နောက်ရက်တွေမှာလည်း ဘုန်းကြီးကျောင်း လာတိုင်း သတ္တိခဲကြီး သူက ကျမကို ချောင်းကြည့်ပြုံးပြန် အဆင့်က တော်တော်နဲ့ တက်မလာခဲ့ပါဘူး။ လပေါင်း တော်တော်ကြာမှ တဆင့်ခံနဲ့ ကျမ ကို စိတ်ဝင်စားကြောင်း ပြောခဲ့တယ်။ ကျမမှာ နဲနဲမှ ထင်မထား လို့ အံ့ဩလိုက်ရတာ။
သူက အစားကောင်း မက်သူမို့ ငယ်ငယ်လေးတည်းက အိမ်မှာ ထမင်းစားရင် အသားဟင်းပါမှ၊ အသားတောင် ဝက်သားမှ၊ ဝက်မြင်ရင် ခေါင်းကိုက်သူ၊ ခေါင်းက စပြီး ကိုက်လိုက်တာ အမြီးထိပဲ ဆိုပါ တော့။ ချစ်သောသူက အဲဒီလောက် ဝက်သား ကြိုက်တော့ကာ ကျမမှာ ဝက်သားချက်နည်း ပေါင်းစုံကို အရည်ကျို သောက်ရပါ တော့တယ်။
ဝက်သား အချိုချက်လေး ရိုက်ပြီးသား ရှိနေလို့ ဖြည့်တင်ပေးလိုက်တယ်...
သကြားလေး ဆီသပ်၊ မွှေးလာမှ ဂျင်းအချောင်းလေးတွေ ထည့်၊ ဂျင်းနံ့လေးမွှေးတော့မှ အသားထည့်၊ အသားနူးတော့ ကြက်သွန် နီ လေးစိတ်ကွဲ လေးထည့်၊ ချကာနီးမှ ပဲငံပြာရည် အပျစ်လေး အရောင်လှရုံ ထည့်တဲ့ အချိုချက်ဟင်း၊ အဲဒီ ဝက်သား အချိုချက် ကို ပဲပြား၊ မှို၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ် ထည့်ချက်တဲ့ တရုပ်ဟင်းမျိုးလည်း သူ ကြိုက်တယ်။ ဝက်သားကို ကြက်သွန်ဖြူ နီ ငရုတ်သီးနဲ့ ဆီသပ်၊ အသားနူးအိလို့ ချကာနီးမှ မန်ကျည်းသီး မှည့် ပျစ်ပျစ်လေး ဖျော်ထည့်တဲ့ဟင်းလည်း အအီပြေလေးမို့ စား ကောင်းပြန်တာပဲ။
ကြက်သွန်ဖြူ နီ ဂျင်း ထောင်းပြီးသားနဲ့ အသားကို တခါတည်းရောနယ်၊ တနာရီလောက် ထားပြီးမှ သကြားနဲနဲ၊ ပဲငံပြာရည် အကြည်ရည်ထည့်ပြီး လုံးချက်၊ အသားသိတ်မနူးခင် ကြက်သွန်နီကြော် မွမွလေး ကို ခြေပြီးထည့်တဲ့ ဝက်သား အိုးကြီးနှပ် ကလည်း သူ့အကြိုက်ပါပဲ။ ဝက်သားကို အပြား သေးသေးတုံး၊ ကြက်သွန်ဖြူ ဆီသပ်ပြီး အသားနူးတာနဲ့ ကြက်သွန်နီ လေး ထောင့်အတုံး၊ ခရမ်းချဉ်သီး လေးထောင့်အတုံး၊ ပန်းငရုတ်ပွသီး အစိမ်း နဲ့ သီဟိုဋ္ဌ်စေ့ ထည့်ချက်တဲ့ ဝက်ကုန်းဘောင် ဆိုလည်း မြန်လဲမြန် သူလည်းကြိုက်တာမို့ မကြာမကြာ ချက်ဖြစ်တယ်။
