Tuesday, March 23, 2010

လူ-အမဲလိုက်ခြင်း....

သူမဟာ ယောင်္ကျားများစွာကို ညှို့ငင်ဖြားယောင်းရင်း ပစ္စည်းတွေ ခိုးခဲ့သူပါ လို့ နဲနဲကလေးမှ ထင်ရက်စရာ မရှိအောင်ကို ညံ့သက်သိမ်မွေ့ လွန်းနေတယ်။ ပျော့ပြောင်းတိုးရှတဲ့ အသံ၊ ဖြူစင်တဲ့ အသားအရည်၊ မေးစေ့အောက်ထိရုံ ဆံပင်၊ လှပတဲ့မျက်လုံးဝိုင်းတွေမှာ ပလတ်စတစ်မျက်မှန် လေးထောင့်ပုံ အနက်ရောင် တပ်ထားတဲ့ သူဟာ နူးညံ့စွာပြုံးရင်း ယဉ်ကျေးသိမ်မွေ့စွာနဲ့ ရုံးတော်ကို ဒီလို လျှောက်ထားခဲ့တယ်။

"လေးစားအပ်ပါသော လူကြီးမင်းရှင့် ကျမအပေါ် သနားငဲ့ညှာသောအားဖြင့် သက်ညှာစွာ ပြစ်ဒဏ်ပေးရန် လျှောက်ထားအပ်ပါတယ်၊ ကျမရဲ့သားကလေးဟာ ၃နှစ်အရွယ်ပဲ ရှိသေးတာမို့ သူ့အတွက် ကျမ ရှိနေဖို့ လိုအပ်ပါတယ်ရှင်" လို့ ဆိုသတဲ့။

အစိုးရရှေ့နေ ဒီပီပီ လူး (DPP Loo) ကတော့ သူမဟာ သနားစရာ သက်ညှာစရာ အမျိုးသမီးတယောက် မဟုတ်ဖူးလို့ အခိုင်အမာ ဆိုပါတယ်။



သူမရဲ့ အသက်က ၄၄ နှစ်၊ အလုပ်အကိုင်ကိုတော့ သူက ကြုံသလို ပြောတတ်တယ်။ အလွတ်တန်း ဒီဇိုင်းနာ ဖြစ်လိုက်၊ မလေးရှားကနေ စလုံးမှာ အလုပ် လာလုပ်တဲ့ ဇိမ်မယ် ဖြစ်လိုက်ပဲ။ ဂျူရောင်း နဲ့ ဘဒုတ် (Jurong and Bedok) ကြားက ဟော့ကာစန်တာတွေ၊ ကာဖီဆိုင်တွေမှာ သူရဲ့ သားကောင်ကို ရှာလေ့ရှိတယ်။ သူက သားကောင်ဖမ်းရာမှာ အင်မတန် ကျွမ်းကျင်လိမ္မာတယ်။ အလွန် ပိရိပါးနပ်တယ်။ အသက် ၄၀ ကျော် ကနေ ၆၀-၇၀ တွေ၊ အငြိမ်းစား အဘိုးကြီးတွေ၊ ရိုးလက်စ်နာရီပတ်လို့ စတိုင်ထွားနေတဲ့ ဘူဒါးကြီးတွေ အဲဒါ သူမရဲ့ အမဲပဲ။ သားကောင်ကိုမချဉ်းကပ်မီ သားကောင်ရဲ့ အလေ့၊ သားကောင်ရဲ့ အခြေအနေ နဲ့ လမ်းကြောင်းကို အကဲခတ်သေးတာ။ ပြီးမှ ပိုင်ပြီဆိုမှ အပီ ဝင်ဖမ်းလေ့ရှိတယ်။

