နားကလော်ဖို့ ကော်တွန်ဘတ်ဒ်လေး တွေလည်းယူသွားအုံးမှ...ရေထဲဆင်းပြီးရင် နားယားတတ်တယ် မဟုတ်လား...။ ရေကူးဖို့က သူ့အတွက် ရေကူးဘောင်းဘီ ထည့်ပြီးသား။ ကျမ အတွက်ရေထဲ ဆင်းဖို့ရော.....? စဉ်းစားရင်း လွန်ခဲ့တဲ့ ၃နှစ်လောက်က ထိုင်းမှာ ဝယ်ခဲ့တဲ့ တူးပိစ်လေး သတိတရ နဲ့ ဘီရိုထဲကို ဖွပြီး ရှာထုပ်လိုက်သေးတယ်။ လားလား...တူးပိစ်လေးက လှတုန်းပဲ...ဝလာတာက ကိုယ်...။ မဖြစ်သေးပါဘူးလေ...ကမ်းခြေလာသူ အပေါင်း ဝက်သား ပြတ်ရော့လဟယ် ဆိုသလိုများ ဖြစ်နေမလား...အသာလေး ပြန်သိမ်း ထားလိုက်တယ်...ရာဇဝင်ထဲမှာ...အဲ ဘီရိုထဲမှာပဲ တူးပိစ်ကို ထားရစ်ခဲ့...ခဲ့...ခဲ့...။
အိမ်ကလူကြီးကတော့ ဒီနေ့ အလုပ်နေ့ဝက် သွားရသေးတယ်။ အို ... သူက ကျမထက် ပိုတက်ကြွသေး....လိန်ပျံတွေကို သူချစ်တယ် လိန်ပျံကွင်းကို သူချစ်တယ်၊ သွားဖို့ တကြွကြွ ဖြစ်နေတာများ ...မြင်စမ်းစေချင်တယ်။ သူနဲ့ လိန်ပျံကွင်းနဲ့ ချစ်ကျွမ်းတဝင် ဖြစ်နေခဲ့တာ များ ကြာလှပေါ့။ ပြောရမယ်ဆို ကျမနဲ့ အိမ်ထောင် မကျခင် ကတည်းကတဲ့...သူ့ အချစ်ဦး ဆိုပါတော့။ အေးလေ ဒီတခေါက် လိန်ပျံကွင်း ရောက်ရင် သူတို့ကို ပေးစားခဲ့လိုက်ပါ့မယ်...ပြန်ပေါင်းထုပ်ကြပါစေတော့....အဲသလို ကျမက သဘောထား ကြီးပါတယ်။
ဘာလီမှာ တရက်ခရီးတွေ အများကြီးရှိတယ်။ စိတ်ဝင်စားစရာ နေရာတွေ ချည်းပဲမို့ သွားဖြစ်အောင် သွားအုံးမှာ။ ဘာလီရဲ့ မိုးလေဝသ အခြေအနေ ဖတ်ကြည့်တော့ ဒီစနေ-တနင်္ဂနွေ ခြောက်သွေ့မှာ တဲ့လေ တော်ပါသေး။ ဖတ်မိသမျှ ဘာလီ အကြောင်းတွေက စိတ်ဝင်စား စရာတွေချည်းပဲ။ ဘာလီရဲ့ သမိုင်းကြောင်းကို နဲနဲလေး ပြောပြချင်တယ်...သူ့ရဲ့နောက်ခံက အရောင်အ သွေး စုံလွန်းတာမို့လို့...။
ဘီစီ ၂၅၀၀ လောက်က တရုတ်လူမျိုးတွေ ဘာလီမှာ စတင် အခြေချခဲ့ကြပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ အင်မတန်ရိုးရှင်းတဲ့ ဘဝတွေနဲ့ စခဲ့ကြသတဲ့။ နောက်တော့ ဘာလီယဉ်ကျေးမှု ရယ်လို့ ပေါ်ထွန်းလာ ပြီး တရုတ်လူမျိုး တွေကပဲ ရေသွင်းစိုက်ပျိုးရေး နည်းနာတွေ တွေ့ရှိ သုံးစွဲခဲ့ကြ ပြန်တယ်။ အေဒီ ၁၀၁၀ရောက်တော့ ဘာလီရဲ့ အိမ်ရှေ့မင်းသား Airlangha ဟာ အရှေ့ ဂျာဗားကို သိမ်းပိုက် အောင်မြင်ပြီး ဘာလီနဲ့ ပေါင်းစည်း၊ ပြီးတော့ ဘာလီကို သူ့ညီအကိုတော် Anak Wungsu ကို ပေးသနားလို့ မင်းလုပ် အုပ်ချုပ်စေခဲ့တယ်။ အဲဒါဟာ သူတို့ သမိုင်းမှာတော့ သိတ်အရေးပါတဲ့ ရွှေ့ကွက်လေး တခုပဲလို့ ကျမ မြင်မိတယ်။ အဲဒါကြောင့်လည်း အဲဒီပေါင်းစည်း မှုဟာ ဘာလီ နဲ့ ဂျာဗား အကြား နိုင်ငံရေးရာ၊ ဂီတနဲ့ အနုပညာလက်ရာတွေ ကူးလူးဖလှယ်ဖို့ ဖြစ်လာခဲ့တာ။ အခုတိုင် ပြောနေ ကြားနေကြရတဲ့ ဂျာဗား ဘာသာစကား ကာဝိုင် (Kawai) ဆိုတာ အဲဒီအချိန်မှာ ပေါ်လာပြီ။
ယဉ်ကျေးမှုတွေ ဖလှယ်လို့ ကုန်သွယ်ရေးတွေ တိုးတက် စည်ပင်လာတဲ့ ဖွံ့ဖြိုးဆဲဒေသတခုကို အုပ်ချုပ်ချင်၊ လိုချင်သူတွေ ရှိလာတဲ့ အလျောက် ဟင်ဒူ ဂျာဗားဗိုလ်ချုပ်ကြီး Gajah Mada က ၁၃၄၃ မှာ ဘာလီကို သိမ်းပိုက်ခဲ့တော့ တယ် ။ အေးလေ ဗိုလ်ချုပ်ကြီးဆိုတော့ လည်း မျက်စိကျရာ အပိုင်းကို အလွယ်တကူ သိမ်းနိုင်ပေမပေါ့... ။ အဲဒါဟာလည်း ဘာလီမှာ ဟင်ဒီတွေရဲ့ အိန္ဒိယ အငွေ့အသက်တွေ ကျန်နေခဲ့မှုရဲ့ အကြောင်းရင်းတခုပဲ ဖြစ်တယ်။
ဘာလီ အသိမ်းခံရသလိုပဲ တဖက်မှာလည်း ဂျာဗား ထဲကို ၁၆ ရာစု နှစ်မှာ အစ္စလာမ်တွေ အရှေ့ စူမတ်တြားဘက်ကနေ ပြန့်နှံ့ ဝင်ရောက်ခဲ့ပြန် တယ်။ ဒီတော့ ဘာလီဘုရင် ရဲ့ လက်အောက်မှာ တပေါင်းတည်းဖြစ်နေတဲ့ ဂျာဗား နဲ့ ဘာလီဟာ ဟင်ဒီတွေ၊ အစ္စလာမ်တွေ ဝင်ရောက်လာပြီး တဲ့နောက်မှာ လူမျိုး၊ ဘာသာ ကွဲပေါ် မူတည်လို့ ယဉ်ကျေးမှု၊ ဘာသာစ ကား၊ ဂီတနဲ့ အနုပညာတွေဟာ တဖြည်းဖြည်းနဲ့ အရောင်တွေ စုံလာတယ်။ တခါ ၁၅၉၇ မှာ ဒတ်ခ်ျလူမျိုးတွေ ဂျာဗားကျွန်းပေါ် ရောက်လာခဲ့ပြီး ဥရောပ ယဉ်ကျေးမှုတွေ စိမ့်ဝင်ခဲ့ ပြန်သေးတယ်။
ဒီတော့ အဲသလို အရောင်တွေ စုံလင်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ရက်ယှယ်နေတဲ့ သမိုင်းနောက်ခံတွေနဲ့ ဘာလီကို ကျမ စိတ်ဝင်စားစွာ ရွေးချယ်ခဲ့တာ...ကျမမမှားပါဘူးနော်...
