ဒါလေးကတော့ ပိန်ပိန်ကိုင်းကိုင်း ပိုးဟပ်ဖြူလို ကောင်မလေးပေါ့....
ဒီအောက် ၃ပုံကတော့ လူလတ်ပိုင်း ကျက်သရေရှိရှိ တည်ငြိမ်တဲ့ အလှနဲ့ မဟာဆန်သူ မမ လို့ ဆိုလိုက်ချင်တယ်....
ခရမ်းရောင်ပန်းကလေးတွေက အလှသွေးကြွယ်နေတဲ့...အုပ်စုလိုက်နေတတ်တဲ့ ရှက်တက်တက် ကောင်မလေးတွေ....
ဒါ ပန်းမှ မဟုတ်ပဲ အရွက်ကြီးပဲဟာလို့ ဆိုကြမယ် ထင်ပါရဲ့...ဟုတ်တယ် အရွက်ပဲ...တရွက်ထဲမှာကို အရောင်တွေ အနုအရင့်နဲ့ အကန့်လိုက် ရှိနေတာ...လက်တွေ့ ဘဝကလည်း အဲလိုပဲ သူ့အကန့်နဲ့သူ...ကိုယ်နဲ့တူတဲ့ အရွက်မို့ အလှမရှိသော်လည်း ဘဝသမားမို့လို့ ရိုက်ခဲ့တာ...အဟွန်း...:)
ဒါတွေကတော့ ဘာပန်းမှန်းကို မသိဘူး အရောင်တွေ ပုံစံတွေ ဆင်မလိုလိုနဲ့ ကွဲလို့၊ ပန်လို့ရတဲ့ပန်း မဟုတ်သော်လည်း ပန်းအိုးထိုးတဲ့ နေရာတွေမှာ သုံးတာ တွေ့ဖူးတယ်...တခိုင်မှာ 'တပွင့်တည်းပဲ...ဒါပေမဲ့ အပျိုဟိုင်းကြီး' လို့ ဆိုရမလို ရဲရဲတောက် အပျိုကြီးတွေကို သတိ ရသွားစေတယ်...
ဒါကို ကြက်တူရွေးပန်းလို့ ခေါ်ကြတယ် ထင်ပါရဲ့...အရောင်မတူ၊ ပုံစံလည်းကွဲ...တွဲရရွဲပွင့် နေပုံတော့ ဆင်တယ်...အညှာတခိုင်ထဲမှာ အပွင့်တွေများသမို့ ရည်းစားများတတ်တဲ့၊ အီကြာရိုက်တတ်တဲ့ လုံမငယ်လေးတွေနဲ့ မတူလား...

ဒီ အထက် နဲ့ အောက် ၂ ပုံက ရိုက်လာတာ အရောင်နဲနဲမွဲလို့ အမည်မဖော်လိုသူ (ချစ်သက်ဝေ) က အရောင်လေးစိုလာအောင် ပြင်ပေး ထားပါတယ် 10Q နော် သယ်ရင်း:)

ဒီပန်းကိုတော့ ဗုဒ္ဓံသရဏံပန်းလို့ခေါ်တာ ကြားဖူးတယ်၊ တတိယအရွယ် ဘာဝနာပွားလို့ ဘဝရဲ့နောက်ဆုံးအချိန်ကို ရဲရဲရင့်ရင့် ဖြတ်သန်း တော့မဲ့ အဖွားတွေနဲ့ တူတယ်လို့ တင်စားလိုက်ချင်တယ်...အရောင်အသွေးစုံဟာ အလွှာအသီးသီးက အဖွားတွေကို ကိုယ်စားပြုတာပေါ့...
စကားပန်း ကြက်သွေးရောင်...ဘဝကို ဒဏ်ရာဒဏ်ချက်တွေ အများကြီးနဲ့ နာနာကျည်းကျည်း သို့သော်လည်း အရှုံးမပေးပဲ ဖြတ်သန်း ရင်ဆိုင်နေတဲ့ စိတ်ဓါတ်ခွန်အားပြည့်တဲ့ အမျိုးသမီး တွေကို မျက်နှာချင်းဆိုင် တွေ့လိုက်ရ သလိုပဲ...မာကျောအေးစက်နေတယ်...
