Tuesday, April 18, 2023

18Apr2023

 ညီမ​လေးက ကိုယ့်အတွက်​ပေးတဲ့လက်​ဆောင်...

ရင်ဖုံး ချည်ထည်​လေး​တွေဆို ကိုယ်က အရမ်းမက်မက်​မော​မောဝတ်တတ်တာ သိလို့ သူက သူ့အတွက်ဝယ်ရင်း ကိုယ့်ဖို့ပါ ၂ထည် ပိုဝယ်လာတာ။

ခုဝတ်ကြည့်ထားတဲ့ခရင်မ်​ရောင်​လေးရယ်၊ ​နောက်တထည်က ကြံရည်စိမ်း​ဖျော့ဖပ်ဖပ်က​လေးရယ်။ 

မြန်မာပြည်မှာသာဆိုရင်​တော့ ကိုယ် ခုချိန် ဝတ်ချင်ဝတ်​နေမှာ...၊ (ခု​တော့ မြန်မာပြည်ကို ကိုယ် ဖွားရီးဖြစ်မှ ပြန်​ရောက်​တော့မလား မ​ပြောတတ်)

မြန်မာရင်ဖုံး​လေး​တွေ ချည်ချိတ်​လေး​တွေ ဝတ်ရတာကြိုက်တယ်။ ကိုယ့်စိတ်က မိန်းမသိပ်မဆန်​ပေမယ့် အဲလို​လေး​တွေ ဝတ်ရတာရယ် ပန်းပန်ရတာရယ်​တော့ ကြိုက်သားပဲ...၊






ဆံထုံး​လေး ထုံးကြည့်တယ်။ ​ဆံထုံးအနားသတ်​ဘေးနားမှာ ဆံထိုး​လေးဖြစ်ဖြစ် ပန်း​လေး​တွေဖြစ်ဖြစ် ထိုးစိုက်ထားရမယ့် ဆံထုံးမျိုး​ပေါ့။ ခု​တော့ ဘာမှ မရှိလို့ မထိုးရဘူး။ ဆံပင်ကလည်း stepsညှပ်ထားလို့ အတိုအရှည်မညီ​တော့ သိမ်းလို့မရတဲ့ အတို​တွေက ဖွာထွက်​နေ​ရော...။ hairsprayလည်း သုံးမထား​တော့ မသပ်ရပ်​သေးဘူး၊




No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...