Thursday, September 28, 2023

28092023

 


အခုပဲ မိုး​တွေရွာခဲ့သလား

မညီညာတဲ့လမ်းမ​ပေါ် ​ရေအိုင်ငယ်​လေး​တွေက ဟိုတကွက် ဒီတကွက်

​လေ​နော့​အေးအ​ဝေ့တချက်မှာ

ကျွန်မဆံနွယ်​တွေရူးခါ

မီးခိုးပြာ​ကောင်းကင်ကြီးထဲ ​​​ငေးမော့ကြည့်ရင်း​

တဆိတ်​လောက်...

ကျွန်မလည်း အတူ လိုက်ရွာချင်လို့ပါ

​ဘေးနားကပ်လျက် ထိုးဆင်းစိုက်ချလာတဲ့တိမ်​တွေက

ကျွန်မဒဏ်ရာ​တွေကို သူ့လက်နဲ့သပ်အချ

တိမ်​တွေကြားနိူင်တာ ကျွန်မဖြင့်အံ့သြရချည်ရဲ့

လမ်းမကို​ကျောခိုင်းပြီး အိမ်ဆီ ပြန်ခဲ့တယ်

အခန်းပြတင်းမှန်က မိုး​ရေစက်​​တွေ

ကျွန်မပါး​ပေါ်အထိ ​အေးခိုက်လို့...၊

ဒါနဲ့ 

မိုးက ခုထိရွာ​နေတုန်းလား...


Image crd. Google



2 comments:

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...