Wednesday, March 31, 2010

ဘာလီ ခရီးစဉ်-၂

မနေ့က ပထမနေ့ နေ့လည်စာ စားပြီးတဲ့အထိ ရောက်သွားပြီ ဆိုတော့ ဒီနေ့ တက္ကစီ နဲ့ ဈေးဝယ်တဲ့ အကြောင်းလေး ရေးမယ်။ နေ့လည်စာစားတဲ့ ဆိုင်က ပိုင်ရှင်အမျိုးသမီးက သဘောကောင်းပြီး ကျမ တို့နဲ့ စကားလေး ဘာလေး လာပြောတော့ ကျမတို့လည်း အကြီးဆုံးကုန်တိုက် ဂယ်လာရီယာကို သွားချင်လို့ ဒီကနေသွားရင် တက္ကစီခ ဘယ်လောက် ကျမလဲ မေးရင်း အကူအညီတောင်း ဖြစ်သွား တယ်။ ဒါနဲ့ သူက တက္ကစီ တစီးတား၊ ဘယ်ကိုပို့ပေးလိုက်ပါ ဘာညာပေါ့။ ရူးပြား ၃၀,၀၀၀ ကျမယ်တဲ့ ရတယ်လေ သွားကြမယ် ဆိုပြီး သိုင်းကျူးခဲ့ပါတယ်။

တက္ကစီသမားက စကားလုံးဝ မပြောဘူး ခပ်တည်တည် ပဲ။ မီးပွိုင့်ရောက်တော့ နောက်ဘက် ယူတန်း(U turn) ကွေ့ချလိုက်ပြီး ကုန်တိုက် ကြီးတခုရှေ့ရပ်ပေးတယ် ရောက်ပြီ ဆင်းတော့ တဲ့...။ ကျမက တက္ကစီပေါ်ကနေ မဆင်းသေးပဲ လှမ်းကြည့်လိုက်တော့ ကုန်တိုက်နာမည် က ခရစ်စနာတဲ့။ ဒါနဲ့ ကျမက ငါတို့သွားချင်တာ ဒါမဟုတ်ဘူးလို့ဆိုတော့ သူက ငြင်းတယ် ဒါပဲ ဒါပဲ ဆင်းတော့တဲ့...စူပုပ်ပုပ်နဲ့ ဆိုတယ်။

အဲဒါကို ကျမရဲ့ လူကြီး Mr.Nice Guy က "ဆင်းလိုက်ပါချစ်ရယ် ကိုကိုတို့က ဘယ်ဈေးမှာ ဝယ်ဝယ်ရတာပဲဟာ" တဲ့။ သူက အဲလိုပဲ အမြဲတမ်း ရွှေပြည်အေးတရား ဟောတတ်တာ...သူ့တော့ အမေရိကန် နဲ့ အာဖဂန်ကြား ပို့ပစ်လိုက်ချင်တော့တယ်။

အဲဒါ ဒီကုန်တိုက်ပေါ့.....



ကုန်တိုက်ထဲ ဝင်ဝင်ချင်း အရောင်းသမားတယောက်ကို ချက်ချင်းမေးတော့ ကျမထင်တဲ့ အတိုင်းပဲ ကားသမား လူလည်ကျသွားတာ။ ကြည့်စမ်း...စလုံးကလူကို...လူတောင်မှ ရိုးရိုးလူ မှုတ်ဘူး ဘလော်ဂါကို...လူလည်ကျသွားတာ၊ ခုတော့ ဒီလူ ပိုစ့်ဖြစ်သွားရော...။

