Saturday, October 16, 2021

ရှင်သန်ခြင်းအကြောင်း

 


ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျွန်မတို့ သေသေချာချာတွေးကြည့်ခဲ့ဖူးလား၊


ကျွန်မတို့ ဘာကြောင့်၊ ဘာအတွက်ကြောင့် ရှင်သန်ခွင့်ရခဲ့ကြတာလဲ


ရှင်သန်ခြင်းဆိုတာ ကျွန်မတို့ လိုချင်ခဲ့တဲ့အရာလား၊ 

ရှင်သန်ခြင်းကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ကြတာလား၊ 

ရှင်သန်ခြင်းကပဲ ကျွန်မတို့တယောက်ချင်းစီကို ရွေးချယ်ခွင့်ရသွားတာလား၊ 

တကယ်တော့ လိုချင်လို့ ရခဲ့ကြတာပဲ မဟုတ်ဘူးလား

ကျွန်မတို့ ဘဝေတြ ဘဝတွေကို တောင်းခဲ့ကြမယ်၊ လိုချင်ခဲ့ကြမယ်။ ပိုပြီး ပြီးပြည့်စုံတဲ့ဘဝအဖြစ်နဲ့ သံသရာမွာ အသစ်တဖန်ဖြစ်ခွင့်ကို လိုချင်စိတ်ရှိခဲ့ကြလိမ့်မယ်။ အဲဒီအတွက် ရှင်သန်ခြင်းနဲ့အတူ ယှဉ်တွဲပါလာသမျှကိုလည်း လိုချင်ချင် မလိုချင်ချင် လက်ခံကြရလိမ့်မှာပဲ။ 

ပြီးတော့၊

ဘဝတခုမှာ ရှင်သန်ခြင်းက တကြိမ်ပဲရမှာ

သေချာတာက ရှင်သန်ခြင်းမှာ အဆုံးသတ်ကို တပါတည်း ကပ်လွှတ်လိုက်တာ.၊ တွဲချည်ပေးလိုက်တာ။ 

သေချာတာက ရှင်သန်ခြင်းမှာ အကန့်အသတ်တွေနဲ့၊

ဘာလုပ်မလဲ

အချိန်ကာလတခု လူတိုင်းမှာ ရှိမယ်၊ ကာလ အတို အရှည် မတူနိူင်ကြ၊ အခြေအနေ၊ အနိမ့်အမြင့်တွေ မတူကြ၊ ဖြတ်သန်းပုံတွေ မတူကြ၊ အရာရာကွဲပြား ခြားနားစွာ ရှင်သန်ကြ။

ပြသာနာက လူတိုင်းကို ကိုယ်နဲ့ ရေချိန်လိုက်ညှိနေတတ်ကြတာ။

မတူဘူး၊ ဘယ်လိုမှ မတူနိူင်ပါဘူး၊ သူဟာ သူမို့လို့ ဒီလို လုပ်တာပေါ့၊ ကိုယ်ဟာ ကိုယ်မို့လို့ ဟိုလို လုပ်တာပေါ့၊ တူမလား.။ ကိုယ့်ပေတံနဲ့ကိုယ် ကျေနပ်နိူင်ကြရင် မကောင်းဘူးလား။ 

ငယ်ကတည်းက ဘယ်သူ့လောင်းရိပ်အောက်မှာ နေရတာကိုမှ မကြိုက်တဲ့ ကျွန်မက အားလုံးနဲ့ ကလန်ကဆန် ကြီးပြင်းလာခဲ့တယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ။ အေဖ ကျွန်မကို သင်ပေးခဲ့တဲ့အထဲ အဲတာလည်း ပါတယ်။ 

ပြီးတော့ ပျော်ရွှင်မှှု

အရင်တုန်းက ဘဝမွာ ပျော်ရွှင်ဖို့ အရေးကြီးတယ်ထင်ခဲ့ဖူးတယ်။

တကယ်တမ်းကျတော့ ပျော်ရွှင်မှှုထက် အရေးကြီးတာတွေ အများကြီးရယ်.၊

အသိ၊ သတိ၊ မမြဲခြင်းတရား၊ 

ကျွန်မမှာ ပျော်ရွှင်မှှုကို တင်းပြည့်ကျပ်ပြည့် မခံစားတတ်တော့ဘူး။

ရှင်သန်ခြင်းအကြောင်း သိလာလေ၊ ပျော်ရွှင်မှှုက နည်းလာလေ။

တကယ္က ဘာကိုမှ လေးလေးပင်ပင် မခံစားတတ်တော့တာ၊ သိပဲသိနေလိုက်တော့တယ်၊ စိတ်ကိုနှစ်ပြီး ခံစားမေနေတာ့ဘူး။

ခဏနေတော့လည်း အရာရာဟာ ဒီအတိုင်းပဲဟုတ်လား၊ အရင်အတိုင်း အရင်အတိုင်းပါပဲ။

အရင်က ကျွန်မတို့ အရေးတကြီးလို့ ထင်ခဲ့တဲ့၊ ထင်ခဲ့ဖူးတဲ့ အရာတွေဟာ ဘာဆိုဘာမှ အေရးပါလွတာ မဟုတ်ဘူးလို့ သိလိုက်ရတဲ့အချိန်က စတာပေါ့။

ဒီလိုပါပဲ၊ ဒါကပဲ သိရမယ့် အနှစ်သာရလို့ ထင်မိပြန်တယ်၊ အခုအချိန်မှာပေါ့လေ၊

ဘယ်အရာကိုမှ မငြိတွယ်တတ်တော့တာကို ကိုယ့်ကိုယ်ကို သဘောကျမိတယ်။ 

မမြဲတဲ့စိတ်ကျေနပ်မှုတခုကို သဘောကျနေတဲ့စိတ်က တဒင်္ဂဖမ်းဆုပ်မိတဲ့ အခိုက်အတန့်လေး...

ဖ်တ္ကနဲ ကျကွဲတယ်။

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...