လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား ခရီးတိုလေးတွေကတော့ တလခြားတခါလောက်ထွက်ဖြစ်နေတယ်။ ခရီးထွက်တိုင်းလည်း ပြန်လာရင် နေလောင် မည်းပြာလာတာပဲ၊ ဒါပေမယ့် ပျော်တယ်။
စိတ်တွေ လွတ်လပ်ပေါ့ပါးတာ အနှောင်အဖွဲ့တွေကနေ ကင်းလွတ်အောင်နေတတ်လာတာ၊ ကိုယ့်ကိုယ်ကို အရမ်းကျေနပ်မိတယ်။ ဘာသံယောဇဥ်မှ မရှိတဲ့ဘဝက တကယ်အေးချမ်းတာပဲ...။
အကိုကြီးကတော့ မကျန်းမာလှတဲ့ကိုယ့်ကို အတော်လေး ဂရုစိုက်ရှာပါတယ်။ သူ့အပေါ် တွယ်တာလာစိတ်တွေကိုလည်း မနည်းဖြတ်ရတယ်။ ပူလောင်ရမှာ ကြောက်လို့ပါ။
ဒီတပွဲကတော့ သူငယ်ချင်းခေါ်လို့ သွားဖြစ်တယ်။
ဟိုလူဒီလူ မတွေ့ရတာကြာတဲ့လူတွေကို ပြန်တွေ့ရတာတော့ ကောင်းသားပဲ။ အရင်လို ဓါတ်ပုံရိုက်ချင်စိတ် သိပ်မရှိတော့တာ သတိထားမိတယ်။ ရိုက်ဖြစ်သမျှပုံလေးတွေတိုင်းကလည်း သူများဖုန်းနဲ့ရိုက်ပြီး ကိုယ့်ဆီလှမ်းပို့တာတွေချည်း...။
အမှတ်တရပုံလေးတွေမို့ သိမ်းထားဖြစ်ပါတယ်။
ဒါကတော့ သူငယ်ချင်းသက်ဝေနဲ့ 😍
ဆထက်နဲ့ခွေဖူ
စာအုပ် ဆပ်ပြာ နားကပ်နဲ့ မြန်မာ့လက်မှုပစ္စည်းလေးတွေရောင်းကြတဲ့ ကိုယ်တို့ရဲ့ဆိုင်
😆😆
ခဏတော့ စိတ်တွေ လွတ်လပ်ပေါ့ပါးခဲ့ရ။
ကိုယ်လည်း သီချင်းကြိုက်ပေမယ့် အဲ့နေ့က ဆိုကြတီးကြတဲ့တချို့သီချင်းတွေ အများစုကတော့ တော်တော်လေးနားမခံနိူင်ဖြစ်ရတယ်။
ကိုယ်တို့ရောင်းသူတွေနဲ့ ဝယ်သူတွေကြား စကားတွေအော်ပြောကြရတာတောင် မကြားရတဲ့အထိ၊ ပွဲကလည်းပြန်လာရော လည်ချောင်းတွေပါနာတဲ့အထိပါပဲ။ စီစဥ်သူတွေ သတိထားစရာအချက်ပေါ့။
ခကအ
မချစ်ကိုရော မသက်ဝေကိုရော သတိရတယ် တစ်နေ့ကျဆုံချင်သေးတယ် မကြီးတို့နဲ့
ReplyDeleteအရင်လို Sport လက်ပတ်နာရီလေးဝတ်ထားတုန်းပဲ ချစ်စရာလေး....
စိတ်လွတ်လပ်ပေါ့ပါး နေကောင်းကျန်းမာအောင်နေပါ
ချစ်တဲ့
မိုးငွေ့
ညီမမိုး မချစ်အလည်ပြန်လာတိုင်း ညီမနဲ့တွေ့ချင်လို့ တုန့်ကို အမြဲမေးတယ်။ နာရီလေးတွေကိုတော့ မချစ်လည်း အရင်ကလို ချစ်တုန်းမို့ ဝတ်ဖြစ်ပါတယ်။ ညီမမိုးလည်း ကျန်းမာရေးဂရုစိုက်ပါနော်...
Deleteချစ်လျက် 😍