Monday, May 24, 2010

Self Portrait A to Z

ဒီ A to Z တက်ဂ်ပိုစ့်လေးတွေ သူများတွေ ရေးနေတာတွေ့တော့ ရေးချင်တာ...ချစ်စရာလေးမို့လို့၊ ခက်တာက ကိုယ့်လည်း ဘယ်သူ ကမှ လာမတက်ဂ်...ဖြစ်ချင်တော့ ပန်ပန်က သက်ဝေကို တက်ဂ်ထားတာတွေ့တော့ ပျော်သွားတယ်...ဒါနဲ့ သက်ဝေကို တိတ်တိတ်လေး သွားပြီး ပြောထားတယ်...ဟိတ် နင်ရေးပြီးရင် ငါ့ကို တက်ဂ်လိုက် လို့...။ သူငယ်ချင်းခမျာ ဘယ်သူ့ကိုမှ ဆက်တက်ဂ်ဖို့ စိတ်ကူးမရှိပေမဲ့ ကိုယ့်တယောက်တည်းကို ထီးထီးကြီး ကွက်ပြီး တက်ဂ်ထားရှာတယ်..ဒီကလည်း မယ်ရေးချင် ဆိုတော့ကာ...။ ကျေးဇူး သူငယ်ချင်းလေး သ ဖော် သက်ဝေရေ...။


Alarm clock which I hate waking up with on weekdays and Accounts Executive that's what I am.

Buying times... that's the same old bad habit of mine that keeps me behind.

Commuters... yes we are, in this long Samsara...I am just one of the commoners in the circle.

Doubter ... I am definitely not.

Economical...I am used to buy things within my comfort zone without costing me a fortune.

Focus...cant miss it , everything will be blur blur blur if you don't.

Glutton...the word that describes me so perfectly ...:D

Husband...yeah he makes me feel like a woman, in another word :
Husband = အိမ်ကလူကြီး

I...Don't even have an i phone and I love Irrawaddy, the beauty, the heart of our country.

Jokes and Jokers...We all need some laughter and clowns in our life, don't we?

Kick-Start...Doesn't matter how you fall just need to know faster way to kick-start so don't u sit there still ?

Lines...women hate to have the most...like fine lines...laughing lines...arrrr, so do I...

Mandatory...Why do we have to fill them up un-necessarily and repeatedly, it's a total nuisance.

Nature...Yes, I love nature...please take me away from the hustles and bustles of this commercial world.

Optimum...Everyone could achieve with practise and learning manners or whatever possible way just don't give up.

Positive...Be positive but not in your medical report of course...:D

Quote of the day...Don't do it today if can be finished up by tomorrow...that's my rule...ya...relax lah...!

Randomly...I do things randomly so that people won't trace me easily...ha ha...:P

Soliloquy...Yes I am sometimes, especially when writing short story for my blog...to see whether smooth or hiccup...poor me...:(

Travelling...Love to travel and still finding the job that get paid while travelling...Oops !

Uhm Tae Woong...Korean actor whom I secretly admired but who cares !

Vote...I am changing my uniform...please do vote for me ...hee hee :D

World Cup...What a fever...yeah coming on its way...GOAL !!!!! Ohh...excuse me! who says crazy about the ball but handsome footballers....that's right !

X=cross...You will have when u do a mistake, can't have too many in life though still trying...

Yawning...Please don't deny...all of us bloggers yawn at work due to lack of sleep...C'mon don't be shy...me too ya....yeah, not taxable for sure.

Zipper...Hey ! check your zipper...! Gotcha !!!

ကျမကို စာရင်းကိုင် ကျွမ်းကျင်သူ လို့ အလုပ်ထဲမှာ ရာထူးပေးထားတယ်...အလုပ်ဆင်းရက်တွေဆို နိုးစက်နာရီနဲ့ အိပ်ရာထရတာ သိတ်မုန်းဖို့ ကောင်းတာပဲ...။ ကျမရဲ့ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကြောင့် နောက်မှာ ကျန်နေခဲ့တတ်ပြန်တယ်...ကျမတို့ အားလုံးဟာ သံသရာ ခရီးသွားတွေပဲ မဟုတ်လား၊ အဲဒီ လည်ပတ်မှုထဲက သာမာန် အမျိုးသမီး တယောက်ပါရှင်။

သံသယရယ်လို့ မထားတတ်သူပါ။ ဈေးသိတ်မကြီးတဲ့ အသက်ရှုချောင်စေမဲ့ ပစ္စည်းတွေပဲ ဝယ်လေ့ရှိတယ်။ ဘယ်အရာမဆို မတိကျရင် ချိန်မှတ် လွဲတတ်တယ်လေ...

