Tuesday, March 30, 2010

ဘာလီခရီးစဉ်-၁

ဘယ်လိုစရေးရမလဲ...အင်း...မြန်မာလိုပဲ ရေးလိုက်ပါမယ်လေ...ဟိုနာမည်ကျော် ဆရာကြီး တယောက်လို ဆရာကြီးဦး X X X နိုင်ငံခြားမှ ပြန်ရောက်ပါပြီ မိတ်ဟောင်း၊ မိတ်သစ်၊ မိတ်တပတ်နွမ်းများ ပြန်လည် ဆက်သွယ်နိုင်ကြပါပြီခင်ဗျား လို့ စလိုက်ရင် ကောင်းမလား
လို့ အူတူတူတွေးမိသေး...ဟင်း ဟင်း...(ပါးစပ်ကို ညာလက်ဝါးလေးနှင့် အသာအုပ်၍ မပွင့်တပွင့် ဂျပန်စတိုင်လေး ရယ်၏)

၂၇ ရက်နေ့က သွားပြီးတော့ ၂၈ ရက်နေ့ မနက်ကနေ အရင် စလိုက်ပါမယ်။
ဒီပုံက ဟိုတယ်မှာ ကမ်းခြေဗြူး ဘက်လှည့်ပြီး မနက်စာ စားခဲ့တဲ့နေရာ။


အဲဒီကနေ ကမ်းခြေကို မခို့တရို့လေး ခုလို ချောင်းကြည့်လို့ရတယ်...။


မနက်စာ...စိတ်ဝင်စားဖို့ မကောင်းဘူး ၊ ပြီးတော့ ကမ်းခြေသွားဖို့ စိတ်စောနေလို့ ဗိုက်ထဲကို ပန်းကန်လိုက် မောင်းသွင်းပစ်လိုက်တယ်...ဓါတ်ပုံ မရိုက်လိုက်ရဘူးပေါ့...ကိစ္စမရှိပါ...နောက်နေ့တွေလည်း အတူတူပဲ မိနု(Menu) မပြောင်းပါ...နောက်တရက်မှ ကြည့်ကြပါကုန်....


ဆယ်ကျော်သက် လူရွယ်ကလေးများ အလွန် တက်ကြွတဲ့ ဘာလီ...


ဗူးသီး နဲ့ ဖရုံသီး လမ်းလျောက်လို့လာ....
(ဗူးလေးရာ ဖရုံဆင့် ဆိုတာ ဒါမျိုးများလား...)


အဲသလိုနဲ့ ညနေကို ရောက်သွားရော...ကြားထဲက အချိန်တွေလား...ဟင်း ဟင်း ဟိုတယ်မှာ အဝတ်အစား ပြန်လဲတယ်
ဆပါး (SPA) သွား၊ နေ့လည်စာ စားပေါ့...SPA သွားတဲ့ ပုံတွေ မရိုက်ခဲ့ရဘူး
တယောက်ကို ရူပြား ၃၀၀,၀၀၀ ပဲကျတယ် SPA က Couple Package ကို ယူလိုက်တာ...၁၀ရာခိုင်နှုန်းထပ်လျှော့တယ်....၃နာရီကြာ တယ် အရမ်းတန်လို့ ဘာလီသွားမဲ့သူတွေကို သွားဖြစ်အောင်သွားဖို့ ညွှန်းချင်ပါတယ်...စလုံးမှာ ဒီဈေးနဲ့ မရလို့ပါ စလုံးနဲ့ ဘယ်လောက် ကျလဲ သိချင်ရင် ၆၄၀၀ နဲ့ စားကြည့်ပေါ့...
ဂျာဂူစီထဲ ဆင်းဆင်းချင်း ၂ယောက်သား တိုင်ပင်မထားပဲ ပြောဖြစ်တာက
"ဟေ့ ချူချူးမပေါက်ကြေး" :)