ပန်းချီကား ၃ကား ဝယ်တယ်၊ တီရှပ် အထည် ၂၀ ဝယ်တယ်။





ဈေးဝယ်ပြီး ပြန်ထွက်လာတော့ ကုန်တိုက်ရှေ့မှာ တက္ကစီတစီး အဆင်သင့် တွေ့တာနဲ့ ငှားဖို့မေးကြည့်တော့ ကားသမားက သူ မုန့်လေး စားချင်လို့ ခဏစောင့်နိုင်မလားတဲ့၊ ကြည့်ရတာ ခုန ငနဲထက်တော့ ပိုပြီး မွန်မွန်ရည်ရည်ရှိတယ်။ ရပါတယ် စားပါဆိုပြီး ကျမတို့ သူ့စောင့်ရင်း ခုနက တက္ကစီအကြောင်း ကွန်ပလိန်း တက်မိတယ်။ သူက ရယ်ရင်း ဘာလီမှာ တက္ကစီ ကုမ္ပဏီ ၅ခုထက်မနဲ ရှိတဲ့ အနက် ဘလူးဘာ့ဒ် (Blue Bird) က စိတ်အချရဆုံးဆိုတဲ့ အကြောင်းပြောပြတယ်။
ဪ...သူကလည်း ကိုငှက်ပြာကိုး...ပြောပေမပေါ့။ ဒီရောက်မှ အင်တာနက်ထဲ ပြန်ရှာမိတော့ သူပြောတာ ဟုတ်သား...။ တခါတည်း ကြော်ငြာလိုက်မယ်..."ဘာလီသွားရင် တက္ကစီဆို ငှက်ပြာမှ စီးနော်"

ဒါက ကားသမား စားတဲ့ နေ့လည်ခင်း သရေစာ...Bakso လို့ခေါ်တယ်။ သူတို့ဆီမှာတော့ မနက်၊ နေ့လည် အဲဒါမျိုး အတော် စားကြတာ တွေ့မိတယ်၊ ပဲကြာဇံ၊ ပဲပြား၊ အာလူး၊ အမဲသားလုံး တွေထည့်၊ အမဲသားပြုတ်ရည်နဲ့ ကြာညို့၊ အချဉ်ရည်ထည့်ပြီး စားတယ်။ တပွဲကို ရူပြား ၁၀,၀၀၀...



ဒါကတော့ Bonus ပေါ့လေ...

ဒီနေ့ ညစာချက်စားဖြစ်လို့၊ ငါးကြင်းကို ချဉ်စော်ကားသီးနဲ့ အချဉ်ဆီပြန်လေးချက်၊ ခရမ်းသီးနှပ်၊ ဟင်းနုနွယ်ကြော်၊ ငါးပိလိမ္မာချက် နဲ့ ဘူးသီးပြုတ် တို့စရာ... ချဉ်စော်ကားသီး မမြင်ဘူးသူများ အတွက် အထုပ်နဲ့ ပန်းကန်လေးထဲမှာလည်း ထည့်ပြထားသေးတယ်...။





ပို့စ်နဲ့တော့ မဆိုင်ဘူးပေါ့လေ...ဟိုဘလော်ဂါ Bonus ထည့်ပေးတတ်တာကို အားကျလို့....။ သူလေ...ခုတလော သူ့ကိုယ်သူ သေကြောင်းကြံဖို့ ကြိုးစားနေသူ၊ ခုထိလည်း သေဖို့ နည်းလမ်းကောင်း မတွေ့သေးချင်ယောင် ဆောင်နေတဲ့သူ...

TZA ပြောပါတယ်....
ခိခိ...ပါတော်မူ သွားရှာပေါ့...။

23 comments:

  1. TZA ကတော့ နာမည်ကျော်နေပ့ါလား မမကတော့ ရေးချလိုက်ပြန်ပြီ ဟိုကငိုတော့မယ်

    ReplyDelete
  2. ဒီကိုလာပါ ဒီကိုလာပါ နဲ့ခေါ်နေတာ အခု အဲလိုမခေါ်နိုင်တော့ဘူးလား မချစ်ရေ ဟီးးးးးး

