အမေ...
သေစာ ရှင်စာ ဖတ်
လောကဓံကို မားမားရပ် ဖြတ်သန်း
အမေ လျှောက်တဲ့လမ်းတွေ
ကြမ်းချင် ကြမ်းစမ်းပါစေ...တဲ့...။
အမေရယ်...
သမီးကလေ...
အမေ့သွေးနဲ့ သွန်းလောင်းခဲ့ပေမဲ့
အမေ့လို သတ္တိ မကောင်းခဲ့သူ...
အမေ့လက်တွေနဲ့ ပုံသွင်းထုဆစ်ခဲ့ပေမဲ့
အမေ့လောက် ချစ်ခြင်းအတတ်မှာ တဖက်ကမ်း မခတ်ခဲ့သူပါ....
ဒါပေမဲ့ အမေ...
နှလုံးသွေးနဲ့ ဆွဲတဲ့ ပန်းချီ
အမေ့ မေတ္တာ မပီပေမဲ့
နရီ ကာရံ ရင်ခုန်သံနဲ့
သွန်းလောင်းဖွဲ့စီ ကဗျာသီကြည့်ချင်သေးတယ် အမေ....။
ကျမ ဆုတွေရတဲ့အခါ
အဖေဟာ...
ဒါမှ ဖေ့သမီးရယ်လို့
ဂုဏ်ယူဝင့်ကြွား ပီတိစားသုံး
အမေကတော့ ပြုံးတုံ့ ငြိမ်သက်
ဘယ်တုန်းကမှ သူ့နေရာ တဝက် ဝင်မယူရက်ခဲ့သူ....။
ကျမ ဆူးငြိ ခလုတ်ထိလို့
အမိတ တဲ့အခါ
ရင်လွှာထဲ ထွေးပိုက်
မိုက်လိုက်တာရယ် လို့တောင် တချက်မဆိုငြီး
ဖြစ်ရလေ....သမီးရယ် တဲ့....
ဂရုဏာဆေး တိုက်ကျွေးခဲ့တဲ့ အမေ.....။
မိသားစု ထမင်းဝိုင်းတွေမှာဆို
အဖေ နဲ့ သားသမီးတွေကို ပိုပိုသာသာ
သူ့ ခမျာမှာတော့ အိုးလူး ခွက်လူး
ကျမ နားမလည်ဘူး အမေ ဆိုတော့
အမေဟာ အမေမို့လို့ပေါ့ သမီးရယ် တဲ့....။
အမေ....
အသင်္ချေ မေတ္တာ...အနစ်နာခံမှု....
မကုန်ဆုံးနိုင်သော ပေးဆပ်မှု
စိတ်ရှည်မှု အကြင်နာများစွာ ဆိုတာ အမေ့အတွက် လက်သုံး
ဘယ်တော့မှ မကုန်ဆုံးနိုင်တော့မဲ့ အချိုတွေနဲ့
အမေ ဆိုသူတွေရဲ့ နှလုံးသား အလှဆီ
မမီ မကမ်း စာချဲ့
သီ တန်း ကဗျာဖွဲ့လို့
ရည်မှန်းကာ ရေးသားခဲ့တဲ့
ကျမရဲ့ ကဗျာတွေသာ
အဆုံးမှာ....
မလှမပ ဆွံ့ အ လို့ သွားခဲ့ပေါ့.......။
ကိုယ့်ကဗျာကိုယ် “မလှမပ” မှန်းတော့ သိတယ်ပေါ့လေ...
ReplyDeleteးဝ)
ရောက်ခဲ့တယ်။ အမေကိုချစ်တဲ့သူချင်း စာနာခဲ့တယ်။ ထီးမပါလို့ လစ်ပြီဗျို့။ မိုးရွာတော့မယ်။
ReplyDeletehttp://zawmaung-kopouk.blogspot.com/2010/04/blog-post_1851.html
အမေများအားလုံးကို ဒီကဗျာလေး ဖတ်ရင်း ပေါင်းပြီး ဂုဏ်ပြုပါတယ် မ။
ReplyDeleteအမကဗျာထဲက အတိုင်းဆိုရင် ကျနော့်အတွက် မဟုတ်ဘူး။
ReplyDeleteကျနော်က အဖေထက် အမေကို ပိုချစ်သူပါ။
ဒါပေမဲ့ အမလိုတော့ အဖေက နေရာ မရခဲ့ဘူး။
နေရာတကာ အမေပဲလေ။
အဖေတွေက ပိုသနားဖို့ ကောင်းတယ်။
ဒီကဗျာလေးဖတ်ပြီး အမေဘဝကိုဂုဏ်ယူမိပါတယ်။
ReplyDeleteLink ယူသွားပါတယ်။
အစ်မရေ....