အဲ...နာတတ်စ် (Natas) ရဲ့ ပရိုမိုးရှင်း စွဲဆောင်မှု ကောင်းတာလည်း ပါသပေါ့လေ...
အားလုံးလည်း အဆင်သင့်သလောက် ဖြစ်နေပါပြီ...ဒီစနေ သွားပြီး အင်္ဂါနေ့ ပြန်လာပါမယ်...အဲဒီတော့မှ အတွေ့အကြုံတွေ ဖောက်သည်ချပါအုံးမယ်...
ပျော်ရွှင်ကြပါစေနော်...(ကျမတို့ နှစ်ယောက် ကိုပြောပါတယ်....:))
သူငယ်ချင်းတွေ၊ ဘလော့ဂ်ရေးဖော်တွေ၊ စာဖတ်သူတွေ အားလုံးအတွက်လည်း ဆုအကြီးကြီး တောင်းပေးခဲ့ပါတယ် နော်...အစစ အဆင်ပြေပါစေ...ကျမ်းမာပျော်ရွှင်စွာ ဘလော့ဂင်းနိုင်၊ ဖတ်နိုင်ကြပါစေ လို့ ဆုတောင်းရင်း " အင်ဒိုနီးရှား ပိုလာဘာလီကျွန်းလေးဝယ် သူနဲ့လည်း တွေ့လို့ ချစ်ကြိုးသွယ်" ဆိုတဲ့ အန်တီ ဖြူသီရဲ့ သီချင်းလေး ဆိုပြရင်း အဆုံးသတ်လိုက် ပါတယ်....(ဟင် ဘာမှလည်းဆိုင် ဘူး:::))
အမှန်ကတော့ ကျမက လက်ပ်တော့လေး သယ်သွားချင်တာ...တနေ့လည်ပြီးတိုင်း ပို့စ်တပုဒ် တင်ချင်လို့...အိမ်ကလူကြီးရဲ့ ဘာ....ဆိုတဲ့ အသံကြီးအောက်မှာ...ဟမ် သူများက ဘာများပြောမိလို့လဲ... လို့ ..မျက်လုံးလေး ကလယ် ကလယ် နဲ့ ရူးချင်ယောင်ဆောင်လိုက်ရတယ်...အို...မြန်မာပြည်သူပဲ ရူးချင်ယောင်ဆောင်တာ ခက်မှတ်လို့....
မုန့် မုန့် တွေ အများကြီးးးးး ဝယ်ခဲ့ပါ...
ReplyDeleteHave a Nice Trip !!
ReplyDeleteHave a nice tirp!
ReplyDeleteဘာလီမှာ နေလှမ်းခဲ့....ပြန်လာရင် ၀က်ပေါင်ခြောက်စားကြမလားဆိုပြီး ဓာတ်ပုံနဲ့ ပို့စ်တင်ပေးပါ။ ဒါဗြဲ။
ReplyDeleteပျော်ရွှင်သော ခရီးလမ်းဖြစ်ပါစေ။
HAVE A VERY NICE TRIP :)
ReplyDeleteစာအုပ်လေးဘဲယူသွားပြီး မှတ်တမ်းလေးရေးပေါ့... ပြန်ရောက်မှ ပို့စ်တင်ပေါ့... မျှော်နေမယ်နော်...
:) ပျော်ရွှင်ပါစေ အစ်မ..။
ReplyDeletemm
အောင်မာ သူက ဘာ ဆိုရင် မချစ်က ဘာာာာာာာာာာာာာ ဆိုပြီး ပြန်အော်လိုက်ပေါ့လို့ အဟီးးး
ReplyDeleteဓာတ်ပုံအများကြီးရိုက်ခဲ့နော်......ပြီးရင် ပိုစ်ပြန်တင်... နော်...နော်...နော်...။ (ဒီကစောင့်နေသူ)
ReplyDeleteဘာ ဆို...
