အိကနဲ...၊ သူမေဘးမွာ တစုံတယောက် လှဲဝင်အိပ်ချလိုက်သလို မွေ့ရာက ညွှတ်ဆင်းသွားတယ်။ သူမ သိစိတ်ထဲ မွှေးညင်းတွေ ဖျန်းကနဲထောင်ထကာ နိူးလာပြန်တယ်။ မျက်လုံးတွေကိုတော့ မဖွင့်ရဲသေးဘူး။ ဘေးက တစုံတယောက်ရဲ့ အသက်ရှူနေသံလား၊ သူမ ကြားနေရတယ်။ ဟင့်အင်း...၊ သူမတယောက်ထဲရှိတဲ့ အခန်းထဲမှာလေ...။ ကြောက်စိတ်နဲ့ မျက်ရည်တွေ စိမ့်ကျလာတယ်။ မျက်ဝန်းတွေကို မှေးစင်းထားရက်နဲ့ ဘေးကို နည်းနည်းလေး ငဲ့ကြည့်လိုက်တယ်။ သူမ တယောက်ထဲပါပဲ။
အမြင်အာရုံက လှည့်စားတတ်သလား၊ အကြားအာရုံက လှည့်စားတတ်တာလား။ ခုနက သူမ ကြားလိုက်မြင်လိုက်ရတာတွေက...လှည့်စားမှုသက်သက်လား...။ အိပ်မက် မက်ပြန်ပြီလား...။ သူမကလွဲလို့ ဘယ်သူမှမရှိတဲ့အခန်းထဲမှာ...။
ရှိုက်သံမှ မကြားရဘဲ သူမမျက်ဝန်းတွေ စိုစွတ်လို့လာတယ်။ အိပ်မက်ဆိုးတွေ ဘာကြောင့်မက်ရသလဲဆိုတာကို ဘယ်မှာမှ ရှာမဖတ်ချင်တော့ဘူး။ အလွတ်တောင်ရနေခဲ့ပြီ။ အမြဲတမ်း သေလုမျောပါး ထွက်ပြေး ရုန်းကန်၊ ချွေးတွေနဲ့ မောပန်းနိူးထလာရတိုင်း သေရာပါမယ့်စိတ်ဒဏ်ရာကို နာနာကျင်ကျင် မုန်းတယ်။
အိပ်ရာဘေးက ဆေးပုလင်းထဲက ဆေးတလုံးကို လည်ချောင်းထဲ ရေနဲ့ပစ်ထည့်လိုက်တယ်။ relaxing musicကို ဖုန်းမှာဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲဆိုတော့ နှစ်နာရီသာသာ ရှိခဲ့ပြီတဲ့...။ မုန်းလိုက်တာ...။ အိပ်မက်တွေဟာ သက်တောင့်သက်သာမှ မရှိခဲ့ဘဲ...။

ခင်ဗျား အိပ်မက်ဆိုးတွေ မက်သေးလား
အကြောင်းအရာမယ်မယ်ရရ မရှိဘဲ မျက်ရည်ကျနေတုန်းလား
ဆေးအကူမယူဘဲ ညညအိပ်ပျော်နိူင်ရဲ့လား
ခင်ဗျား ဘာတွေ တွေးနေဖြစ်သလဲ
စိတ်ထဲကမပါဘဲ ရယ်နေဖြစ်တဲ့ အခိုက်အတန့်တွေ တနေ့မှာ ကြိမ်ရေများသလား
မနက်အိပ်ရာက ထထချင်း ဘာကိုအရင်ဆုံးတွေးမိသလဲ
အဲဒီမေးခွန်းတွေနဲ့ ရှေ့မှာထိုင်နေတဲ့ Therapistကို သိမ်းကြုံးပစ်ပေါက်နေမိတာ၊ ခဏခဏပဲ...
စိတ်တွေဟာ ကြမ်းပေါ်မှာ သေနေတာတွေ၊ ဆန့်ငင်နေတာတွေ၊ ကျိုးကြေနေတာတွေ....
အားလုံးကို ကျောခိုင်းလှည့်ထွက်လိုက်ရင် ကျန်နေခဲ့မှာလား...
သူမ လွှတ်ချပစ်ထားခဲ့တာ၊ ခဏခဏပဲ...