စကားမစပ် ကျမက အစားပုပ်မ ဆိုတဲ့ နာမ်စားနဲ့တော့ ကွက်တိပဲရှင့်...။ အမျိုးသမီးတယောက်ရယ်လို့ ကိုယ့်ဘာသာ ခံစားမိစေတာက သူ့ကြောင့် ဆိုပါတော့...ကျမရဲ့ အိမ်ကလူကြီးပေါ့...။

အိုင်ဖုန်း တလုံးတောင်မှ ကျမ မပိုင်ပေမဲ့ ကြီးမြတ်လှပပြီး တိုင်းပြည်ရဲ့ နှလုံးသား ဧရာဝတီ ကိုတော့ အားလုံးနည်းတူ ကျမ ပိုင်သလို ချစ်လည်း ချစ်တယ်။

ဘဝမှာ ရယ်မောစရာတွေ နဲ့ ရယ်မောအောင်လုပ်နိုင်စွမ်းသူတွေ လိုအပ်တယ် လို့ ကျမ ယူဆတယ် ဘဝ အမောတွေ ပြေစေဖို့ပေါ့ မဟုတ်ဘူးလား...ဘယ်လိုပဲ ကျဆုံးပါစေ အမြန်ဆုံး ပြန်လည် ခြေလှမ်းစရင် ရှေ့ရောက်နိုင်ပါသေးတယ်...လဲကျနေရာမှာပဲ ဆက်ထိုင်မနေဘူး ဆိုရင်ပေါ့...

ကျမတို့ အမျိုးသမီးတွေအားလုံး မျက်နှာမှာ အရေးအကြောင်းတွေ ရှိလာမှာ အမုန်းဆုံးပဲ ဖြစ်မယ်၊ ခေါင်းကိုက်စေတဲ့ အကြိမ်ကြိမ် မဖြည့်မဖြစ်၊ မလုပ်မဖြစ်တွေကို မလိုအပ်ရင် မလုပ်ချင်ဘူး။ သဘာဝ ရေမြေ တောတောင်ကို ချစ်သူမို့ တခါတလေတော့လည်း ဆူညံပွက်နေတဲ့ မြို့ပြကနေ ကျမကို ခေါ်ထုတ်သွားစမ်းပါလို့ သူ့ကို ပြောချင်လှတယ်။

လက်မလျော့တတ်ဘူး ဆိုရင်တော့ ကြိုးစား လေ့ကျင့်သူတိုင်း အမြင့်ဆုံး အောင်မြင်မှုကို ရနိုင်တာပေါ့၊ အပေါင်းဘက်က ဖြစ်တည်မှုကို ကြည့်တတ်ဖို့လည်း လိုလိမ့်မယ်၊ ဒါပေမဲ့ ဆေးစစ်ချက် အဖြေလွှာတွေမှာတော့ ရောဂါတွေ အပေါင်းပြနေရင် ခက်ရချည့်။

သိတ်မြန်ဆန်လွန်းလို့ လက်ပန်းကျတဲ့ အခါများမတော့ မနက်ဖြန် ပြီးနိုင်ရင်ရသော အလုပ်ကို ယနေ့ ကြိုမလုပ်ပါနှင့် ဤကား ကျမ၏ အလိုတည်းလို့ သက်သက်သာသာ ပြောချင်စိတ် ပေါက်မိတယ်...

ကျမ ဘာတွေလုပ်နေတယ် ဆိုတာကို လူတွေ မှန်းမရစေချင်ဘူး ဒါကြောင့် ပုံမှန်လုပ်နေကျ ဆိုတဲ့ လမ်းကြောင်းကြီးအတိုင်း သွားလေ့ မရှိဘူး။ ရီစရာတခုက ကျမ တခါတလေ တယောက်တည်း စကားပြောနေတတ်တယ်၊ အထူးသဖြင့် ကျမ ဘလော့ဂ်မှာ ဇာတ်လမ်းတို လေးတွေ ရေးတဲ့အခါ ဇာတ်ကောင်ရဲ့စကားတွေ၊ စာသားတွေ နှုတ်က တရွရွ ရွတ်မိနေ တတ်တယ်။ အဲဒါ စာချောအောင်၊ စလုံးစခု ဖြစ်မနေအောင်လို့ပါ...သနားစရာ ကျမ ဘဝပါလားနော်...။

နောက်ပြီး ကျမက ခရီးသွားရတာကို ချစ်တယ်၊ ကမ္ဘာအနှံ့ ခရီးသွားရင်း လခတွေလည်း ဘဏ်ထဲ ဝင်နေမဲ့ အလုပ်မျိုး ရချင်သေးတယ်...။ ရှာနေတုန်းပေါ့...။ ကိုရီးယားမင်းသား Uhm Tae Woong ကို သူမသိအောင် တိတ်တိတ်လေး ခိုက်နေသေးတာ...အို ဘယ်သူ ဂရု စိုက်တာ မှတ်လို့...။

ကျမ ခေတ်နဲ့အမီ ယူနီဖောင်းလဲပြီး ရွေးကောက်ပွဲဝင်ရရင် ကောင်းမလားနော်...ပြောထားမယ် ကျမကို မဲပေးကြပါရှင်...

