အရောင်...
အမှောင် ပိန်း ပိန်း
အေးစက် စိမ်းကားနေတဲ့ ညရဲ့ အရောင်မျိုး
လေတိုးသံ တချက်ကလေးတောင်မှ မကြားရ
လမိုက်ညဆိုရင်တောင် ညရဲ့ အမှောင်ကို မတွေ့ထိ နိုင်လောက်အောင်
မှောင်နေတဲ့ အမှောင်တခုပဲ တိတိကျကျ ရှိနေတယ်....
နောက်....
အဲဒီ အမှောင်ကို သိတဲ့ အသိစိတ် အားပျော့ပျော့လေး ရှိနေသေးတယ်...။
အဲဒီ အမှောင်ကို သိတဲ့ အသိစိတ် အားပျော့ပျော့လေး ရှိနေသေးတယ်...။
တောင့်ကနဲ တင်းကနဲ ပူနွေး အေးခဲလိုက်...
လှုပ်ကနဲ ဆတ်ကနဲ မာကြော ပြင်းရှလိုက်...
ကိုယ် တခုလုံး သံတံဆို့ ရှိုသွင်းထားသလို...
အသွေး အသားတွေထဲ လျပ်စီးတွေပဲ ပြက်နေသလိုလို...
နု ရင့် ခက် မာ ဝေဒနာတွေပြ လူးမရ လှိမ့်မရ....
ခန္ဓာ အောက်က သင်ဖြူးဖျာ တချပ်လား....
ခပ်မာမာ ခံစားမှုမျိုး ရှိတာလည်း သိနေနိုင်သေးတယ်.....။

အစ ရှိခဲ့လို့ပဲ အဆုံး ရောက်လာတာလေ...
ဘဝရဲ့ နိဂုံး အဆုံးသတ် မျဉ်းတကြောင်းကို လှလှ ပပ ဆွဲခဲ့ဖို့ ရဲရင့်အုံးမှပေါ့
အတိတ်ကို လွှတ်ချခဲ့ ပြန်လှည့်ဖို့ မစဉ်းစားနဲ့....
ငါ ဘာဖြစ်လို့ ဘယ်များ သွားရမှာပါလိမ့် လို့ အနာဂတ်ကိုလည်း မမျှော်လေနဲ့....
ငါ ဘယ်မှာလဲ ဆိုတာ အဖြေမရှာနဲ့ ပစ္စုပ္ပါန်တောင်မှ မရေမရာ တဖြည်းဖြည်းချင်း ကုန်ဆုံးနေတာ.....
ငါ ဘာလဲ ဆိုတာတောင် စဉ်းစားဆုံးဖြတ် သုံးသပ် မနေနဲ့
တကယ်ဆို နံရံပါးပါး တချပ်သာခြား....
ကောင်းကင် နဲ့ တိမ်လို တသားတည်း ရှိနေခဲ့တာ.....။

ခုမှတော့....
သွားရတော့မယ် ဆိုပြီး တုန်လှုပ် ငိုငြီးမနေနဲ့....
တုန်လှုပ်တဲ့ စိတ်ကို မှတ်.....
အကုန် ထားခဲ့ရမှာမို့ ဝမ်းနည်းနေသေးရင် ဝမ်းနည်းတာကို မှတ်....
ချစ်သူ ခင်သူတွေကို စိတ်မချ အပူလုံးကြွနေရင် ပူနေတာကို မှတ်....
တကယ်တမ်း သွားရတော့မှာ ကြောက်ရွံ့ နေရင်လည်း ကြောက်နေတာကိုပဲ မှတ်....
အာရုံမှာ ထင်ဟပ်သမျှ အမှတ် သတိ နဲ့ တရစပ် မလွတ်တမ်း....
မပြတ်ဖမ်းဆုတ် အဖြစ် အချုပ် နာမ် ရုပ် ပဲ ရှိတဲ့ ဒီခန္ဓာ....
ဘာတွေကိုများ တမက် တမော ဖွေရှာနေအုံးမှာလဲ......။