ဝက်သားကို အပြားပါးပါးလှီး ၊ မုန်ညှင်းဖူး စိမ်းစိမ်း ကို အဖပ်လိုက် ၃ပိုင်းပိုင်း၊ ဆီ နဲနဲထည့်၊ ခရုဆီလေးနဲ့ ကြော်၊ ချခါနီးမှ ငရုတ်ကောင်းနဲ့ ကြက်သွန် ဖြူ ဒါးပြားရိုက်ပြီးထည့်ချက်ရတဲ့ အရည်စပ်စပ်လေး သောက် စားလို့ရတဲ့ ဟင်းလေးလည်း သူ့အ ကြိုက်ပါပဲ။ ဘာဂူတေး လို့ခေါ်တဲ့ ဝက်နံရိုးဆေးပေါင်း ဟင်း ဆိုရင်တော့ ကျမတို့ ၂ယောက်လုံး အကြိုက်ပေါ့။
သူ့အမေ ကျမ ယောက္ခမကြီးက ပူပန်ရှာတယ် ဟင်းမချက်တတ်တဲ့ မိန်းမနဲ့ ရရင်ဖြင့် သူ့သား ခက်ရချည် ရဲ့ ဆိုပြီး။ သူကတော့ သူ့တွက်ကိန်းနဲ့သူ၊ ကျမက ဘုန်းကြီးကျောင်းမှာ အယောက် သုံး လေးဆယ်စာ ချက်နေတာမို့လို့ သူ မငတ်နိုင်ဘူးလို့ တွေးပြီး သား၊ ယောင်္ကျား တယောက်ကို ကြိုက်ရင် သူ့ရဲ့ အစာအိမ် လမ်းကြောင်းက စဖောက် ရသတဲ့။ အဲဒီ့နည်းနဲ့ ကျမက သူ့ကို စ ပိုးတာ လို့ လူထူပြီ ဆိုရင် သူ အမြဲ ဂုဏ်လုပ် ပြောလေ့ရှိ တယ်။
အိမ်ထောင် ကျကာစ ကဆိုရင် လက်စွမ်းပြလိုက်တာမှ ရုံးကပြန်ရောက်လို့မှ အင်္ကျီ မလဲနိုင်သေးဘူး၊ မီးဖိုချောင် တန်းဝင်တော့ တာ။ ဆီပြန်တခွက်၊ အရွက်ကြော် တမျိုး၊ ဟင်းရည်သောက် တဖုံ၊ အသုတ် တမယ် နဲ့ တနေ့တမျိုး ချက်ကျွေးခဲ့တာ။ သူက လည်း အိမ်ချက်ကို ပိုခုံမင်လာတော့တာပေါ့။
တော်သေပြီ ဒေါ်ဝေကျီ (ကိုဘွိင်းဇ်ဇ်ဇ် နှင့် ကိုဟိုကိုသွား ထံမှ အတုခိုးပါသည်)
ဘဝ အမောတွေ ပြေကြပါစေ...
အာ...ပညာတွေ ရတယ်...း)) ၀က်သား ကို သူကလဲ သိပ်ကြိုက်တာမို့...ဒီ ပိုစ့်တစ်ပုဒ်ထဲမှာပဲ ၀က်သားစုံချက်နည်း ရလိုက်တယ်...။ အခုတော့ အစာအိမ်ကို ဘယ်က စဖောက်ရမလဲ မသိဘူး ဖြစ်နေတယ်း)))
ReplyDelete၀က်သားကြိုက်ကြတယ်ဆိုတော့ မချစ်ကြည်အေးတို့ နှစ်ယောက်စလုံးက ခပ်၀၀ဖြစ်မယ်ထင်တယ်။ ကျွန်မလည်း အရင်က အသားမှာ ၀က်သားတခုပဲ ကြိုက်တယ်။ အခုတော့ မစားတာ ၄ နှစ်ရှိပြီ။ အစ်မအမျိုးသားကတော့ အချက်အပြုတ်ကောင်းတဲ့ ဇနီးကို ရထားတာ တော်တော် ကုသိုလ်ထူးတာပဲ။ ကျွန်မ အမျိုးသားကတော့ ကျွန်မ ချက်တာ အရသာမရှိလို့ ဆိုပြီးသူ့ဖါသာသူပဲ ချက်စားတယ်။
ReplyDeleteမမရေ
ReplyDeleteစားကောင်းတယ်ပြောပြီး
ညာစားနေတာနေမယ်နော်း)
ဝက်သားချက်နည်းတွေမှတ်သားသွားတယ်... ယောင်္ကျားချက်ကျွေးဘို့မဟုတ်... ကိုယ့်ဟာကိုယ်ချက်စားဘို့
ReplyDeleteအမရေ...
