Saturday, June 26, 2021

ဘဝနှောင်ကြိုးများ...



ကိုယ်တို့အားလုံးဆီမှာ သီချင်းတွေကို ရင်ဘတ်အပြည့်စာ ထားခဲ့ပြီး သူကေတာ့ ဘာတခုမွ မယူဘဲ လောကကြီးထဲက ထွက်ခွာသွားခဲ့ပြီ။ အသည်းကွဲတိုင်း သူ့သီချင်းတွေ နားထောင်နေရတဲ့ဘဝကနေ သူ့သီချင်းတွေနားထောင်တိုင်း အသည်းကွဲရတော့မယ့် အဖြစ်ရယ်..

မနေ့က ကောင်းကင်ပြာပြာနောက်ခံမှာ တွေ့ရတဲ့ မီးခိုးငွေ့တွေဟာ ကိုယ္တို့ သူ့ကို တွေ့လိုက်ရတာ နောက်ဆုံးပဲလို့ နားလည်ရတယ်။ ဆို့နင့်နေတဲ့ ကြေကွဲမှှုတွေ၊ အပြီးတိုင် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ လက်လွှတ်လိုက်ရခြင်းတွေ တသီကြီး လိုက်ပါလာတယ်။ 

နွေဦးတော်လှန်ရေးဟာ အရင်းအနှီးများသလို အဆုံးအရှုံးလည်း ကြီးမားလှချည့်။ ကြွေသွားခဲ့ရတဲ့ ကြယ်တပွင့်စီတိုင်းအတွက် ကျန်နေသူတွေ တာဝန်ကျေဖို့ လိုတယ်။

သူဟာ ကြယ်တွေအများကြီးထဲက ထင်ထင်ရှားရှားကြယ်ကလေးတပွင့်ပေါ့။

အမေနဲ့ညီမနဲ့ပဲ နေလာရတော့ အမျိုးသမီးတွေကို နားလည်တယ်၊ ဦးစားပေးဖြစ်တယ်၊ သူတို့ကို နာကျင်အောင် မလုပ်ဘူး။ 

သူများမိန်းကလေးအပေါ် တာဝန်မကြေမှာစိုးလို့ အိမ်ထောင်မပြုဘူး။ အိမ်ထောင်ပြုဖြစ်ရင်တောင် ကေလး မယူဘူး၊ အသက် ၄ဝလောက်ကျရင် ရှာဖွေထားသမျှ ထားခဲ့ပြီး အပြီးထွက်သွားတော့မှာ၊ ဘုန်းကြီး ဝတ်မယ်၊ အမှန္တရားကို ရှာဖွေချင်တယ်။

တက်တူးတွေ ကိုယ်မှာအပြည့်နဲ့ လူငယ္ကေလး၊ လောဘ ဒေါသ မောဟ ရှိသင့်သလောက်ရှိတဲ့ လူငယ္ကေလး၊ ဘီယာကြိုက်တဲ့လူငယ်ကလေး၊ အားလုံးကို ပျော်နေစေချင်တဲ့ လူငယ္ကေလးက အဲသလို ပြောခဲ့တယ်။ 

သူ့အမေ သူ့ညီမလေး ဒါတွေအပြင် သူ့Band တခုလုံးဟာ သူ့မိသားစုပဲ၊ အားလုံးရဲ့ စားဝတ်နေရေးဟာ သူ့အရေးပဲလို့ ခံယူထားတဲ့သူ၊ ကြိုးစားနေဆဲ၊ သူ့ကိုယ်သူ ဖြည့်နေဆဲ လူငယ်ကေလးမှာ အိပ်မက်တွေကို အသက်သွင်းစရာ အများကြီး ကျန်နေခဲ့မှာ ပဲ။ မပြီးဆုံးသေးခင် လမ်းခုလတ်မှာ သူ ထွက်ခြာသြားခဲ့ရတာ။  လူဆိုတာကေတာ့ ပြောလို့မရပါဘူး၊ ခုရှိနေပေမယ့် မနက်ဖြန်လည်း သေချင်သေမှာ၊

သူက အဲသလို အသိခိုင်မာခဲ့တဲ့သူ၊ သူ့ထွက်ခွာမှှုမှာ သူက အေးချမ်းပုံရသလောက် သူ့ကိုချစ်တဲ့သူတွေမှာတော့ ပူဆွေးလောင်မြိုက်လို့ ကျန်ရစ်ခဲ့ရတယ်။ 

"စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့၊ ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ..."