SPA ပြီးတော့ အတော်ကို ဆာကြပြီ...နေ့လည်စာကို အင်ဒိုစာ စစ်စစ် ဆိုင်ကလေးမှာ စားခဲ့တယ် ကျမက အသားနဲ့ ချိုချဉ်စပ်ကလေး...သူက ကြက်ထမင်းကြော်၊ အင်ဒိုဘီယာ၊ ကြက်ဥအောမလက် Seafoods နဲ့ ချဉ်စပ်ကြော်ကလေး...စားကောင်းသား...ကျမက ဘာမှန်းမသိတဲ့ ဖျော်ရည်မှာသောက်တယ်



တဝက်လောက်သောက်ပြီး ရီတီတီနဲ့ ဟိုလူကြီး နှစ်ကိုယ်ခွဲ မဖြစ်ခင် ရပ်တန်းကရပ် ပစ်လိုက်တယ်၊ ထင်တော့ထင်သား...စသောက်ကတည်းက ခါးတားတားနဲ့လို့...။
ဟိုလူကြီးလက်ချက်နေမှာ တော်ပါသေး အဖေ့ ကျေးဇူးကြောင့် အယ်လကိုဟော
ရောထားရင် သိနေတာ...။ ဟင်းဟင်း...ဒါမျိုး မရဘူး... ဖြဲသီး ဖျော်ရည်တခွက်
ထပ်မှာသောက် လိုက်တယ်....


နေ့လည်စာက ရူပြား ၁၇၀၅၀၀ ကျတယ်...ဒါလေးများ....ဟား...ဟား...

စားပြီးတော့ ရှော့ပင် သွားတာ တက်ကစီသမား တပတ်ရိုက်...ခံခဲ့ရတယ်...ရှက်လို့ ဘယ်သူ့ကမှပြောဝံ့ဘူး...ဘလော့ပေါ်ပဲတင်မယ် စိတ်ကူးတယ် တိုးတိုးတိတ်တိတ်ပေါ့...

ခုတော့....ကျမရဲ့ တမတ်တန် ကင်မလာလေးနဲ့ပဲ ဘာလီရဲ့ တိမ်တွေကို အမိအရ ဖမ်းဆုတ် ရိုက်ခတ်ပစ်ခဲ့တယ်...


တိမ်တွေဟာ ခုတမျိုး ခုတမျိုးနဲ့ အတော် မျက်နှာများတယ်...


တမတ်တန် ကင်မလာ အစွမ်းကြောင့် တိမ်တွေဟာ ပြားတားတား...ခွင့်လွှတ်ပါ တိမ်တွေရယ်...


အပြောင်းအလဲ မြန်လွန်းတာ...ဆိုးလိုက်တဲ့တိမ်...





ဗိုလ်ပဲ...မတ်ပဲ....ကုလားပဲ...ပဲစဉ်းငုံ...ပဲနီလေး...ပဲဝါလေး....ဘာပဲ ညာပဲ...ပဲ...ပဲ...


ပဲတွေက အမျိုးစုံ အတော်များသကိုး


လာ့ဂိတ်ရှ်တွေကိုတောင် ရေမချိုးပေးရသေးဘူး ဒီတိုင်း တုံးလုံး...ပိုစ့်တင်ချင်လွန်းလို့ ပင်ပန်းနေတဲ့ကြားကနေ ရေးတင်ပစ်လိုက်တယ်...
ပိုစ့်ရှည်သွားမစိုးလို့ ဒီနေရာမှာပဲ ကတ်ကျေးကိုက်လိုက် ပါရစေ...




ဓါတ်ပုံကြည့်ချင်တယ်လို့ ပိတ်သတ်ထဲကနေ စာလေးတစောင် ကိုယ့်ဘာသာ ပစ်တင်ပြီး ကိုယ့်ဘာသာ ကိုယ့်ပုံကို တင်လိုက်ပါတယ်...ဒါ ရေမချိုးရသေးပါဘူး...ဟင်း ဟင်း ဟင်း....:) ည အိပ်ပျော်အောင် အိပ်ကြပါ...