ReplyDeleteအမတော်ထားရာကနေ မရီးပါ ပြောင်းတော်ချင်တယ်ဗျို့...
ဒီလို အချက်အပြုတ်ကောင်းတဲ့ အမ တစ်ယောက်များ လိုချင်တယ်။
ကျနော်က အကြီးဆုံးဆိုတော့ မခံစားရဖူးဘူး။
ဒီလိုမျိုး “ အစာအိမ် ဖောက်မယ် ” ဆိုရင် ပြုံးပြီးတော့ ခံလိုက်ဦးမယ် အမရေ.။
ပျော်ရွှင်ပါစေဗျာ
ကိုဇော်
ညီမ မေဇင် ၊မငယ်၊ နိုင်းနိုင်း နဲ့ ရို့စ် ...ရေ ဒါအကုန် မဟုတ်သေးဘူး... ဝက်ပုန်းရည်တို့၊ ဝက်သား သရက်သီးအစိမ်းသနပ်ချက် တို့၊ ဝက်သားစင်းကောကို ကြက်သွန်ဖြူ ဂျင်း ငရုတ်ကောင်း၊ ကြက်ဥလေးတလုံး၊ ကော်မှုန့်လေးနဲ့နယ် ပြီးမှ အရွယ်တော် လုံးပြီး ခဏထား၊ ခရမ်းချဉ်သီး ဆီသပ်ပြီး အနှစ်လေး နဲ့ ငရုတ်သီးစိမ်းလေး ထက်ခြမ်းခွဲထည့်တဲ့ ဝက်သားလုံးဟင်း လည်း ရှိသေး၊ စာ သိတ်ရှည်သွားမှာ စိုးလို့ မထည့်ဖြစ်တာ...:))
ReplyDeleteအစာအိမ် ဖောက်နည်းလား သင်ပေးမယ် ညီမ မေဇင်ရေ...၊
မငယ်ရေ...ခုတလော နဲနဲ ပြန်လျော့နေတယ်၊ သိတ် မဝချင်လို့၊
နိုင်း ဒီလိုပဲညီမရေ တို့ အမျိုးသမီးတွေက ချစ်သူ စားကောင်းတယ်ဆို ကျေနပ်နေတာပဲ၊
ရိုစ့်ရေ...အားပါး...ကြိုက်သွားပြီ ပြတ်သားလွန်းလို့... :)
ကျွန်တော်လဲ ဝက်သားနီချက် တယ်ပိုင်တယ်ဗျ။ ဟင်းချင်းလဲစားကြရအောင်ဗျာ ဟေးဟေး
ReplyDeleteဟွင့် ဝက် ဝက် နဲ့ ခေါင်းတောင် ကြိမ်းတယ် ဟိဟိ
ReplyDeleteမီးလဲ ဝက်သားကြိုက်တယ် ဗျိုးးးးးးး ဟားဟားးးးးးးး
ဝက်ဝံလေး
ကျနော် လည်း ၀က်မြင် ရင် ခေါင်းကိုက်သူပါ မချစ်။ အဲ .. ခြေထောက်လည်း ကိုက်ပါတယ်.. ၀က်ခြေထောက် စွပ်ပြုတ် နည်းလေး တင်ပါဦး။
ReplyDeleteဒီနေ့ရော...ဘာဟင်းဝက်သားချက်လဲ အစ်မ.... :P
ReplyDeleteယောင်္ကျား တယောက်ကို ကြိုက်ရင် သူ့ရဲ့ အစာအိမ် လမ်းကြောင်းက စဖောက် ရသတဲ့...ဟုတ်လားမမ...ဒါဆိုရင် ညီမလေးကတော့ ဓါးနဲ့ဖောက်မှပဲ ရတော့မယ်... :D
ReplyDeleteဗိုက်ဖောက်ခံရမှာကြောက်လို့..ဘယ်သူ့မှရည်းစားစကားမပြောဝံ့ပေါင်ဗျာ...
