Sunday, September 26, 2021

Untitled 5

 


(၁)

သူမမျက်ဝန်းများကို နားလည်ရန် ကျွန်မဘက်က အချိန်အတန်ကြာခဲ့ပါသည်။

(၂)

သည်အိမ်ပြောင်းလာသည်မှာ တလပင်မပြည့်တတ်သေးပါ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် ကော်ရစ်ဒါမရှိသော တိုက်ခန်းများ၏ဖွဲ့စည်းပုံကြောင့် အေးအေးလူလူရှိသည်။ အိမ်ရှေ့အထွက် ဓါတ်လှေကားဆီအသွား လမ်းကလေးမှာ အပင်ကလေးတွေ တန်းစီစိုက်ထားခွင့် ရှိသေးသည်။ အပင်စိုက်ချင်သော ကျွန်မအတွက် အင်မတန်သဘောခွေ့ရသော အခွင့်အရေးဖြစ်ရပါသည်။ အိမ်ပြောင်းကာစမှာ ပျိုးပင်ကလေးများရောင်းချသည့် အပင်ဆိုင်ရှေ့ရောက်တိုင်း လက်ထဲမှာ အပင်တပင်တလေ မပါဘဲ ကျွန်မ အိမ်မပြန်ချင်ခဲ့ပါ။ တဖြည်းဖြည်း တန်းစီများပြားလာသော ပန်းအိုးကလေးများ နေရာချစရာမရှိအောင် ပြည့်ကြပ်လာမှပင် အပင်ဝယ်ခြင်း တစခန်းရပ်တော့သည်။ ရှိရင်းစွဲ ကုမုဒြာများအပြင် တစောင်းလက်ပတ်၊ ရှမ်းနံနံ၊ ပူဒီနာ၊ ကြက်သွန်မြိတ်၊ kiss me quick၊ ယဲယိုပင်၊ သစ်ခွတချို့၊ ဘိုကတော်မျက်ခုံး၊ စပါယ်နှင့် တျခား နာမည်ပင်မသိသော အပင်ကလေးများ စင်ပေါ်တချို့ မြေပေါ်တချို့ စီစီရီရီနှင့် စိမ်းစိမ်းမြင်တိုင်း အမောပြေရပါသည်။ တခါတေလ ပန်းကလေးများ ဖူးရာမွ ပွင့်လာပြီဆို အသက်ရှူရသည်ကပင် တနေ့လုံး ကောင်းနေတတ်သေးသည်။ မျက်နှာကအစ ပြုံးနေတတ်တာမို့ တသက်ပျော်ချင်ရင် သစ်ပင်စိုက်ဆိုတာ တကယ်ပဲ တကယ်ပဲဟု စိတ်ထဲ တွေးမိရတာ အခါခါ။

(၃)

ညနေညနေဆို မီးဖိုချောင်အနောက်ဘက်ထွက်ကာ ခြောက်သွားသည့်အဝတ်များ ရုတ်လေ့ရှိရာမှ တနေ့မှာ သူမကို သတိထားမိရသည်။ သူမတို့တိုက်အနောက်ဘက်နှင့် ကျွန်မတို့တိုက်အနောက်ဘက်ချင်းဆိုင်လျက် အနေအထားဖြစ်သောကြောင့်သာ သူမကို တွေ့လိုက်ရခြင်းဖြစ်သည်။ အဝတ်ပဲလှမ်းလှမ်း၊ အဝတ်ပဲရုတ်ရုတ်၊ မီးဖိုထဲ ထမင်းဟင်းပဲချက်ချက် ကျွန်မအိမ်အနောက်ဘက်မှနေ သူမကို လှမ်းတွေ့နိူင်သည်။ 

ပထမေတာ့ ဘယ်လိုမှမနေ၊ သည်လိုပဲ တိုက်အနောက်ဘက်ပြတင်းပေါက်မှ တိုက်အောက်ဝန်းကျင်ကြည့်ငေးသူများ ရှိတတ်သည်ပေ။ 

သို့သော် ကျွန်မသတိပြုမိသည့် သူမမျက်လုံးများကတော့ တျခား တိုက်အောက်ဝန်းကျင်ကြည့်ငေးသူများနှင့် လုံးလုံးမတူပါ။ 

