Thursday, March 25, 2010

ပျော်စရာမွေးနေ့ ကိုယ့်အတွက်....

အမိဝမ်းမှ ကျွတ်ကတည်းက တနှစ်ပြည့်တိုင်း ပြည့်တိုင်း မိုင်တိုင်လေးတတိုင် မှန်မှန် စိုက်ထူခဲ့မည် ဆိုလျှင် ယနေ့ အလားတူ မိုင်တိုင် တတိုင်ကို စိုက်ထူရမှာ ဖြစ်ပေသည်။ ထိုမိုင်တိုင်ကလေးများသည် တခုနှင့်တခု အကွာအဝေးချင်း တူညီကြသော်လည်း တချို့မှာ ဝေဝေဝါးဝါး၊ တချို့မှာ ယခုတိုင် သစ်လွင်ဆဲ၊ တချို့မှာမူ ကျိုးပဲ့ကြေလွင့်လျှက်ပင် ရှိနေကြပေပြီ။

ဘလား ဘလား ဘလား ဘလား ဘလား ဘလား ဘလား ဘလား
X X X x X X X X x X X X x X X X x.............

တကယ်ဆိုရင် မွေးနေ့ပို့စ်ကို အဲသလို ခန့်ငြားထည်ဝါစွာ တွေးပြီး ရေးပစ်လိုက်ချင်တာပါ။
သို့ပါသော်လည်းပေါ့လေ......

ရှေ့စိတ်ကို နောက်စိတ်က အစားထိုးရင်း ချက်ချင်းငြင်းဆန်ပြီး အဲသလို ခန့်ခန့် ထည်ထည် မရေးချင်ဘူး....ဖြစ်သွားတယ်...ပြီးတော့ Happy Birthday 2 ME လို့ ကောက်ခါငင်ခါ အဲသလို အော်ဆိုဖြစ်သွားတယ်....။ စိတ်ထဲမှာ ဆိုတာ ပြောပါတယ်...။
စိတ်ကား....ဆန်းကြယ်လှပေစွ....အပြောင်းအလဲ မြန်လှပေစွ.....

သိသားပဲ....တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ကြွက်စီကြွက်စီ တနည်းနဲ့ မွေးနေ့မှာ ဘာကမှ မကျွေးတော့ဘူးလားလို့ ....တီးတိုး တီးတိုး သဖန်းပိုး အတွေးထဲမှာ ထိုးနေကြတယ် မဟုတ်လား....?

လာမယ်လေ...ကျွေးရမှာပေါ့၊ ခက်တာက ပုံတွေတင်ပြီး မကျွေးချင်ဘူး...
တကယ်ပါ အပီကျွေးချင်ပါတယ် အိမ်ကိုသာ လာခဲ့ကြပါ...

အဲ ခေတ်မီအောင်တော့ Terms and Conditions လေး ထားလိုက်ချင်ပါတယ်
ဘာရယ်မဟုတ်ပါဘူး လူရိုသေ ရှင်ရိုသေပေါ့....

နှစ်ခုထဲ...နှစ်ခုထဲ...အဲဒါလေး အိုခေတယ်ဆိုရင် ရပါပြီ...



နံပါတ်တစ် ) လက်ဆောင်မပါ ရှက်စရာ......တဲ့

နံပါတ်နှစ် ) လက်ဆောင်ဖိုးနဲ အရှက်ကွဲ......တဲ့

ကိုင်း အဲသဟာလေး သဘောတူရင် ရပါပြီ...အားလုံးကို ဖိတ်ပါတယ်.....
ဆက်ဆက် လာခဲ့ကြနော်....


ပုံ / အိမ်ကစောင့်နေသူ

44 comments:

  1. Birthday kiss....ပလွတ်.... :D

    ReplyDelete
  2. Happy Birthday par Ma!
    ဖယောင်းတိုင် ဘယ်နှစ်တိုင် ထွန်းမှာလဲ၊ ကိတ်မုန့်ပေါ်မှာ ပြောတာ။

    ReplyDelete
  3. Happy birthday ပါ သူငယ်ချင်း
    T & C ကြည့်ပြီး နဲနဲလေသွားလို့...
    နောက်များမှပဲ...ဟဲဟဲ...