ReplyDelete၀က်သားချက်နည်းတွေ မှတ်သွားတယ်။
ReplyDeleteမချစ်ကြည်အေးရဲ့ "သူ"က ၀က်မလွတ်မြို့စားကြီးများလား။ :)
:P အပိုင်း နှစ်မျှော်နေမယ်နော် မမ =)
ReplyDeleteဇွန့်ကို အိမ်လည်ဖိတ်ပါအုံး။ အစ်မလက်ရာ စားကြည့်ချင်လို့ အဟဲ... :D
ReplyDeleteP.S. အစ်မတို့လည်း ဘုန်းကြီကျောင်းမှာတွေ့တာပဲပေါ့။ ဟိုအစ်မနဲ့အစ်ကိုလည်း ဘုန်းကြီးကျောင်းမှာ တွေ့တာတဲ့။ (သိလား ဘယ်သူတွေလဲဆိုတာ..ဟဲ) နောက် KZMS နဲ့ MTTH လည်း ဘုန်းကြီးကျောင်းမှာ တွေ့တာဆိုပဲ။ ဘုန်းကြီးကျောင်းဖူးစာတွေပေါ့နော်။း)
အမရေ.. အချိန်အားတုန်းလေး Blog လည်ရင်း ဒီကိုရောက်လာတာ.. ၀က်သားပန်းကန်မြင်ပြီး စားချင်လိုက်တာ.. ဒီမှာလေ.. ၀က်သားဆိုရင် အခေါက်တွေကို ဖယ်ပြီးမှ ရောင်းတယ်.. အဲဒီလို အဆီအသားတွဲနေတာမျိုးရှိဘူး.. ၀က်သားချက်နည်းမျိုးစုံဆိုပြီး ပို့စ်တစ်ခုတင်ပါလားအမ.. :D ချက်နည်းတွေ တစ်စုတစ်စည်းထဲဖြစ်သွားအောင်လေ.. :)
ReplyDeleteသုံးထပ်သား ၀က်သနီချက်လေး ငတ်ငတ်နဲ့  ငေးသွားပါတယ်။
ReplyDeletecan you tell us how to do "the gyar(sugar) see that". I am so horrible in cooking but would like to try some of your ideas... I usually need a bit more detail instructions but i will give it a shot..thanks.
ReplyDelete1kg of pork is ok to use 100 more of cooking oil (u can tip off excess oil later) heat it up and add sugar 1.5 tbl spoon into oil in aluminium pot (better than stainless steel pot). Once sugar turn dark brown color, add pork picese and stir for 3 min occasionally. Then add water and other ingredients . turn down to low heat after 5 min boiling. And cook it until as soft as you like. (Follow main writer's for ingridents)
DeleteHappy Cooking 😍
သြော်..ချစ်ကိုကြီးရယ်...အခုမှ မိန်းမပိုးနည်းဗျူဟာတွေ သိရတော့တယ်။
ReplyDeleteတတ်နိုင်ပါဘူးလေ...။ အခွင့်ကြုံမှပဲ....အစ်မကြီးချက်တာပဲစားတော့မယ်။
" ဟင်းအိုးမွှေနေတဲ့ ကျမကို တွေ့စကတည်းက သူ့ရင်တွေ လှုပ်ကနဲ ဖြစ်သွားခဲ့ရတာ " ဟင်းအိုးနဲ့ ချစ်ရသူတွဲတွေ့ လိုက်တာကိုး ဟိဟိ...
ReplyDeleteအဆီတွေလျှော့မယ်ဆို ချဉ်ပေါင်ခြံကိုသတိရလိုက်ပါအစ်မရေ
ReplyDeleteချဉ်ပေါင်တွေရမယ် ချဉ်ပေါင်တွေရမယ်ဗျို့း)
ဝက်သားကို နည်းအမျိုးမျိုးနဲ့ ချက်စားပြီး ဝိတ်လျှော့နေတယ်ပေါ့လေ...