34 comments:

  1. ဟားဟား....... ဂွတ်တယ် မမရေ... စစချင် ဗူးသီးနဲ့ ဖရုံသီး ရေလည်မိုက်တယ်။း) စားစရာတွေ မြင်တော့ သွားရည်ကျတယ် ခုမှ ရုံးကပြန်ရောက်ပြီး ဗိုက်ဆာနေလို့။ တိမ်တွေကလည်း လှပါတယ် ကင်မရာ မကောင်းတာ မဟုတ်ပါဘူး ဓါတ်ပုံရိုက်နေတာ သူတို့က ငြိမ်ငြိမ်မှ မနေတာကိုး......။ အောက်ဆုံးက ပဲနီလေးပုံက သေးနေတော့ အားမရပါ။း))
    ပျော်စရာကြီး မမရေ.... မမပိုစ့်လေးကို ဖတ်ပြီး အပျော်တွေ ကူးသွားလို့ စသွားတာနော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ပျော်စရာကြီး
    ပြန်လာတာကြိုဆိုပါတယ်...
    ရေမချိုးရသေးတဲ့ပုံတွေကြည့်သွားတယ်နော်
    ညအိပ်ပျော်အောင်ကြိုးစားပါ့မယ်း)))

    ReplyDelete
  3. ဝေး....ဟေးဟေး...ချစ်မကြီး ပြန်ရောက်လာပြီ...
    “ဘာလီရဲ့ တိမ်တွေကို အမိအရ ဖမ်းဆုတ် ရိုက်ခတ်ပစ်ခဲ့တယ်...”
    ဆိုတဲ့ ပုံလေးအောက်မှာ ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်နေတဲ့ ချစ်မကြီးကို တွေ့လိုက်ရလို့ ကျေးဇူးပါ...ခိ..ခိ..:P

    ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူက ပြောဖူးတယ် အမရေ. . .
    သူက ကမ်းခြေမှာ လမ်းလျှောက်ရတာ ကြိုက်တယ်တဲ့....
    ကျနော်က ညနေခင်းလေးတွေ လမ်းလျှောက်ရတာ ကြိုက်တယ်..
    ဒါကြောင့် ညနေခင်း ကမ်းခြေမှာ လမ်းလျှောက်ကြမယ်လို့....ပေါ့..။
    အခုတော့လည်း. . . . . . . . . . . .အင်း...
    သူများတွေကိုပဲ. . .အား. . ကျ. .သွားပါတယ်ဂျာ...

    ဆက်စောင့်ဖတ်နေမယ်...

    ပျော်ရွှင်ပါစေ
    ကိုဇော်

    ReplyDelete
  4. မချစ်ကြည်ရေ့ အားကျလိုက်တာ။ အရမ်းကို ပျော်မှာပဲနော်။
    ကြည့်ရုံနဲ့တင် ကြည်နူးရတာ။
    လူပုံကတော့ သေးနေလို့ မညင်ရဘူး။
    နောက်နေ့ကျ ကြီးကြီးရိုက်ပေးနော်။

    ReplyDelete
  5. ချစ်ကြည်အေးကရှစ်ရှာလေးတော့... ဂျပန်စတိုင်နဲ့ရီတဲ့ပုံလေးလည်းတင်ဦးလေ... :)