မဆုံနိူင်တော့တဲ့လမ်းကို သူက ရွေးချယ်သွားခဲ့ပြီ။ သူ့ရွေးချယ်မှှုတော့ မဟုတ်ဘူးပေါ့၊ ကံတရားရဲ့ မှားယွင်းမှှုပါပဲ။

စားသောက်ဆိုင်တခုမှာ သူ့ကို သီဆိုပေးဖို့ စာချုပ်ချုပ်ကြမယ်ဆိုတော့ အားလုံးသဘောတူပြီးလုကာမှ ဆိုင်က အစားအသောက်တွေက ဈေးကြီးလိုက်တာ၊ သူ့ပရိသတ်တွေ ဒီဆိုင်မျိုး ထိုင်နိူင်ပါ့မလား၊ သူ ပြန်စဉ်းစားဦးမယ် ဆိုတဲ့သူ၊ သူ့ပရိတ်သတ်အတွက် အေသးစိတ္ကအစ ငဲ့ကြည့်တတ်သူ။

"ဘေဘီ မင်းမျက်လုံးတို့ အားဖျော့ခိုက် ငါ့ရဲ့ပုခုံးထက်မှေးစက်လိုက် အခက်အခဲများအတွက် ငါ ရှေ့က ရွိ တာပဲ..."

သူဟာ အားလုံးရဲ့ရှေ့မှာ မားမားရပ်ပေးလိုသူ...။

အေမ  နောက်ဘဝကျရင် အိမ်ထောင်ရေးကံကောင်းပါစေ တဲ့...

အမေများနေ့မှာ သူက အေမ့ကို ဆုတောင်းပေးခဲ့ဖူးတယ်။ နောက်အိမ်ထောင်နဲ့ပျော်နေတဲ့အဖေကို ပြုံးကြည့်နေနိူင်ပြီး ကျွန်တော်လည်း အမေနဲ့ ပျော်ပါတယ် တဲ့၊ အဲသလို နှလုံးသားအကြီးကြီးပိုင်ဆိုင်သူ။

အနုပညာကလွဲလို့ ဘာမွ မမက်ရှာတဲ့သူ၊ အနုပညာနဲ့တော့ ချမ်းသာဖို့ စိတ်မကူးတဲ့သူက Gamer လုပ်ပြီးပဲ ငွေရှာဖို့ ကြိုးစားတယ်၊ ၊ တိုက်ခန်းကလေးတခန်းတောင် မပိုင်၊ အငှားဘဝနဲ့ ရောင့်ရဲနေနိူင်သူ။ သူပိုင်သမျှ သူ့အနုပညာ စိတ်ကူးစိတ်သန်းတွေ ဖန်တီးမှှုတွေကိုပဲ သူ့ပရိသတ်အတွက် အပြည့်ပေးခဲ့သူပါကွယ်။ 

သူ စီးခဲ့တဲ့ သဲကြိုးတဖက် ပြတ်လုလု ရာဘာဖိနပ် ကေလးဟာ ကိုယ် ရင်ကွဲစေတဲ့ အကြောင်းတခုလည်း ဖြစ်တယ်။ 

သူဟာ ဒီထက်ပိုပြီး အများကြီး ထိုက်တန်ခဲ့သူ၊ ဘာကိုမှလည်း အများကြီး မတောင်းခံခဲ့သူပါ၊ 

ရင်တွေ နာရပါတယ်။ 

စိတ်ဖြောင့်ဖြောင့်သွားနော် သားလေး၊ အေမတို့ကို စိတ်မပူနဲ့၊ နေနိူင်အောင် အေမတို့ အတတ်နိူင်ဆုံးကြိုးစားမယ်နော် သားလေး တဲ့