လူတိုင်းသိကြတဲ့ ယုဇနပန်း...ဒီပန်းလေးကို အတွေ့မှာ တရားသဘောတချက် လက်ခနဲ...၊ အဖူးကလေးတွေ၊ အပွင့်ကလေးတွေ နဲ့ အနွမ်းပွင့်ကလေး...ရောယှက်လို့...ကိုယ့်ကို တရားပြနေသလို...ခံစားလိုက်ရတယ်...
အင်မတန် ရိုးစင်း၊ ဟန်မလုပ်တတ်တဲ့ ကျေးလက်တောရွာက သမီးပျိုလေးတွေရဲ့ အလှနဲ့ ဘဝကို မြင်မိစေတဲ့ ပန်းဝါဝါကလေးတွေ...
တွေ့နေကျ ခေါင်ရမ်းပန်းလို မဟုတ်ပဲ ပွင့်ဖတ် အထပ်ထပ်လေးတွေနဲ့၊ ပွင့်ဖတ် တထပ်တည်း နဲ့ ပြီးတော့ သခွားရောင် ခေါင်ရမ်းပန်းကလေးတွေက....ရဲရင့် ပွင့်လင်းတဲ့ မြို့နေ မိန်းမပျိုရဲ့ အလှ...
ဒါတွေက ဒီနေ့ ရိုက်ခဲ့တာပေါ့...ဘယ်မှာလဲဆိုတော့ ဂျူရောင်း ငှက်ဥယျာဉ်မှာ... ဟယ်...ငှက်ဥယျာဉ်သွားပြီး ငှက်တွေ တကောင်တမြီး မှ ရိုက်မတင်ပဲ ပန်းတွေချည်းပါလားလို့ အထင် မစောပါနဲ့အုံး...လာမှာပါ၊ ရိုက်ခဲ့ပါတယ်...ရသလောက် မိသလောက်ပေါ့...အဲလို ပြောရ ခြင်း က ကိုယ့်မှာ Feather phobia ရှိတယ်လေ...ဒါကြောင့် အဝေးကပဲ ရသလောက် ရိုက်ခဲ့တာ ကို ပြောတာပါ...။
အံမယ် ဒီပန်းပုံတွေ အလွယ်တကူ ရိုက်လာတယ် မထင်ကြပါနဲ့၊ ခက်ခက်ခဲခဲပါ...မုဆိုးဒူးထောက်လို့ တသွယ်၊ မြောင်းဘောင်ပေါ်ရပ်လို့ တနည်း၊ ကားရားခွလို့ တဖုံ၊ ကုန်းကုန်း ကုန်းကုန်းနဲ့ တမျိုး အမျိုးမျိုးသော ကိုယ်နေဟန်ထား နဲ့ စွန့်စွန့်စားစား ရိုက်ခဲ့ရတာပါ။
အတူသွားသူတွေရဲ့ သောက်လက်စ ရေဗူးတွေ၊ ပိုက်ဆံအိတ်တွေနဲ့ စုံစီနဖာ ထည့်ထားတာမို့ ကျောပိုးအိတ်ကလည်း လေးမှလေး...ဒီကြားထဲ တချို့ပန်း တွေက ရှက်ပြီး ဟိုဖက်လှည့်နေ တော့ ဘယ်လက်နဲ့ အကိုင်းကို ကိုယ့်ဘက်ဆွဲ လှည့်ပြီးမှ ညာဘက် ကင်မရာကိုင် လက်နဲ့ ရိုက်ခဲ့ ရတာတွေပါ...။
ဘယ်လိုပုံစံပဲ ဖြစ်ဖြစ်၊ ဘယ်လိုအသွေးအရောင်ပဲ ရှိရှိ၊ ရနံ့ရှိ ရနံ့မဲ့ ဘာကြီးပဲ ဖြစ်နေပါစေ ပန်းမှန်ရင် ပန်းစာရင်းဝင်လို့ သူ့အလှနဲ့သူ ရှိနေကြတာပါပဲ...ကျမတို့ အမျိုးသမီးများလိုပဲပေါ့...
ဒီပိုစ့်လေးနဲ့ အမျိုးသမီးထုကြီးကို ဂုဏ်ပြုရင်း ကမ္ဘာ့ အမျိုးသမီးများနေ့ကို ကြိုဆိုလိုက်ပါတယ်
(ဟမ်...!! ဆိုင်သလားတော့ သိပါဘူး...အို...ဇွတ်ပဲ ဆိုင်လိုက်ကြပါလေ :))
ဖြစ်နိုင်ယင်တော. မချစ်ကြည်အေး ဓါတ်ပုံရိုက်နေပုံတွေကို ပုံစံအမျိုးမျိုး နဲ.ကြည်ချင်တာ...
