လူတိုင်းမှာ ရှိသင့်တဲ့ အသိတရား ကိုယ်စီ ရှိကြပါတယ်။ ငယ်ရင်လည်း ငယ်တဲ့ အလျောက်၊ လူလတ်ပိုင်းမှာလည်း လူလတ် ပိုင်း၊ လူကြီးပိုင်းမှာလည်း လူကြီးပိုင်း အလျောက်ပေါ့...။ အဲဒီကောင်ကို ပေတံတခုနဲ့သာ တိုင်းတာလို့ ရမယ် ဆိုရင် အဲဒီ ပေတံ အတို အရှည်ဟာ အသက်အရွယ်၊ အတွေ့အကြုံ၊ ပညာရည် ပြည့်ဝမှု၊ အတွေးအခေါ် ရင့်ကျက်မှုတွေအပေါ် မူတည်လို့ ကွဲပြားသွားကြမှာပါ။ ဒါပေမဲ့ အဲဒါတွေ တခုချင်းစီနဲ့ အသိတရားဟာ တိုက်ရိုက် အချိုးကျ မနေပါဘူး။
ဒီကောင့် ရဲ့ အလုပ်ကတော့ ရှင်းပါတယ်။ သိပေးနေတာပါပဲ။ ဘာတွေများ သိပေးနေလဲ ဆိုတော့ အမှား အမှန် တွေကို သိပေး၊ ခွဲခြမ်း စိတ်ဖြာပေးနေပါတယ်။ နဲနဲလေး ရှေ့ကို ထပ်တွေး ကြည့်ကြရအောင်ပါ။ ဒီတော့ အဲသလို အမှန် အမှား ခွဲခြမ်းစိတ်ဖြာ ပေးနိုင်စွမ်း တဲ့ အသိတရား ရှိသူတွေဟာ အမှားကင်းကြရောတဲ့လား...။ နိုး...နိုး...နိုး.....အသိတရားရှိသူတွေ အမှားတွေ လုပ်နေကြတာမှ တပုံကြီးပါပဲ။ သူတို့ဟာ ကမ္ဘာက သိရလောက်အောင် ကြော်ကြားတဲ့၊ တကယ်လည်း အသိကြီးတဲ့ သူတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ဘဝမှာ အမှားတွေ၊ ခရောစ့်တွေ၊ ဒဏ်ရာတွေမှ အများကြီးပါ။
ကြားဖူးကြပါလိမ့်မယ် တချို့ "သိသိကြီးနဲ့ကွာ...တောက်" ဆိုတာမျိုး၊ သိရက်နဲ့ သတိလက်လွတ် ဖြစ်သွားတဲ့အခါ "ဒီတခါ ငါတော့ မှားပြီ" ဆိုတာမျိုး။ ဦးနှောက်ကြီးကြီးရှိသူတွေ၊ သိတ်သိလှပါတယ် ဆိုသူတွေ သူတို့မှာ အမှားအမှန် ခွဲခြားသိနိုင်ပေမဲ့ သတိမမူ ဂူဝင်တိုက် ဆိုသလို (အေးလေ မမြင်မှတော့ ဝင်တိုက်ပြီပေါ့) လက်မတင်လေး၊ လက်တလုံးခြားလေး သိသိကြီးနဲ့ပဲ အမှားတွေ ကျူးလွန်နေ မိတတ်ကြပါတယ်။ အဲဒီနောက်တော့ နွံတခုလို ကျွံ ကျွံ ဝင်နေတတ်တဲ့ အမှားတွေထဲမှာ လှုပ်လေ မြုတ်လေ ဘယ်လိုမှ ရုန်းထွက်မရ ဖြစ်နေတတ် ကြပြန်ပါတယ်။
ဒီကောင့်ရဲ့ ပင်ကိုယ်က အဖြူရောင်ပါ။ ဒါပေမဲ့ ဒီကောင်က တကောင်တည်းဆိုရင် တော့ အလုပ်မဖြစ်လှပေဘူး။ ဒါပေမဲ့ အဲဒီ အသိ တရား ဆိုတဲ့ကောင်ရဲ့ နောက်မှာ သတိလေးကပ်လိုက်မယ် ဆိုရင်တော့ ဥာဏ်ဖြစ်ပြီး ရောင်စဉ် အသွယ်သွယ် လှပစွာ ကွန့်မြူးနိုင်တော့ မှာပါ။ တခါတခါ သတိလေး တချက် မဲ့တာနဲ့ သတိ ကင်းလွတ်သွားတဲ့ အချိန်မှာ အဲဒီ့ကောင်က အမဲရောင် လုံးလုံး ဖြစ်သွားတတ်သေး တယ်။ အမဲရောင် ဆိုမှတော့ သိကြတဲ့ အတိုင်း ပေါ့...ဘာကိုမှ မမြင်နိုင်တဲ့ စုံလုံးကန်းပေါ့၊ စုံလုံးကန်းရဲ့ ထုံးစံအတိုင်း ဦးတည်ရာ မဲ့၊ ဦးတည်ရာ မဲ့ တော့ မှားတဲ့ဘက် ရောက်နိုင်ဖို့ ရာခိုင်နှုန်း ၁၀၀ ဖြစ်တော့တာပါပဲ။ ဒါကြောင့် ရှိရင်းစွဲ အသိတရားကို သတိလေးနဲ့ ဘောင်ချိန်တတ်ဖို့ သိတ် အရေးကြီးပါတယ်။