သူ့နောက်ဆုံးခရီးမှာ သူ့အမေ အန်တီခင်မြတ်မွန် ပြောခဲ့တဲ့စကား။

ကိုယ္တို့အားလုံးဟာ မာကြောပြနေတဲ့ အမျိုးသမီးကြီးကို ကြည့်ပြီး ထိခိုက်ရတယ်။ ကိုယ်သာဆိုရင် အရုပ်ကြိးပြတ် နေမှာပဲ။ သာမန်ပရိသတ်တယောက်ဖြစ်တဲ့ သူလိုကိုယ်လိုလူတွေတောင် သူ့ကို နှမျောလွန်းလို့၊ ချစ်လွန်းလို့ ကြေကွဲနေရတာ၊ မိခင်တယောက်ရဲ့ရင်ထဲကိုတော့ ဝင်တောင်မကြည့်ရဲ၊ ပြီးတော့ တနှစ်သားမှာ အေဖမဲ့ခဲ့ရတဲ့သားကေလးကို မိခင်ရင်ငွေ့နဲ့သာ နွေးစေခဲ့သူ၊ အဖိုးတန်သားကလေးဖြစ်အောင် ပျိုးထောင်ပေးခဲ့သူ၊ ဘယ်လောက်တောင် အတွင်းကြေနေမလဲ။ 

ကိုဒိုးလုံး ဆုံးသွားတုန်းကလည်း သူ့အနုပညာ၊ သူ့ဖန်တီးမှှုတွေနဲ့ သူ့သီချင်းတွေ ကိုယ္တို့ အာသာမပြေသေးခင်မှာ သူ ထွက်ခွာသွားတော့ သူ့အမေက သူ့သားဟာ ဘဝမွာ နေသွားရတာ သိပ္တန္တာပဲတဲ့၊ သူလုပ်ချင်တာတွေ သူဖြစ်ချင်တာတွေ အကုန် လုပ်သွားတယ် ဖြစ်သွားခဲ့တယ်တဲ့၊ မပြီးဆုံးသေးတာကတော့ တပိုင်းပေါ့။ သူ့သားဟာ ဘဝမွာ တန်အောင်နေသွားခဲ့ရပါတယ် တဲ့။ ကိုယ့်မှာ ပြောစရာစကားလုံးတွေ ပျောက်ရှခဲ့ရတယ်။ ဘဝကို တိုင်းတာပုံ၊ ရှုမြင်ပုံတွေ မတူကြတာမျိုး။ ဘဝကို အနိူင်နဲ့ပိုင်းသွားတယ်လို့ မြင်တတ်ရင် စိတ်ချမ်းသာရတာပေါ့။ 

"လိုရာပြည့်သောဘဝမှာ မပျော်နိူင်ရင် မင်း ဘာလိုနေသေးလဲ..."

ခက္တာက ဘဝမွာ လိုတာတွေအကုန်ရနေတဲ့အခါ မရတာကို လိုချင်မိပြန်တာပဲ။ လူ့စိတ် လူ့သဘာဝဟာ အဆန်းသားပဲဟုတ်လား။ 

အဖြစ်နဲ့ အပျက်တွေ ချိတ်ဆက်ဖြစ်ပေါ်နေတာကိုပဲ အဖြစ်အပျက်လို့ ကိုယ္တို့ နားလည်ထားကြတယ်။ အဲဒီအဖြစ်အပျက်တွေကို ငါ နဲ့ချိတ်လိုက်တဲ့အခါ၊ အဲဒီမွာ ငြိတော့တာပဲ။ သူမ်ား တခုခုဖြစ်ရင် ကိုယ်ချင်းစာနိူင်တာက တပိုင်း၊ ကိုယ်တိုင်ဖြစ်မှ တကယ္နာတတ္တာက တပိုင်း ဟုတ္လား။ ကိုယ်တိုင်ဖြစ်တဲ့အခါ အဲဒီအဖြစ်ဟာ ငါနဲ့ ချိတ်နေတာကိုး၊ နာတာပေါ့ နာမှာပေါ့။ တကယ်တမ်းကျတော့ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူများပဲဖြစ်ဖြစ် အဖြစ်ဆိုတာရှိရင် အပျက်လည်း ရှိမှာပေါ့။ 