ReplyDeleteဘာလီရည် သောက်ချင်လို့လားဟင် ဆိုပြီး ဖျော်တိုက်လိုက်ပါလား မမ။
:D
အင်ဒိုနီးရှား ပိုလာဘာလီကျွန်းလေးဝယ် သူနဲ့လည်း တွေ့လို့ ချစ်ကြိုးသွယ် (ဒေါ်ချစ် နောက်တစ်သူနဲ့လားဟင်) အဲဒါမှ နောက်တခါ ဘာ....ဆိုတဲ့ အသံကြီး ကြားရအောင်လို့ (စတာပါရှင်)
ReplyDeleteဒေါ်ချစ်ကြည် လမ်းခရီးသာယာပျော်ရွင်ချမ်းမြေ့ပါစေ
ခင်တဲ့
seesein
ပိုလာဘာလီ ကို ဖြူသီ သီချင်းလေးနားထောင်ပြီး စိတ်ကူးနဲ့ ရောက်ခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး မမရေ......... အခု မမတို့သွားမယ်ဆိုတော့ ရောပြီတောင် ပျော်သွားသေးတယ်။း) လက်ပတော့ မပါလဲ ဘာဖြစ်လဲ မမ ကင်မရာလေးနဲ့ မှတ်တမ်းတင်ခဲ့နော်...။
ReplyDeleteပျော်စရာ ခရီးလေး ဖြစ်ပါစေ မမ...
ခင်မင်လေးစားလျှက်
ညရောက်ရင် kuta မှာ ပျော်ပေါ့၊ Mount batokaru ကိုရောက်အောင်သွားပါ၊ ကမ်းခြေမှာ ဆံပင်တွေလဲ ကျစ်ခဲ့ဦး၊ အညောင်းလဲဖြေ၊ ဘာလီ အရသာ ခံစားရင်းနှစ်ယောက်ပျော်ရွှင်ပါစေ။
ReplyDeleteအဲဒီသီချင်းသိတယ်၊ အဲဒီသီချင်းသိတယ်။ မားသားကြီးအရင်က ခဏခဏဆိုတယ်၊ မဟုတ်မှလွဲရော၊ ချစ်ကြည်အေးက မားသားကြီးနဲ့ရွယ်တူပဲဖြစ်ရမယ်။
ReplyDeletehttp://www.youtube.com/watch?v=RXpVkxu1pqc
ReplyDeleteတတ်နိုင်ဘူး၊ တရုတ်ဗားရှင်းပဲတွေ့တယ်။ လိုက်ဆိုပါချစ်ကြည်အေး။
သက်ဝေ ဘာမုန့်ဝယ်ခဲ့မယ်...
ReplyDeleteကိုရင်နော်...ကိုယော...ကျေးဇူးပါ...
မောင်မိုး ဘာ...ဝက်ပေါင်ခြောက်ဟုတ်စ...ဝက်ကောင်လုံးကင် လုပ်စမ်းဘာ...
စာအုပ်၊ ဘောလ်ပင် ၂ချောင်း ထည့်ပြီးသား ရိုစ့်ရေ...
ကျေးဇူး ညီမမွန်...
ဝက်ဝက် အချွန်နဲ့လာမတယ်ပေါ့လေ...
ညီမ သန့်ရေ...စိတ်ချ ကင်မလာ ယူသွားတယ်...ပိုစ့်တွေ တင်အုံးမှာ...
ဟုတ်ပ ညီမ ရီတာရယ် ခုမှ ဘာလီရည် နဲ့မှားသွားမှန်း သိတော့တယ်...
ဆီစိမ်ရေ...ဟ ဟ အချွန်နဲ့ မသူတွေ တယ်များပါ့လား...
ညီမ ဒဏ္ဍာရီရေ...လိုက်ခဲ့လေ...အိတ်က အချောင်ကြီးရယ်...
ကိုတည်ငြိမ်ရေ...အဲဒီ ကူတာBeach မှာ နေမှာ...တောင်ပေါ်လည်း အရောက်သွားခဲ့မယ်...ပြန်လာမှ ပို့စ်တွေထဲမှာ ကြည့်နော်...
