Monday, March 22, 2010

ပလာတာ နဲ့ ပဲပြုတ်


တချို့သော ရုံးအားရက် မနက်ခင်းတွေမှာ.....
သူက "ပလာတာ နဲ့ ပဲပြုတ် ရရင် စားချင်တယ် အချစ်" လို့ ပြောတတ်သေးတယ်....


ကြက်သွန်နီ ကြော်တာ များသွားလို့ မဖယ်တော့ပဲ အကုန်လုံး ထည့်ပစ်လိုက်တယ် အချစ်အတွက် စေတနာတွေပေါ့....


ဒီလို ပုံပိစိကွေးထဲမှာတော့ ကြက်သွန်နီကြော် အလိမ်အခွေ ကြွပ်ရွရွလေးတွေက အူယားစရာ.....
အို အေ...ချစ်စရာကလေးတွေပါပဲ....


အဲဒါ အချစ်များနှင့် ကြွပ်ရွ...အဲ လှပ နေသော တခုသော နံနက်ခင်းကလေး ဆီတုန်းကပေါ့ ကွယ်....


P.S : ကော်ဖီပါသေးတယ် မရိုက်ဖြစ်လိုက်ဖူး...ဖြည့်ကြည့်လိုက်ကြပါကုန်....
ညှင်း ညှင်း...(ဟယ်...ဒါ မိတင်ဇာအေး လေသံကြီးတော့......)




17 comments:

  1. မိုက်တယ်ကွာ ..မလိမ်မာဘူး မမတို့ ကတော့

    ReplyDelete
  2. အားတားတားနဲ့ ဆိုထဲက ဒါမျိုးလေးတွေ
    လာတော့မယ်လို့ ကြိုသိနေတယ်လေ...
    စားချင်စရာ...း))

    ReplyDelete
  3. ကြည်

    ပဲပြုတ်နဲ့ ပလာတာရရင် စားချင်တယ်

    ReplyDelete
  4. ဘူပြောလဲ မိတင်ဇာအေး။
    ကြက်သွန်ကြော်ပဲ စားချင်တယ်။ ပလာတာ မကြိုက်။ ပဲပြုတ်နဲ့ ကြက်သွန်ကြော် ဆီဆမ်း နံပြား လိတ်ခုတ်...

    ReplyDelete
  5. သူများတွေများ အဂျစ် တဲ့ ခေါ်တာကိုက...ခွိခွိခွိ....

    “ ဂျစ်...

    ပွလာတာ နဲ့ ပြဲပုတ် ရရင် သွန်ပစ်လိုက် ” လို့ ပြောတာလား။


    ချစ်မကြီး တင်တဲ့ စာနဲ့ ကျနော်စာ အချိန်ချင်း နီးပေမဲ့. . .
    စာချင်းတော့ ကွာတယ် ချစ်မကြီးရေ...
    ဘာပဲပြောပြော တခါတည်း နှုတ်ဆက်သွားပါတယ်။

    အမတစ်ယောက်အနေ ပျော်ရွှင်စေလိုပြီး စနောက်ခဲ့တာမှာ
    အမှားပါရင် ခွင့်လွှတ်ပေးပါ။

    ပျော်ရွှင်ပါစေ။
    ကိုဇော်

    ReplyDelete
  6. ဆားချက်တာလား။ အချစ်ကြီးအတွက် ကြွားတာလား။။။ငှင်းးငှင်းး အိမ်ကမိန်းမကတော့ ဒါမျိုးမနက်တိုင်းကျွေးလွန်းလို့ စိတ်ညစ်နေပြီ

    ReplyDelete
  7. ကော်ဖီမပါတာဘဲခပ်ကောင်းကောင်း... ခွက်မမြင်လိုက်သေးနဲ့
    ကော်ဖီ ဆိုတဲ့ စကားလုံးမြင်ရင်ကို လူက မနေထိုင်မထိုင်နိုင် ရွပိုးထိနေတာ.. လောလောဆယ် ကော်ဖီဖြတ်ထားရတယ်လေ.. ခွိ..ခွိ.. အိပ်မပျော်ရတဲ့ကြား ကော်ဖီလေးတစ်ခွက်သောက်မိလို့ကတော့ ငါးပါးမှောက်မယ်..
    ပလာတာနဲ့ ပဲပြုတ် အဲ့လောက်အကြိုက်ကြီးမဟုတ်ဘူး..
    ထမင်းနဲ့ ပဲပြုတ်ဆိုရင်တော့ကြိုက်မယ်..
    ကိုဘွိုင်းဇ်ကြီးပြောသလို ကြက်သွန်ကြော်တော့ကြိုက်တယ် (မခါးတူးနေရင်ပေါ့လေ) ခွိခွိ..

    ReplyDelete
  8. ကြိုက်တယ် ပဲပြုတ်နဲ့ ပလာတာ။ ပဲပြုတ်နံပြားကို ပိုကြိုက်တယ်။ အကြိုက်ဆုံးက ကြက်သွန်ကြော်တွေ။ ကြက်သွန်ကြော်များလေ ကောင်းလေ ကြိုက်လေ...း)

    ReplyDelete
  9. ကြက်သားဟင်းချက်စားတယ်...

    ပလာတာနည်းနည်း မျှပါ...

းဝ)

    ReplyDelete
  10. ဝက်ဝံလေးTue Mar 23, 06:22:00 AM GMT+8

    အလာနောက်ကျတော့ ပလာတာနဲ့ ပဲပြုတ် ကုန်ပြီ ထင်ပါ ပန်းကန်ပဲ လျှက်ပြီး ပြန်တော့မယ် ဟိဟိ

    ReplyDelete
  11. ငေးရင်းငမ်းရင်းပြန်သွားတယ်...

    ReplyDelete
  12. မစားရ ၀ခမှန်း ... စိမ်ပြေနပြေ ကြည့်ပြီးတော့ကို
    ပြန်သွားပါတယ်... :)))

    ReplyDelete
  13. အင်း သူငယ်ချင်းကတော့ သူ့ဂတ်ဂတ်ကြီး ဘဲ မရိုးရအောင် ကျွေးနေတာဘဲနော်

    ReplyDelete
  14. မကြီးအေး.........
    အနော် သွားရည်ကျအောင်လာလုပ်နေဒါလားဟင်...........း))
    နာလိုဘူးးးးးးးးး
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  15. မြသွေးအကြိုက်ဘဲ။
    ရှလွတ်..သွားရည်ယိုသွားတာ။

    ReplyDelete
  16. နောက်နေ့မှဒို့ပုံတွေနဲ့ပြန်ကြွားရမယ်.. ဘာရမလဲ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...