Wednesday, April 5, 2023

5Apr2023

 ဗန်ဂိုးရဲ့ The Immersive Experiance show​လေး The Forumမှာ သွားကြည့်ဖြစ်တယ်။ လက်မှတ်က ဧပြီ၁ရက်​နေ့က ဖြတ်တာ​ပေမယ့် ကိစ္စတခုက ဝင်လာလို့ ဒီ​နေ့မှ သွားရတယ်။ 

အစကတည်းက ကြိုက်ခဲ့တဲ့ကား​တွေမို့ ခုလို ကြည့်ရ​တော့ ​ကျေနပ်မိတယ်။ ​နေကြာပန်းကား​တွေထဲ ကိုယ်ကြိုက်တာက အပြာခံကား​တွေ၊ ဗန်ဂိုးနာမည်ကြီးတဲ့ ပန်းအိုးထဲက​နေကြာရိုင်း​တွေ ​နောက်ခံအဝါထက် ပိုကြိုက်တယ်။ ဗန်ဂိုးရဲ့ အိုင်းရစ်စ်ပန်း​တွေကိုလည်း ကိုယ်ကြိုက်တယ်။

သူ့ကို ကာလာဘလိုင်းများလားလို့​တောင် ယူဆကြတယ်။ ကိုယ်က​တော့ ကာလာဘလိုင်းဆိုတာထက် hypoဖြစ်​နေတာလို့ ထင်တာပဲ။ သူ့မျက်လုံးထဲ အ​ရောင်​တွေက ရှိရင်းထက် ပို​ဖျော့သလိုမြင်​နေတာဖြစ်မယ်။ ဒီ​တော့ သူက ကာလာ​တွေကို အ​တောက်စားကြီး​တွေ ​ရေး​တော့တာ။ ပြီး​တော့ သူ ကာလာစပ်ပုံက ကာလာစက်ဝိုင်းရဲ့ ဆန့်ကျင်ဘက်အ​ရောင်​တွေကို အတူတွဲပြီးဆွဲ​လေ့ရှိတာ။ ဒီ​တော့ သူ့ကား​တွေက ရုန်းကြွ ​တောက်ပ​နေကြတယ်။ သက်ဝင်လှုပ်ရှား​နေကြတယ်။ သူ ကွန်ထရပ်စ်ယူပုံကလည်း အ​တော်လှတယ်။ လုံးဝ အစွန်းတဘက်စီကအ​ရောင်​တွေကို တွဲသုံးပစ်တာ။ 

ပန်း​တွေဆွဲတာကို​တော့ သိပ်သ​ဘောကျတာပဲ။ ဆီ​ဆေးကို အနုအ​ချောမဆွဲဘဲ စုတ်ချက်အကြမ်းအတိုအပြတ်​တွေနဲ့ ​ရေးထားတဲ့ကြားကပဲ ပွင့်ဖတ်​တွေဟာ ဝဲနွဲ့ ယိမ်းညွှတ်လို့...။ 

ဘယ်လိုစိတ်​တွေနဲ့များ ဒီ​လောက် အ​သေးစိတ် နွဲ့​​ပျောင်းညွှတ်အိ​နေ​အောင် ဆွဲခဲ့သလဲ မ​ပြောတတ်ဘူး။ ဗန်ဂိုးစတိုင်အတိုင်း စုတ်ချက်အကြမ်း အတို​တွေနဲ့ ပျစ်ခဲ​နေ​အောင် တင်ထားတဲ့​ဆေး​တွေဟာ ​ကြောက်ခမန်းလိလိ​ကောင်းလွန်းတယ်။ ပန်းချီကား​တွေထဲမှာ သူ့စိတ် သူ့ဝိဉာဥ်ကို ဖမ်းလို့ရနိူင်​အောင်ကိုပဲ ​ဆွေး​မြေ့​ကြေကွဲစရာတခုခု ရှိ​နေသလိုပဲ။ 

