Saturday, May 20, 2023

20May2023

 ည​နေခင်း ​နေအဝင်ကြည့်ကြဖို့နဲ့ ညစာအတွက် cruise trip​လေးတခု သွားဖြစ်တယ်။ ​အေး​အေး​ဆေး​ဆေးကြည့်ကြ စားကြရတာမို့ လူကြီး​တွေများတယ်။ တကယ်ဆို ကိုယ်လည်း လူကြီးဖြစ်​နေပြီကို...၊

ခဏက​လေး​တော့ စိတ်လက်​ပေါ့ပါးခဲ့ရပါတယ်။

Live bandပြီး​တော့ ကာရာအို​ကေဆိုကြတာ ဧည့်သည်​တွေထဲကတချို့လည်း ဝင်ဆိုကြတယ်။ ကိုရီးယား​တွေများတယ်။ အရှိန်​လေးရလာ​တော့ ဆိုရာက​နေ ကကြ​တော့တာပဲ 😁

ကိုယ်က​တော့ လက်ခုပ်ဝိုင်းတီးတဲ့အဖွဲ့က​ပေါ့၊










ပြင်ပြင်ဆင်ဆင်​လေး ​နေလိုက်​တော့လည်း မဆိုးလှပါဘူးထင်ရတယ်၊ ​နေ​နေကျ​ပုံစံ ပေတိ​ပေစုတ်​​လေးမဟုတ်​တော့ ကြည့်​ကောင်းသားပါပဲ၊ မိတ်ကပ်များ နည်းနည်းလူးတာနဲ့ နည်းနည်းလှတာပဲ...။ ဒါ​တောင် ခပ်ပါးပါးလူးလို့...၊ မိတ်ကပ်ဖျက်ရတာ ပျင်းစရာ​ကောင်းလွန်းလို့ ကိုယ်ဖြင့်မလှရင် ​နေပါ မိတ်ကပ်မလူးချင်ဘူး ​နေချင်တာပဲ၊ တခါတ​လေပဲ ​ကောင်းတယ်...။







No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...