    ဟုတ်ပါ့ ဘလော့ဂ်ဂါကိုလာနှပ်ရတယ်လို့ ဒီတကစီ သမားနှယ် အခုတော့ ပို့စ်ဖြစ်ပြီ ဟားဟားးးး ဖြစ်နိုင်ရင် အဲဒီ တက္ကစီ သမားပုံတောင် ရိုက်ပြီး တင်သင့်တယ် ဟဲဟဲ မြှောက်ပေးလိုက်ပြီနော် ဆက်သာလုပ်တော့ မချစ်ရေ ခွီးးးးးးးးးး

    ReplyDelete
  3. ဘာလီမှာ ငွေကြေးဖောင်းပွတယ်ထင်တယ် ဟုတ်လား မြန်မာနိုင်ငံလဲ အဲဂလိုမျိုး အားကျတယ် ထင်ပါ့ ဟက်

    ReplyDelete
  4. ဘာလီခရီးစဉ်ကိုလည်း အားကျမိရုံတင်မက ကိုယ့်ဘာသာကိုယ် ညနေစာ ချက်စားတာကိုပါ အားကျသွားတယ်။ ချဉ်စော်ကားသီးလေးပါ ပြထားတော့ ပိုပြီး အားကျသွားပြီနော်။
    ချစ်ခင်စွာဖြင့်
    လုလု

    ReplyDelete
  5. ပစ္စည်းတစ်ခုခု ဝယ်တိုင်း ဈေးနှုန်းပြောရတာ အားရစရာကြီး
    ပထမဆုံး ပန်ချီကားလေး ကြိုက်တယ်

    ReplyDelete
  6. ရှလွှတ်...သွပ်သွပ်သွပ်...

    ပန်းချီကား သုံးကားလုံး ခိုက်တယ်ဗျာ. . လက်ဆောင်ပေး :P
    အင်္ကျီလေးတွေတော့ မယူတော့ပါဘူးနော်...
    အဲဒီစားစရာကတော့ ဒီမှာ လမ်းဘေး Stream Food ဆိုပါစို့။
    မြန်မာနိုင်ငံမှာတော့ ကင်သဗျ. . . ၊ ဒီမှာတွေက ပြုတ်သဗျ. . .
    ကျနော်ကတော့ ကြုံရာ စားသဗျ. . .

    ချဉ်စော်ကားသီးက ဘယ်လို လုပ်စားရတာတုန်းဗျ..
    သိဘူးရယ်..။

    ReplyDelete
  7. အပေါ်ဆုံးက ပန်းချီကား လက်ဆောင်ပေးမလား..... :D

    ReplyDelete
  8. ဘာလီတင်ဟုတ်ဘူး မမရေ.... စလုံးမှာလည်း လူလည်ကျတယ်နော်။ ရောက်ခါစက china towm mrt ကနေ city hall ကို $18 ကျပ်ပေးပြီး စီးလိုက်ရဘူးတယ် (ကိုယ်တွေ့)း)) အဲတုန်းက ဘလော့်မရေးသေးလို့ပေါ့ မမရယ်.. ဟွန့်ခုလိုမျိုးဆို ဘယ်ရလဲ..။း)
    မမရဲ့ ချစ်ချစ်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုပေးမယ်။ ပန်းချီကားတွေ လှတယ်.. လိုချင်တယ်။ အမဲသားတော့ မစားတော့ သွားရည်မကျ... မမချက်တဲ့ ညစာကိုတော့ ငမ်းသွားတယ်။ ငါးပိလမ္မာချက်လေး စားချင်လိုက်တာ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. သူငယ်ချင်းရေ

    ပန်းချီကား တော့ မခံစားတတ်ဘူး ထမင်းဝိုင်းလေးတော့ ခံစားသွားပါတယ်..

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  10. ဟင်းက အုန်းနို့များရင်တော့ ခပ်လန့်လန့်ပဲ၊ taxiသမားက လူကဲခပ်တော်ပါပေတယ်၊ အချဉ်ကိုအချဉ်မှန်းသိရှာတယ်

    ReplyDelete
  11. ဟီးဟီး ... ရှင်းရှင်းပြောရရင် အောက်ဆုံးက ထမင်းစားပွဲလေးကို ပိုကြိုက်တယ်။

    ဘာလီ .. ဘာလီ ... ရောက်ဖူးအောင်သွားချင်သေးတယ်။
    Thanks.