ReplyDeleteကိုယ်ကတော့ ဝက်သား ကြိုက်ဖူး...
တခြားဟာ ချက်ကျွေးပါ...း))
အရောက်နောက်ကျလို့ ကိုယ်တိုင် အပြစ်ပြန်တင်နေမိတယ်..။
ReplyDeleteစာလေးတွေက သိပ်ကောင်းတာပဲ ဝက်သားတုံးကြီးကြည့်ပြီးတော့ ဗိုက်တော်တော်ဆာလာတယ်..။း)
ကျနော်လည်း ကြုံတုန်း ဟင်းတစ်ခွက်လောက် ဝင်ချက်မယ်လေ..း)
ဝက်သားကို ခပ်ပါးပါးလှီး၊ ပဲငံပြာရည်၊ ဆား၊ ဟင်းချိုမှုန့် နည်းနည်းနဲ့ နယ်ပြီး နှပ်ထား..၊ မုံညှင်းချဉ်အစပ် (ရှမ်းချဉ်) ကိုလည်း ခပ်သေးသေး ဖြစ်အောင် လှီး၊ ပြီးရင် ကြက်သွန်နီး ၆ စိပ်လှီး၊ ဂျင်း အမြှောင်းသေးသေးလေးတွေ ဖြစ်အောင်လှီး၊ ပြီးရင် ဆီနည်းနည်းနဲ့ ဝက်သားအရင်ကြော် နူးလောက်ပြီထင်ရင် ဂျင်းနဲ့ ကြက်သွန်နီထည့်ကြော်၊ အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းပါ ထည့်ကြော်၊ ပြီးရင် မုံညှင်းချဉ်တွေ ထည့်ကြော် မွှေးလာရင်တော့ စားလို့ရပြီဗျို့ မုံညှင်းချဉ်ကောင်းရင် ဆားတို့ အချိုမှုန့်တို့ ထပ်မထည့်ရဘူးဗျ..။ အဲ့ဒါက အခြောက်ကြော် ပဲဟင်းလေးနဲ့ လိုက်တယ်..။
အပေါ်ကအဆင့်ရောက်မှ ရေတစ်ဇလုံလောက် ထည့်ပြီး ပွက်အောင်တည်လိုက်တော့ ဝက်သားမုံညှင်းချဉ်ချက် ဖြစ်သွားရော.. ဆီတဝေ့ဝေ့နဲ့ နီနီရဲရဲ စားချင်စရာ.. ဒါလည်း ကောင်းတာပဲ အရည်လေးက ချဉ်ချဉ်လေး၊ ဒါကိုမှ ပွက်နေချိန် ကော်မှုန့်လေး ဖျော်ထည့်လိုက်တော့ ကော်ရည်လေးနဲ့ဗျာ.. အလွန်ကောင်း..။
လျှာကိုလည်ရော.. ကြုံရင် ချက်ကျွေးကြည့်ပါ အစ်မ ချစ်ချစ်ကြီး တရှူးရှူးတရှဲရှဲနဲ့ ဖြစ်သွားစေရမယ်..။ အတည်ပေါက်နဲ့ ဆရာလုပ်ပြီး လာပြောနေတယ်.. အစ်မက အရည်ကျိုသောက်ထားတယ်ဆိုတော့ ဒါလည်း သိပြီးသား ဖြစ်မယ်ထင်တယ်..း)
ကျနော်ကတော့ အဲ့ဒီ ဟင်းတစ်ခွက်နဲ့တင် တစ်ဘဝလုံး ပုံအပ်လိုက်တာပဲ..း)) ခုတော့ အဲ့ဒီ ဟင်းတစ်ခွက်ပါ ချက်တတ်သွားပြီ.. (မလိုတော့ဘူးဆိုတဲ့ သဘောပေါ့) ဟဲဟဲ..း)
ဘာရယ်မဟုတ် စာဖတ်ပြီး အလိုလို ခင်သွားလို့ ကော်မန့်ရှည်ကြီး ပေးသွားတယ်.. လင့်လည်း ချိတ်လိုက်ပါမယ်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
ကဒီဘီရေ...ကြာသလားလို့ ဝက်သားနီချက် ကဒီဘီ့ ဘလော့ဂ်ပေါ် အရင် တင်လိုက်စမ်းဘာ ဘာ...:)
ReplyDeleteဝက်ကလေး အမ လူဝက် မချက်တတ်ပါ ...:)