    ကိုယ့်ပိုစ့်ထဲမှာ တခုခုရေးထားတယ်... လာကြည့်လှည့်အုံး...း))

    ReplyDelete
  4. ♫♪ ♫♪Happy Birthday to you
    Happy Birthday to you
    Happy Birthday to you
    Happy Birthday to you
    Happy Birthday to you
    Happy Birthday to you ♫♪ ♫♪
    Happy Birthday to you, Ma Chit ♫♪ ♫♪

    ဟားးးးးးးးး လာပေါသွားပါတယ်နော် ဟိ
    အိုခေ အိမ်လာစေချင်ရင် လေယဉ်လက်မှတ်ပို့လိုက် ဒါဗြဲ တာ့တာ ဘိုင်

    ReplyDelete
  5. HAPPY BIRTHDAY Par Ma, ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪ ♫♪

    ReplyDelete
  6. May you celebrate your birthdays together with your loved ones for many many years!!!!

    With best wishes,
    CTM

    ReplyDelete
  7. မမရေ...Very very happy birthday!!! ပါနော်...ဒီနေ့ ဒီရက်မှသည် နောင်သက်ထက်ဆုံးအထိ မမရဲ့ မွေးနေ့တွေတိုင်းမှာ မမရဲ့ ချစ်ချစ်နဲ့ အတူတူ မခွဲမခွာ အမြဲထာဝရ တူဆင်နွှဲသွားနိုင်ပါစေလို့....

    ညီမလေး
    အင်ကြင်း

    ReplyDelete
  8. Happy Birthday to ပါ ချစ်မကြီး....
    ဟိဟိ...မနေ့က ကတည်းက ခိုးဖတ်ပြီးသွားပြီ...
    အခုမှ လာဆုတောင်းပေးသွားတယ်နော်..။

    လက်ဆောင်တွေ ပိုက်ပြီး ချစ်မကြီး ဆီ လာချင်ပါတယ်။
    နောင်များမှာပေါ့ အမရေ...

    ပျော်ရွှင်ပါစေ
    ကိုဇော်

    ReplyDelete
  9.ံHappy Birthday MAMA Chit!!
    T & C ကတော့ကြောက်စာပါလား ... ဒါမျိုးတွေတော်လို့ လည်း
    အဖြူကောင်တွေ ချီးမွမ်းတာခံရတာကိုး ဘဘောပေါက်လိုက်ပါဘီလေ..

    ReplyDelete
  10. အိမ်ကစောင့်နေသူ တဲ့.... ဟိဟိ..တကယ်လာခဲ့မယ်...လက်ဆောင်တော့အကြွေးမှတ်..... Happy Birthday !!!

    ReplyDelete
  11. ချစ်သောသူများနှင့် အတူ
    ကြည်လင်သော နှလုံး
    အေးမြသော အပြုံးဖြင့်...

    မိုင်တိုင်ပေါင်း များစွာကို
    လျှောက်လှမ်း ကျော်ဖြတ်နိုင်ပါစေ...

    ဧရာသီတာရေချမ်းရေစင်

    ReplyDelete
  12. မတရားတဲ့ T&C တွေကို လက်မခံပါဘူး။ အဲဒါကြောင့် မွေးနေ့ကို မလာနိုင်ပါကြောင်း... ဟိဟိ

    ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။

    ReplyDelete
  13. HAPPY BIRTHDAY!!!!!!!!!!!
    T&C အတိုင်း လက်ဆောင်ကြီးကြီး နဲ့ တန်ဘိုးကြီးကြီး လာပေးတယ်နော် အမ။း))

    ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ..။

    ခင်မင်လေးစားလျှက်

    ReplyDelete
  14. ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေနော်။
    အိမ်ကစောင့်နေတဲ့သူဆီ လာချင်ပေမယ့် လင်ပျံလက်မှတ်ချိဝူး။ ၀ယ်ပေးလိုက်နော်။ လာခဲ့မယ်။ လက်ဆောင်က တန်ဖိုးကြီးကြီးပေါ့ :P
    ချစ်ခင်စွာဖြင့်
    လုလု

