ဒီနေ့ ကလေးတွေ နောက်ဆုံး ကျောင်းတက်ရက်...
သူတို့ကလေးတွေက တလနီးပါး ကျောင်းပိတ်ပေမယ့် ကိုယ်တို့ဆရာမတွေကတော့ ကျောင်းသွားရမယ်။ တလကျောင်းပိတ်ရက်မှာ ၂ပတ်တော့ ကိုယ်တို့ နားခွင့်ရတယ်။
ကိုယ်ချစ်တဲ့ကလေးနှစ်ယောက်က နောက် termကျရင် ကျောင်းမှာ မရှိတော့ဘူး။ တယောက်က ၇နှစ်ပြည့်လို့ ကျောင်းကနေ ထွက်ရတာ၊ နောက်တယောက်ကတော့ တခြားအချိန်ပြည့်ကျောင်းရလို့ ပြောင်းသွားတာ။
ထွက်သွားတဲ့ကလေးတယောက်ရဲ့အိမ်က ကိုယ်တို့ဆရာနှစ်ယောက်အတွက် ချော့ကလက်လိတ် ကိတ်မုန့်တဘူးစီ ပို့လာတယ်။ ချစ်စရာကလေးနှစ်ယောက်ကို term 3 ပြန်ဖွင့်ရင် သတိရနေတော့မယ်။
သံယောဇဥ်တွေဟာ တကယ် မကောင်းဘူးဘဲ...
သူတို့လေးတွေကြောင့်ပဲ ပင်ပန်းလွန်းပေမယ့် ဒီအလုပ်ကို မထွက်နိူင်သေးတာ...
တကယ်တော့ ကိုယ် Physically drainedဖြစ်လွန်းနေပြီ။ လက်ဆစ်အရွတ်ထိထားတာရယ်၊ ဒူးနာတာရယ်၊ ပင်ပန်းလွန်းတာရယ်နဲ့ လူက မဟန်နိူင်တော့ဘူး။
နိူင်သလောက်ပေါ့လေ...
ဒီအလုပ်ကို တတ်နိူင်သလောက်တော့ လုပ်ချင်သေးတယ်...