ကမ္ဘာ့ဖလားပွဲကြီး နီးလာပါပေါ့... ဂိုး လို့ အားပါးတရ အော်ဖို့ ပြင်ထားကြပါ တဆိတ်လောက်ရှင် ဘယ်သူကတွေများ ဘောလုံးကို ရူးသွပ်တာပါလိမ့် ကျမ အတွက်တော့ ဘောလုံးသမား ချောချောတွေကို ဆိုရင် ပိုမှန်မယ်ရှင့်...

ဘဝကြီးက မှားတဲ့သူတွေကို ကြက်ခြေခတ်စမြဲလေ...ဟုတ်တယ် ကြက်ခြေခတ်တွေနဲအောင် ကြိုးစားနေတုန်းပါပဲ...

ကျမတို့ ဘလော့ဂ်ရေးသူတွေ အလုပ်ထဲမှာ မသမ်းဖူးတဲ့သူများ ရှိပါ့မလား၊ အိပ်ရေးထဲက ဖဲ့ပြီး ဘလော့ဂ်ဂင်းကြတာ ဆိုတော့ အားလုံးပဲ သမ်းဖူးကြမယ်ထင်ပါရဲ့ မရှက်ပါနဲ့ရှင် ဝန်ခံလိုက် စမ်းပါ အဲဒီအတွက် အခွန်မပေးဆောင်ရပါဘူး...

ဟေး!! ရှင့် ဇစ်ပ်ကို ပြန်ငုံ့ကြည့်လိုက်အုံး....ဟဟ နောက်တာ...:D


20 comments:

  1. ဘာသာပါ ပြန်ထားတော့ ဂွတ်ရှယ်ပေါ့ :)
    Zip ငုံ့ကြည်စရာ မလိုပါဘူး. ဒီနေ့ ဂါဝန်ဝတ်ထားတယ်။ :P

    ReplyDelete
  2. ကောင်းလိုက်တာ ဗျို့ 

    ReplyDelete
  3. ဟင်.. ဇစ်ကိုဘာလို့ ငုံ့ကြည့်ရမှာတုန်း...!မိုးပေါ်ထောင်ပစ်ဖို့လား။။ ဒါဆို ပြေးပြီ။

    ReplyDelete
  4. ရေးချက်က တယ်မြန်....း))
    ကျေးဇူး...
    အခုလာလောဆယ်တော့ မြန်မာလို အရင် ဖတ်သွားတယ်...
    ကိုယ်က မြန်မာ မဟုတ်လား... ဟဲဟဲ
    ဘောလုံးပွဲထက် ဘောလုံးသမားတွေကို စိတ်ဝင်စားတာချင်းတော့ တူနေပြီ... (ရှုးးးး တိုးတိုး...)

    ညကျမှာ အင်္ဂလိပ်လို လာဖတ်ပြီး အင်္ဂလိပ်လို လာမန့်မယ်...
    (ဘာရမလဲ...)

    ReplyDelete
  5. I love the way you writing & translation. :)

    ReplyDelete
  6. ဇစ်. . ဇစ်. .က ပျက်နေတာ ကြာပြီဗျ.
    ဒါကြောင့် တိတ်နဲ့ ကပ်တွဲထားရတာ. . :P
    A to Z . . . .
    ကျနော်ဆိုရင် ကပ်ကပ်သတ်ရအောင် ရေးပစ်တယ် အဟဲ။

    ReplyDelete
  7. သိတ်မြန်ဆန်လွန်းလို့ လက်ပန်းကျတဲ့ အခါများမတော့ မနက်ဖြန် ပြီးနိုင်ရင်ရသော အလုပ်ကို ယနေ့ ကြိုမလုပ်ပါနှင့်

    ဒါကတော့ ရွှေစင်ဦး ဆိုင်လေး ရဲ့မူ လေ

    ချစ်ကြည်အေး ရေ ကောင်းတယ် .. ဇစ် ပြုတ်နေတဲ့ လူတွေ သတိထား မိသွားတာပေါ့

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  8. ပိုက်ဆံအိပ်က ဇစ်လား....ဒီအတွက်စိတ်ချ...ဘောင်းဘီကတော့ ကြယ်သီးတပ်တာပဲဝတ်တယ်..ကြယ်သီးတလုံနှစ်လုံးပြုတ်နေလဲ.
    ကိစ္စမရှိဘူး..အဟီး..