ReplyDeleteအို..ဘယ့် ဘလောဂါ..
ReplyDeleteကင်းမြီးကောက်ထောင် ရိုက်ကွက်လေး ပြပါဗျို့ . . .
ReplyDeleteမှတ်ချက်။ ။ ပန်းပုံကိုသာ ကြည့်လိုပါသည်။
ယောက်ျားလေးတွေ ကျတော့ ဘာနဲ့ တူပါလိမ့်ဗျာ။
အလှဆုံးပန်းတစ်ပွင့်ကိုတော့ မပြပဲကိုး၊
ReplyDeleteတချို့ပန်းတွေ မမြင်ဖူးဘူး၊ အထူးသဖြင့် အပေါ်ဆုံးကပန်း။
တချို့ပန်းတွေက အဆိပ်ရှိတယ်လို့ ဖတ်ဖူးတယ်၊ ဂမုန်းလိုလိုပန်းတွေပေါ့။
ပန်းတွေ မြင်ရင် စိတ်ချမ်းသာတယ်။
မဟာဆန်သူ သုံးယောက်ကို ကြိုက်တယ်...
ReplyDeleteဒီမှာ အဲဒီပန်းထဲက တစ်ပွင့်နဲ့တူတဲ့ အန်တီကြီးတစ်ယောက်ရှိတယ်။
မဟုတ်မခံတွေ ပိုးဟပ်ဖြူတွေတော့ ကြိုက်ဘူး :)
တို့များက ပိန်ပိန်ကိုင်းကိုင်း ရှူနာရှိုက်ကုန်းပန်းလေးပါ
ReplyDelete(အနှစ် နှစ်ဆယ်တေးသီချင်း အစီအစဉ် ဒီတွင်ပဲ ပြီးပါပြီ)
မယ်ချစ်နဲ့တူတဲ့အရွက်ကလဲ...အကျားကြီးပါလား..
ReplyDeleteကတောက်ကဆဖြစ်ပြီးကထဲက...ကျားမယ်ချစ်..ဆိုပြီးသတ္တိတွေ ပြနေပြီထင်တယ်..
ကိုဇော်ရေ...ယောင်္ကျားလေးရဲ့ ပန်းက ရွှေပန်းတဲ့
ဘကျောက်ပြောတာ အထိမိဆုံးပဲ.. ခွိ :P
ReplyDeleteဲခပ်၀၀ပန်းကြီး တစ်ပွင့်ရော မတွေ့ဘူးလား။
ReplyDeleteမွန့်ကို ကိုယ်စားပြုဖို့ ရိုက်ခဲ့ရောပေါ့။
း)
mm
မချစ် ရဲ့ ချစ်ချစ်ကြီးကို နောက်တစ်ခါ မချစ် ဒါ့ပုံရိုက်နေရင် အနောက်ကနေ ပုံစံအမျိုးမျိုးကိုလိုက်ရိုက်ခိုင်းရမယ်.. ဒါမှ တစ်ကယ့်မာစတာပိစ်..ဟိဟိ
ReplyDeleteရဲရဲတောက် အပျိုဟိုင်းကြီးတွေဆိုတာ... ဘယ်သူတွေများပါလိမ့်.... ???
ReplyDeleteပန်းဆို ဘာပန်းဖြစ်ဖြစ်ကြိုက်တယ်။ အမျိုးသမီးတွေကိုသာ ကိုယ်စားပြုခဲ့ရင်ပေါ့။
ReplyDeleteမှတ်ချက်။ ရွှေပန်းမပါ။
အင်ကြင်းပန်းပုံလည်း မပါဘူး...ပြန်ပြီ
ReplyDeleteဂျင်ဂျင်း
ပန်းပုံတွေ အများကြီးပဲ ရိုက်လာတာကိုး...
ReplyDeleteအတွေးလေးနဲ့ ပုံလေးတွေနဲ့ လိုက်ဖက်တယ်...
ကိုယ်တိုင်လဲ ဘယ်အုပ်စုထဲ ပါနေမလဲ စဉ်းစားနေတယ်... ပြီးတော့ အောက်ဆုံးနားမှာ ရေးထားတာတွေဖတ်ပြီး အသံထွက် ရယ်မိတယ်...
