ဘာကိုပဲဖြစ်ဖြစ် သေသေချာချာ မသိရင် အမှန်နဲ့ လွဲနေတတ်တယ်။ လောကီ အကျိုးစီးပွားကအစ ပေါင်းသင်းဆက်ဆံရေးအဆုံး အလွဲတွေနဲ့ချည်း တွေ့တတ်တာ။
ကိုယ့်ဆီက တခုခုကို တစုံတယောက်ဆီ ပို့ချင်ရင် ကိုယ့်ဆီမှာ ပို့ဖို့ရာ in stock အလုံအလောက်တော့ ရှိရတယ်ဟုတ်လား။ မေတ္တာဆိုပါစို့၊
သူတယောက်ကို မေတ္တာပို့ချင်ရင် အရင်ဆုံး မေတ္တာလို့ခေါ်တဲ့ အအေးဓါတ်တွေ ကိုယ့်ဆီမှာပြည့်ပြည့်ဝဝရှိနေဖို့ လိုတယ်။ ဒါမှလည်း လိုရာကို ပို့နိူင်မယ်။ ကိုယ်တိုင်က လောင်နေပြီ၊ ကိုယ့်ဆီမှာ အအေးဓါတ်မရှိပါဘဲ သူတထူးကို အေးမြစေချင်လို့ မရဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို အရင်အေးအောင် လုပ်ရတယ်။
ဒါကြောင့် မေတ္တာပို့ရာမှာ ကိုယ့်ကိုယ်ကို အရင်ဆုံး မေတ္တာပို့ရတာ။ ကိုယ်က အစပြုပြီးမှ လောကသုံးပါးအထိ တဖြည်းဖြည်းချင်း အဝန်းအဝိုင်းကို ချဲ့ယူသွားရတာ။
ဒါနဲ့ပတ်သက်လို့ ပြောရရင် ခုခေတ်လူတွေမှာ ကိုယ့်ကိုယ်ကို ချစ်ဖို့ အတော်လေး ဦးစားပေးတတ်ကြတယ်။ ပြောရရင် self-love လို့ ဆိုရမှာပေါ့။ ကိုယ့်ကိုယ်ကို ချစ်တယ်၊ ကိုယ့်အရေးကို ဦးစားပေးတယ်၊ ကိုယ့်ပျော်ရွှင်မှှုကို အလေးထားတယ်။ အားလုံးနဲ့ယှဉ်ရင် ကိုယ့်အတွက်ကို ရှေ့ဆုံးမှာ ထားတတ်ကြတယ်။ အဲဒီself-loveသမားတွေက ချစ်ခြင်းတရားနဲ့ပါတ်သက်လာရင် အနာမခံဘူး၊ ကိုယ်နာကျင်ရတော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီချစ်ခြင်းကနေ ရုန်းထွက်ဖို့ ကြိုးစားတာပဲ။ ကိုယ်နာကျင်တော့မယ်ဆိုရင် ခ်ာကနဲ လှည့်ထွက်သွားတတ်တယ်။ အနိူင်မခံဘူး၊ အရှုံးမပေးလိုဘူး။ self-love သမားက အဲသလို ချစ်ခြင်းတရားကို အနိူင်အရှုံးတွက်တတ်ကြတယ်။
တခါတေလ self-loveရဲ့နယ်ပယ်ကို ချဲ့ထွင်ရင်းနဲ့ပဲ selfishဆီ ရောက်မှန်းမသိ ရောက်သွားတတ်ကြသေးတယ်။ အဲဒီအခါ ကိုယ့်အကျိုးလိုလားတာအပြင် သူတပါးအကျိုးကို ထည့်မတွက်တတ်တော့တာပါ ပါလာတယ်။ ဒီနေရာမှာ တရားတာတွေ၊ မတရားတာတွေ သိပ်ထည့်မတွက်တော့ဘူး။ သူတပါး ဘယ်လိုများနေပါ့မလဲ၊ ဘယ်လိုများခံစားနေရမလဲ၊ အဲတာတွေဟာ သူနဲ့မဆိုင်တော့ဘူး၊ အဲသလိုဖြစ်သွားတယ်။
မေတ္တာအကြောင်း ပြန်ဆက်ရရင် ပါချုပ်ဆရာတော်ကြီးတရားတပုဒ်ကို မှီငြမ်းပြီး ရေးချင်တယ်။ ကိုယ်တိုင်လည်း အရင်က သိပ္မသိခဲ့ဘူး။
လူလေးယောက်ရှိတယ် ဆိုပါစို့။
မုန်းသူ
မချစ်မမုန်း ဘယ်လိုမှမနေသောသူ
ချစ်သောသူ
မိမိကိုယ်တိုင်
