Saturday, July 4, 2020

This page intentionally left blank





This page intentionally left blank

အဲဒီစာသားကိုု PDFစာအုုပ္တခ်ိဳ႕ အြန္လိုင္းမွာဖတ္စဥ္ ျမင္ဖူးၾကလိမ့္မယ္။ 
ဘာေၾကာင့္ ရည္ရြယ္ခ်က္ရွိရွိ ခ်န္လွပ္ထားခဲ့ရတာလဲ...။ ေသခ်ာတယ္၊ အေၾကာင္းေတာ့ ရွိတာေပါ့။ အဲလိုေရးသားထားရျခင္းကိုက မွားယြင္းမွႈေၾကာင့္ ေက်ာ္သြားတာ မဟုုတ္ဘူးဆိုုတာ စာဖတ္သူကိုု သိေစလိုုတာ။ 
စာအုုပ္ကိုု ပံုုႏွိပ္တဲ့အခါ စာမ်က္ႏွာစဥ္ စံုု-မ ကိုုယ္လိုုခ်င္သလိုု က်ေအာင္ ခ်န္လွပ္ထားခဲ့တာ။ ေနာက္အပိုုင္းသစ္တခုုရဲ႕အစကိုု အရင္အပိုုင္းရဲ႕ေနာက္ေက်ာဘက္မွာ မထားေစဘဲ စာမ်က္ႏွာအသစ္ (မ-ဂဏန္းဘက္)မွာ က်ေစလိုုတာ။
ေျပာခ်င္တာက အေၾကာင္းမဲ့သက္သက္ မဟုုတ္ဘူး။ 
ဘဝထဲမွာေရာ...
ဘယ္အရာကမွ အေၾကာင္းမဲ့ ျဖစ္မလာဘူး။ အရာရာတိုုင္းမွာ ျဖစ္ရ ပ်က္ရတဲ့ အေၾကာင္းရင္း ရွိကိုုရွိေနတယ္။ 
ကိုုယ္႔မွာ ရည္ရြယ္ခ်က္ရွိရွိ ခ်န္လွပ္ထားခဲ့ၿပီး၊ ေက်ာ္သြားခဲ့ရတဲ့ စာမ်က္ႏွာေတြ ရွိေနၾကတယ္...။
႐ွင္တို႔ဆီမွာလည္း ေက်ာ္သြားခဲ့ရတဲ့စာမ်က္ႏွာေတြ ရိွေနမွာပဲ၊ ဒါေပမယ့္ ဒါကို ဘယ္သူ႔ကိုမွ ေျပာျပဖို႔ မလိုဘူး၊ မလိုအပ္ဘူး...။
တခ်ိဳ႕ေက်ာ္သြားခဲ့ရတာေတြ၊ ေခါက္သိမ္းထားခဲ့ရတာေတြက တခ်ိန္ခ်ိန္မွာ ျပန္လည္ဖြင့္ၾကည့္ဖိုု႔...
တခ်ိဳ႕ေက်ာ္သြားခဲ့ရတာေတြ၊ ေခါက္သိမ္းထားခဲ့ရတာေတြကေတာ့ ဘယ္ေတာ့မွ ျပန္မၾကည့္မိေစဖိုု႔ေပါ့....
ဘဝစာမ်က္ႏွာေတြထဲ... intentionally left blank ဆိုတာေတြ ရိွေနတယ္...ဆိုတဲ့အေၾကာင္းေပါ့...
ဘယ္ေလာက္ေတာင္မ်ားတဲ့ စာမ်က္ႏွာေတြ blankထားခဲ့မိပါလိမ့္....၊
ကိုယ္တို႔ ကိုယ္စီဘဝထဲမွာေလ....
ခကအ
ေတြးမိ~
===============================

This page intentionally left blank

အဲဒီစာသားကို PDFစာအုပ်တချို့ အွန်လိုင်းမှာဖတ်စဉ် မြင်ဖူးကြလိမ့်မယ်။ 
ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ရတာလဲ...။ သေချာတယ်၊ အကြောင်းတော့ ရှိတာပေါ့။ အဲလိုရေးသားထားရခြင်းကိုက မှားယွင်းမှှုကြောင့် ကျော်သွားတာ မဟုတ်ဘူးဆိုတာ စာဖတ်သူကို သိစေလိုတာ။
စာအုပ်ကို ပုံနှိပ်တဲ့အခါ စာမျက်နှာစဉ် စုံ-မ ကိုယ်လိုချင်သလို ကျအောင် ချန်လှပ်ထားခဲ့တာ။ နောက်အပိုင်းသစ်တခုရဲ့အစကို အရင်အပိုင်းရဲ့နောက်ကျောဘက်မှာ မထားစေဘဲ စာမျက်နှာအသစ် (မ-ဂဏန်းဘက်)မြာ ကျစေလိုတာ။
ပြောချင်တာက အကြောင်းမဲ့သက်သက် မဟုတ်ဘူး။ 
ဘဝထဲမှာရော...
ဘယ်အရာကမှ အကြောင်းမဲ့ ဖြစ်မလာဘူး။ အရာရာတိုင်းမှာ ဖြစ်ရ ပျက်ရတဲ့ အကြောင်းရင်း ရှိကိုရှိနေတယ်။ 
ကိုယ့်မှာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ပြီး၊ ကျော်သွားခဲ့ရတဲ့ စာမျက်နှာတွေ ရှိနေကြတယ်...။
ရှင်တို့ဆီမှာလည်း ကျော်သွားခဲ့ရတဲ့စာမျက်နှာတွေ ရှိနေမှာပဲ၊ ဒါပေမယ့် ဒါကို ဘယ်သူ့ကိုမှ ပြောပြဖို့ မလိုဘူး၊ မလိုအပ္ဘူး...။
တချို့ကျော်သွားခဲ့ရတာတွေ၊ ခေါက်သိမ်းထားခဲ့ရတာတွေက တချိန်ချိန်မှာ ပြန်လည်ဖွင့်ကြည့်ဖို့...
တချို့ကျော်သွားခဲ့ရတာတွေ၊ ခေါက်သိမ်းထားခဲ့ရတာတွေကတော့ ဘယ်တော့မှ ပြန်မကြည့်မိစေဖို့ပေါ့....
ဘဝစာမျက်နှာတွေထဲ... intentionally left blank ဆိုတာတွေ ရှိနေတယ်...ဆိုတဲ့အကြောင်းပေါ့...
ဘယ်လောက်တောင်များတဲ့ စာမျက်နှာတွေ blankထားခဲ့မိပါလိမ့်....၊
ကိုယ်တို့ ကိုယ်စီဘဝထဲမှာလေ....
ခကအ
တွေးမိ~

No comments:

Post a Comment

ေကာ္မန္႔မ်ားအတြက္ ေက်းဇူးတင္ပါတယ္။ ထင္ျမင္ခံစားရသလိုသာ ေရးခဲ့ပါရွင္

ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...