တကယ်တော့ သူမက သူမရဲ့ အသက်မွေး ဝမ်းကျောင်း လူ-အမဲလိုက်တဲ့ အလုပ်မှာ နှစ်ပေါင်းများစွာ ကျင်လည် ကျွမ်းကျင်ပြီးသား။ သူမရဲ့ အခြေအနေကိုက အဲသလိုလုပ်မှ ဝမ်းဝ ခါးလှရမဲ့ အနေအထား၊ လူမွဲစာရင်းဝင် (Bankruptcy) ခင်ပွန်းနဲ့ ၃နှစ်သားအရွယ် သားငယ်တို့ရဲ့တာဝန်တွေနဲ့မို့ သူမ မှန်တယ် ဒါကို လုပ်ကိုလုပ်ရမယ် အဲသလို ယုံကြည်ထားတာ ။ ၉၄၊ ၉၆၊ ၉၉ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ခိုးမှုနဲ့ ထောင်နန်းစံခဲ့ပြီးသား၊ ဒါပေမဲ့ သူမက အမှတ်မရှိစွာ၊ သူမလုပ်နေတာတွေဟာ မမှားဘူးလို့ မိုက်မဲစွာ ယုံကြည်ရင်း တိုးမိုက်ခဲ့တာ...သူမရဲ့ လုပ်ပုံကိုင်ပုံတွေ ပိုမိုကျွမ်းကျင်အောင်၊ ပိရိချောမွေ့အောင် အားထုတ်ရင်းနဲ့ ခုဆို ပိုလို့တောင် လက်စွမ်းထက် နေခဲ့ပြန်တာလေ...။ အိမ်စရိတ်တွေအပြင် သူမရဲ့ အလုပ်နဲ့ လိုက်လျောညီထွေစွာ သူမ လှပနေဖို့ လိုအပ်တဲ့အတွက် ဇရာကိုအံတုဖို့ ဘိုတောက်စ် ထရိမန့် (Botox Treatment) ယူတယ်။ ဟုတ်တယ် သူမ လှနေဖို့ လိုတယ် အို....လှဖို့ ဆိုတာထက် ဆွဲဆောင်မှုရှိနေဖို့ တကယ်ပဲ လိုအပ်တယ်။ စရိတ်ကလား...လွယ်ပါတယ် သားကောင်တွေ ရှိနေသ၍ သူမက မပူသေးဘူး။

သေချာပြီဆိုတာနဲ့ သူမက သားကောင်ကို ချဉ်းကပ်တယ်။ လူရှင်းတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း အီစီကလီ ဘာညာ၊ လိင်မှုကိစ္စတွေ နဲ့ ကတိတွေပေးရင်း အစာချကျွေးတယ်။ နဲနဲလေးကြာလာရင် ဘူဒါးကြီးတွေရဲ့ ကော်ဖီခွက်ကို ယူသောက်မယ်။ အဲဒီလူကြီးတွေကလည်းပဲ သူမရဲ့ နှုတ်ခမ်းနီကလေး စွန်းပေသွားတဲ့ ခွက်နှုတ်ခမ်းလေးကို တမက်တမော ထိသောက်ရင်း ၁၀ မိနစ် အကြာမှာ ဒေါင်းတော့တာပဲ။ ဒီတော့မှ သူမက တစချင်း ဖြုတ်တော့တာ။ လုပ်နည်းလုပ်ဟန်က ဒီလို...။ ဘူဒါးကြီးတွေရဲ့ ကော်ဖီခွက် ယူသောက်ရင်း သူမ ပါးစပ်ထဲ အသင့်ငုံထားတဲ့ အိပ်ဆေးကို ကော်ဖီခွက်ထဲ လျောကနဲ ထည့်လိုက်သတဲ့။


ထူးဆန်း ကျွမ်းကျင်ပါပေ့...သူမကရော အဲဒီ အိပ်ဆေးကို ယဉ်ပါးနေပြီတဲ့လား...။ သူမ ပါးစပ်ထဲ ဘယ်လိုနေရာမှာများ ဖွက်ငုံထားပါလိမ့်...။

