အပင်လေးတွေကြည့်ပြီး သူတို့ဆီကရတဲ့ စွမ်းအင်တွေနဲ့ အေးချမ်းရတယ်။
တနေ့ ...၊ ဘဝကြီးဟာ ဘာမှမဟုတ်ပါလားလို့ သိလာတဲ့အခါ ပြီးသွားတာပါပဲ။ ကိုယ်မရှိတော့တဲ့အခါ တခုခုချန်ရစ်ခဲ့ချင်တဲ့စိတ်နဲ့ ဘာကိုမှမလုပ်ခဲ့ပါဘူး။ လုပ်ခဲ့သမျှကတော့ စိတ်အလို နှလုံးသားရဲ့အလိုအတိုင်းပါပဲ။ ဉာဏ်ပညာနဲ့လုပ်ခဲ့တာတွေလည်း ရှိခဲ့ပေမယ့် ကိုယ့်ဆီ မှတ်မှတ်ထင်ထင်ကျန်ရစ်ခဲ့တာတွေဆိုလို့ စိတ်နှလုံးတစုံက ခြေရာတွေသာ များပါတယ်။
ဒါလည်း ချန်ထားခဲ့ရမယ့်အရာတွေသာပဲ...၊
ဒီတလော နေ့ရက်တွေမှာ ကြည်ကြည်လင်လင် နေထိုင်ဖြစ်တယ်။ ဘယ်သူ့အပေါ်မှာမှ မကောင်းတဲ့စိတ်မထားခဲ့တာမို့ အတိတ်ပဲကြည့်ကြည့် အနာဂတ်ပဲကြည့်ကြည့် အေးချမ်းတယ်။
ကိုယ့်ကိုယ်ကို ရှို့နိူင်တာ ကိုယ်ပဲဟုတ်လား...?
ကိုယ့်အပေါ်ရော တပါးသူအပေါ်ရော ပြစ်တင်းတစုံတရာ မပုံပါဘဲ အကြောင်း အကျိုးတွေကိုသာ ဆက်စပ်ကြည့်နေမိတယ်။ အေးချမ်းစွာနေဖို့က ကိုယ်တွင်းက စရတယ်လို့ နားလည်သွားတယ်။
ဘဝမှာ ဘယ်လိုအနှောင်အဖွဲ့ရဲ့ ထုံးချည်မှုကိုမှ မသာယာတော့ဘဲ သဘာဝအတိုင်းရှိနေ ဖြစ်နေတာကို နားလည်လက်ခံနေရတာ အပူငြိမ်းတယ်။
ဘဝတခု ထပ်လိုချင်သေးလား မေးရင်တော့ နိူး ပါ။ သံသရာအရှည်အလျားအတိုင်း မျောမနေချင်တော့ဘူး။ ဘယ်လိုပျော်ရွှင်မှုတွေနဲ့ မျှားခေါ်လို့မှ မရတော့လောက်အောင် ဘဝအပေါ် မလိုချင်မှုက ပြတ်သထက်ပြတ်လာတယ်။
အချိန်တခုတော့ လူတိုင်းအတွက် ရှိလိမ့်မယ်။
ခုကတော့ ကိုယ့်အတွက်အချိန်တခုပေါ့...
ရောက်လာခဲ့ပြီ...၊