အကို မင်းခွန်စိုး ဝက်ခြေထောက် စွပ်ပြုတ်နည်း တင်ချင်တာ ခုထိ ဝက်ကို လက် နဲ့ ခြေထောက် မခွဲတတ်သေးလို့ ဟီဟိ...:)
သန့်ရေ...ကနေ့ ဝက်သားဟင်း မဟုတ် ...ဝက်ကလီဇာ...(စိုးမြတ်သူဇာ နှင့် အမျိုး...ဟုတ်ဖူးနော်)
ညီမအင်ကြင်း ဓါးကြီးနဲ့ ဗိုက်ဖောက်မှာ ဝက်ကိုလားဟင် ...:)
မာမီကျောက် ကလည်း အဒူက ဖောက်ရဲမဒုံး...မာမီကျောက် ဗိုက်ကြီးထဲက သရဲတွေ မင်စာတွေ ထွက်လာမှ ဒွတ်ခ....:)
မေဓါဝီရေ...ဝက်မလွတ် ဆိုတဲ့ ပို့စ်လေး ရေးခဲ့ဖူးတာ ဖတ်ကြည့်စေချင်တယ်:)
အိုခေ ညီမလေး မယ်ကိုးရေ...ပါတ်တူး မကြာစေရဘူးနော်....:)
ခုတော့ ပြောစရာတွေ ဖြစ်ကုန်ပြီပေါ့ ညီမဇွန်...:)
ညီမ နုစံရေ အမက ဟင်းချက်တုန်း ဓါတ်ပုံရိုက်ဖို့ ပျင်းတာ...အဲဒါကြောင့် ဟင်းချက်နည်း မရေးတာ...သက်ဝေ တယောက် လက်စွမ်းပြချင်လှချည့် ဆိုရင်တော့ တင်ဖြစ်မှာပေါ့လေ...:)
မြည်းသွားဘူးလား ရှင်လေးရဲ့ ...:)
Anonymous: ဆီနဲနဲ နဲ့ ဘရောင်း ရှုးဂါး(Brown Sugar) ကြော်သလိုမျိုး လုပ်တာကို သကြားဆီသတ်တယ် ခေါ်ပါတယ်ရှင်...ကျမလည်း ကြုံတဲ့ အခါ အသေးစိတ် ရေးပါအုံးမယ် ...:)
မောင်မိုး ဖလိုင်းပြီး လာခဲ့လေ...ချက်တော့ ကျွေးလို့ မဖြစ်ဘူး ထင်တာပဲဟ..:)
ဟုတ်ပ ဗစ်စ်ရေ...ဟင်းအိုးထဲက ဟင်းကို ရင်ခုန်ခဲ့တာများလား မသိ...:)
မောင်လေး ဘကြိုင်...သေချာတယ် ရွာအပြန် ချဉ်ပေါင် ဝင်ခူးအုံးမှာ...ဈေးတက်ကုန်ပြီ ကြားတယ်...:)
ဝက်သား မကြိုက်ရင် သုံးထပ်သားကလေး ပြောင်းချက်ကျွေးမပေါ့ ချစ်သက်ဝေ ကလေးရယ်...:)
ကိုရင်နော်ရေ...သေချာတာပေါ့ဗျာ ဝက်သားမုန်ညှင်းချဉ် ချက်ဖူးတယ် ဒါပေမဲ့ အကြော်လို အခြောက်ချက်တာ၊ ရေထည့်ပြီး ကော်ရည်လေးနဲ့ မချက်ဖူးသေးဘူးရှင်၊ စမ်းချက်ကြည့်ပါအုံးမယ် စားကောင်းမဲ့ ပုံပဲ ရှလွတ်...:)
အားလုံးကို ကျေးဂျူးကမ္ဘာဆိုင်ရော...:)
ကိုရင်နော် ချက်တာ သိတယ်။ မအယ်တို့ ချက်စားတတ်တယ်။
ReplyDelete၀က်သားနီချက် ခြောက်ခြောက်လေးကို ပါးပါးလှီးပြီး ကောက်ညှင်းနဲ့ တရုတ်နံနံနဲ့ ငရုတ်ကောင်းနဲ့ ကောက်ညှင်းထမင်းကြော် လုပ်စားကြည့်ပါအုန်း ကောင်းမှ ကောင်း။
ကောက်ညှင်းကို ထမင်းချက်သလိုပဲ ချက်ထားရတယ်။ ထမင်းအစား ကောက်ညှင်းနဲ့ပေါ့။
နှစ်ကူးရင် ခဏခဏ စားရတယ် လွမ်းတာ။
မအယ်
အစ်မချစ်ကြည်ရေ...
