မနက်က FB postတခုမှာ ခင်ပွန်းဖြစ်သူက အမျိုးသမီးတယောက်နဲ့ ဖြစ်နေလို့ နာကျင်နေရတဲ့ မိန်းမဖြစ်သူရေးထားတာ ဖတ်လိုက်ရတယ်။ သူနဲ့ အိမ်ထောင်သက် ၉နှစ်ကျော်မှာ ဟိုအမျိုးသမီးနဲ့ ၈နှစ်ပြည့်နှစ်ပတ်လည်တဲ့...။
ဖတ်ကြည့်ရင်း ကိုယ်ပါ စိတ်မောလာတယ်။ အဲဒီမှာ စိတ်ဝင်စားစရာ ကော်မန့်တခု ဖတ်ရတယ်။
ယောကျာ်းတွေဟာ တချိန်တည်းမှာ တယောက်ထက်ပိုပြီး ချစ်နိူင်ကြတယ်လား...တဲ့...။ (ကိုယ်လည်း တွေးဖူးတဲ့မေးခွန်း)
မိန်းမဖြစ်သူအပေါ်လည်း အကြင်နာမပျက် ချစ်လက်စမြဲလျက် တခြားမိန်းမအပေါ်မှာလည်း ချစ်မက်နေနိူင်သေးတာ...တဲ့။
အံ့သြစရာ...။
ကိုယ်တို့အမျိုးသမီးတွေမှာတော့ ချစ်တဲ့သူဟာ တယောက်ပဲ ရှိတာ...။ မချစ်တဲ့သူပါးပြင် ဟန်ဆောင်ပြီး နမ်းလို့မရ၊ ပင့်သက်ရှူလို့မှမရ...၊
ချည်ဆိုတဲ့ ရုပ်ရှင်ကို သတိရလိုက်မိတယ်။
ရုပ်ရှင်ကို ထွေလာပဲ ကြည့်ဖူးတာပေမယ့် ဇာတ်ဝင်သီချင်းကိုတော့ ကြိုက်လွန်းလို့ ခဏခဏ နားထောင်ဖြစ်တယ်။ ဇာတ်ကျောရိုးကို ဖတ်ဖူးထားတော့ ဇာတ်လမ်းက သိနေပြီး မင်းသားမကြိုက်လို့ မကြည့်ဖြစ်ဘူး။
သီချင်းကိုတော့ ခဏခဏ နားထောင်ဖြစ်တယ်။
"မောင် လိုနေတဲ့အချိန်တိုင်း ရှိနေပေးမယ်...
မလိုတော့ဘူးဆိုလည်း ဟိုအဝေးကို ထွက်သွားမယ်..."
အဲဒီစာသားရောက်ရင် အလိုလို ငိုချင်မိတာ...
ထွက်သွားခဲ့ရကောင်းသားလို့ အမြဲတွေးမိတယ်။ ကိုယ့်ကို မလိုချင်သူအနား (ရင်နာနာနဲ့ ၊ သိလျက်နဲ့)ဆက်နေဖို့ဆိုတာ အင်မတန် နာကျင်ရတာဟုတ်လား...။
ဟင့်အင်း....၊
ကိုယ်သာဆိုရင် အဆင်ပြေရဲ့လားလို့ ဘယ်တော့မှ မေးမှာမဟုတ်ပါ၊ သူဟာ ရွက်ကျပင်ပေါက်လိုတခြားသူရင်ခွင်မှာ သူ ပျော် မွေ့နိူင်မှန်း သေချာနေတယ်လေ...။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်