Tuesday, May 18, 2010

ငှက်တို့နဲ့ တနေ့ခင်း

ဂျူရောင်း ငှက်ဥယျာဉ်ကိုရောက်တော့ နေ့လည် ၁၂ ထိုးတော့မယ်...တဲတဲလေးရယ်။ လက်မှတ်ချက်ချင်းဝယ်...၊ ငှက်စွမ်းရည်ပြပွဲက ၁ နာရီမှ ဆိုတာနဲ့ ၄၅မိနစ်လောက် ဟိုလျှောက် ဒီလျှောက် နဲ့ အချိန်ဖြုန်းရသေးတယ်။ ပင်ဂွင်းတွေ သွားကြည့်ခဲ့သေးတယ်...။ ပိုစ့်တင်ဖို့ မရည်ရွယ်ထားတာမို့ အသေအချာ ဓါတ်ပုံ မရိုက်ခဲ့ရဘူး။

နေ့မွန်းတည့်နေပူပူအောက်မှာ၊ ပြီးတော့ ငှက်တွေကိုလည်း ကိုယ်က စိတ်ဝင်စားတာမှ မဟုတ်တော့ ဓါတ်ပုံရိုက်ချင်စိတ်ကို မရှိတာ...



ဝင်ခနဲ့ အတူ Panorail စီးဖို့ပါ ဝယ်ခဲ့တာမို့ အပူရှောင်ပြီး ရထား ခဏ စီးခဲ့ကြတယ်။ ဒါက စတေရှင်တခုမှာ...



ဒါက Lory Station မှာဆင်းတုန်း ရိုက်ခဲ့တာ....


အဲဒီ Bottle Tree ကတော်တော်လှတယ် ဒါပေမဲ့လည်း နေပူကျဲကျဲထဲမှာ တပင်တည်း...အထီးကျန်လွန်းလှသကွယ်...


ငှက်စွမ်းရည်ပြပွဲနေရာ....


မြန်မာလို ရွက်ဖျင်တဲ အကြီးစားကြီး...သူကတော့ ပိုခေတ်မီတာပေါ့လေ...ပွဲမစသေးတော့ ပျင်းပျင်းနဲ့ မိုးပေါ်ထောင်အပစ်...အဲ...အရိုက်မှာ ခုလို တိမ်တွေနဲ့ ရွက်ဖျင်တဲအစပ်နေရာလေး လှတပတကို သွားရိုက်မိတယ်...သေချာကြည့်...သိတ်ကဗျာဆန်တယ်...
(ကိုယ့်အတွက်တော့ တိမ်တွေကို ဘောင်အတွန့် အတွန့် ခတ်ပြီး ကြည့်ခဲ့တဲ့ တခဏပေါ့...)


ထောင့်တွေတိုင်းမှာ အရှိန်ပြင်းတဲ့ လေပန်ကာကြီးတွေ ရှိတယ်...တွေ့လား ဒါပေမဲ့ အသေပူတာပဲ...ဒါတောင် ဒီမှာ မိုးက ခဏခဏ ရွာတာ...


ဒါက လိမ္မော်ရောင်အသွေးနဲ့ ဖလမ်မင်ဂိုတွေ...အနီးကပ်မသွားဘူး...အဝေးက လှမ်းရိုက် ခဲ့တာ...


ဒါလည်း ဖလမ်မင်ဂိုပဲ သူကျတော့ ပန်းရောင်ဖျော့ဖျော့...


Lory တွေ အစာကျွေးတဲ့နေရာ...အထဲဝင်လိုက်သွားပြီးမှ မှားသွားမှန်းသိတယ် ငှက်တွေကို အထဲမှာ ဒီအတိုင်းလွှတ်ထားတာကိုး...


လူတွေရဲ့ ပခုံးပေါ် လိုက် လိုက်နားနေတော့ ဖလန်း ဖလန်းသံ ကြားရင်ပဲ ကိုယ့်မှာ အလိုလို ဇက်ပု ပုသွားတယ်...လျှောက်ရတာ ကျောမလုံလှဘူး...


ဒီတကောင်က မိုက်ဂိုက်နဲ့ လှမ်းရှိုးနေသေးတာ...လက်ထဲက ကင်မလာလေး လွတ်ကျတော့ မလို့ မြန်မြန် ရိုက်ပြီး ရှေ့ဆက်ရွေ့ခဲ့ရတယ်..


အင်း...ဒီတကောင်ကတော့ အတော်သွေးကြီးတယ် အရေးကိုမလုပ်ဘူး...ဘာဖြစ်လဲ ရိုက်တယ်ကွာ...