ReplyDeleteကဗျာလာဖတ်သွားတယ်ဗျာ
အမေ့ရိပ်ကို ကနေ့ပဲပြန်ခိုပြီး)
ထပ်တူခံစားသွားပါတယ်၊ အမေနဲ့ဝေးနေပေမယ့် အမေကို့ ရင်ထဲမှာ အမြဲ သတိရနေပါတယ်၊
ReplyDeleteအမေ....
ReplyDeleteအသင်္ချေ မေတ္တာ
သိပ်ကောင်းတဲ့ ဖွဲ့ဆိုမှုပဲ
အမေချစ်တဲ့ သားမို့လို့နဲ့တူတယ်
အမြဲလိုလို မေမေရေ လို့ နှုတ်က တိုးတိုးလေး လွတ်ထွက်မိတယ်။ စိတ်ကတောင် မသိလိုက်ပါဘူး။
သိပ်ကောင်းတဲ့ကဗျာလေးကိုဖတ်သွားပါတယ်..အမေရဲ့အနစ်
ReplyDeleteနာခံနိုင်မှုနဲ့မေတ္တာ၊အမေ့ရဲ့မြတ်နိုးလေးစားစရာကောင်းတဲ့
သားသမီးနဲ့ထပ်တူခံစားပေးတတ်မှုကိုကဗျာလေးထဲမှာမြင်
နေရတယ်...အစ်မအမေကိုရော..အမေတိုင်းကိုကောလေး
စားပါတယ်..။
ဘယ်တုန်းကမှ သူ့နေရာတစ်ဝက်ဝင်မယူရက်ခဲ့သူ.. ဆိုတဲ့နေရာလေး မျက်ရည်တောင်ဝိုင်းချင်သွားတယ်အစ်မရယ်..
ReplyDeleteအဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်တယ်ရယ်လို့မရှိပေမယ့် ကျွန်တော့်ဘ၀မှာတော့ အမေက ပိုသနားစရာကောင်းခဲ့တယ်။ မောင်နှမတွေများတဲ့မိသားစုမှာ ယောက်ျားလေးဦးစားပေးရေးနဲ့ အငယ်တွေကြောင့် သမီးကြီးဖြစ်တဲ့အမေ လေးတန်းထိပဲကျောင်းနေခဲ့ရလို့ သိမ်ငယ်စိတ်နဲ့အတူ ဘွဲ့ရပညာတတ်အဖေကို ဘုရားတဆူဂူတလုံးလိုနေခဲ့တဲ့အမေ.. အဖေ့ရဲ့တချို့သောအမှားတွေကြောင့် နာကျင်ခဲ့ရတဲ့အမေ.. သားသမီးကိုဆုံးမရင်တောင် ငါ့လိုဖြစ်အောင်ကြိုးစားကြလို့ ပြောမရပဲ နင့်အဖေနဲ့ အမေကိုပဲကြည့် နင်တို့အမေငါက ပညာမတတ်တော့ နင့်အဖေပြောသမျှယုံနေရတာ.. နင့်အဖေလို ပညာတတ်အောင်ကြိုးစားကြလို့ ဆုံးမခဲ့ရတဲ့အမေ..........
မမ...အမေကဗျာလေး လာဖတ်ပြီး မေမေ့ကို အရမ်းသတိရသွားပြီ...
ReplyDeleteဂျင်ဂျင်း
ဒီတပိုဒ်အကြိုက်ဆုံး..
ReplyDelete--
မိသားစု ထမင်းဝိုင်းတွေမှာဆို
အဖေ နဲ့ သားသမီးတွေကို ပိုပိုသာသာ
သူ့ ခမျာမှာတော့ အိုးလူး ခွက်လူး
ကျမ နားမလည်ဘူး အမေ ဆိုတော့
အမေဟာ အမေမို့လို့ပေါ့ သမီးရယ် တဲ့....။
တို့တီတီကြည်က ဘယ်ဆိုးလို့တုံး :P
ReplyDeleteမေမေ ......... ကဗျာမရေးတတ်လို့ ပုံပဲတင်ထားတယ် ဟိ
ReplyDeleteမချစ်ကြည်ရေ
ReplyDeleteအမေဖြစ်ရတာ အမောတွေအပြည့်နဲ့ပေါ..