အဲသလို အမှည့်ချွေနည်းနဲ့ လူ-အမဲလိုက်နေခဲ့တာ ကြာခဲ့ပေါ့။ သူမက လမ်းကြောင်းကို ပုံမှန်မထားဘူး၊ ကျဘမ်းရွေးတယ်၊ ခြေရာခံလို့ရနိုင်မယ် ထင်သမျှ သတိကြီးစွာနဲ့ ရှောင်တယ်၊ ဘယ်လိုပဲ အရှောင် ကောင်းကောင်း ခုတော့ သူမ မိသွားခဲ့ပါပြီ။ ဆေးခန်းမှာ အိပ်ဆေးသွားအဝယ်၊ သူမရဲ့ အမဲကောင်ဟောင်း တယောက်က မှတ်မိသွားပြီး တိုင်ရာက ဖမ်းခံလိုက်ရတာပါ။ သူမရဲ့ အမှူကို ဧပြီ ၇ ရက်နေ့ စစ်ဖို့ ချိန်းထားပါတယ်...။

ကဲ...ကျမ တွေးမိတာလေး ပြောပါရစေအုံး။ ဒီအမှုမှာ တရားခံက အမျိုးသမီးဖြစ်ပြီး အမျိုးသားတွေက တရားလို ဖြစ်တယ်။

တကယ်လို့များ အမျိုးသားက တရားခံဖြစ်ပြီး အမျိုးသမီးတွေကသာ တရားလို ဖြစ်ခဲ့ရင်....။

ပစ္စည်းယူရုံနဲ့ ပြီးပါ့မလား... ငွေကိုယူသည်၊ လူကိုပါယူသည် ဆိုတဲ့အထိ၊ နောက်ဆုံး အသက်ဘေးတောင် ချမ်းသာရာ ရချင်မှ ရမှာပါ...။ ဒီနေရာမှာ တရားခံက အမျိုးသမီး ဖြစ်နေလို့သာ...။

အင်း....အမျိုးသား၊ အမျိုးသမီးရယ်လို့ အားသာချက်၊ အားနည်းချက်တွေ ရှိကို ရှိနေတဲ့ သဘာဝတရားကြီးကို ခဏတော့ မုန်းမိပါရဲ့...။

***သူမ လုပ်ရပ်ကို အားပေးထောက်ခံတာ မဟုတ်ပါဘူး...မကောင်းမှုလုပ်သူချင်း အတူတူ ကျား-မ ကွဲပြားမှုရဲ့ အားနဲ-အားသာချက် သက်ရောက်မှုကိုသာ ဆိုလိုချင်တာပါ...

Ref:the new paper dated 18 Mar10

20 comments:

  1. ကိုးရီးယားရုပ်ရှင်တွေလိုပေါ့... လူတိုင်းကသူ့အတွေးနဲ့သူ သူဘဲမှန်တယ်ထင်နေတတ်ကြတာကိုး.... တရားသူကြီးကဘယ်လိုဆုံးဖြတ်မှာပါလိမ့်????

    ReplyDelete
  2. သဘာဝဟာ သဘာဝပါ သီချင်းဆိုတာပါနော် ဒေါ်မယ်ချစ်ရေ


    ခင်တဲ့
    seesein

    ReplyDelete
  3. လည်သလိုရှာစားနေကြတာပဲနော်။ တော်သေးတာက တစ်ထိုင်စာလောက်ပဲ ယူလို့။ ခံလိုက်ရတဲ့သူတွေလည်း အများကြီးတော့ မဆုံးရှုံးဘူးပေါ့။ တစ်နေ့တာ အပြင်ထွက်လာချိန် ပါသလောက်ပဲ ဆုံးရှုံးရတာဆိုတော့ တော်သေးတယ် ပြောရမယ်။
    အိမ်ရောင်းပြီး ငွေထုပ်နဲ့ ထိုင်နေတာဆိုရင်တော့ ကုန်ရောပဲ။

    ReplyDelete
  4. သတင်းစာ မဖတ်မိတော့ မသိလိုက်ဘူး အစ်မရေ။ အဆုံးသတ်မှာ တွေးစရာတွေနဲ့။ ကျားနဲ့မ ... အားသာချက် အားနည်းချက်တွေ...