အပေါ်ဆုံးက ပန်းနာမည်က တိုက်ပန်း လို့ ခေါ်တယ်... (ညီမ အပြုံးပန်း အတွက် အဖြေပါ)
ပန်းလေးတွေကြည့်ပြီး သဘောကျလိုက်တာ။သားရေယိုတယ်။ ပန်ရတာထက်အလှစိုက်ရတာဝါသနာပါတယ်အမချစ်ရေ..။
ReplyDeleteခင်တဲ့
ညီမသဒ္ဓါ
ပန်းတော့ ကြိုက်တယ် မွှေးချင်တယ် ချွေချင်တယ်
ReplyDeleteဘယ်ပန်းအုပ်စုမှာ ပါမှန်းမသိလို့ ပြန်ပြီ မွေးတဲ့ပန်း ခရေလိုမျိုးကို အရမ်းကြိုက်ပါ၏ ဝေလည်းမွှေး ကြွေလည်းမွှေးတဲ့ပန်းမျိုးလေ အမချစ် နောက်တပို့စ် ထပ်ရေးပေးပါ ဒါပါဗြဲ.....
ReplyDeleteခင်တဲ့
seesein
ပန်းပုံလေးတွေအတွက်ကျေးဇူးပါအစ်မရေ
ReplyDeleteအဖြူရောင်အပွင့်ကြီးကြီးပန်း တွေရောမတွေ့ခဲ့ဘူးလားအစ်မရဲ့။
အစ်မမိုးချိုသင်းလိုခပ်ဝဝအမျိုးသမီးတွေအတွက်လေ၊ဟီးဟီး
ပန်းတွေမြင်ဖူးတာရော မမြင်ဖူးတာရော စုံစုံလင်လင်ကြည့်လိုက်ရတယ်..။
ReplyDeleteအမ ဓါတ်ပုံရိုက်တဲ့ ပုံတွေကိုလည်းစိတ်ဝင်စားတယ်...။ ငှက်ပုံတွေတင်ပေးဦးနော်...။
ခင်မင်စွာဖြင့်
မိုးငွေ့
This comment has been removed by the author.
ReplyDeleteubc said...
ReplyDelete်ပုံ ရိုက်ထားတာရော ဘာသာပြန်ထားတာ ရော ကြိုက်သဗျာ....။ကျုပ်ကတော့ ဘာမှလုပ်တတ်ဖူး..။
ပုံတွေကြည့်နေတုံးမှာက ကျုပ်သဌေးက အင်္ဂလိပ် လို ပြော..ပြီး လုပ်ခိုင်းတဲ့ဟာ.. သဟာ..ဖြစ်မှာဘဲ...လို့၊ တွေးနေရသလို ခံစားရပြီး။
စာဖတ် ကြည့်လိုက် တော့... ဟ.ငါလုပ်ပေးလိုက် တာမှန် သဟ ဆို..ပြီး ပျော်သွား သလိုမျိုး..ဖြစ်ရ တယ်..။
ပန်းတွေမြင်တော့ မေမေ့ သတိရမိတယ်။
ReplyDeleteနံပါတ် ၆နဲ့ ရက သစ်ခွမျိုးပဲအစ်မ
ReplyDeleteပန်းအားလုံးချစ်တတ်သည်။ နှင်းဆီကလွဲရင်ပေါ့း)
တို့လဲ ပန်းသိပ်ကြိုက်တယ်။ ပန်းလှလှတွေ့ရင် ဓာတ်ပုံမရိုက်ပဲမနေနိုင်ဘူး။ ဒီမှာက ခူးခွင့်မှမရှိတာလေ။
ReplyDeleteမချစ်ရေ...
ReplyDeleteပန်းမကြိုက်တတ်ပေမယ့် ပန်းတွေ ကြည့်သွားတယ်။
ကွန်မန့်လေးတွေဖတ်ရတာ အပျော်တွေဖြစ်ရတယ်။
ကိုယ့်ကိုယ်ကို ဘယ်ပန်းထဲများပါနေမလဲဆို..
ပန်းတွေကြည့် အောက်က ဒက်ဖနေးရှင်းတွေနဲ့ အပြန်ပြန် အလှန်လှန်ကြည့်နေမိတာ...လူ့ကို မူးရော...ဒါပဲ..ဆေးတိုက်..။