အိပ်ရာကထပြီး...
နောက်တနာရီအကြာမှာ သူမဟာ ကော်ဖီတခွက်နဲ့၊ စာအုပ်တအုပ်နဲ့ လူလိုသူလို ဇိမ်ခံနေပုံကို FBမွာ postတင်လိုက်တယ်၊ ရယ်ရယ်မောမောပဲ...ပေါ့ပေါ့ပါးပါးပဲ...။
တိမ်မျှင်လေးတစလို...

သူမ ~

Thursday, February 6, 2020

ဘဝမြတၥဳ - ၈ (ဘဝမွတ္စုု - ၈)


ဘဝမှာ ကိုယ် အတေးအမှတ်အကြီးဆုံးထားတဲ့အရာက ကိုယ့်ဒဏ်ရာတွေရဲ့အကြောင်းရင်းပဲ။ ကိုယ့်ကို နည်းနည်းကလေးဖြစ်စေ နာကျင်အောင်လုပ်ရင်တောင် ကိုယ်က မှတ်သားထားတတ်တယ်။ လက်တုန့်ပြန်ဖို့တော့ မဟုတ်ဘူး၊ ဘယ်ကမ္ဘာမှာဖြစ်ဖြစ် ပြန်ဆုံရင် မမှတ်မိချင်တော့လို့၊ သေချာမှတ်ထားတာ။ တကယ်တော့ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ၊ ဘယ်လိုမှမနေခြင်းတွေဟာ ဘဝမှာ ဘာမှလည်း ဟုတ်မှ မဟုတ်တာ။ ချစ်ခြင်းတရားဆိုတာကို တကယ်ရှိတယ်လို့ ထင်ခဲ့ဖူးတယ်။ တကယ်က မဟုတ်ဘူး၊ တကယ်မရှိဘူး။ ခဏတာ စွဲလန်းစိတ်ကနေ ကြာရှည်ရူးသွပ်သွားတတ်ခြင်းတခုမျှပဲ။ ဘာမှ မထူးဆန်းဘူး။ သွေးအေးသွားတဲ့အခါ ဖြည်းဖြည်းချင်းအသေးစိပ် ပြန်ကြည့်ပါ၊ ရယ်မောပါ။ ချစ်ခြင်းတရားဆိုတာ တယောက်ထဲစောက်ရူးထရတာ မဝလို့ စောက်ရူးထဖို့ အဖော်ညှိခံရခြင်းပဲ။ နောက်ထပ်ရယ်မောပါ။ ခက်တာက အဲ့အချိန်တုန်းက ကိုယ်ဟာ စောက်ပိုတွေကို အချိန်ကုန်ခံလုပ်ခဲ့မှန်း နည်းနည်းကလေးမှ မသိရှိ၊ မရိပ်မိခဲ့တာပဲ။ ရိုးသားခြင်းဆိုတာကို အသွေးအသားထဲကနေ ယုံကြည်သူအဖို့ အရှုံးဟာ လှလှပပလေးပဲ တသက်စာလုံလောက်စွာ အဖပ်တင်ကျန်ရစ်တယ်။ ဒီထက် မပိုဘူး။ ဒါပေမယ့် ကိုယ့်မျက်နှာ အမြဲမော့လျက်ပဲ၊ ဘယ်တော့မှ လဲကျသွားမယ့်သူ မဟုတ်သလို၊ ဘဝတခုကို လွယ်လွယ်နဲ့ ချေဖျက်ခံမယ့်သူလည်း မဟုတ်ဘူး။ ကိုယ့်ဘဝပျက်မှ ပျော်နိူင်မယ်ဆိုရင်တော့ ရည်ရွယ်ချက်မအောင်မြင်ဘူးဆိုရမယ်၊ ဝမ်းနည်းစရာပဲ။ ဝဋ်ကြွေးဆိုလည်း ဝဋ်ကြွေးပေါ့၊ အချိန်တခုထိတော့ သေကြေပေးလိုက်မယ်။ စိတ်တခုလုံး အသတ်ခံခဲ့ရသူအတွက် ရှင်သန်ခြင်းဆိုတာ အပိုပဲ။ သို့သော် အပေါ်ယံမျက်နှာစာ လှပအောင် ဆေးခြယ်နေတတ်သူတွေအထဲ ကိုယ်မပါဘူးဆိုတာကတင် ကျေနပ်ဖို့ကောင်းနေပြီ။ ဘဝမှာ တပါးသူ မျက်ရည်ကြီးငယ်ကျအောင် တခါမှ မလုပ်ဖူးတာကတင် နေပျော်လှပြီ။ ဟန်ဆောင်ကောင်းသူတွေကို ကိုယ် အကြောက်ဆုံးပဲ။ ပိပိရိရိလိမ်လည်တတ်သူတွေဟာ ဟန်ဆောင်ကောင်းတဲ့သူတွေပဲ။ ရတာမလိုရင် ရအောင်မလုပ်နဲ့လေ၊ ရအောင်လုပ်ပြီးမှ မလိုဘူးဆိုတာဟာ စော်ကားခြင်းပဲ။ ကိုယ့်အတွက် တပါးသူကို ချနင်းဖို့ ဝန်မလေးတဲ့သူတွေ၊ တပါးသူအတွက် ထည့်မတွက်တတ်တဲ့ ငတေမာရင် ပြီးရောတွေကို မမုန်းဘူး၊ နာတာ…။ ကိုယ့်ဘဝတသက်လုံးစာ နာကျင်နေမှာ။ အနာကျင်ခံပြီးတော့ကို သတိရနေမှာ….။ တသက်လုံး မမေ့ချင်လို့ကို တနုံ့နုံ့နာကျင်နေရအောင် ကိုယ့်အနာဖေးတွေကို ပြန်ပြန်ခွာနေရတာ။ အင်ကြင်းပန်းတွေမြင်တိုင်း နာကျင်တတ်တဲ့ ရာဇဝင်ထဲက မိန်းမလို၊ အဲ့ထက်မလျော့တဲ့ စိတ်နာမှုမျိုးပဲ ဖြစ်တယ်…။ ဘဝမှာ သင်ယူခဲ့ရသမျှ သင်ခန်းစာတွေထဲ ကြေးအကြီးဆုံးဟာ စိတ်တခုလုံးသေကြပေးလိုက်ရတာပဲ….၊