    ReplyDelete
  15. အစ်မကြီးမွေးနေ့ပွဲ လာတက်တယ်ဗျ
    ပျော်ရွှင်တဲ့မွေးနေ့လေးကစလို့ နောင်နှစ်ပေါင်းများစွာ ချစ်ချစ်ကြီးနဲ့အတူ ဘဝလမ်းအတူလျှောက်လှမ်း ပြီး သာယာအေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်နိုင်ပါစေဗျာ
    လိုအင်ဆန္ဒပြည့်ဝပါစေဗျာ

    ReplyDelete
  16. ဘိန်းမုန့်ပေါ်ဖယောင်းတိုင်ထွန်း..တံတွေးစင်အောင်မီးမှုတ်...
    ဘလော့ဂါများလိုက်ဝေပါလေ...(ဒို့ကတော့..ဘိန်းမုန့်မကြိုက်)

    ReplyDelete
  17. မမချစ်..
    Happy Birthday ပါ....။
    မွေးနေ့မှစပြီးချစ်တဲ့မိသားစုနဲ့မခွဲမခွါပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီးလိုရာဆန္ဒပြည့်ဝပါစေ..။မွေးနေ့ကိတ်ကိုတော့ စိတ်ကူးထဲမှာပဲစားလိုက်တော့တယ်။မမချစ်အတွက်လက်ဆောင်
    အကြီးကြီးပေးလိုက်တယ်။အဲဒီလက်ဆောင်ထဲမှာခင်မင်မှုသံယောဇဉ်
    တွေလည်းထည့်ပေးလိုက်ပါတယ်.။
    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  18. Wish you all the best for your birthday!

    ReplyDelete
  19. ဟတ်ပီ ဘတ်ဒေးပါ မမ။ ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေဗျာာာာာာာာာာာ။


    ဘာကျွေးမှာလဲဟင်။ လူရင်းတွေပဲ T & C ကို နည်းနည်းလေး ပြင်ပေးနိုင်မလား....

    ReplyDelete
  20. ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ သူငယ်ချင်းရေ...။

    *****Happy Birthday !!!! ******

    သက်တန့်ချို

    ReplyDelete
  21. ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ။ အခုတော့ လာမစားနိုင်သေးဘူး။ ထုံးတို့ထားလိုက်မယ်။ ကြုံတဲ့အခါ အကြွေးပြန်စားမယ်။

    ReplyDelete
  22. အံ့သြစရာ...
    ကိုယ့် ညီမနဲ့ မွေးလချင်း တူနေပါပေါ့လား...
    pisces တွေပေါ့လေ...
    ဘယ်နှစ်ကြိမ်မြောက်လဲတော့ မပြောနဲ့...
    ၃၈ ကြိမ်မြောက်တော့ ဖြစ်ရမယ်... အနည်းဆုံး...း))
    (သက်ဝေ သူငယ်ချင်းမို့...)

    ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ...

    ReplyDelete
  23. ဟဟ..ကိုကြီးကျောက် နဲ့ ကိုအောာင်သာငယ် ကွန်မန့် ဖတ်ပြီး..အော်ရီသွားတယ်
    မ....သိနေတယ်နော်..
    အိမ်အထိ လိုက်လာမှာ...ကျမတို့ ကျောက်ခဲ အုပ်ကို တ၀ိုင်းကျွေး
    အမျိုးအရင်းကြီးတွေနော်..း)

    ReplyDelete
  24. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ........

    ReplyDelete
  25. အသက်ရာကျော် အဖွားကြီး ဖြစ်ထိ ပျော်ရွှင်ကျန်းမာ ဘလော့ဂင်း နိုင်ပါစေ။

    မအယ်

    ReplyDelete
  26.ံHappy Birthday to you!!!
    မွေးနေ့နှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။

    ReplyDelete
  27. ဟူး ဒေါ်မယ်ချစ်ရယ် တော်သေးတာပေါ့ ဖိတ်စာနှင့်တကွ တက်ရောက်ပါရန်လို့ ရေးမထားလို့ ဘာမှမပြောလည်းရိုသေပြီးသားပါရှင့်

    မွေးနေ့မှသည် နောင်နှစ်ပေါင်း ရာကျော်အထိ ချစ်သောသူနဲ့အတူနေပြီး၍ ကျန်းမာချမ်းသာစွာဖြင့် သူတော်ကောင်းတရားများ ကျင့်ကြံအားထုတ်နိုင်ပြီး စာတွေများများကြီးရေးပေးနိုင်ပါစေ


    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  28. Happy birthday ပါ

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  29. မချစ်ကြည်

    မွေးနေ့မှာပျော်ရွှင်ပါစေ..