သနားစရာတော့ ကောင်းသား သူတို့ခမျာ အစာခွက်ကို ခုလို ခြေကလေးတဘက်နဲ့ ကုတ်ဆွဲထားပြီးမှ စားရှာတယ်...


တလျှောက်လုံး အနီ၊ အစိမ်း နဲ့ အဝါတွေချည်းပဲမို့ ရွှေအိုရောင်နဲ့ အနက်စပ်ကြားလေးတွေ တွေ့တော့ရိုက်ချင်တာ...ဘသားချောငှက်တွေက ထွက်မလာကြဘူး...


အောက်ပုံက အင်တာနက်က ရှာတင်လိုက်တာ...ငှက်နှစ်ကောင် ခြင်းလေးတွေထဲကို ဘောလုံးလေးတွေ အပြိုင်ထည့်ကြတာ...


etour-singapore.com/jurong-bird-park

ငှက်တွေက တတ်တာလွန်ရောပဲ...၁ကနေ ၁၀ထိ အင်္ဂလိပ်လိုရော၊ တရုပ်လိုရော ရေပြတာ၊ ငိုတဲ့အသံ၊ ဟဲလိုနှုတ်ဆက်သံ၊ သီချင်းတွေ လည်း ဆိုပြလို့...အဲဒီ့ ခဏတော့ ချစ်စရာ...၊ ဇီးကွက်တွေ၊ ဒီးဒုတ်တွေ အဲသလို ညဥ့်ငှက်တွေကိုတော့ ညအမှောင်ခန်းလို ဖန်တီးထားတဲ့ အထဲမှာ ပြထားတယ်...ငှက်တွေကို ဖလက်ရှ်ပိတ်ပြီးမှ ဓါတ်ပုံရိုက်ခွင့် ပြုပါတယ်...

ဟက်ပီး ဘာဒ့်ဒေး သီချင်းဆိုပြတဲ့ ငှက်ကလေးရဲ့ ဗီဒီယိုကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်

ငှက်တွေကတော့ အမျိုးစုံပဲ ဒါပေမဲ့ ရထားပေါ်ကနေပဲ ကြည့်ရင်းသွားတာမို့ ဓါတ်ပုံရိုက်ခွင့် မသာဘူး၊ ရိုက်ချင်တာက ငှက်ကြီးဝံပို၊ အောက်ချင်းငှက် နဲ့ ပင်ဂွင်းတွေပဲ...၊ အတော်လှမှာ ဒီက ရိုက်ချက်နဲ့ဆို....

ငှက်တွေက ဘယ်လိုပဲ အမျိုးအစားကွဲကွဲ ကိုယ့်မျက်လုံးထဲတော့ တူတူလိုပဲ..... သွားချင်ရာသွား၊ စားချင်ရာစား၊ နားချင်ရာနား နဲ့ သူတို့ မှာ အတောင်ပံတစုံ ရှိနေခြင်းက ပန်းကလေးတွေထက် အားသာတဲ့ အချက်ပဲ...။

စိတ်မဆိုးဘူးဆိုရင်တော့ မောင်တို့ ယောင်္ကျားတွေနဲ့ တူတယ်လို့ ပြောလိုက်ချင်တာ....။ ဒါပေမဲ့လည်းလေ တချို့သော ငှက်တွေကျ ပြန်တော့ အတောင်ပံတွေ ကိုက်ညှပ်ထားခြင်း ခံရတာမို့ ဖလပ် ဖလပ် မလုပ်နိုင် ရှာတော့ပါဘူး...အိမ်ကလူကြီးလို ဆိုပါတော့လေ....:)

27 comments:

  1. အံမယ်... အံမယ်... နှိုင်းယဉ်ချက်က... အစ်မချစ်ချစ်ကြားရင် စိတ်ခုသွားဦးမယ် :P

    အစ်မချစ်နော်...ငှက်ပန်းခြံသွားတာ ဇွန်တို့တောင် မသိလိုက်ဘူး။

    ReplyDelete
  2. မရောက်ဖူးသေးဘူး၊
    သွားရအုံးမယ်၊ အခု အကြိုကြည့်သွားတယ်။

    ReplyDelete
  3. လိမ္မော်ရောင် မကြိုက်လို့လားမသိဘူး ။ ငှက်လိမ္မော်ရောင်က ကြောက်စရာကြီးလိုပဲး(

    ReplyDelete
  4. ဒါဆို တို့ ကိုကြီးတစ်ယောက် ဖလန်းဖလန်း မလုပ်နိုင်တော့ဘူးပေါ့နော်
    သနားထှာ...ဟိ။