======================================================

ဘဝမွာ ကိုုယ္ အေတးအမွတ္အၾကီးဆံုုးထားတဲ့အရာက ကိုုယ့္ဒဏ္ရာေတြရဲ႕အေၾကာင္းရင္းပဲ။ ကိုုယ့္ကိုု နည္းနည္းကေလးျဖစ္ေစ နာက်င္ေအာင္လုုပ္ရင္ေတာင္ ကိုုယ္က မွတ္သားထားတတ္တယ္။ လက္တုုန္႔ျပန္ဖိုု႔ေတာ့ မဟုုတ္ဘူး၊ ဘယ္ကမာၻမွာျဖစ္ျဖစ္ ျပန္ဆံုုရင္ မမွတ္မိခ်င္ေတာ့လိုု႔၊ ေသခ်ာမွတ္ထားတာ။ တကယ္ေတာ့ ခ်စ္ျခင္းေတြ၊ မုုန္းျခင္းေတြ၊ ဘယ္လိုုမွမေနျခင္းေတြဟာ ဘဝမွာ ဘာမွလည္း ဟုုတ္မွ မဟုုတ္တာ။ ခ်စ္ျခင္းတရားဆိုုတာကိုု တကယ္ရွိတယ္လိုု႔ ထင္ခဲ့ဖူးတယ္။ တကယ္က မဟုုတ္ဘူး၊ တကယ္မရွိဘူး။ ခဏတာ စြဲလန္းစိတ္ကေန ၾကာရွည္ရူးသြပ္သြားတတ္ျခင္းတခုုမွ်ပဲ။ ဘာမွ မထူးဆန္းဘူး။ ေသြးေအးသြားတဲ့အခါ ျဖည္းျဖည္းခ်င္းအေသးစိပ္ ျပန္ၾကည့္ပါ၊ ရယ္ေမာပါ။ ခ်စ္ျခင္းတရားဆိုုတာ တေယာက္ထဲေစာက္ရူးထရတာ မဝလိုု႔ ေစာက္ရူးထဖိုု႔ အေဖာ္ညွိခံရျခင္းပဲ။ ေနာက္ထပ္ရယ္ေမာပါ။ ခက္တာက အဲ့အခ်ိန္တုုန္းက ကိုုယ္ဟာ ေစာက္ပိုုေတြကိုု အခ်ိန္ကုုန္ခံလုုပ္ခဲ့မွန္း နည္းနည္းကေလးမွ မသိရွိ၊ မရိပ္မိခဲ့တာပဲ။ ရိုုးသားျခင္းဆိုုတာကိုု အေသြးအသားထဲကေန ယံုုၾကည္သူအဖိုု႔ အရွံဳးဟာ လွလွပပေလးပဲ တသက္စာလံုုေလာက္စြာ အဖပ္တင္က်န္ရစ္တယ္။ ဒီထက္ မပိုုဘူး။ ဒါေပမယ့္ ကိုုယ့္မ်က္ႏွာ အျမဲေမာ့လ်က္ပဲ၊ ဘယ္ေတာ့မွ လဲက်သြားမယ့္သူ မဟုုတ္သလိုု၊ ဘဝတခုုကိုု