တားတား တီဇီးအာ......ဟုတ်မှာ ဟုတ်မှာ...ညီမလေး ရင်ရင်နဲ့ တတန်းထဲတွေ......:)
ReplyDelete(အန်တီရင်ရင် သွေ့ပုချီ....)
မမ....ပြန်လာရင် မုန့်မစားရရင်နေပါစေ...မမဓါတ်ပုံကိုပဲ မြင်ချင်ပါတယ်...ဒါပဲ :D
ReplyDelete(ပျော်ရွှင်စရာ အတိပြီးသော ခရီးဖြစ်ပါစေ မမရေ....)
အရာရာ သွားလမ်းခရီး လာလမ်းခရီး ဖြောင့်တန်းပါစေကွယ်...
ReplyDeleteအဲလေ....မွှားပေါ့....ခင်ညာ...
ဘာလီမှာ ဘာလီရည်ပဲ ဖြစ်ဖြစ်...
အုန်းရည်ပဲ ဖြစ်ဖြစ် သောက်ရင်း ဝက်ကောင်လုံး ကင်နိုင်ခဲ့ပါစေ...
သြော်..ငါတော့ ဒီတစ်သက် ဝက်သားပြတ်ပေါ့...ခွိခွိခွိ...
ပြန်လာရင်တော့ ဝက်ကောင်လုံးကင် ပုံလေးတွေ ...အဲ...အဲ...
အစ်မရဲ့ ဓါတ်ပုံ...ဒါလည်း ဟုတ်သေးဘူး...အစ်မရဲ့ ဖိုတိုလေးတွေ နဲ့ ချစ်ကိုကြီးရဲ့ ပုံလေးတွေ တင်ပါဗျို့...
ပျော်ရွှင်ပါစေ
ကိုဇော်
ဘာလီက အမှတ်တရပစ္စည်းလေးတစ်ခုလောက် လို...ချင်....တယ်....:D
ReplyDeleteဘာလီကို
ReplyDeleteအမာကြည်
လာပြီဟေ့))))))
မဂျီးအေးရေ.......
ReplyDeleteဆင်းရဲသားမို့ အားကျရုံမှတစ်ပါ..........း((
(ခရီးသွားပို့စ်တွေတင်ဦးနော်ဗျ..........)
ခင်မင်တဲ့
ဏီလင်းညို
ဘာလီကျွန်းမှာရင်ခွင်ထဲခွေ့ နေရတာနဲ့ ဓါတ်ပုံရိုက်ခဲ့ဖို့ တော့ မမေ့ပါနဲ့ဗျာ-
ReplyDeleteနောက်ပြီးအနွေးထည်ပါးပါးကလေးယူသွားဖို့လည်းမမေ့ပါနဲ့ -
ဟိုရောက်လို့ညနေဘက်အပြင်ထွက်ရင်-----
(ဘယ်နားကိုဘဲသွားသွားပါ)အနွေးထည်ကလေး
ယူသွားဖို့လည်းမမေ့ပါနဲ့ နော်-
ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ခရီးတခုဖြစ်ပါစေဗျာ-
ဘာလီနဲ့သုချိပ်..ရာမယန ကကြတော့မှာပေါ့လေ
ReplyDeleteဟယ်
ReplyDeleteသွားချင်လိုက်တာ
ဘာလီကို
ဓာတ်ပုံတွေအများကြီးတင်ပေးနော်
ကြည့်ဦးမှာ
သူများကတော့ အင်ဒိုမှာနေရပေမယ့် ဘာလီတော့ မရောက်ဖြစ်ဘဲ ပြန်ရတော့မယ် ဟင့်
ချစ်ခင်စွာဖြင့်
လုလု
အစ်မချစ်ကြည်ရေ...
ReplyDeleteပျော်ရွှင်အောင်မြင်တဲ့ ဘာလီခရီးဖြစ်ပါစေရှင်။
အတွေ့အကြုံတွေလည်း အမြန်ဆုံးဖတ်ချင်ပါတယ်ရှင်။