မှတ်ရင်းနဲ့ပဲသွား သွားရင်းနဲ့ပဲမှတ်....
စက္ကန့် မလပ် တဖျတ်ဖျတ် ရွေ့ရင်း....
လင်းဖို့ အချိန် တချိန် တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....
တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....
ရောက် လာ တော့ မှာ........။
နှစ်သက်စွာ ရေးခဲ့ဖူးတဲ့ ကဗျာလေး တပုဒ်ပါ.....အမှတ်တရ ပြန်တင်လိုက်ပါတယ်...
ကဗျာလေးကို အလေးအနက်ဖတ်ရှုသွားပါတယ်
ReplyDeleteဒါမျိုးလေးတွေ ဆက်ရေးပါဦး
မှတ်ရင်းနဲ့ပဲသွား သွားရင်းနဲ့ပဲမှတ်....
ReplyDeleteတလုံးချင်း၊ တပုဒ်လုံး ကောင်းမှာကောင်း
ပန်ပန့် လိုပဲ တောင်းဆိုပါရစေ ချစ်ကြည်ရေ
:(
ReplyDeleteမှတ်ရင်းနဲ့ပဲသွား သွားရင်းနဲ့ပဲမှတ်....
စက္ကန့် မလပ် တဖျတ်ဖျတ် ရွေ့ရင်း....
လင်းဖို့ အချိန် တချိန် တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....
တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....
ရောက် လာ တော့ မှာ........။
အမချစ်
ReplyDeleteရောက်တော့မှာလား ရောက်ခါနီးပြီလား
ရောက်တော့လည်း ရောက်တယ်လို့မှတ်ရုံပ။
စာတင်လို့မရလို့ မရရင် မရဘူးဆိုပြီး ထပ်ခါ ထပ်ခါ မှတ်နေရပါကြောင်းဗျာ။
ခင်မင်တဲ့
seesein
လူမရှိတော့ပေမဲ့ စာတွေ ရှိနေသေးတယ်
ReplyDeleteဒါဟာ သံယောဇဉ်ဆိုတဲ့ သဘောတရားဘဲ
ဘယ်မှာရောက်ရောက် ဒီနေရာလေးကိုတော့ အမြဲတမ်း သတိရနေမယ် ထင်တယ်
စိတ်မှဖြောင့်ရဲ့လား မသိ....
စိတ်ဖြောင့်လက်ဖြောင့် ခရီးသွားကြစို့
သံသရာတကွေ့ ပြန်ဆုံတွေ့ကြမယ် မဟုတ်လား
း)း)
နောက်ဆုံးအချိန်မှာ သတိလေးကပ်နိင်ဖို့ အရေးကြီးတယ်။
ReplyDeleteကြိုက်လိုက်တာ ဒီကဗျာလေး......
ReplyDeleteစားရင်းနဲ့သွား...သွားရင်းနဲ့ငမ်း...
ReplyDeleteစက္ကန့်မလပ် တဖျပ်ဖျပ်ကြည့်ရင်း...
အနိတ်စားလေးတွေ..တဖြေးဖြေး..ရောက်လာတော့မှာ...ရောက်လာတော့မှာ..
သွားချင်သေးဘူး....ခုနေသွားရမယ်ဆိုလည်း မှတ်နိုင်မယ်မထင်.....:(
ReplyDeleteအင်း မချစ်ကြည်အေး ဆိုတာကို ပထမဆုံး သိမိ ကြိုက်မိ တဲ့ ကဗျာလေးပါ .. ကြိုက်လွန်းလို့ .. အယ့်သည် နေ့က သူငယ်ချင်းတွေကို ရှယ်ခဲ့တယ် .. ကျနော် လင်းပြာပါ .. မသိမှာစိုးလို့ ..း)
ReplyDelete