လြယ္လြယ္နဲ႔ ေခ်ဖ်က္ခံမယ့္သူလည္း မဟုုတ္ဘူး။ ကိုယ့္ဘဝပ်က္မွ ေပ်ာ္ႏိူင္မယ္ဆိုရင္ေတာ့ ရည္ရြယ္ခ်က္မေအာင္ျမင္ဘူးဆိုရမယ္၊ ဝမ္းနည္းစရာပဲ။ ဝဋ္ေၾကြးဆိုုလည္း ဝဋ္ေၾကြးေပါ့၊ အခ်ိန္တခုုထိေတာ့ ေသေၾကေပးလိုုက္မယ္။ စိတ္တခုုလံုုး အသတ္ခံခဲ့ရသူအတြက္ ရွင္သန္ျခင္းဆိုုတာ အပိုုပဲ။ သိုု႔ေသာ္ အေပၚယံမ်က္ႏွာစာ လွပေအာင္ ေဆးျခယ္ေနတတ္သူေတြအထဲ ကိုုယ္မပါဘူးဆိုုတာကတင္ ေက်နပ္ဖိုု႔ေကာင္းေနၿပီ။ ဘဝမွာ တပါးသူ မ်က္ရည္ၾကီးငယ္က်ေအာင္ တခါမွ မလုုပ္ဖူးတာကတင္ ေနေပ်ာ္လွၿပီ။ ဟန္ေဆာင္ေကာင္းသူေတြကိုု ကိုုယ္ အေၾကာက္ဆံုုးပဲ။ ပိပိရိရိလိမ္လည္တတ္သူေတြဟာ ဟန္ေဆာင္ေကာင္းတဲ့သူေတြပဲ။ ရတာမလိုရင္ ရေအာင္မလုပ္နဲ႔ေလ၊ ရေအာင္လုပ္ၿပီးမွ မလိုဘူးဆိုတာဟာ ေစာ္ကားျခင္းပဲ။ ကိုုယ့္အတြက္ တပါးသူကိုု ခ်နင္းဖိုု႔ ဝန္မေလးတဲ့သူေတြ၊ တပါးသူအတြက္ ထည့္မတြက္တတ္တဲ့ ငေတမာရင္ ၿပီးေရာေတြကို မမုုန္းဘူး၊ နာတာ…။ ကိုုယ့္ဘဝတသက္လံုုးစာ နာက်င္ေနမွာ။ အနာက်င္ခံၿပီးေတာ့ကိုု သတိရေနမွာ….။ တသက္လံုုး မေမ့ခ်င္လိုု႔ကိုု တႏံုု႔ႏုုံ႔နာက်င္ေနရေအာင္ ကိုုယ့္အနာေဖးေတြကိုု ျပန္ျပန္ခြာေနရတာ။ အင္ၾကင္းပန္းေတြျမင္တိုုင္း နာက်င္တတ္တဲ့ ရာဇဝင္ထဲက မိန္းမလိုု၊ အဲ့ထက္မေလ်ာ့တဲ့ စိတ္နာမွဳမ်ိဳးပဲ ျဖစ္တယ္…။ ဘဝမွာ သင္ယူခဲ့ရသမွ် သင္ခန္းစာေတြထဲ ေၾကးအၾကီးဆံုုးဟာ စိတ္တခုုလံုုးေသၾကေပးလိုုက္ရတာပဲ….၊