    ReplyDelete
  12. မချစ်ကြည်ရေ..
    ပန်းချီကားလေးတွေကို သွားရည်ယိုသွားတယ်..
    ဟို Bakso ကလည်း စားချင်စရာကြီး။

    ReplyDelete
  13. ပထမနဲ့တတိယပန်းချီကားတွေ ကြိုက်တယ်။ အောက်ဆုံးက ထမင်းဝိုင်းအကြိုက်ဆုံးပဲ။ ဂလု...ဂလု...:D

    ReplyDelete
  14. ပန်းချီကားတွေပဲ ကြိုက်တယ်ဗျာ။ ဒါနဲ့..အကျီင်္တွေကများလှချည်လား။ အနော်တို့အတွက် ခွဲတမ်းပါလားဟင်..။ ဟီး ရွေးဂေါက်ပွဲနီးလို့ လေသံတစ်မျိုးဖြစ်နေတာပါ။

    ReplyDelete
  15. ပန်းချီကားတွေရဲ့ ဈေးနှုန်းပြောပြပါလား.. ဒီမှာအဆင်မပြေရင် မေးလ်နဲ့ဖြစ်ဖြစ် ပို့ပေးပါဗျာ။ တော်တော်လှတယ်။

    ReplyDelete
  16. တီဇီးအာ...ပုံ ၁ က ရူပြား ၆၀,၀၀၀၊ ၂ နဲ့ ၃ က ၃၅,၀၀၀ စီ ပေးရတယ်...
    တကယ်တော့ သူငယ်ချင်းတွေကို လက်ဆောင် ပေးချင်တာ...မသယ်နိုင်လို့...

    ReplyDelete
  17. Wow ! ပန်ချီကားတွေ တန်လိုက်တာ

    ReplyDelete
  18. ပိုစ်ရောကွန်မက်တွေရောဖတ်၏။

    ReplyDelete
  19. မမပို့စ်ဖတ်တာ ဘေးနား calculator ချထားရတယ် ဟားဟား၊
    ပထမဆုံး ပန်းချီကားလေးကြည့်ရင်း ထမင်းဝင်တီးသွားပါကြောင်းး။ ။

    ReplyDelete
  20. ပန်းချီကားလေးတွေကို ကြိုက်တယ်... ဟုတ်ပ မမရယ် ကိုမိုးပြောသလိုပဲ...အကျီင်္တွေက အများကြီးရယ် ... ခွဲတမ်းလေးများ ရမလားလို့ ဟီးးးးးးးးးးးး

    ReplyDelete
  21. အပေါ်ဆုံးပန်းချီကားကြိုက်တယ်။

    ReplyDelete
  22. ပန်းချီကားတွေအရမ်းကြိုက်တယ်... ဝါးပင်လေးတွေကိုပိုသဘောကျတယ်... အသက်ဝင်တယ်.... ချဉ်စော်ကားသီးဆိုတာမသိဘူးတော့.. ကြားတောင်မကြားဖူးဘူး.... အ တာတွေပေါ်ကုန်ပြီ

    ReplyDelete
  23. ချဉ်စော်ကားသီးက မန်ကျည်းသီးမှည့်နေရာမှာ အစားထိုးပြီး သုံးရတာပါ အရသာက ချဉ်ပြုံးပြုံးနဲ့...ဘာဟင်းချက်ချက် အချဉ်လေးကဲချင်ရင် ထည့်ချက်လိုက်တာပါပဲ...သူ့ချည်းပဲလည်း ဟင်းချိုချက်သောက်လို့ ရတယ် အသားတမျိုးမျိုးနဲ့ ရောပြီးတော့လေ....:)

    (မောင်လေးကိုဇော် , မရိုစ့် နဲ့ ချဉ်စော်ကားသီး မသိသူများအတွက်)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...