ဟိုအရင်ကလို လွယ်လင့်တကူ မရတော့ဘူး
လက်ရှိမှာ လိုအပ်သလို ပြန်မထူးနိူင်သေးဘူး
အခု ကျွန်မဆီ ခေါ်ဆိုရမယ့်နံပတ်က
ဆက်သွယ်မှုဧရိယာပြင်ပ...၊
သွေးကြောထဲမှာ
မြွေတကောင်ဝင်ခွေနေလိုက်ပုံက
တခြားကမ္ဘာတခုခုမှာ ရှင်သန်နေတဲ့
ဘာမဆိုင်ညာမဆိုင်အကောင်တကောင်လို
အကြောတင်းတင်း အေးတိအေးစက်
စိမ်းစိမ်းတောက်တောက်နဲ့၊
I don't f**king care mood is ON !!
ခန္ဓာနဲ့စိတ်မှာ စုပုံချိတ်ဆက်ထားမှုတွေကို ဖြုတ်ချလိုက်တဲ့နောက်
ပေါ့ပါးလွင့်တက်သွားတဲ့ အတောင်ပံတစုံ
မြင်ရလား...၊
ကိုယ့်ကိုယ်ကို အပြင်ဖက်ကနေ ပြန်လှမ်းကြည့်..
သူစိမ်းတယောက်လို...၊
ဆက်သွယ်မှုဧရိယာပြင်ပမှာ
စကားလုံးတွေနဲ့ပြောမပြတတ်တဲ့
အလင်းအရောင်တွေနဲ့ ဖွဲ့စည်းတောက်ပနေမှု...၊
ခကအ
၂၉၀၉၂၀၂၃
ပုံကတော့ ZenDrawingလျှောက်ခြစ်ထားတာ...
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်