Friday, January 19, 2018

စပါယ်




ပွင့်မယ်ကြံကတည်းက
အရိုးသားဆုံးလှပဖို့သာ
ရည်ရွယ်ခဲ့သူပါ
ဝဋ်မကင်းသူမို့
ပွင့်ခြင်းမှာ အပြစ်သင့်ရတယ်
ဖူးရုံသာ ဝံ့တော့...



CKA
၂၄၀၉၂၀၁၇

Wednesday, January 3, 2018

ဗီလိန်

စကတည်းက 
ဇာတ်ညွှန်းအမှားကြီးနဲ့ လူကြမ်းဖြစ်လာသူ
တစ်ကားလုံးအပြီးမှာ လူမုန်းခံရတာ အမြတ်ပေါ့
လူကြမ်းကြီးမျက်ရည်ကျတော့ ပရိသတ်တွေပျော်ကြတယ်
ဒဏ်ရာတွေနဲ့ဖူးယောင်နေလည်း ပရိသတ်တွေလက်ခုပ်တီးကြတာပဲ
လူကြမ်းကြီးက ပြုံးတယ်
အောင်မြင်လိုက်တာမှ ပက်ပက်စက်စက်
ကိုယ်ပေါ်က ဒဏ်ရာတွေက ခဏနဲ့ အသားမာတက်တယ်
စိတ်ဒဏ်ရာတွေကတော့
တစ်သက်လုံး ကြပ်ထုပ်ထိုးယူရတယ်



ချစ်ကြည်အေး

ဝ၃ဝ၁၂ဝ၁၈

Monday, January 1, 2018

လွမ်းရိုးလွမ်းစဉ်မနက်ခင်း

မေတ္တာဆိုတာက ချစ်ခြင်းထက် အဆမတန်အေးချမ်းတာပေါ့

ချစ်ခြင်းကနေ မေတ္တာဆီရောက်ဖို့တော့ 
အကျအရှုံးအထိအရှ များခဲ့ရတယ်
ကိုယ် တကယ်ရောက်ပြီလား...
ဖြတ်ခဲ့ရာလမ်းတလျှောက် စိမ်းတောက်နေတဲ့သွေးတွေဟာ တစက်စက်...
ကိုယ် မငိုချင်တော့ပေမယ့်...

သူပျော်နေရင် ကိုယ်လည်းပျော်ပါတယ်ဆိုတဲ့ကျင့်စဉ်ဟာ ကိုယ့်အတွက်
ခက်ခဲလွန်း ကြီးမြတ်လွန်းပါတယ်
ကိုယ်ဟာ သာမန်အတ္တကြီးသူမိန်းမပါကွယ်

မင်းအပြုံးတွေကို ချွန်မြပါ
မင်းအလံတော်ကို လွှင့်ထူပါ
မင်းမာနတွေကို အရောင်တင်ပါ
ကိုယ် ပြုံးနေတတ်ဖို့ ကိုယ့်အမာရွတ်တွေကို အသားမာတက်အောင်ကျင့်ခဲ့ရတာပဲ

သတိတရတွေမှာ
နှစ်သစ်ကူးခြင်းမရှိဘူး
နှစ်အဟောင်းမှာ ကျန်ရစ်ခဲ့ခြင်းမရှိဘူး
ကိုင်းကူးကိုင်းဆက်သလို အလွမ်းတွေ
ဒီအတိုင်း ထပ်ပွင့်တဲ့ မနက်....
၂ဝ၁၈အတွက်ပေါ့



ချစ်ကြည်အေး
ဝ၁ဝ၁၂ဝ၁၈

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...