    ReplyDelete
  5. အဲ့ ထက် ဆိုးတဲ့ မြန်မာ အမဲလိုက် မုဆိုးမလေးတွေ အကြောင်း ရေးဦးမယ် အမရေ...

    ReplyDelete
  6. သူတို့ အမဲလိုက် ခံချင်လို့ ခံနေတာ ခံစမ်းပါစေ သူငယ်ချင်းရယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  7. နောက်ဆုံး ဒီစာသား
    အင်း....အမျိုးသား၊ အမျိုးသမီးရယ်လို့ အားသာချက်၊ အားနည်းချက်တွေ ရှိကို ရှိနေတဲ့ သဘာဝတရားကြီးကို ခဏတော့ မုန်းမိပါရဲ့...။
    ကိုကြိုက်မိတယ် မချစ် ဟုတ်တယ် ပြောတော့ မိန်းမနဲ့ ယောက်ျား ရင်ဘောင်တန်းတယ် ဘာရယ် ညာရယ်နဲ့ တခုခုဆို နင်တို့ မိန်းကလေးတွေက ယောက်ျားတွေနဲ့ တူလို့လား ဆိုတဲ့ အမေးမျိုး သိပ်မုန်းတာပဲ
    အခုလဲ ဒီပို့စ်ကို ဖတ်ပြီး တွေးစရာ ရသွားပြန်ပြီ
    အဲဒီ ခွဲခြားခွဲခြား ကြီးက ဘယ်တော့မှာမှများ လွတ်မြောက်မလဲ မသိဘူးနော်
    အရင်ခေတ်က မိန်းမတွေက ပိုသနားဖို့ကောင်းတယ်နော် ဒီလိုဆိုတော့လဲ

    ဟူးးးးးးးးးးးးးးး သိတော့ပါဘူးလေ

    -----

    တကယ်ပြောရရင် အဲဒီမိန်းမ ကို သနားတယ် သူရှာမှ စားရမဲ့ ဘဝ ကို အင်းးး အင်းးး လေ ဒီလိုလူမျိုး ဘယ်လောက်များ ရှိနေမလဲ နော်

    ReplyDelete
  8. တချို့နေရာတွေမှာ ကျားတွေက ရက်စက်လွန်းပြီး တချို့နေရာတွေမှာ မတွေက ပိုရက်စက်တာတွေလဲ ရှိမှာပါ ခုလိုအမှုမျိုးမှာတော့ မမို့လို့ ဒီလောက်နဲ့တော်တာပါ အချို့သောဥပဒေတွေမှာလဲ မ ဖြစ်လို့ ကျား ဖြစ်လို့ အသာရတာတွေရှိနေဦးမှာပါ ယဉ်ကျေးမှုတွေ ဓလေ့တွေ ကနေ မမျှတ မတရားမှုကို တရားမှု့အဖြစ် တရားဝင်ဖြစ်နေစေတဲ့ ဥပဒေတွေလဲ ရှိနေဦးမှာပါ
    မချစ်ကြည်အေး.ရေ..ဘယ်တတ်နိုင်ပါ့မလဲဗျာ..

    ReplyDelete
  9. သဘာဝ၏ကွာခြားမှုကို ကျွန်ုပ်တို့ ဘာများတတ်နိုင်ဦးမည်နည်း...