ကြည့်နေသော သူမမျက်ဝန်းများကတော့ မျက်နှာချင်းဆိုင်ရှိ ကျွန်မတို့တိုက်အနောက်ဘက်ဆီ တန်းတန်းမတ်မတ်ပါပဲ၊ သို့သော် မြင်ပုံမပေါ်။ တိုက်အောက်မြက်ခင်းများဆီလည်း အကြည့် မရွေ့၊ ဘေးဘီဝဲယာ ခေါင်းလှည့်သည်ကိုလည်း မတွေ့ရ၊ ကြည့်သာ ကြည့်နေသည်၊ သူမမျက်လုံးထဲ ဘာတခုမှ မြင်ရသည် မရှိပုံမျိုး။ သူမတို့တိုက်အနောက်ဘက်နှင့် ကျွန်မတို့တိုက်အနောက်ဘက် အကြား မမြင်ရသည့် လေထုအလွှာကို စိုက်ကြည့်နေသလိုမျိုး။

သူမ၏မျက်လုံးများမှာ အသေဖြစ်လေသည်။

(၄)

ဘဝမွာ ဖြစ်ခြင်း ပျက်ခြင်းများ၏ အရွေ့သည် အမြဲဆုံးဖြစ်သည်။ ဘယ်တော့မှ မပြောင်းမလဲ မှန်နေဆဲပင်။ 

ကျွန်မမှာ အဖြစ်တခုစလျင်စချင်း အဆုံးဆီတန်းရောက်သွားတတ်သည့် အပျက်မြန်သော ကံကြမ္မာရှိပါသည်။ ခင်တွယ်လွန်းပြီဆို ဝေးကြရသည့် ကံကြမ္မာ ရှိပါသည်။ ချစ်ခဲသလောက် ချစ်မိပြီဆို နာကျင်ရမည့် ကံကြမ္မာလည်း ရှိပါသည်။ 

သိသိနှင့်ပင် ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ ကျွန်မစိတ်နှလုံး ပ်က္က် ကြေမွဖို့ ကြုံလာခဲ့ရတော့ နာကျင်လွန်းသည်ကလွဲ၍ မအံ့သြမိခဲ့။

ကျွန်မ ဘဝထဲက မောင် ထြက္သြားတာ မြန်ဆန်လျက်က ညင်သာလွန်းပြန်တာမို့ မည်သူမှပင် သတိမထားမိလိုက်ကြပါ။ ကျွန်မကပဲ မျက်နှာပေါ် စိတ်အကျိုးအပဲ့တွေ တင်မပြတတ်သောကြောင့်လည်း ဖြစ်နိူင်ပါသည်။

(၅)

တခါတေလ အိမ်အနောက်ဘက်မှာ အဝတ်တွေရုတ်နေရင်းက အသံလေးတခုကြားသလိုလို ထင်လိုက်မိတိုင်း ကျွန်မမျက်ဝန်းတွေ အဝေးကြီး ရောက်ရောက်သွားတတ်ပါသည်။ ထမင်းဟင်းချက်နေရင်းက အိမ်အနောက်ဘက်ပြတင်းပေါက်နား ရပ္မိကာ မောင်ရှိနိူင်မည်ထင်ရသောအရပ်ဆီ ကြည့်ငေးနေမိတတ်သည်လည်း ရှိသည်။ ဘယ်တော့မှပြန်လာမည်မဟုတ်ဟုသိစိတ်နှင့် မျှော်လင့်ချက်အသေတွေ တင်းတင်းဆုတ်ကာ ပြတင်းပေါင်မှာ ယဲ့ယဲ့မှီလျက် ရပ်ငေးရသည်၊ ဘယ်ဆီဘယ်ဝယ်မသိနိူင်သော မရေမရာစိတ်များနှင့် အေးစက်နာကျင်မျက်ဝန်းများက တန်းတန်းမတ်မတ် တူရှူကြည့်နေသော်လည်း ဘာကိုမှ ကျွန်မ မမြင်ပါ။ ထို မမြင်ရသော စိုစွတ်မျက်ဝန်းများလည်း ပူနွေးစိုစွတ်လျက်၊ မှန်းဆငေးမောလျက်ရှိဆဲ...။

(၆)

သူမ

သူမေရာ ပါးပြင်ပေါ် မျက်ရည်တွေ ကျနေခဲ့သလား

သူမနှင့်ကျွန်မအကြား အကြာအေဝးက အဲသည်လောက်အထိ မြင်ရဖို့ မဖြစ်နိူင်ပါ။



CKA



No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...