Wednesday, June 30, 2021

ချစ်ခြင်းတရားနှင့် နှောင်ကြိုးများနှင့် ခွဲခွာရခြင်းမျာ$း

တွေးနေမိတယ်...

စမှတ်ရှိရင် ဆုံးမှတ်ရှိသလို အသစ်တဖန်ပြန်အစတွေလည်း ရှိနေတယ်ဟုတ်လား...။

ဒီနေ့ ၂၉ဟာ ကိုရေမွန်ဆုံးပါးသွားတာ တပတ်တိတိပြည့်တဲ့နေ့ပေါ့။ သူ ရှိနေစဉ်က သူ့သီချင်းတွေ အမြဲနားမထောင်ဖြစ်ခဲ့ဘူး၊ သူ့bandရဲ့ youtube channelကိုတောင် subscribe မလုပ်ဖြစ်ခဲ့ဘူး။ my listအနေနဲ့ favထဲသိမ်းထားပြီး နားထောင်ဖြစ်ခဲ့တာပဲရှိတယ်။ သူဆုံးသြားမွပဲ သူ့ကို လူတွေဘယ်လောက်ချစ်ကြမှန်း ပိုသိကြရတယ်။

ရှင်သန်နေချိန်မှာ တန်ဘိုးထားကြဖို့...

မလိုအပ္ဘူးလား...။

ချစ်ခြင်းမေတ္တာ...

ဘယ်လောက်များ နက်နဲတဲ့အဖြစ်လဲ...။

ဘယ်သူမွ အတိအကျပုံဖော်လို့ မဖြစ်နိူင်ဘူး

မလုံလောက်ဘူး

သိပ်လှပတာမို့ အလုံးစုံဖော်ပြဖို့ရာ မတတ်နိူင်ကြဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မမိတ်ဆွေရဲ့ခင်ပွန်း ဆုံးသွားခဲ့တယ်။ သူ့ကို မီးသင်္ဂြိုလ်မယ့်နေ့မှာ ကလေးနှစ်ယောက်ကို အိမ်မှာပဲထားခဲ့ဖို့ ကျွန်မမိတ်ဆွေက ဆုံးဖြတ်တယ်။ သူ့အမျိုးသားဆုံးတာ ဆေးရုံမှာဆိုတော့ ဆေးရုံကနေပဲ သင်းချိုင်းကို တန်းပို့မှာမို့ သူ့ကလေးနှစ်ယောက်ကို အဖေဖြစ်သူရဲ့အလောင်းကို ပေးမတွေ့တော့ဖို့ သူ ဆုံးဖြတ်ခဲ့တာ။

လွန်ခဲ့တဲ့အနှစ်၂၀ကျော် အဖေဆုံးတုန်းက နိူင်ငံရပ်ခြားမှာမို့ အဲဒီမြာပဲ သင်္ဂြိုလ်ဖို့ ဆုံးဖြတ်ပြီး အဖေ့အလောင်းကို မြန်မာပြည် ပြန်မသယ်ယူခဲ့ဘူး။ အဖေတို့ကုမ္ပဏီက တာဝန်ရှိသူတွေက အေဖ့ကို အလောင်းပြင်ထားပုံတွေ၊ မီးသင်္ဂြိုလ်ကာနီးပုံတွေ၊ အားလုံးပြီးသွားတော့ ဆုတောင်းပေးပုံတွေ ဓါတ်ပုံတွေကို ကျွန်မတို့မိသားစုဆီ လှမ်းပို့ပေးခဲ့ပါတယ်။

အဲ့ပုံတွေကို ကျွန်မ ခုထိ လုံးဝမကြည့်ခဲ့ဘူး။ 

ကျွန်မမျက်လုံးထဲကနေ စိတ်အတွင်းသားထဲအထိ စွဲကျန်နေရစ်မယ့် အဖေသေဆုံးပြီဆိုတာ သေချာစေတဲ့ရုပ်ပုံတွေကို ကျွန်မ မှတ်မိမနေချင်ဘူး။ 

ခုလည်း ကိုရေမွန်ကို ချစ်တဲ့ အရင်းနှီးဆုံးတွေက သေဆုံးတဲ့ပုံတွေကို မမျှဝေချင်ဘူး၊ အသိစိတ္က လက်ခံလိုက်ရလည်းပဲ သူဆုံးသွားပြီဆိုတာကို မှတ်ဉာဏ်ထဲမှာ ပုံရိပ်တွေအဖြစ် သိမ်းမထားချင်ဘူး။ သူရှင်သန်စဉ်က ပျော်ခဲ့ဖူးတာတွေ၊ သူ အနားရှိစဉ်က ကြုံတွေ့ရသမျှတွေကိုပဲ ပုံရိပ်ရှင်တွေအဖြစ်သာ သိမ်းဆည်းလိုတယ်။ 

ချစ်ခြင်းမေတ္တာတွေ...

သူပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို သူပြန်ရရှိခဲ့တာ...။

ကျွန်မလည်း အတူတူပါပဲ။ အတ္တကြီးတယ်ပဲဆိုဆို ချစ်သောသူတွေနဲ့ပတ်သက်လာရင် ကျွန်မတို့က ကောင်းသောမှတ်ဉာဏ်ကိုသာ အလိုရှိတာ၊ မှတ်မိနေချင်တာဟုတ်လား...

လူတွေနဲ့ပတ်သက်လာရင် ချစ်ခြင်းမေတ္တာအကြောင်းကိုသာ အရင်ဆုံး ပြေးမြင်ချင်တယ်။ နာစရာတွေ မတွေးချင်ဘူး၊ ကျွန်မနဲ့အတူ ခုထိ သယ်ဆောင်မလာချင်ဘူး။ အဲဒီလိုပဲ ကျွန်မအကြောင်းလို့ တွေးမိရင်လည်း ချစ်ခြင်းနဲ့ဆက်စပ်လို့သာ တွဲမြင်စေလိုတယ်။ လွမ်းဆွတ်မိရင်တောင် အပြုံးလဲ့လဲ့မျက်နှာပေါ်တင်လို့ တစိမ့်စိမ့် လွမ်း တ နေချင်တာ။ ကောင်းခဲ့ခြင်းတွေကိုသာ သတိရခြင်းနဲ့အတူ မှတ်ဉာဏ်ထဲ သိမ်းချင်တာ။ အမုန်းတရားဟာ ကျန်းမာရေးကိုထိခိုက်စေတယ်။ ချစ်ခြင်းတရားဟာလည်း မသုံးတတ်ရင် လောင်မြိုက်စေပြန်တာ...။

ဘာပဲဖြစ်ဖြစ်...

ဘဝဆိုတာက တိုတောင်းလွန်းသလို မနက်ဖြန်ဆိုတာကို ဘယ်သူမွ ကြိုတင်မတွက်ဆနိူင်ဘူးဟုတ်လား။ သေခြင်းတရားဟာ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူး။ အချိန်စေ့ရင် သေကွဲကွဲရမယ် အားလုံးကိုထားခဲ့ရမယ်။ ဒါ ဘဝပဲ။

ကျွန်မ သြားရတဲ့အခါ ကျွန်မအတွက် မျက်ရည်မကျစေချင်ဘူး။  ရှင်သန်စဉ်မှာ ကျွန်မထားရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို အမှတ်ရရင်း ပြုံးနေစေချင်တာ။ 

ကျွန်မပြောခဲ့သလိုပေါ့

ရှင်သန်ခြင်း

သေဆုံးခြင်း

ပြီးတော့ အသစ်တဖန် ပြန်စခြင်း...

ကိုရေမွန်က အသစ်တဖန် ပြန်စဖို့ ခရီးထြြက်သားခဲ့တာ...

ခရီးရှည်ကြီးပေါ့...

ကျွန်မတို့ကို သူ့သီချင်းတွေနဲ့ထားခဲ့ပြီးတော့ပေါ့...



CKA

3 comments:

  1. ကျွန်မတို့ကို သူ့သီချင်းထားခဲ့ပြီးတော့ပေါ့ ......
    Goodbye Raymon 👋
    မိုးငွေ့💔

    ReplyDelete
  2. ကျွန်မတို့ကို သူ့သီချင်းထားခဲ့ပြီးတော့ပေါ့ ......
    Goodbye Raymon 👋
    မိုးငွေ့💔

    ReplyDelete
  3. ကျွန်မတို့ကို သူ့သီချင်းထားခဲ့ပြီးတော့ပေါ့ ......
    Goodbye Raymon 👋
    မိုးငွေ့💔

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...