    ReplyDelete
  10. တားလဲမတက်နိုင်ဖူးအစ်မရေ
း)
    အစ်မခေါင်းစဉ်ပြောင်းရမှာ သိလား
    ကျားသားစားသော ရွှေသမင်လို့လေး)

    ReplyDelete
  11. ချဉ်သီးနဲ့ဆား ပေါင်းလို့ ဖြစ်လာတဲ့ဇာတ်လမ်းတွေပါ။ ကျားဖြစ်ဖြစ်. မဖြစ်ဖြစ် လိမ်တဲ့သူရော..အလိမ်ခံရတဲ့သူတွေမှာပါ အပြစ်မကင်းဘူး။

    ~~အမဲလိုက်အက~~ ခွန်အားရှိမှ~~ရှုံးတဲ့သူ~~

    ReplyDelete
  12. မနှစ်ဆီက မြနှင်းဆီတို့ မြတ်စု တို့ အကြောင်းရေးတဲ့ post မှာ... ရွာသားလေး တခါပြောဖူးတာ သတိရတယ်။ ကျွန်တော်တို့ ယောက်ျားတွေမှာလဲ အားနည်းချက်တွေ ရှိပါတယ်ဗျာ ဆိုတာ... ဒါမျိုးနေမှာပဲ။ :D

    အားနည်းရင် ခံပေါ့။

    ReplyDelete
  13. ဒါပေမဲ့ ဒီဇာတ်လမ်းမှာ ကွာတာ တစ်ခုက လူဆိုးက မိန်းမဖြစ်နေလို့ ယောက်ျားတွေမှာ တခုတော့ သက်သာရာရသွားတယ်။

    ဒါဟာ သဘာဝ ကြောင့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တူတော့ မတူချင်ပါဘူး။ တူလိုက်လို့ ပိုကောင်းလာမှာ မဟုတ်တာကို မတူတဲ့ အတိုင်းပဲ နေပါစေ။

    ReplyDelete
  14. အဲလိုလူကြီးတွေများလိမ်စမ်းဘာာ . မသနားဘူး ဟိဟိ ..
    မမချစ် ကျနော် တက်ခ်ပိုစ့်ရေးထားပါပီ . မနည်းစဉ်းစားထားတာမို့ ကြာနေတာ ခွေးလွှတ်နော်

    ReplyDelete
  15. တကယ်တော့ အဲဒီ ဘူဒါးကြီးတွေကလည်း စားနေကျ ကြောင်ဖားတွေနေမှာ .. သူတို့ထက် လည်တဲ့သူနဲ့ တွေ့တော့မှ ခံသွားရတာပေါ့...

    ReplyDelete
  16. မကြီးအေးရေ.....
    အဲ့ဂလိုခွဲခြမ်းတတ်တဲ့သူတွေထဲမှာ မောင်လေးပါဘူးနော်......
    နှစ်ကယ်.........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  17. ဖြစ်သင့်လို့...
    ဖြစ်ချိန်တန်လို့ ဖြစ်တာပါ...
    တရားသဘောတွေ ပါနေရင်တော့ .....ဆော်တီး...။

    ReplyDelete
  18. စားဝတ်နေရေး ကြပ်တည်းလာတော့ လိမ်နည်းတွေ အမျိုးမျိုး ထွင်လာတာပဲနော်။
    အသက်ကြီးပိုင်း ယောင်္ကျားတွေကို မြူဆွယ် လှည့်ဖျားတာနဲ့ ပတ်သက်လို့
    ဟိုအရင်က သတင်းတွေကို သတိရ မိသေးတယ်။
    ပို့စ်အဖြစ်တင်ရင်း မချစ်ကြည်အေးရဲ့ ပို့စ်လင့်ကိုလည်း ညွှန်းပါရစေ။

    မချို

    ReplyDelete
  19. အစ်မရေ....
    ဗဟုသုတရသွားတယ်။
    ဒီမှာလည်း ဒါမျိုးတွေရှိတယ်။
    မှုခင်းဂျာနယ်တခုမှာဖတ်ဘူးတယ်။

    ReplyDelete
  20. ဟူး.. ဒါကြောင့်ကိုး..

    ဒီတလော နာ့ခွက်ကို လုလုသောက်တဲ့ ကန်မလေးတွေ တိတ်များတာ.. နောက်ဆို ပေးကိုမသောက်တော့ဘူး..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...