Friday, November 1, 2024

KuchingTrip

 ဒီတ​ခေါက်​တော့ Kuchingသွားခဲ့တယ်။

သန့်ရှင်းသပ်ရပ်​နေတဲ့မြို့က​လေးပဲ...၊ ​ဒေသစာ​တွေကလည်း အရသာရှိလိုက်တာ...။ 

ဓါတ်ပုံ​​တွေ သိပ်မရိုက်ဖြစ်​တော့ဘဲ မြင်သမျှ စိတ်အာရုံထဲထည့် ခံစားတတ်လာတယ်။ အကိုကြီးက​တော့ သူပဲ ကိုယ့်ကို တဖျတ်ဖျတ်ရိုက်​နေ​တော့တာ။

အသက်​ရော အရွယ်ပါ ကြီးရင့်လာတာ သိပ်သိသာတာပဲ၊ စိတ်ဟာ ဟိုးအတွင်းသားထဲက​နေ ​ပြောင်းပြန်ဆွဲလှန်လိုက်သလို...၊ အရင်တုန်းကနဲ့ လုံးဝကွဲပြားသွား​တော့တယ်။ 

ကိုယ်ဟာ ကိုယ်မဟုတ်​တော့သလို...။ 

တ​နေ့ ထားသွားရမယ့် ကိုယ်​နေထိုင်ရာကမ္ဘာကြီးကို appreciateဖြစ်တတ်လာတယ်ဆိုရမလား...။ ဘယ်လို​ပြောရမယ်မသိဘူး။ 

အရာရာကို ​ငေး​မောကြည့်တတ်လာတယ်

ကြားသမျှ နား​ထောင်​နေချင်တယ်

စကား​တွေအများကြီး မ​ပြောချင်​တော့ဘူး

ငြိမ်ငြိမ်​လေး​နေရတာ ကြိုက်လာတယ်

ကိုယ့်ဖြစ်တည်သမျှကိုလည်း ကိုယ်တိုင် ကြည်​မွေ့နှစ်သက်တတ်ပြီ...။

တချို့သူ​တွေ ကိုယ့်အ​ပေါ် ​ပြောဆိုတာ​တွေ ပြန်ကြားရတဲ့အခါ ပြုံးပြီးနား​ထောင်လာတတ်တယ်။ ​ကောင်းသည်ဖြစ်​စေ၊ ဆိုးသည်ဖြစ်​စေ စကားလုံး​တွေအ​ပေါ် ထူးထူးခြားခြားမခံစားမိ​အောင်​နေတတ်ပြီ။ 

လက်ရှိ​ခြေ​နေကို သိပ်​ကြေနပ်တာပဲ...။

ဘဝဟာ တို​တောင်းတယ်မဟုတ်လားကွယ်...




Kuching riverထဲမှာ....


No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...