    ReplyDelete
  9. အိုဘယ့် သံသရာ ခရီးသွား.. ကိုရီးယား မင်းသားလေး နဲ့...... လား..း)
    ( ပျော်ရတယ်..မ...)

    ReplyDelete
  10. အတွေးကောင်းပါ့ဗျာ.....ဘာတွေစားပြီး အတွေးတွေကောင်းနေရတာလဲဗျ (သိပြီ....နို့ခဲချက်နေမှာ)

    ဘဝကြီးက မှားတဲ့သူတွေကို ကြက်ခြေခတ်စမြဲလေ
    တို့မယုံဘူး .......တို့မယုံဘူး....
    ဘယ်အချိန်ထိစောင့်ကြည့်ရအုံးမလဲ......

    ခင်တဲ့
    seesein

    ReplyDelete
  11. J, N, X အကြံတူသည်။

    G... Glutton တီတီကြည်ရေ.. H..အိမ်ကလူကြီးကို.. I .. Iphone လေးတော့ဝယ်ခိုင်းလေ။ သနားထှာ.. :P

    Soliloquy သိပ်မလုပ်ရန်မှာခဲ့မည်။ အိမ်မှာပဲစာရေးရင်းဆို ကိစ္စမရှိ။ :P

    အမ်းထယ်ဝူးန် ကို မုန်းလှပါသည်။ အင်းပေါ့လေ။ ဂိုက်တူဆိုဒ်တူချင်းပဲ ပနံတင့်မပေါ့။

    Z ကတော့ သားငယ်ကို သတိပေးသလိုဖြစ်သွားတဲ့အတွက် ကျေးဇူးပါ။ အိမ်မှာနေရင် အမြဲမတပ်ဖြစ်ဘူး။ အဲ့လိုမေ့တာပေါ့တာ။ :PPP

    ReplyDelete
  12. ဟဟဟ...မရှက်မကြောက် ၀န်ခံသွားပါတယ်...အလုပ်ထဲမှာ သမ်းဖူးရုံတင်မက ငုတ်တုတ်ပါ အိပ်အိပ်ပျော်သွားတတ်နေပြီ... :P

    ReplyDelete
  13. သဘောကျသွားပြီ။ ဘာသာပြန် ပိုကောင်းတယ်။

    ReplyDelete
  14. အားလုံးကြိုက်တယ် အင်္ဂလိုရော မြန်မာလိုရော....။ မြန်မာလိုတင်အရေးကောင်းတာမဟုတ်ဘူး အင်္ဂလိုလဲအရေးကောင်းတယ်.. တော်ချက်...ငါ့အမတော့..။
    ကူးယူသွားပါတယ် အမချစ်...။ အိမ်ကလူကြီးကို အိုင်ဖုန်းဝယ်ခိုင်းလိုက်ပါအမ အပြောမခံနဲ့...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  15. တားကတော့ အီးလိုဖတ်တတ်ဖူး နည်းနည်းယောင်ဖတ်ဖတ်ပြီ မြန်မာလိုဖတ်သွား တယ်း) တားလည်း ဇတ်ခဏ ခဏပြုတ်တတ်တယ်း)

    ReplyDelete
  16. လန်ထွက်နေတာပဲ ငါ့အမ တို့ကတော့ ဟက်ဟက်
    မိုက်တယ်ဗျိုးးးးး များတောင် အဲဂလိုမရေးတတ်ဘူး ဟိဟိ

    ReplyDelete
  17. ရေး...ရေး
    အိပ်ရေးဝအောင်ရေး
    A to Z ဆိုတာ အလန်ကွာတာမိန်း တိရစ္ဆာန်ရုံထဲ ၀င်သွားတာမဟုတ်ရင်ပြီးရော...
    ဘာသာပြန်ထားတာ ပိုခိုက်တယ်.. :)

    ReplyDelete
  18. မိုက်တယ် ရေးထားတာလေးက

    ReplyDelete
  19. မချစ်ရေ..
    အိုင်ဒီယာ အရမ်းကောင်းတယ်..
    အင်္ဂလိပ်လို တစ်ကြောင်း.. မြန်မာလိုတစ်ကြောင်းလေးဆို
    ဖတ်လို့ ပိုအရသာရှိမလားလို့..
    ဟီး..လျှာရှည်သွားပါတယ်:)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...