    ပေါက်
    မှတ်ချက်။
    မချစ်ကြည်လဲAriesပဲပေါ့နော်..
    ကောင်းတယ်..
    Ariesတွေက...အတော်ကောင်းတယ်..။

    ReplyDelete
  30. ကံကောင်းလို့။
    မွေးနေ့လွတ်သွားတော့မလို့။
    ဘယ်ရမလည်း မှီရာကားနဲ့ အပြေးလာခဲ့ရတာပေါ့။

    hAPPY bIRTHDAY !
    wISH yOU mANY hAPPY rETURND oF tHE dAYS.

    ReplyDelete
  31. ဟက်ပီး ဘတ်ဒေး ပါ မချစ် ..

    ReplyDelete
  32. မွေးနေ့မှာ ချစ်တဲ့သူနဲ့အတူ ပျော်ရွှင်နေမယ်ဆိုတာ ယုံပါတယ် မမရေ။း)

    ဟက်ပီဘတ်ဒေး မမချစ်ကြည်အေးး)

    ReplyDelete
  33. မွေးနေ့မှစ သက်ဆုံးတိုင် လိုရာဆန္ဒပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  34. HAPPY BIRTHDAY.........
    အိမ်လိပ်စာအရင်ပေးပါ... ကျန်တာတွေနောက်မှစဉ်းစားမည် ....... :D

    ReplyDelete
  35. မကြီးအေး......
    ဆင်းရဲသားမို့ နောက်ဆုံးမှ (အလုပ်ကပြန်ရောက်မှ) လာရောက်ဆုတောင်းပေးသွားရဘာကြောင်းးးးးးးးးးးးးးး
    (မျက်နှာငယ်လေးနှင့်ပြောသွားသည်မှာ ဟက်ပီးဘတ်သ်ဒေးပါ.......)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  36. happy birthday ပါအမရေ
    မွေးနေ့မှာ ပျော်ရွှင်ပါစေနော်...။

    လက်ဆောင်နဲ့လာမယ်လေ
    လေယာဉ်လက်မှတ်တော့ ပို့ပေးနော်

    ReplyDelete
  37. ပျော်ရွင်ချမ်းမြေ့ပါစေ။

    ReplyDelete
  38. YADHTRIB YPPAH !!!

    နိုင်ငံခြား ဘာသာစကားနဲ့ နှုတ်ဆက်သွားပါတယ်...

    ချစ်တဲ့သူနဲ့အတူ
    ကြည်လို့မွှေးလို့
    အေးမြပါစေ.. ဟဲဟဲဟဲ

းဝ)

    ReplyDelete
  39. ပျော်ရွှင်သောမွေးနေ့မင်္ဂလာပါခင်ဗျာ-
    နောင်နှစ်ပေါင်းများစွာမှာလည်းပျော်ရွှင်သောမွေးနေ့ ပေါင်းမြောက်များစွာကို
    ပျော်ရွှင်စွာကျင်းပနိုင်ပါစေဗျာ-
    မွေးနေ့ မှာ ကျန်းမာပါစေ
    ကျန်းမာပါစေ
    ကျန်းမာပါစေ - - -

    ReplyDelete
  40. Happy Birthday mama.
    Wishing u all the best.
    sorry for late wishes.
    ur blog is one of my favourite blog.
    kisss

    avocado

    ReplyDelete
  41. လက်ဆောင်မပါပဲ မွေးနေ့ကို နောက်ကျဆုတောင်းပေးလိုက်တယ်။
    အခုလိုပဲ အမြဲတမ်းပျော်ရွှင်နိုင်ပါစေ မချစ်ကြည်အေး။ :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...