    ReplyDelete
  5. ကျွန်တော်က မလေးရှား birdpark မှာလုပ်တယ်လေ စလုံးကထက်ကြီးတယ် စလုံးက ငှက်ပြတိုက်မှာလေ့ကျင့်တဲ့သူတွေနဲ့ မလေးက ကောင်တွေတူတူပဲ
    ရှိုးပြကွက်တွေရော အသစ်ဖန်တီးနိုင်ပြီဆို ဖလှယ်နေကြတယ်လေ
    www.klbirdpark.com
    ငြှက်တွေက စိတ်မထင်ရင် ဆိတ်တယ်ဗျး)

    ReplyDelete
  6. အန်တီချစ် ပိုင်သကွာ..
    အိမ်ကလူကြီးကတော့ သနားစြာ..
    တောင်ပံလေးများရရင်တော့ ပြန်ချင်သားကွယ် (တယောက်ထဲ သီချင်းလေးညီးသွားသည်)

    ReplyDelete
  7. 'ပျံ ' ဟုပြင်ဆင်ဖတ်ရှုပါရန် ...


    ခမမ

    ReplyDelete
  8. သူရို့ မိန်းကလေးတွေကျတော့ပန်းလေးတွေတဲ့
    ကျွန်တော်တို့ကျတော့ရုပ်ဆိုးဆိုးငှက်တွေ.....
    တရားကျပါပေ့ဗျာ
    ဘာဘဲဖြစ်ဖြစ် ငှက်ဥယျာဉ် ကိုမြည်းခွင့်ရလိုက်လို့ကျေးဇူးပါ

    ReplyDelete
  9. ထင်လား. အဟက်ဟက်..

    ReplyDelete
  10. ငှက်..ငှက်
    ကောင်းကင်ပျောက်တဲ့ ငှက်ကလေးတွေလို့ မြင်ပြီး (ကိုယ်ကိုယ်တိုင်ကလည်း ကောင်းကင်ပျောက်နေသူမို့) သနားတယ်။

    ReplyDelete
  11. အဟဲ. . မနေ့က ကျနော် မေးသွားလို့ ယောက်ျားလေးတွေက ငှက်ကလေးတွေလို ဆိုချင်တာပေါ့လေ။ ရပါဒယ်. . .ရပါဒယ်။
    အတောင်ပံပါရင် မင်းဆီကို . . ဟို...ဟို...ဟို..
    ပြီးရင်တော့ နောက်တစ်ယောက်ဆီကို . .
    အတောင်ပံညှပ်ခံထားရရင်လည်း ကုန်ကြောင်းဗျို. . .ဟို. . ဟို . .
    ဘယ်ရမလဲ။
    ( ကိုဇော်. . . မင်း ပိုင်သကွာ )

    ReplyDelete
  12. ဒို့ကတော့..ပုဂံပြည်ကငှက်ကြီး..တနေ့ကို အပျိုစင် ၇ ယောက် လာထား...

    ReplyDelete
  13. တချို့များ အတောင်ညှပ်ထားတောင် ဖလန်းဖလန်းမဟုတ်တောင် ဖလက် ဖလက် လုပ်ချင်သေးတာ..မမရ..။ မမအိမ်က လူကြီးက အချစ်ကြီးတဲ့ အောက်ချင်းငှက်ကြီး ဖြစ်မှာ..။ :))

    ReplyDelete
  14. I like the last paragraph. hee...hee..

    ReplyDelete
  15. အဲဒီငှက်ခြံသွားတုန်းက ငှက်ကိုသွားစတာလေ...လက်ကိုဆိတ်ထဲ့လိုက်တာ သွေးတောင်ထွက်တယ်...။ သူက စတာကို ၃ ၄ ခါသည်းခံပါသေးတယ်...ကိုယ်ကဆိုးတာ.....ဟားဟား...

    ReplyDelete
  16. ဟယ်...တင်စားချက်ကတော့ တော်ထှာ :P

    ဂျင်ဂျင်း

    ReplyDelete
  17. ကျွန်တော်က မလေးရှား birdpark မှာလုပ်တယ်လေ စလုံးကထက်ကြီးတယ် စလုံးက ငှက်ပြတိုက်မှာလေ့ကျင့်တဲ့သူတွေနဲ့ မလေးက ကောင်တွေတူတူပဲ
    ရှိုးပြကွက်တွေရော အသစ်ဖန်တီးနိုင်ပြီဆို ဖလှယ်နေကြတယ်လေ
    www.klbirdpark.com
    ငှက်တွေက စိတ်မထင်ရင် ဆိတ်တယ်ဗျး)

    ReplyDelete
  18. ဟွန်း ... ငှက်အကြောင်းမှတ်လို့ လာဖတ်တာ နောက်ဆုံးကျမှ သူ့အိမ်ကလူကြီး အတောင်ပံညှပ်ခံထားရတဲ့ အကြောင်းကြီး ဖြစ်နေပါရော့လား အန်တီ ကြည်ရေ့ ....း)))