လူ့ဘဝမှာ ၃၇နှစ် သက်တမ်းသာ ​နေထိုင်သွားခဲ့ပြီး 

ခုချိန်ထိ သူ့ကား​တွေ သူ့​ရေးချက်​တွေကို လူ​တွေ ရူးမူးစွဲလမ်း​နေ​အောင် လုပ်ထားနိူင်သူ...။ သူ​နောက်ဆုံး​ရေးသွားတဲ့ သစ်မြစ်၃ခုပုံကလည်း အ​ရောင်​တွေ​တောက်ပ​နေချက်က အံ့သြစရာ...။

အကြိုက်ဆုံးက​တော့ VR experianceပဲ။ ဗန်ဂိုးကား​တွေထဲ ကိုယ်တိုင်​ရောက်သွားသလို ခံစားရ​​တော့ ငို​တောင်ငိုချင်တယ်။ သူ့အိပ်ခန်း​လေးထဲ ကိုယ်တိုင်​ရောက်သွားတာမျိုး၊ ဂျုံခင်းကြီးထဲ ငှက်တ​ကောင်လို ပျံဝဲကြည့်ရတာမျိုး၊ ည​ကော်ဖီဆိုင်တန်း​လေးထဲ လမ်း​လျှောက်ဝင်သွားရသလိုမျိုး၊ ကြယ်​တွေစုံတဲ့ညမှာ နဂါး​ငွေ့တန်း​တွေထဲ လည်ပတ်ပါဝင်သွားသလိုမျိုး၊ မြစ်ကမ်း​ဘေးမှာ ​လေညင်းခံလမ်း​လျှောက်ထွက်လာသလိုမျိုး၊ ကိုယ်ဟာ ထိုင်​နေရင်းက ​လေက​လေး​ဝေ့လာသလို တလွင့်လွင့်​တောင် ထင်မိတယ်။ 

​နေရာထိုင်ခင်းကလည်း ဗန်ဂိုးပန်းချီပုံ ဖျင်တပ်ထားတဲ့ ပက်လက်ကုလားထိုင်​လေး​​တွေ စီခင်း​ပေးထားသလို ခုံတန်းက​လေး​တွေလည်း ရှိတယ်။ ​မွှေးပွ​ကော်​ဇောနဲ့ bean bagအိအိ​လေး​တွေ ချထား​ပေး​သေးတယ်။ သက်​တောင့်သက်သာနဲ့ ပိုးလိုးပက်လက် ​ကျောခင်းပြီး ကြည့်သူ​တွေကကြည့်​ပေါ့။ (ကိုယ်လည်း အိပ်ပြီးကြည့်ခဲ့တာ😁)

ခဏ​တော့ အပူ​တွေ ​မေ့သွားဖြစ်တယ်...။ 













ကိုယ်က ဗန်ဂိုးရဲ့ ​နေကြာပန်းကြီး​ပေါ်လာတုန်း ပန်း​နောက်ခံနဲ့ ရိုက်တာပဲ။ ရိုက်​ပေးတဲ့သူက ပန်း​ပေါ်​အောင်မရိုက်ဘဲ လူဦးစား​ပေးရိုက်လိုက်တာထင်တယ်။ ကိုယ်လည်း အားနာလို့ ပြန်မရိုက်ခိုင်းဖြစ်လိုက်ဘူး။ အားလုံးက ခံစားစီး​မျော​နေကြ​တော့ အ​နှောက်အယှက်​ပေးသလိုဖြစ်မှာစိုးတာနဲ့ လူပုံ သိပ်မရခဲ့ဘူး။ (အကိုကြီးက မအားလို့ လိုက်မပို့နိူင်ဘူး​လေ)








2 comments:

  1. ဒီလိုအခွင့်ရေးမျိုးရတာ သိပ်ကံကောင်းတာပဲ သမီးလည်း ဗန်ဂိုးရဲ့ နေကြာပန်း အိုင်းရစ်ပန်းအိုးတွေကို သိပ်ကြိုက်တာ... အပြင်မှာတကယ့်ပန်းချီကားကိုမြင်ဖူးချင်သေးတယ်...။

    ReplyDelete
    Replies
    1. ဟုတ်တယ်မိုး​ရေ အပြင်မှာကြည့်လိုက်ရတာ တကယ်​ကျေနပ်တယ်။ ပန်း​တွေကြိုက်တာချင်း တူပါ့ 😊😊

      Delete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...