Monday, January 27, 2020

ဘဝမြတၥဳ - ၇ (ဘဝမွတ္စုု - ၇)

ဘဝမှာ အောင်မြင်ခြင်းနဲ့ နေပျော်ခြင်း တခုကိုရွေးပါဆိုရင် နေပျော်ခြင်းကိုပဲ ရွေးမယ်။ ပျော်အောင်နေခြင်း မဟုတ်ဘူး၊ နေလို့ကိုပျော်နေတာမျိုး...။
ပြီးတော့ ငွေကြေးနဲ့ ပျော်ရွှင်မှုဆိုလည်း ပျော်ရွှင်မှုပဲ ရွေးမယ်။ လစာကောင်းတဲ့အလုပ်ကို ထွက်ပြီး ပျော်တဲ့အလုပ်၊ ပျော်မယ်ထင်တဲ့အလုပ်ကို ရွေးချယ်ခဲ့တယ်။ စာသင်တာ ဝါသနာမပါပေမယ့် ကလေးတွေအနားနေရတာ ပျော်တယ်။ SNဘာသာရပ်ကို စိတ်ဝင်စားလို့လည်း လုပ်ရတာ ပင်ပန်းတယ်မထင်ဘူး။ 
ကျွန်မ နားလည်ပါတယ်။ လူတိုင်းကတော့ ငွေကြေးနဲ့ယှဉ်လာရင် နောက်တခုကို ရွေးဖို့ ခက်ခဲကောင်းခက်ခဲကြလိမ့်မယ်။ ကျွန်မအတွက်တော့ လိုချင်တာတွေ လျှော့ပစ်နိူင်တယ်။ ကျွန်မအသုံးစားရိတ်ကလည်း တလတလ နည်းလှပါတယ်။ အဝတ်အစား မိတ်ကပ် အသုံးအဆောင်တွေအတွက် ကျွန်မ သိပ်မသုံးဖြစ်ဘူး။ ဈေးသိပ်များရင် ဘယ်လောက်ကြိုက်ကြိုက် ကျွန်မ မဝယ်ဘူး။ Brandနောက် မလိုက်ဘူး။ ဈေးလျှော့ထားရင်တော့ တခါတလေ ဝယ်ဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ်သုံးနိူင်တဲ့ပမာဏဖြစ်မှပဲ ဝယ်လေ့ရှိတယ်။ ဘဝကို တည့်တည့်ကြည့်တယ် ရှင်းရှင်းလေးပဲမြင်တယ်။ မနက်ဖြန်လား ခဏနေရင်လား ကျွန်မ မသိနိူင်ဘူး။ ဖျတ်ကနဲ ကွဲအက်လွယ်တဲ့ဘဝမှာ ဘာကိုမှ ဆုတ်ကိုင်မထားချင်သလို လွယ်လွယ်ကူကူ ဖြေလျှော့တတ်သူလည်း ဖြစ်ချင်တယ်။ 
သက်တမ်းအရ၊ ရုပ်ရည်အရ ကြာရှည်အိုမင်းလာပေမယ့်လည်း ဘယ်ဟာအနှစ် ဘယ်ဟာအသား ခွဲခြားတတ်တဲ့ရင့်ကျက်မှုကဖြင့် ပိုတိုးလာတာ ဝမ်းသာစရာပဲဟုတ်လား...။ အဲဒီရင့်ကျက်လာမှုတွေနဲ့ လောကဓံကို မျက်နှာချင်းဆိုင်ရမှာပါပဲ...
အထူးသဖြင့် ကိုယ့်အတွက်မဟုတ်တဲ့ တွဲလက်တွေရဲ့ချည်နှောင်မှုတွေကို ငြိမ်းချမ်းစွာပဲ ဖြုတ်ချထားခဲ့ချင်တယ်။ မလွယ်ကူခဲ့ဘူးပေါ့၊ နာနာကျင်ကျင်တွေထဲ လူးခါနေခဲ့ရတဲ့အချိန်တွေ...။ ကျွန်မက မျက်ရည်တွေကို သိပ်ကြောက်ပါတယ်။ စိတ်ဒဏ်ရာရမှာ သိပ်ကြောက်ပါတယ်။ လေပြည်လေးတခုရဲ့ပေါ့ပါးမှုနဲ့ ဘဝကို နေသွားချင်တယ်။ ဘယ်သူ့အပေါ်မှ ခပ်ပြင်းပြင်းမတိုက်ခတ်လိုတဲ့ လေပြည်လို၊ ထွက်ခွာချိန်တန်ရင်လည်း ဘယ်သူမှမသိလိုက်ရဘဲ လေပြည်ကလေးလို အေးဆေးငြင်သာ ထွက်ခွာသွားလိုက်ချင်တာ။ 
တကယ်လို့များ အမုန်းတွေ အညှိုးအတေးတွေ ဒဏ်ရာတွေ...၊ မရည်ရွယ်ပါဘဲ တချို့တွေအပေါ် ထားခဲ့မိရင်လည်း ခုကတည်းက ဖြေလျှော့ခဲ့ပါတယ်။ ပျံသန်းသွားတဲ့အခါ လေးလံနေတဲ့တောင်ပံတစုံနဲ့ဆို လွတ်လပ်ပေါ့ပါးခြင်းတွေနဲ့ ဝေးနေနိူင်မယ်လေ....။