    ReplyDelete
  19. လိမ္မော်ရောင် နဲ့ ဖလမ်မင်ဂိုတွေက ကြည့်ရတာ အူယားလိုက်တာ..။ အပြင်မှာတော့ လှမှာသေချာတယ်။ ဟယ်.. အတောင်တော့ ညှပ်မထားပါနဲ့ မချစ်ရယ်။ သနားပါတယ်။ အကြံပေးရရင်..ငှက်လှောင်အိမ်လေးထဲသာထည့်ပြီး ချိတ်ဆွဲထားလိုက်..။ ဟိ..ကောင်းဘူးလား ။

    ReplyDelete
  20. အော်...သူ့ခမျာ အတောင်ညှပ်ခံထားရရှာသကိုး။။။တော်တော်ဆိုးတဲ့ ဒေါ်ချစ်ပဲ။ ငှက်ဆိုတာ အချိန်တန်ရင် ကိုယ့်အိပ်တန်းမှာပဲ အိပ်တတ်တယ်ဗျ။ အတောင်ညှပ်စရာ မလိုပါဘူး။ ငှဲ...ငှဲ။ (ရှေ့နေလိုက်ပေးခ ပေးစရာမလိုပါ ။)

    ReplyDelete
  21. ဂျူရောင်း ငှက်ဥယျာဉ် အမြဲတမ်းကပ်ကျော်သွားတဲ့ နေရာပဲ၊ တစ်ခေါက်ရောက်ပြီး မရောက်တော့ဘူး၊
    ငှက်တွေလို လှောင်ခံရပြီး၊ အပြခံရ အခိုင်းခံရ၊ အင်းငှက်ဖြစ်ရခြင်းအတူတူ၊ တွေးမိတာပါ…. :D

    ReplyDelete
  22. အဲဒီငှက်ခြံကို စကာင်္ပူသွညားတုန်းကရောက်ခဲ့ဖူးတယ်..။
    အမရေးတဲ့ ငှက်တောင်ပံခတ်သံ ဖလန်းဖလန်းဆိုတာကိုဖတ်ပြီး အညာဘက်မှာသုံးတဲ့အသုံးလေးသွားသတိရမိတယ်...။ သူတို့ဆီမှက စပ်စလူးထတာကို ဖလန်းဖလန်းထတယ်ခေါ်တယ်...။
    အမကလဲ ငှက်အကြောင်းရေးရင်းနဲ့တောင် အိမ်ကလူကြီးကို အပိတ်လေးနဲ့ထည့်လိုက်နိုင်သေးတယ် လက်စွမ်းထက်ပါ့ ကိုယ့်အမတော့.။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  23. အမချစ်ကြည်ရေ

    အတောင်ပံတွေ ကိုက်ညှပ်ထားခြင်း ခံရတာမို့ ဖလပ် ဖလပ် မလုပ်နိုင် ရှာတော့ပါဘူး...အိမ်ကလူကြီးလို ဆိုပါတော့လေ......

    အတောင်ပံတွေကို မကြာခဏ ကိုက်ပေးရတယ်လား အိမ်က အမကြီးရွှေစင်ကို ပေးသိရအောင်လို့လေ
    အဖြေပေးပါနော်
    ခင်တဲ့
    seesein

    ReplyDelete
  24. ချစ်ခင်ရင်းနှီးစွာ ပေးခဲ့ကြသော ကော်မန့်များ အားလုံးအတွက် ကျေးဇူးအထူး အထူးတင်ရကြောင်းပါ....:)

    ReplyDelete
  25. ချစ်ကြည်အေး ရေ

    ဖလပ်ဖလပ် ကို တော်တော် စိတ်ဝင်စားကြတယ်နော် ကဲပြော ညီမ ရေ
    ဘယ်လို လုပ်ထားသလဲ ဆိုတာ

    ရွှေစင်ဦး

    ReplyDelete
  26. မကြီးအေးရေ.....

    အစ်ကိုကြီးက အချစ်ကြီးတဲ့ အောက်ချင်းငှက်ကြီးဆို.....ဟုတ်လားဟင်....း))
    အတောင်မညှပ်ပါနဲ့ဗျ........။
    ဒါဘာဘဲ.....။
    (အောက်ဆုံးစာကြောင်းကို သတိပေးသော သံနေသံထားဖြင့်ဖတ်ပါ.......း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  27.ိတိမ်ပုံလေး ကိုက်ချီပြီး ပြန်တောင်းလို့ မရအောင် ဖလမ်း ဖလမ်းနဲ့ ပျံသွားတယ်...း))

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...