    ReplyDelete
  6. အင်း - - -
    လူကို(ဓါတ်ပုံကိုဆိုရင်ပိုမှန်မယ်ထင်တယ်)အခုမှမြင်ဘူးတာလေ-
    စာအရေးအသားတွေအရမ်းမြင့်နေတော့လူကအသက်ကြီးလောက်ပြီထင်နေ
    တာ။ တကယ့်ကိုငယ်ငယ်ကလေးရှိသေးတာဘဲကိုးဗျ-
    တမတ်တန်ကင်မရာကလေးကိုဘယ်မှာဝယ်လို့ ရသေးလဲဗျာ-
    ပုံတွေနဲ့စာတွေကိုတကူးတကတင်ပေးတဲ့အတွက်အထူးကျေးဇူးတင်မိပါတယ်
    ကျန်းမာပါစေ-

    ReplyDelete
  7. တော်တော် ပျော်လာတယ် ထင်ပါရဲ့နော်..
    ဓါတ်ပုံလေးတွေ ကြည့်ရတာတောင် ပျော်စရာကောင်းနေတယ်..
    တစ်ခေါက်လောက်တောင် သွားချင်စိတ်ပေါက်လာပြီ..

    ReplyDelete
  8. ဟမ် အဲဒါ မချစ်ပုံလား မီးကမသိပါဘူး မချစ်က ပို့စ်ထဲမှာ ဝက်မလွတ် ဘာညာ သရာကာ ရေးထားတော့ ဝ တယ်ထင်နေတာ ဝ လဲ အဝဘူး ရယ် လှလှလေးတော့ အဟီးးး
    အပြန် မီး အတွက် ဘာလီ အချိုရည် သယ်ခဲ့ ဒါဗြဲ တာ့တာ

    ပျော်နေတာ မလိုနာဘူး ဟွင့်

    ReplyDelete
  9. တော်တော်လေးများ ပျော်တော်မူးခဲ့တယ်ထင်ပါ့
    ကျေးဇူးရှင်ဖေဖေကို သတိရလို့တော်သေး
    ခါးခါးလေးလည်းကောင်းတယ်မဟုတ်လား
    နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ ပြီးတော့ ကြည့်လိုက်တယ်ဟုတ်
    ဘာ.....လို့ အော်ခံခဲ့ရဘူးပေါ့

    ခင်တဲ့
    seesein

    ReplyDelete
  10. အပျော်တွေတောင် ကူးစက်လာတယ်၊
    ဘာလက်ဆောင်များ ပါလာလဲ မသိ။
    လာယူမယ်လေ။
    :)

    ReplyDelete
  11. သူများ အချစ်ဆုံး တိမ်တွေကို မလှအောင်ရိုက်လာတာ
    ဘယ်သူလဲကွ... ခွိခွိ... ... ...

    သိပ်ပျော်လာတယ် ပေါ့လေ... ဒီမှာတော့ ရှင် မရှိလို့ လွမ်းလဲ လွမ်း ပျင်းလဲ ပျင်းနေတာ ၄ ရက်ရှိပြီ... (ပါလာသမျှ မုန့်များအတွက် ရည်ရွယ်၍ လွမ်းနေခြင်းသာ ဖြစ်သည်...)

    နောက်နေ့လဲ ပိုစ့်တွေ ဆက်တိုက် တင်ပါ... မျှော်နေမယ်...း))

    ReplyDelete
  12. ညီမ ချစ်ကြည်အေး လှလှလေးရေ

    ကူးယူပျော်ရွှင်လိုက်ပါသည်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  13. ဝတယ်ဆို အစ်မ
    ဘယ်မှာဝလို့လဲ

    ReplyDelete
  14. ရီတာ တွေ့ပြီမလား...အဲဒါ အစ်မချစ်ကြည်အေးဆိုတာ။ ;)

    အစ်မတောင် ဘာလီက ပြန်ရောက်လာလို့ ပို့စ်တွေဘာတွေတောင် တက်နေပြီ။ ဇွန်က မကာအိုကတောင် ပြန်မရောက်သေးဘူး :D