ဒါကြောင့် အသိရဲ့နောက်မှာ သတိဆိုတဲ့ အကွပ်လေး လိုတဲ့အကြောင်း ဖြည့်စွက် ပြောလိုခြင်းပါ။ အသိ နဲ့ သတိ ကြီးစွာထားရက် နဲ့ မှားတတ်တဲ့ အမှားမျိုးတွေ ကျပြန်တော့ တခါမှားရင် ကလေးဆိုးကလေးတယောက် ဆိုးသလို လူတွေက ခွင့်လွှတ်ဖို့ စဉ်းစားကောင်း စဉ်းစားကြပါလိမ့်မယ်။ နှစ်ခါ...အင်း ထားပါတော့...သုံးခါ...အဲ...သုံးခါ နဲ့ သုံးခါ အထက် ဆိုရင်တော့ လူမိုက် ဖြစ်သွားပါပြီ။ လူလိမ္မာတွေ ကတော့ အသိနောက် သတိလေးကပ်လို့ မကောင်းဘူးဆိုရင်ပဲ ပါးနပ်စွာ ရှောင်ရှားသွားလေ့ ရှိကြပါတယ်။
ဒီတော့ လှပတဲ့ ရောင်စဉ်တွေပဲ ယူမလား၊ အမဲရောင်ကိုပဲ စုံလုံးကန်းစွာ နှစ်သက်မလား၊ ရွေးချယ်မှုက မိမိကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါ တယ်။ ကိုယ်ဖြစ် ကိုယ်ခံ ဆိုပေမဲ့ လူဆိုတာ အသိုက်အဝန်းနဲ့ နေကြတာ ဖြစ်လေတော့ ရလာမဲ့ အကျိုးဆက်တွေက မိမိရဲ့ ပတ်ဝန်းကျင်၊ ချစ်သူ ခင်သူများ အားလုံးကိုပါ အဖျားရော အရင်းပါ ခတ်သွားနိုင်တယ် ဆိုတာ ခေါင်းထဲထည့်ထားရမှာပါ။ အသိတရား၊ သတိ၊ စဉ်းစား ချင့်ချိန်မှု၊ ဆုံးဖြတ်ချက်တွေ အားလုံးရဲ့ အနောက်မှာ ရလာဒ် အကျိုးဆက်က မလွဲမသွေ ရှိလာမှာပါ။ အဲဒီအခါကျရင်သာ ရင်ဆိုင်နိုင်ဖို့၊ လက်ခံနိုင်ဖို့ ပြင်ဆင်ထားရမှာ။
ဤပိုစ့်အား တက်ဂ်သူ၏ မူလပို့စ်ကို ငဲ့ညှာ၍ သန့်သန့်ကြီး၊ ခန့်ခန့်ကြီး နှင့် အတည်ပေါက် ရေးပေးလိုက်သည်။
ချစ်ကြည်အေး ရေးတာ လုံးဝ လုံးဝ မဟုတ်ပါ။
ပုံ
သန့်သန့်ကြီး
ခန့်ခန့်ကြီး နှင့်
အတည်ပေါက်
နောက်ဆုံး အပြာရောင်စာ ရောက်တော့မှ မမချစ်ရေးတာဆိုတာ သေချာတော့တယ် ဟက်ဟက်
ReplyDeleteသန့်သန့်ကြီး
ReplyDeleteခန့်ခန့်ကြီးနှင့်
အတည်ပေါက်တို့အား တက်ဂ်ပို့စ်ရေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ သန့်လွန်း ခန့်လွန်း တည်လွန်းလို့ ၄ ခေါက်လောက်ဖတ်ယူလိုက်ရပါတယ်။ သို့သော်လည်း ကော်မန့်တွင် ဘာမှတ်ချက်ရေးရမှန်းမသိအောင် အသိတရားတို့ မှောင်အတိကျသွားပါသဖြင့် ကျေးဇူးတင်ဥပကာရတစ်ခုသာရေးလိုက်နိုင်ပါတော့သည်။
ပုံ
ငမူး အဲယောင်လို့
မောင်မိုး
အသိတရားတွေကိုသိအောင်လာဖတ်သွားတယ်
ReplyDeleteအမ် ဘူလဲဟင် သန့်သန့်ကြီး ခန့်ခန့်ကြီးက
ReplyDeleteအစ်မချစ်ကြည်အေးရေးတာဟုတ်ဖူးလား
တားနဲ့ မိတ်ဆက်ပေးအုံး သန့်ကြီး နဲ့ ခန့်ကြီးကို
လာဖတ်သွားပါတယ်။ ဒီမှာက အရောင်နဲ့ ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး ရေးထားတယ်ဆိုတော့ ဖတ်သူတွေအတွက် စိတ်ပေါ့ပေါ့ပါးပါး ဖြစ်သွားတာပေါ့။ ကျွန်မ ပို့စ်မှာတော့ ခေါင်းမူးပြီး ပြန်ကြရတယ်ပြောတယ်။
ReplyDeleteမကြီးအေးရေ.....