မဗေဒါ
အမေနေရာကရော သမီးနေရာကပါ ခံစားပြီးဖတ်သွားပါတယ်။
ReplyDeleteမြင့်မိုရ်ထက် မြင့်သောနေရာ
ReplyDeleteမိုးတိမ်လတွေရဲ့ အပေါ်မှာ
ယူဇနာများစွာ လွန်ကွာဝေးတာ
မာတာပီတုပါ...။
သီချင်းလေးညည်းမိသွားတယ်။ ဘယ်တော့မှ အစားထိုးမရမယ့် အနှိုင်းမဲ့မေတ္တာတော်တွေပေါ့ အစ်မရယ်။
အချိန်တွေရှားပါးနေတာမို့ အမေများနေ့ အမှတ်တရတောင် မရေးလိုက်နိုင်ဘူး။
မရဲ့ ကဗျာလေးကို ကြိုက်တယ်။း)
ကဗျာလေး လှတယ်...
ReplyDeleteမနက်က မေမေ့ဆီ ဖုန်းဆက်ပြီး Happy Mother's Day လို့ပြောတော့ မေမေက ရယ်နေတယ်... တကယ်တော့ အမေများနေ့က ဒီတနေ့ထဲမှ မဟုတ်တာနော်... ကိုယ့်ကို ချစ်တဲ့ ကိုယ်ကလဲ သိပ်ချစ်ရတဲ့ အမေတွေအတွက်တော့ နေ့တိုင်းဟာ အမေများနေ့ပဲ မဟုတ်လား...
အမေ...
ReplyDeleteစာလုံးလေးက ၂လုံးထဲ။ ကျဉ်းကျဉ်းလေး..။
အနက်အဓိပ္ပါယ်က..
စင်္ကြာဝဋ္ဌာလောက်.. အပြောကျယ်..။
အမေမွေးနေ့မှာ အမေ့ကို တော်တော်သတိရပါတယ်...ကိုယ်ကိုယ်တိုင်လည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ကိုယ်ဝန်ဆောင်ရတဲ့ ဝေဒနာကိုနားလည်သလို မမြင်ရသေးတဲ့သားသမီးကို ဘယ်လောက်တောင်ချစ်ရတယ်ဆိုတာသိလာတယ်..အဲလိုသိလာတဲ့အချိန်မှာ ကျမအမေကို မေးခွန်းတစ်ခုမေးချင်တယ်.ဘာလို့ ကျမတို့ညီအစ်မကို ပစ်ထားခဲ့တာလည်းဆိုတာ ..သမီးနှစ်ယောက်ရဲ့ အချစ်ကိုစွန့်နိုင်တာ ဘယ်လိုအင်အားတွေလည်းဆိုတာသိချင်တယ်..
ReplyDeleteအခုချိန်ထိ တွေးတိုင်းမျက်ရည်ကျတယ်..အဖေနေ့လည်းမျက်ရည်ကျရတယ်..မာနတွေကိုယ်စီနဲ့ သမီးတွေကို ပစ်ထားခဲ့ကြတာ..ကျီးစားစားခွေးထိုးထိုး သဘောထားခဲ့သလိုပဲ..မိဘကို နာကြည်းတဲ့စိတ်တွေနဲ့ ကျမတို့ညီအစ်မကြီးပြင်းလာခဲ့ကြရတာ..ပညာတွေအများကြီးကြိုးစားခဲ့ကြလို့ အသီးအပွင့်တွေခံစားခဲ့ရပေမယ့် မိဘကို နာကြည်းခဲ့ တဲ့ အကုသိုလ်အရှိန်ကြောင့်ရယ်..မိဘမဲ့ နေခဲ့၇တာကြောင့်ရယ်ပါ အခုချိန်ထိ လှိုက်လှိုက်လှဲလှဲပျော်တယ်ဆိုတာမရှိခဲ့ရဘူး..ပျော်လည်းမပျော်တတ်တော့ဘူး..
အမြဲတမ်းဆုတောင်းတတ်တာ တစ်ခုက ဘ၀ဆက်တိုင်းမိတကွဲဖတကွဲမနေ ရပါစေနဲလို့