    ReplyDelete
  15. နာရီဒိုင်ခွက်က ကြီးလိုက်တာ။

    ReplyDelete
  16. ပုံတွေလာကြည့်သွားပါတယ်။

    ReplyDelete
  17. ကမ်းခြေမှာတိမ်တွေရိုက်တာ ဘယ်ကညောင်ရန်းဂွတိုပုံတွေပါလာတာတုန်း

    ReplyDelete
  18. ဝအောင်ကျွေးပါ. သူပိန်နေတယ။်

    ReplyDelete
  19. အတော်နာမည်ပေးတတ်...
    ဗူးသီးနဲ့ ဖရုံသီး ဆိုပဲ... လိုက်ပါ့..း)

    စာဖတ်သူကို ပျော်ရွှင်မှု ကူးစက်အောင် ဖန်တီးပေးနိုင်သူပါပဲ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ReplyDelete
  20. ဏီလင်းညိုWed Mar 31, 09:04:00 AM GMT+8

    ဒို့ချစ်မကြီးက အလတ်ကြီးရှိသေး....အဲ့လေ... ငယ်ငယ်လေးဘဲရှိသေးဒါကိုး.......း))
    မှန်မှန်ပြော ဘယ်နှစ်နှစ်တုံး.........ဟိဟိ......း))
    တော်တော်ပျော်ခဲ့တယ်ဟုတ်........
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  21. ပဲဝါလေး သေးနေပါသည် မှန်း၍ကြည့်သွားပါသည်
    အလွန်ချစ်ချာကောင်းပါသည် ။ ဘာလီတော့သွားအုံးမှပါ ..ကမ်းခြေဆိုအရူးအမူးကြိုက်တယ် ..

    ReplyDelete
  22. ပျော်စရာကြီး။ တမတ်တန်ပေမယ့် ဓာတ်ပုံတွေရိုက်လို့ရတော့ အမှတ်တရပေါ့။
    အမက ပေါသလောက် ချောတယ်နော်...
    မုန့်တွေအများကြီး ၀ယ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ :P

    ReplyDelete
  23. ဖတ်လိုက်... calculator တစ်လုံးနဲ့ တွက်ကြည့်လိုက်...ဒါလေးများ....ဟား...ဟား... :D

    ReplyDelete
  24. စာဖတ်လိုက် calculator နှိပ်ကြည့်လိုက်....ဒါလေးများ....ဟား...ဟား... :D

    ReplyDelete
  25. ဗျို့ ဂျီးဒေါ်...ဘယ်မှာလဲ ၀က်နေလှန်းထားတဲ့ပုံတွေ။ လျှိုမထားနဲ့နော်။ ဗူးသီး၊ ဖြဲသီးစာရင်းထဲ ၀င်မှာ စိုးလို့လား။

    ReplyDelete
  26. အမရဲ့ ဘာလီ ခရီးစဉ်က ပျော်စရာကြီး.. စစချင်း ပိုက်ဆံဈေးနှုန်းတွေ မြင်ပြီး လန့်နေတာ... နောက်မှ ၆၄၀၀နဲ့စားကြည့်ဆိုမှ တော်သေးတယ်လို့.. :D အမက ချောတယ်နော်.. (စင်ကာပူလာလည်ရင် မုန့်ဝယ်ကျွေး.. ;P)
    beach ဆိုရင် စိတ်ဝင်စားတယ် အမရေ.. နောက်ထပ် ဆက်ရန်တွေလည်း မျှော်နေတယ်..

    ReplyDelete
  27. ငါ့အစ်မတောင် ပြန်ရောက်လာမှကိုး...ခရီးပန်းလို့ထင်ပါရဲ့ ပိုပိန်သွားသလိုပဲ...ဒါပေမယ့် ပိုလှလာပါတယ် :D (ဘာလက်ဆောင်ပါဒုန်း....:)))

    ReplyDelete
  28. မင်္ဂလာပါ မချစ် ...
    မချစ် လေသံ တုပြီး ပြောကြည့်မယ် “ ၀ဲလကမ်းဘဲ့ခ် တူ စင်း ဂပေါ်”