အဖြစ်နဲ့အပျက် ကြားကာလတခုတော့ ကွာခြားနိူင်ကောင်းပါတယ်။ ခုဖြစ် ခုပျက်တွေရယ်၊ ခုဖြစ် အတော်ကြာကြာမှ ပျက်တွေရယ်၊ ဘယ္လိုပဲရွိရွိ ကြားကာလတခုကြာရှည်ရင် ရှည်သလောက် အပျက်အပေါ်မှာ ထိခိုက်မှှုဒီဂရီ ကွာခြားတတ်ကြတယ်။ ခံနိူင်ရည် ကွာခြားတယ်။ ခံယူပုံကွာတယ်။ ရင်ဆိုင်ပုံချင်း ကွာတယ်။ အသားမာတက်နှှုန်းချင်း ကွာကြတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ ကိုယ်တိုင်ပဲဖြစ်ဖြစ် သူများပဲဖြစ်ဖြစ် အဖြစ်ပြီးရင် အပ်က္လာမွာ သဘာဝပဲ၊ ဒါကို သူမ်ားဟာ ငါ့ဟာ ပိုင်ဆိုင်မှှုကြီးနဲ့ သွားလုပ်နေရင် ခံရဖို့ပဲ။ ဘေးကနေ ကြည့်တတ်ဖို့ လိုတယ်။ ဒါပေမယ့် တသက္လုံးက ငါ ငါ့ဟာ လုပ်လာတော့ သူများဖြစ်ရင် ဘေးကကြည့်နေနိူင်ပေမယ့် ကိုယ်တိုင်ဖြစ်ရင် ငါနဲ့ချည်း တွဲပြီးချိတ်မိနေတော့တာပဲ။ ဘေးလူလုပ်နိူင်ဖို့ ခက်တယ်။

ထားပါတော့။

ကိုယ်ချစ်တဲ့သူတွေ ဆုံးရွုံးရတဲ့အခါ ကိုယ့်ခံစားချက်ဟာ ကိုယ်နဲ့ တိုက်ရိုက်ချိတ်ဆက် ပူလောင်စေတော့တာပဲ။ 

ဒီအဖြစ်မှာလည်း ကိုယ္တို့က ကြေကြေနပ်နပ်ကြီး လက်ခံ ပျော်ဝင်နေကြသေးတယ်။ လူကိုး...ဆိုတဲ့ ထွက်ပေါက် ရှိတယ်၊ ပုထုစဉ်ဆိုတဲ့ အရူးလက်မှတ်ကလည်း ရထားသေးတာ။ 

ဆိုတော့ ခံစားချက်မရှိရင်လည်း လူမဟုတ်၊ ကျောက်ရုပ်လိုလိုကြီး၊ ခံစားတတ်လွန်းပြန်တော့လည်း တရားမရွိ၊ ခံနိူင်ရည်မရှိတဲ့ လူပျော့၊ လောကဓံကို ရင်မဆိုင်နိူင်သူ။

အဲဒီ နှစ်ခုကြား၊ မျှခြေတခုတော့ ရှိရမယ်။

ကိုယ်လည်း အဲဒီမျှခြေကို ရှာဖွေနေတုန်း.

ခက်တယ်

တကယ်တော့ ဝေးမသွားပါဘူး၊ စိတ် လက်တကမ်းအကွာမှာ ရှင် ရှိနေမှာပါ။

ကိုရေမွန်ငြိမ်းချမ်းနေပါစေရောက်ရာဘဝကနေ ပြုံး ကြည့်နေပါ၊ အားလုံးရဲ့ ချစ်ခြင်းတွေကို မြင်ရရဲ့လား


အရူးပဲဆိုဆို၊ ချစ်စရာလူသားတွေကိုတော့ ကိုယ္တို့ လွမ်း တ နေရမှာပဲ ဟုတ္လား

လွမ်းနေဖို့ ထိုက်တန်ပါတယ်လေ...



CKA

2 comments:

  1. အစဆုံးဖတ်ပြီး ငိုရတယ် မချစ်ရယ် သူ့အမေကတော့ တည်တည်ငြိမ်ငြိမ်လေး သားအတွက်မှာသွားနိုင်ပေမယ့် ကိုယ်တွေမှာ နှလုံးသားစက်တက်ကွဲ .... 😭💔❤️‍🔥

    ReplyDelete
    Replies
    1. အန်တီခင်မြတ်မွန်လည်း အတွင်းကြေနေမှာ ညီမေရ၊
      အိမ်ထောင်နှစ်ဆက်လုံးက ထားခဲ့ခံရပြီး အားကိုးစရာ ဒီသားကေလးတြတ္ပီပဲ သူ့မှာရှိတာ...💔💔

      Delete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...