ကြည် ~

---------------------------------------------------------------------------

ဘဝမွာ ေအာင္ျမင္ျခင္းနဲ႕ ေနေပ်ာ္ျခင္း တခုကိုေ႐ြးပါဆိုရင္ ေနေပ်ာ္ျခင္းကိုပဲ ေ႐ြးမယ္။ ေပ်ာ္ေအာင္ေနျခင္း မဟုတ္ဘူး၊ ေနလို႔ကိုေပ်ာ္ေနတာမ်ိဳး...။
ၿပီးေတာ့ ေငြေၾကးနဲ႕ ေပ်ာ္႐ႊင္မႈဆိုလည္း ေပ်ာ္႐ႊင္မႈပဲ ေ႐ြးမယ္။ လစာေကာင္းတဲ့အလုပ္ကို ထြက္ၿပီး ေပ်ာ္တဲ့အလုပ္၊ ေပ်ာ္မယ္ထင္တဲ့အလုပ္ကို ေ႐ြးခ်ယ္ခဲ့တယ္။ စာသင္တာ ဝါသနာမပါေပမယ့္ ကေလးေတြအနားေနရတာ ေပ်ာ္တယ္။ SNဘာသာရပ္ကို စိတ္ဝင္စားလို႔လည္း လုပ္ရတာ ပင္ပန္းတယ္မထင္ဘူး။ 
ကြၽန္မ နားလည္ပါတယ္။ လူတိုင္းကေတာ့ ေငြေၾကးနဲ႕ယွဥ္လာရင္ ေနာက္တခုကို ေ႐ြးဖို႔ ခက္ခဲေကာင္းခက္ခဲၾကလိမ့္မယ္။ ကြၽန္မအတြက္ေတာ့ လိုခ်င္တာေတြ ေလွ်ာ့ပစ္နိူင္တယ္။ ကြၽန္မအသုံးစားရိတ္ကလည္း တလတလ နည္းလွပါတယ္။ အဝတ္အစား မိတ္ကပ္ အသုံးအေဆာင္ေတြအတြက္ ကြၽန္မ သိပ္မသုံးျဖစ္ဘူး။ ေဈးသိပ္မ်ားရင္ ဘယ္ေလာက္ႀကိဳက္ႀကိဳက္ ကြၽန္မ မဝယ္ဘူး။ Brandေနာက္ မလိုက္ဘူး။ ေဈးေလွ်ာ့ထားရင္ေတာ့ တခါတေလ ဝယ္ျဖစ္ပါတယ္။ ကိုယ္နဲ႕လိုက္ဖက္ၿပီး ကိုယ္သုံးနိူင္တဲ့ပမာဏျဖစ္မွပဲ ဝယ္ေလ့ရွိတယ္။ ဘဝကို တည့္တည့္ၾကည့္တယ္ ရွင္းရွင္းေလးပဲျမင္တယ္။ မနက္ျဖန္လား ခဏေနရင္လား ကြၽန္မ မသိနိူင္ဘူး။ ဖ်တ္ကနဲ ကြဲအက္လြယ္တဲ့ဘဝမွာ ဘာကိုမွ ဆုတ္ကိုင္မထားခ်င္သလို လြယ္လြယ္ကူကူ ေျဖေလွ်ာ့တတ္သူလည္း ျဖစ္ခ်င္တယ္။ 
သက္တမ္းအရ၊ ႐ုပ္ရည္အရ ၾကာရွည္အိုမင္းလာေပမယ့္လည္း ဘယ္ဟာအႏွစ္ ဘယ္ဟာအသား ခြဲျခားတတ္တဲ့ရင့္က်က္မႈကျဖင့္ ပိုတိုးလာတာ ဝမ္းသာစရာပဲဟုတ္လား...။ အဲဒီရင့္က်က္လာမႈေတြနဲ႕ ေလာကဓံကို မ်က္ႏွာခ်င္းဆိုင္ရမွာပါပဲ...
အထူးသျဖင့္ ကိုယ့္အတြက္မဟုတ္တဲ့ တြဲလက္ေတြရဲ႕ခ်ည္ေႏွာင္မႈေတြကို ၿငိမ္းခ်မ္းစြာပဲ ျဖဳတ္ခ်ထားခဲ့ခ်င္တယ္။ မလြယ္ကူခဲ့ဘူးေပါ့၊ နာနာက်င္က်င္ေတြထဲ လူးခါေနခဲ့ရတဲ့အခ်ိန္ေတြ...။ ကြၽန္မက မ်က္ရည္ေတြကို သိပ္ေၾကာက္ပါတယ္။ စိတ္ဒဏ္ရာရမွာ သိပ္ေၾကာက္ပါတယ္။ ေလျပည္ေလးတခုရဲ႕ေပါ့ပါးမႈနဲ႕ ဘဝကို ေနသြားခ်င္တယ္။ ဘယ္သူ႕အေပၚမွ ခပ္ျပင္းျပင္းမတိုက္ခတ္လိုတဲ့ ေလျပည္လို၊ ထြက္ခြာခ်ိန္တန္ရင္လည္း ဘယ္သူမွမသိလိုက္ရဘဲ ေလျပည္ကေလးလို ေအးေဆးျငင္သာ ထြက္ခြာသြားလိုက္ခ်င္တာ။ 
တကယ္လို႔မ်ား အမုန္းေတြ အညွိုးအေတးေတြ ဒဏ္ရာေတြ...၊ မရည္႐ြယ္ပါဘဲ တခ်ိဳ႕ေတြအေပၚ ထားခဲ့မိရင္လည္း ခုကတည္းက ေျဖေလွ်ာ့ခဲ့ပါတယ္။ ပ်ံသန္းသြားတဲ့အခါ ေလးလံေနတဲ့ေတာင္ပံတစုံနဲ႕ဆို လြတ္လပ္ေပါ့ပါးျခင္းေတြနဲ႕ ေဝးေနနိူင္မယ္ေလ....။

ၾကည္ ~

ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...