    ခင်မင်စွာဖြင့်
    mks

    ReplyDelete
  29. ဓါတ်ပုံလေးတွေကြည့်ရင်းအပျော်တွေကူးလာပြီး ကမ်းခြေတခုခုကို သွားချင်စိတ်ပေါ်လာမိတယ်။

    ReplyDelete
  30. မြစ်ချေသူWed Mar 31, 11:30:00 PM GMT+8

    နာမည်နဲ့  တစ်ချို့ ရေးထားတာလေးတွေကို ဖတ်ပြီး ခပ်၀၀နဲ့ အသက် ကြီးမှာပဲထင်ထားတာ... :P

    လာလည်ရင်း ဘာလီရဲ့ အလှကို ကြည့်သွားပါတယ်ရှင့်။

    ReplyDelete
  31. ပျော်စရာခရီးဖြစ်ခဲ့မယ် ထင်ပါရဲ့.. ရေးမယ့်ပိုစ့်တွေလည်း စောင့်ဖတ်နေပါတယ်.. ဒါ့ပုံကြည့်တော့ အသက်...ကြီးမှန်း..(အဲဒိလောက်)မသိသာ (သေးးး)...ဘူး..နော် :)


    ခမမ

    ReplyDelete
  32. ညီမ ဒဏ္ဍာရီရေ...ကြိုက်တာသာ စားသွားပါကွယ်...ပဲဝါလေးမို့လို့ပါ...နောက်တခါ ပဲဝါကြီးကျရင် ပုံကြီးကြီးတင်ပါမယ်...:)
    နိုင်းရေ...ရွှေပုပ္ပါးလေး သောက်အိပ်ပါ ပျော်သွားမှာပါကွယ်...:)
    အားကျရင် မိုရီယာမင်းသွင်းပါ မောင်လေးဇော်...:)
    ညီမ လုလု...နှစ်တလက်မလောက်နဲ့ ရိုက်ရင်တော့ ပုံကြီးကြီး ထွက်လောက်ပါရဲ့ကွယ်...:)
    ရိုစ့်ရေ...ရှစ်ရှာလေးဆို သျှစ်ရှားသီး နဲ့ ဦးသျှစ်သီးက မွေးထားတာလေ...)
    ဂျစ်တူး မြင့်ဆို ထန်းပင်ပေါ် တက်ရေးတယ်လေကွယ်...ဟီး...ငယ်သယောင်ယောင် ထင်ရတာပါကွယ်...:)
    ရောက်အောင် သွားစေချင်တယ် သိင်္ဂါ အရမ်းလှလို့ပါ...:)
    ဝက်ဝက် အမက ဝိတ်အတက်အကျ မြန်တယ်...ဘာလီရည် သိတ်ရ...အိမ်လာခဲ့လေ...:)
    ဒီတခါ သူ့ကို ဘာာာ !!! လို့ပြန်အော်ခဲ့တယ် မမဆီစိမ်...:)
    တီရှပ်တွေ ပါလာတယ် ပြုံးပန်းရေ...အိမ်လာခဲ့...:)
    မုန့်မုန့် တွေက မီးမီး သက်ဝေနဲ့ တည့်ဘူး ချိုတယ် ဆီများတယ် စားနဲ့နော်...:)
    မမရွှေဇင် ပျော်တော့ ပျော်ပါ မီးနား မသွားပါနှင့်...:)
    ညီမ ရီတာ မှန်ဘီလူးနဲ့ ကြည့်လိုက်ပါကွယ် ပါပါရာဇီတွေ ကြောက်လို့ ရုပ်ဖျက်ထားတာပါ...:)
    ညီမ ဇွန် အမလည်း ဘာလီနေတုန်းပါပဲကွယ်...:)
    ဘွိုင်းဇဇဇဇ အချစ်က မျက်စိမှုန်တယ်...:P
    ပုံတွေလာကြည့်တာ ကျေးဇူးနော်...ရှင်လေး )