အခြေအနေတခုမှာ တယောက်ယောက်ကို ထိုးကျေွးရတော့မယ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။
မေတ္တာတရားပွားများနေသူတယောက်အတွက် အင်မတန်ခက်ခဲမယ့် ရွေးချယ်မှှု ဟုတ်လား။
မုန်းသူကို ရွေးမယ်ဆို ကိုယ်ဟာ လူမဆန္သူ၊ သိပ်ကို အညှိုးအတေးကြီးပြီး အကွက်ဝင်တာနဲ့ ချနင်းတတ်သူ ဖြစ်သွားမယ်။
မချစ်မမုန်း ဘယ်လိုမှ မနေသောသူကို ရွေးမလား၊ ဒီလိုဖြင့် သတ္တဝါတွေအပေါ် တန်းတူမေတ္တာ မထားတတ္သူ၊ ကွက်ကျားမိုးရွာတတ်သူ ဖြစ်မယ်။
ချစ်သူကိုတော့ဖြင့် ဘယ်လိုမှ မရွေးရက်ပြန်ဘူး ဟုတ်လား။
ကဲ ကိုယ်ကိုယ်တိုင်ကို ရွေးမယ်၊ ကိုယ်ပဲ အနစ်နာခံမယ်ဆိုရင်ရော၊ ဒီလိုဆိုရင်လည်း ကိုယ်တိုင်အပေါ်မေတ္တာပျက်သူ ဖြစ်သွားမယ်၊ သူတပါးအပေါ်မေတ္တာထားနိူင်ဖို့က ကိုယ်ကိုယ်တိုင်အပေါ်မေတ္တာရှိဖို့ အရင်ဆုံးလိုအပ်တယ်။
ဘယ်တယောက်ကိုမှ ထိုးမကျေွးနိူင်ပါဘူး၊ အားလုံးဟာ သတ္တဝါတွေပဲ၊ သူတို့အပေါ် တန်းတူမေတ္တာ ထားတတ်ရမယ်။ တန်းတူမေတ္တာ ထားနိူင်ရမယ်။ အားလုံးကို အတူတူ ညီတူမွ်တူ ချမ်းသာစေချင်တယ်။ ဒါမှမေတ္တာတရားကို တကယ်ပွားများတတ်ရာ လက်တွေ့ကျင့်သုံးတတ်ရာ ရောက်တယ်တဲ့။ ဆရာတော်ကြီးက အဲသလိုမေတ္တာအကြောင်း ဟောတော်မူတယ်။
ကိုယ်ဟာ အရင်တုန်းက ကိုယ်ကိုယ်တိုင်အပေါ်မေတ္တာပျက်ခဲ့တာကိုးလို့ နားလည်ရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တာဟာလည်း မမွန္ဘူး။ ကိုယ့်ကိုယ်ကို အပြစ်မမြင်ဘဲ ဘာလုပ်လုပ် အမြဲမှန်တယ် ထင်တတ်တာဟာလည်း မမှန်ပြန်ဘူး။
အရှိအတိုင်း မြင်၊ သိ၊ လက်ခံ၊ ကျိုးကြောင်းဆင်ခြင်၊ ရှေ့ဆက်သွား...
ဒီလိုပဲ ဖြစ်သင့်တယ်။
ကိုယ်ဟာ ကိုယ်တိုင်အပေါ် သိပ်မညှင်းဆဲဖို့၊ အပြစ်မတင်ဖို့၊ အနာမခံဖို့၊ မပေမတေဖို့၊ အထိအခိုက် အရွအနာ နည်းပါးစေဖို့၊ အရည်ပြားထူထဲစေဖို့ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ သိလာခဲ့ပြီ။ self-loveကို သင်ယူတတ်ပြီ။ ကျန်သေးတဲ့ သက်တမ်းကလေးမှာ ရှင်သန်ခွင့်ရသလောက် ကိုယ့်ကိုယ်ကို ချစ်ဖို့၊ တန်ဘိုးထားဖို့၊ ထို့အတူ သူတပါးအပေါ် ချစ်တတ်ဖို့၊ တန်ဘိုးထားတတ်ဖို့ရောပဲပေါ့.၊
ကြိုးစားရပါဦးမယ်။
လူ့သက်တမ်းကလေးဟာ တိုတောင်းပေလို့သာရယ်၊
ကိုယ်တို့မှာ ကြုံလာရတဲ့ လောကဓံတွေအပေါ် ရင်ဆိုင် သင်ယူလို့ကို မဆုံးနိူင်အောင်ပါပဲ။
CKA
photo #credit
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်