ReplyDeleteမြသွေးက ၀က်သားဆိုကြိုက်မှကြိုက်..။
ပြောရင်းတောင် လျှာရည်ယိုလာပြီ။
ရှလွတ် !
ခေါင်းစဉ်က ကျမချက်မိ လို့ တပ်ထားတော့ ကျမချက်မိ အပြစ်ရှိ၏ ဆိုသလို တလွဲတွေများ ချက်သလား အောက်မေ့တာ..(ကိုယ်နဲ့နှိုင်းပြီး ထင်မိတယ်) သူကဖြင့် ကျမချက်မိ အချစ်ရှိသွားတဲ့ ဇာတ်လမ်းကို ရေးထားတာကိုး။
ReplyDeleteမမကို နမူနာ ဟင်းလေးမြင်ပြီး အမတော်ပါရစေ လို့..။ ချိုသင်းလဲ ၀က်ကြိုက်သူပါပဲ၊ ဒါပေမဲ့ တခါမှ ဒီလိုပုံလေး မထွက်ဘူး၊ မဲတူးနေတာချည့်..။
မမအယ်...ဟင်းအသစ် တခွက်အတွက် ကျေးဇူး...ချက်ကြည့်အုံးမယ်နော်၊ မြသွေး ဝအောင်သာ စားသွားနော် ညီမ၊ ချိုသင်းရေ...အပြစ်ရှိက မကြာမီ လာမည် မျှော်...အမ တော်လို့ရတယ် အဲဒီကို အရင်ခေါ်လေ...လာချက်ကျွေးမယ်...သိလား...:))
ReplyDeleteမြင်ရတာ မိုးချိုသင်းအတွက်ရင်လေးလိုက်တာ ကလေးမ စိတ်ထိန်းနိုင်ပါ့မလားမသိ..
ReplyDeleteတတ်လည်းတတ်နိုင်တဲ့လူကြီး။
ReplyDeleteမိန်းမရ ကံကောင်းသည်ဟုသာ မှတ်ချက်ချမည်။
ဘာကူတေးကို အရမ်းကြိုက်ပါသည်။ အီကြာကွေးထည့်စားလျှင် ပို၍ အရသာရှိလှသည်။
ဓါတ်ပုံထဲက ၀က်သားတော့ လက်ရှောင်သွားသည်။ ၀က်ဆိုလျှင် အဆီလုံးးးးဝမစားသောကြောင့်ဖြစ်၏
မ၊ အဆီတွေများလိုက်တာ။
ReplyDeleteအချိုချက်နည်းလေး စမ်းကြည့်အုံးမယ်၊ တခါမှ မချက်ဖူးသေးဘူး၊
ယောက္ခမသင်ပေးတဲ့နည်းပဲ တတ်သေးတယ်၊
ဒါမျိုးချက်လို့ကတော့ ၀က်သားကို ၀က်
ReplyDelete၀က်ကွဲအောင်စားပစ်လိုက်မှာပဲဗျာ..
မကြီးအေးရေ....
ReplyDeleteဟေးးးးး...ဟေးးးးးး....
စားကြမယ်ဟေ့...ကောင်းကောင်း.....
အနော့်ကိုလည်းနည်းနည်းကျွေး....
နောက်ကျနေလို့ ပန်းကန်မဆေးရရင်တောင် ကံကောင်း...ဟွင်းးးးးးး
ခင်မင်တဲ့
ဏီလင်းညို