    ဟမ် သာမီး ဂွတိုမှန်း ဘယ်လိုလုပ်သိ...ကိုကြီးကျောက် အရင်က ဘောင်းဘောင်း ချုပ်စားခဲ့တာ မှုတ်လား...:D
    သေချာတယ် မမကွန် လူမှားပြီ...:(သာမီး အမြတ်ထွက်အောင် လုပ်နေတာလား...ဟင်...:)
    ဟီဟိ ကိုရင်နော် ကလောင်နာမည် ပြောင်းချင်ရင်ပြော...ဘာအသီး ကြိုက်တုန်း...:)
    ဟဲ့ တိုးတိုး ဏီလင်းရဲ့ ၂ ၁ နှစ် ...လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက...ဟိဟိ လန်းတုန်းပဲနော်...:)
    ဗစ်စစစ...ပဲဝါကြီးဆိုမှ ကြီးတော့မပေါ့ကွယ်...:)
    ကပိတီ...ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် ရဲ့ ဗားရှင်းအသစ် ပေါလည်းပေါတယ် ချောလည်းချောတယ် ထွက်ပြီ (လောင်းဂိတ်)
    ညီမသန့်....ဒါလေးများ....ဟား...ဟား... :D
    ဒီ မောင်မိုးဟာ ဝက်တကောင်လုံးထွက်ပြနေတာကို ခြေရာရှာနေသေး...)
    နုရေ...အမက မချောပါ သို့သော် ပေါ၏...၊ စလုံး လာခဲ့ပါ အဝတွင် ကျွေးပါမည်...:)
    ညီမ အင်ဂျင်းရေ...ခရီးကတော့ ဟိုပန်း ဒီပန်းပါပဲကွယ်...လမ်းအလျှောက်များလို့ နဲနဲ ပိန်သွားတယ် ထင်ပါရဲ့...တီရှပ် ဦးရာလူ...:)
    ဝဲကမ်းတဲ့ အတွက် ကျေးဇူး အကို မင်းခွန်စိုး...:)
    မိုးဦးစံပယ်...ကမ်းခြေသွားပါ ခရီးထွက်ပါ...ပိုက်ဆံသာ မထွက်ပါစေနှင့်...
    မြစ်ချေသူ...ခု ကျကျဆင်အောင် လွဲသွားပြီ ဆိုပါဒေါ့...
    ခမမ...ဒါ အရှိအတိုင်းလေကွယ်...နဂိုင်းကြီးထွက်နေတာ တွေ့သမို့လား...မုဒိတာ ပွားစမ်းဘာာ...:)

    ဘာလီခရီး အတူ လိုက်ခဲ့ကြသူများ အားလုံး ကျေးဇူးပါ...:)

    ReplyDelete
  33. အလုပ်များနေလို့ ခုမှ စာလာဖတ်နိုင်တယ် မမရေ..
    ပဲနီလေးက အချောလေးဗျာ..။ ဘယ်မှာ ၀ လို့တုန်း။ (ဒါမျိုး ကြားချင်နေမှန်း သိလို့ တမင် ပြောပါသည်)။ ဘေးနားက ပဲစင်းငုံလေးကျတော့ လက်ကလေးပဲ ပါသကိုး။

    ReplyDelete
  34. အစ်မကို ခုမပဲမြင်ဖူးရတော့တယ်။ ဒါတောင် သေးသေးလေးတင်ထားလို့ ချဲ့ကြည့်ရသေး.. ၀ိတ်လျှော့ဖို့တွေဘာတွေရေးနေလို့ ခပ်၀၀အောက်မေ့ပါတယ်။ ကျွန်တော့်အစ်မက သေးသေးလေးပဲ။ လူထက်စာရင် စာတွေက လူကြီးပုံပေါက်နေတယ် တကယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...