ဘာမှ ထူးထူးလည်လည်မရှိတဲ့ နေ့ရက်များပါပဲ၊
မနက် ၅:၄၅ အိပ်ရာထ၊ ၅မိနစ်လောက် အကြောလျှော့၊ ရေချိုး၊ ပြင်ဆင် အဝတ်အစားလဲ။
မနက်စာစားရင်း စာလေးဘာလေး ခဏဖတ်၊ FBပေါ် ခဏတက်ကြည့်။
၇နာရီ အိမ်က ထွက်တယ်။
ရထားစီးရင် ခဏနဲ့ရောက်သွားမှာမို့ ကားပဲစီးတယ်။ ကားပေါ်အေးဆေးထိုင်လိုက်ရင်း လမ်းဘေးက သစ်ပင်စိမ်းစိမ်းတွေ ကြည့်တယ်။ မေတာပို့တယ်။ အဲလို တရက်တာချင်း ကြည်ကြည်လင်လင်လေး စတင်ပြီး နေတယ်။
ပြီးတော့ နေရောင်ခြည်တွေ လင်းဖြာနေတာကို ကြည့်ငေးရင်း မင်ဂလာပါ အလင်းရေ...လို့ နှုတ်ဆက်တယ်...။
အတွင်းလှိုက်နာကျင်ရတဲ့ အခြားတဖက်မှာ အေးချမ်းအောင် နေတတ်ခြင်းဟာလည်း ကိုယ့်အတွက် ရှင်သန်ခြင်းဆေးပါပဲ...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်