ReplyDeleteဖတ်ရတာကောင်းတယ်....တစ်ကယ်....။
“ရွေးချယ်မှုက မိမိကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါတယ်”.... ဆိုတာ အမှန်ပါပဲဗျာနော်.....း))
ခင်မင်တဲ့
ဏီလင်းညို
မမသန့်၊ မမခန့်နဲ့ မမပေါက်ကြီးတို့ရေ...ညီမလေး လာရောက်ဖတ်မှတ် သွားပါတယ်... :))
ReplyDeleteပုံ
ReplyDeleteသန့်သန့်ကြီး
ခန့်ခန့်ကြီး နှင့်
အတည်ပေါက်
ဆိုမှ ချစ်ကြည်ရေးမှန်းပိုသေချာသွားတယ်။
ဒီပိုစ့်ကရော ပြောင်းပြန် အဓိပ္ပာယ် ယူရမှာပဲလား...
ReplyDeleteးဝ)
နွံတခုလို ကျွံ ကျွံ ဝင်နေတတ်တဲ့ အမှားတွေထဲမှာ လှုပ်လေ မြုတ်လေ ဘယ်လိုမှ ရုန်းထွက်မရ
ReplyDeleteအသိတရားတွေ မဲမှောင်ကြနေခဲ့တာတွေ ကြာပါပြီ ဒေါ်မယ်ချစ်ရေ
ခင်တဲ့
seesein
သေသေချာချာကို ဖတ်သွားပါတယ် အမရေ. . .အဲ . .
ReplyDeleteသန့်သန့်ကြီး ၊ ခန့်ခန့်ကြီး ၊ အတည်ပေါက် ရေးတာဆိုတော့ ဆန့်ဆန့်ကြီးများ ဖြစ်နေလေမလားလို့လည်း ကျောချမ်းစွာ တွေးမြင်မိပါကြောင်း...:)
အင် တရားဟောနေသလား ထင်ရတာ မချစ်ရေ ဟိ စိတ်မချိုးနဲ့နော် အာဘွားးးးးးရှလူး မွ မွ မချစ်က ဒါမျိုးစာတွေလဲ ရ သကိုးး ဟိ
ReplyDeleteအစ်မ..အစ်မ...အဲဒီရှေ့က ဂူကြီးကိုဖယ်လို့ရရင် ဖယ်ပေးပါလားအစ်မရယ်..... ခဏခဏဝင်တိုက်လွန်းလို့... ဟီဟိ..။
ReplyDeleteအသိနဲ့သတိ...နှစ်လုံးထဲနဲ့ တော်တော်တာတယ်နော်။ အတည်ပို့စ်လေးတွေ ခန့်ခန့်ကြီးထပ်ရေးပါဦး အစ်မချစ်ရေ။
ReplyDeleteအားပေးလျက်
ဆပ်ပြာတခဲလုံးကုန်အောင်ရေချိုးပြီး..အန်တီခင်(ပတ္တမြားခင်)၏ ခန့်ခန့်ကြီးဓါတ်ပုံဆိုင်မှာ ရောင်စုံဓါတ်ပုံရိုက်ရင်း ခပ်တည်တည် အီးပေါက်သွားကြောင်း....အသိတရားရရှိပါသည်
ReplyDeleteသန့်လွန်း ...
ReplyDeleteခန့်လွန်းလို့....
မန့်သွားရပါကြောင်း...။
ဂွတ်ထ အစ်မချစ်ကြည်ရေ။
မအားလို့ ခုမှ တစ်ပေါင်းထဲ စာကြွေးတွေ ဆပ်သွားပါတယ်ရှင်။